Chapters

မာကြောသူများ ၂

Vol. 55 Ch. 854

မာကြောသူများ ၂

Vol. 55 Ch. 854

လူဖီက မိခင်ဖြစ်သူ၏ ရင်ခွင်ထဲတွင်ရှိသော်လည်း မျက်နှာဖုံးနှင့်လူငယ်က သူ့ကို တရင်းတနှီးပြုံးပြသည်ကိုတွေ့လိုက်၏။ အကြောင်းပြချက်တစ်ခုခုကြောင့် စွန်တန့်အတွက် ကြောက်စရာထိုလူမှာ သူ့အတွက် အကိုကြီးတစ်ဦးသဖွယ်ရင်းနှီးမှုကို ခံစားနေရသည်။

သိပ်မကြာခင်မှာပင် သူတို့ခရီးစပြီး သိုင်းသူတော်စင်တောင်သို့တက်ကြ၏။

အလယ်ဆုံးတောင်သို့ သွားသည့်ခရီးက ကွာဝေးလှသည်။ သူတို့ လှိုင်ခေါင်းများကိုဖြတ်ရသည်။ လှေကားများကိုတက်ရသည်။ တွဲလောင်းကျနေသော သံမဏိချိန်းကြိုးများကိုပင်သုံးရသေးသည်။ စစ်သည်တော်စွမ်းအားမရှိသူများအတွက် ဤခရီးကိုဆက်ရန်မဖြစ်နိုင်ပေ။

စွန်တန်၏ ကူညီမှုကြောင့်သာမဟုတ်ပါက လူဖီနှင့် လော်ရာမှာ ဤခရီးကိုဆက်ရန်မဖြစ်နိုင်ပေ။ မာထရီက ထိုမြင်ကွင်းကိုမြင်သော်လည်း ဘာမျှမပြောဘဲ ရှေ့မှဦးဆောင်ခရီးဆက်နေ၏။

တစ်နာရီကြာပြီးနောက် တစ်အုပ်စုလုံးတောင်ထိပ်ရောက်လာသည်။

သိုင်းသူတော်စင်တောင်ထိပ်က နတ်ဘုံနတ်နန်းအလားပင်။ နွေးထွေးပြီး လက်ဆက်သောလေထုရှိကာ ရှုခင်းများကလည်း ရင်သပ်ရှုမောဖွယ်ဖြစ်၏။ မြက်ပင်စိန်းများ သစ်ပင်များအပြင် စီးဆင်းနေသော မြစ်ငယ်လေးပါရှိသေးသည်။ လိပ်ပြာလေးများ ပျံဝဲနေပြီး ချစ်စဖွယ် ယုန်ကဲ့သို့သော ရှဉ့်ကဲ့သို့သော သတ္တဝါလေးများကို ရံဖန်ရံခါမြင်နေရသည်။

ယခုက ခရစ်စွန်တန်အတွက် သိုင်းသူတော်စင်တောင်သို့ ပထမဆုံးရောက်လာခြင်းဖြစ်၏။ ချမ်းဘော့ဒ်ဘုရင် သိုင်းသူတော်စင်အလက်ဇန္ဒား အဘယ့်ကြောင့်သူကိုခေါ်သည်မသိသော်လည်း သူစိတ်လှုပ်ရှားနေသည်။

သူ့အတွက် တောင်ကိုတက်နိုင်ပြီး တောင်ထိပ်သို့ရောက်ရခြင်းကပင် ဂုဏ်တစ်ခုဖြစ်သည်။

သူတို့နှင့်အတူ လိုက်လာသော ငွေရောင်မျက်နှာဖုံးဝတ်လူငယ်လေးနှင့်အဖွဲ့မှာ ဧည့်ဆောင်အတွင်း နားကျန်ခဲ့ရမည်ဖြစ်၏။

လူဖီ လော်ရာနှင့် ခရစ်စွန်တန်တို့ကတော့ နောက်လူတစ်ဦး၏ ‌ဦးဆောင်မှုနောက်လိုက်ရင်း မိနစ်အနည်းငယ်အကြာတွင် အစိမ်းရောင်လမ်းကိုကျော်၍ တောင်ကုန်း၏အစွန်းသို့ရောက်လာကြသည်။ တောင်ကုန်းဧရိယာက ရှင်းလင်းလှပြီး အဆောက်အဦးတစ်ခု ထီးထီးကြီးရှိနေသည်။

