Chapters

ဓားအကြောင်းကိုမသင်ကြားဘူး ၁

Vol. 55 Ch. 855

ဓားအကြောင်းကိုမသင်ကြားဘူး ၁

Vol. 55 Ch. 855

ဖေးမှာ အင်ပါရီယန်သိုင်းသူတော်စင်ဟုသော ဂုဏ်ပုဒ်နှင့်အညီ ထောင်လွှားနေခြင်းမရှိဘဲ ပုံမှန်သာပြောဆိုသည်။

အတော်ကြာအောင်ပြောဆိုပြီးနောက်တွင် စွန်တန်မှာ သူ့ရှေ့ရှိ သိုင်းသူတော်စင်အကြောင်းတဖြည်းဖြည်းနားလည်လာသည်ကို သိလိုက်၏။

ဇင်းနစ်အင်ပါယာ၏ အထက်တန်းလွှာများအကြားတွင် ကောလဟာလများပျံ့နှံ့နေသည်။ ၎င်းက ဘုရင်အလက်ဇန္ဒားမှာ ကြမ်းတမ်းရက်စက်ပြီး မောက်မာရိုင်းစိုင်းသည်ဟူ၍ဖြစ်သည်။

ယခုတော့ ၎င်းတို့က ကောလဟာလများဖြစ်ကြောင်း စွန်တန်သိလိုက်ပြီဖြစ်သည်။ ဘုရင်အလက်ဇန္ဒားနှင့် ရင်းနှီးသူများသာ သူ၏ဖော်ရွေမှုအကြောင်းသိမည်ဖြစ်၏။

စွန်တန်မှာ သူ့အဆင့်တက်အောင် ကူညီမှုအတွက် ဘုရင်အလက်ဇန္ဒားကိုအတော်လေး ကျေးဇူးတင်နေသည်။

ဖေးလည်း လက်ခါပြပြီး စွန်တန်ကို အပြံုးနှင့်ရှင်းပြပေးလိုက်သည်။ “ နေအဆင့်အရှင်တွေအတွက်တောင် စစ်သည်ကို လအဆင့်မြှင့်ပေးဖို့မလွယ်ကူဘူး မဟုတ်ရင် လအဆင့်တွေမှိုလိုပေါက်နေမှာပေါ့ ပြီးတော့ နေအဆင့်အရှင်တွေရှိတဲ့ အင်ပါယာတွေမှာ လအဆင့်တွေတအားများနေမှာပေါ့ အရေးကြီးဆုံးအချက်က မင်းကိုယ်တိုင်ပဲ မင်းက လအဆင့်လက်ရွေးစင်ဖြစ်ဖို့ လက်တကမ်းအလိုမှာပဲရှိနေတာလေ အဲ့အဆင့်ချိုးဖြတ်ဖို့ မင်းရဲ့ခွန်အား ကြိုးစားမှု ရဲရင့်မှု ကံတရားနဲ့ အခြေအနေတွေ အားလုံးကောင်းမွန်နေဖို့လိုတယ် အဲ့နေ့က တိုက်ပွဲမှာ မင်းရဲ့ စိတ်ဝိညာဉ် စိတ်နဲ့ ခန္တာကိုယ်က တသားထဲကျကျ တိုက်ပွဲဝင်နေခဲ့တာ မင်းက အဆင့်တက်ဖို့ဖြစ်နိုင်တဲ့ အခြေအနေတစ်ခုကိုရောက်နေတာ ငါကနည်းနည်းပဲ တွန်းပေးလိုက်တာ မင်းသာမကြိုးစားရင် ဒီနေရာကိုရောက်လာမှာမဟုတ်ဘူး မင်းသာ လီယွန်စစ်သည်တွေကို ရဲရဲဝင့်ဝင့်မတိုက်ခဲ့ရင် ငါဒီထက်ပိုစွမ်းနေတောင်ကူညီပေးမှာမဟုတ်ဘူး “

ဖေးက အမှန်တိုင်းပြောနေချင်းသာဖြစ်သည်။ အခြားသူဆိုပါက သူလအဆင့်ရောက်အောင် ကူညီပေးနိုင်မည်မဟုတ်ပေ။