ထိုသစ်သားအဆောက်အဦးဘေးတွင်တော့ မြေပြင်မှအစိမ်းရောင်နွယ်ကြီးရစ်ပတ်တွယ်တက်မှု ခံထားရသည့် ကျောက်တိုင်ကြီးလေးခု ထောက်ပံ့ပေးထားသော ခန်းဆောင်တစ်ခုရှိနေ၏။ ၎င်း၏ အထက်တွင်တော့ တစ်မြို့လုံးကိုစောင့်ကြည့်နေသော လူငယ်လေးတစ်ဦးရှိနေသည်။ သူထံမှ သေမျိုးတို့၏ ကိစ္စများမှ လွတ်မြောက်နေသော မသေမျိုးတစ်ဦး၏အရှိန်အဝါများထွက်နေ၏။

သူက ချမ်းဘော့ဒ်၏ ဘုရင် ဇင်းနစ်၏ သိုင်းသူတော်စင် အလက်ဇန္ဒားဖြစ်ပေသည်။

သိုင်းသူတော်စင်တောင်မှ လူငယ်လေးမှာ လူဖီတို့ကိုခေါ်လာကြောင်း သတင်းပို့ပြီးထွက်ခွာသွား၏။

“ ဆရာ ဆရာ့တပည့်လူဖီရောက်ပါပြီ “

“ သိုင်းသူတော်စင်ကိုတွေ့ခွှင့်ရတာ ကျုပ်ကဲ့ဂုဏ်အသရေပါပဲ “

သုံးယောက်လုံး ၎င်း၏ သက်ဆိုင်ရာအဆင့်အလိုက် ဖေးကိုနှုတ်ဆက်ပြီး အရိုအသေပေးကြ၏။

သိုင်းသူတော်စင်က အင်ပါယာ၏ စစ်ရေး နိုင်ငံရေးများတွင်ဝင်မပါသော်လည်း အရှိန်အဝါဩဇာအာဏာကြီးမားသူဖြစ်သည်။ တော်ဝင်မိသားစုပင်လျှင် သူ့ကိုမထိန်းချုပ်နိုင်ပေ။ ထိုအဆင့်မျိုးက အရိုအသေပေးမှုကို လက်ခံရန်ထိုက်တန်သည်။

“ အမ်း ဒီကိုလာ “ ဖေးလှည့်ကြည့်ပြီး ခေါင်းငြိမ့်ကာ ခန်းဆောင်အတွင်းရှိ ကျောက်ထိုင်ခုံများတွင် ထိုင်ရန်အချက်ပြလိုက်၏။

ဖေးကိုကြည့်ပြီး ခရစ်စွန်တန် ဤသို့တွေးမိသွားသည်။ “ ငါအရင်က အတော်လေးရန်လိုခဲ့တာ လူတချို့ရဲ့စော်ကားမှုကြောင့် စိန့်ပီတာဘတ်ကနေ သူ့ဆီသွားစိန်ခေါ်ခဲ့တယ် ဒွိစုံတောင် တိုင်ပွဲမှာ ငါရှုံးခဲ့ရပေမယ့် ပါရမီရှင် နှစ်ယောက်လုံး လူငယ်တွေလို့ပြောလို့ရသေးတယ် ခုတော့ သူက နဂါးအဖြစ် ကောင်းကင်ကိုပြန်တက်သွားပြီ ငါကတော့အတော်နောက်ကျကျန်ခဲ့ပြီလေ ငါတို့တွေအဆင့်တူတွေမဟုတ်တော့ဘူး “

ခရစ်စွန်တန်မှာ သူတင်မက ဇင်းနစ်တစ်ပြည်လုံးမှ လူငယ်များမှာ ချမ်းဘော့ဒ်ဘုရင်အလက်ဇန္ဒား၏ ခြေအောက်ရောက်ပြီး မည်သူမျှပြန်ကျော်တက်နိုင်မည်မဟုတ်ကြောင်းသိနေပါသည်။

End