သို့တိုင်အောင် စွန်တန်ကတော့ ကျေးဇူးတင်ဆဲဖြစ်သည်ာ ထိုအခိုက်အတန့်၌သာ ဖေးကူညီမီုမပြု၍ သူအဆင့်မတက်နိုင်ပါက နောက်နှစ်နှစ် ထပ်စောင့်ရဦးမည်ဖြစ်သည်။ ထို့ပြင် ဖေး၏ စွမ်းအင်ပို့လွှတ်ကူညီမှုကြောင့် သူ့အတွင်းပိုင်း၌ နေအဆင့်စွမ်းအင်အမှတ်အသားကျန်ရစ်ခဲ့ပြီး အနာဂတ်လမ်းပွင့်လမ်းခဲ့ရ၏။

သူ၏ ကိုယ်တွင်း၌ နေအဆင့်စွမ်းအင်မျိုးစေ့ရှိနေရာ ၎င်းက သူ့ကို ပိုမြင့်သောစွမ်းအင်ကိုနားလည်စေရန်အကူအညီပေးနိုင်သည်။

ဖေးခေါင်းငြိမ့်ပြီး စွန်တန်ကိုဆက်ပြောသည်။ “ မင်းကို ဆင့်ခေါ်လိုက်တာငါမဟုတ်ဘူး တော်ဝင်မိသားစုက အင်ပါယာအမိန့်ပို့လိုက်တာ မင်းကို အင်ပါရီယန်သူရဲခေါင်းနန်းတော်ကစွန့်ခွာပြီး ဒဿမသူရဲခေါင်းဘွဲ့စွန့်လွှတ်ပြီး ငါ့လင်အောက်မှာကျင့်ကြံစေဖို့ပဲ မင်းဆန္ဒရှိလား “

စွန်တန် ခနမျှအံ့ဩသွားပြီးနောက် ရည်ရွယ်ချက်ကိုနားလည်သွားသည်။

လွန်ခဲ့သည့်တစ်နှစ်ကဆိုပါက ခန်းနားသော အင်ပါရီယန်သူရဲခေါင်းနန်းတော်နှင့် သူရဲခေါင်းဂုဏ်ပုဒ်ကိုစွန့်၍ ဘာမျှမရှိသောဤနေရာကိုရွေးမည်မဟုတ်ပေ။ သိုင်းသူတော်စင်တောင်က ကြီးမြတ်သော်လည်း ရှိုးထုတ်ပြစရာမရှိရာ အတော်လေးနှိမ်နှိမ်ချချဖြစ်နေပေလိမ့်မည်။

သို့သော်လည်း ဤနှစ်အတွင်းသူဖြတ်သန်းခဲ့ရမှုများကြောင့် ကွပ်မျက်သူ သူရဲခေါင်းမှာ ကြီးပြင်းရင့်ကျက်လာကာ ပကာဿနများကိုကျော်မြင်နိုင်ပြီဖြစ်သည်။ ထို့ကြောင့် ချက်ချင်းပဲ ဝမ်းမြောက်ဝန်းသာလက်ခံလိုက်၏။

“ ဖရိုဖရဲခေတ်ရောက်လာပြီဆိုတော့ အင်ပါယာတွေကြားစစ်ဖြစ်မှာပဲ ဇင်းနစ်ပြည်လည်း အဲ့အထဲပါမှာပဲ ဇင်းနစ်အင်ပါယာက ချောင်ကျပြီး တိုက်ကြီးမြောက်ပိုင်းမှာရှိလို့ ပြဿနာတွေကဝေးနေတယ်ဆိုပေမယ့် စစ်ပွဲကနေလွတ်သွားမှာမဟုတ်ဘူး ဇင်းနစ်အင်ပါယာနဲ့ အင်ပါယာဆယ်ခုမဟာမိတ်တိုက်ပွဲက အင်ပါယာရဲ့အားနည်းချက်တွေကိုပေါ်လွင်စေတယ် အရေးကြီးဆုံးပြဿနာက အင်ပါယာမှာ ထိပ်တန်းဆရာသခင်တွေဖြစ်တဲ့ လအဆင့်လက်ရွေးစင်တွေနည်းပါးတာပဲ တော်ဝင်မိသားစုက မင်းကို သိုင်းသူတော်စင်တောင်ကိုလာလေ့ကျင့်စေတာက မင်းမှာ ပါရမီရှိလို့ပဲ အင်ပါရဲ့ ပါရမီအရှိဆုံးတွေထဲက တစ်ယောက်အနေနဲ့ မင်းမှာ ပိုမြင့်တဲ့အဆင့်သွားဖို့ အခွှင့်အလမ်းရှိတယ် “ ဖေးက သူ့ကိုရှင်းပြလိုက်သည်။

End