ဓားအကြောင်းကိုမသင်ကြားဘူး ၂
Vol. 55 Ch. 856
ဖေးမှာ သူ့လက်စွပ်ထဲမှ စာအုပ်တစ်အုပ်ကို ထုတ်ယူပြီး စွန်တန်ထံပေးလိုက်သည်။
" ဒီစာအုပ်ထဲမှာ ငါ့ရဲ့ သတ္ထုဓာတ်စွမ်းအား စစ်သည်တော်အတွေ့အကြုံတွေ ကျင့်ကြံခြင်းနည်းစနစ်တွေနဲ့ တိုက်ခိုက်ရေးနည်းစနစ်တွေပါတယ် မင်းအတွက်အကြိုးရှိဖို့ငါမျှော်လင့်တယ် "
စွန်တန်မှာ ပျော်ရွှင်သွားပြီး စာအုပ်ရရခြင်းပင် လှန်လှောကြည့်လိုက်သည်။ ထို့နောက်တွင်တော့ သူပိုစိတ်လှုပ်ရှားသွား၏။
စွန်တန်မှာ ဖေးအောက်များစွာအစွမ်းနိမ့်သော်လည်း သူ့မိသားစုက အင်ပါရီယန်သူရဲခေါင်းနန်းတော်တွင် အလုပ်လုပ်သူများဖြစ်သည်။ ထို့ကြောင့် သူ့နားလည်သဘောပေါက်မှုနှင့် အသိသညာက သာမန်စစ်သည်ထက်ပိုမြင့်သည်။ အနည်းငယ်လှန်လောကြည့်ပြီးနောက် ဤစာအုပ်က သတ္ထုစစ်သည်တော်များအတွက် အလွန်အကျိုးထူးနိုင်ကြောင်းသိသွားသည်။ အခြားစစ်သည်များသာဆိုပါက ဤစာအုပ်အတွက် သတ်ဖြတ်လုယူပွဲများ ဖြစ်ပေါ်လာမည်ဖြစ်သည်။
သတ္ထုစွမ်းအင်မကျင့်သော အလက်ဇန္ဒားက ဤအပိုင်းကိုလည်း နားလည်သဘောပေါက်နေမည်ဟာသူထင်မထားပေ။ သူဖေးကို ပိုအထင်ကြီးသွား၏။
စွန်တန်မှာ ထိုစာအုပ်ကို နတ်ဆိုးဘုရင့်ဓားနှင့် ဖေး၏နားလည်မှုပေါင်းကာ ညတွင်းချင်းဖန်တီးခဲ့သည်ကိုမသိပေ။ သို့မဟုတ်ပါက အံ့ဩလွန်းပြီးရူးသွားပေလိမ့်မည်။
သူသာ ကြိုးကြိုးစားစားနှင့် ဤစာအုပ်အတိုင်းလေ့ကျင့်ပါက ဆယ်နှစ်အတွင်း နေအဆင့်အရှင်ဖြစ်လာပေလိမ့်မည်။
" ကျေးဇူးပါ သိုင်းသူတော်စင် " စွန်တန် သိုင်းကျမ်းများကိုသိမ်းပြီး ကျေးဇူးတင်စကားဆိုလိုက်သည်။
" မင်းအတွက် အထောက်အကူဖြစ်ရင် ရပြီ ငါ သိုင်းသူတော်စင်တောင်မှာဆက်ရှိမှာမဟုတ်ဘူး ဒီတောင်ကို အရင်သိုင်းသူတော်စင်ခရာစစ်ရဲ့ တပည့်တွေကပဲဆက်ဦးစီးလိမ့်မယ် မင်းက အေးဆေးကျင့်ကြံနေရုံပဲ ပြီးတော့ လူဖီလေးကိုတစ်ခါတစ်လေသင်ကြားပေးရမယ် ပြီးရင်သိုင်းသူတော်စင်တောင်ကိုစောင့်ရှောက်ပေး တစ်ခုတော့သတိရ မင်းပိုသန်မာလာလေ အင်ပါယာအတွက်ပိုလုံခြုံလေပဲ "
" အာ သိုင်းသူတော်စင်ထွက်သွားရင် အော်မွန်ကဆရာသခင်တွေရောက်လာရင်....." ဖေးထွက်ခွာသွားမည်ဆိုခြင်းကြောင့် ခရစ်စွန်တန်အံ့ဩသွားသည်။ ယခုချိန်၌ ဇင်းနစ်က ဖေးကိုမှီခိုနေရသေးသည်မဟုတ်ပါလော။
" စိတ်ပူနဲ့ ငါထွက်သွားတောင် ဆရာသခင်တစ်ဦးကျန်နေသေးတုန်းပဲ အဲ့ဆရာသခင်က ငါ့အောက်မကျဘူး ရန်သူ့ နေအဆင့်အရှင်ရောက်လာရင်တောင် အသက်ရှင်လျက်ပြန်ထွက်မလာနိုင်ဘူး မြို့တော်က မင်းထင်တာထက်ပိုလုံခြုံတယ် " ဖေးက ထိုဆရာသခင်အကြောင်း သေချာမပြောသဖြင့် ခရစ်စွန်တန် အတော်ကြာအောင်တွေးသည့်တိုင် မည်သူမှန်းတွေးမရပေ။
ဖေးကလည်း ထုတ်မပြောသဖြင့် သူစမေးရန်လည်း သက်တောင့်သက်သာဖြစ်မနေပေ။
ခနာကြာပြီးနောက် ဖေးပြုံးလျက်ပြောသည်။
" ဒီနေ့တော့ဒီလောက်ပဲ ငါ့မှာတခြားဧည့်သည်တွေရှိသေးတယ် မင်းအတွက်နေရာပြင်ပြီးပြီ ကြိုက်မကြိုက်သွားကြည့်ဦး "
ဖေးပြောပြီးနောက် သိုင်းသူတော်စင်တောင်မှ တစ်ဦးထွက်လာပြီး စွန်တန်ကိုဦးဆောင်၍ သစ်တောစိမ်းအတွင်းသို့ခေါ်သွားသည်။
ထို့နောက်မှ ဖေး သူ၏ ဒုတိယမြောက်တပည့် လူဖီနှင့် စကားပြောဆိုခွှင့်ရသည်။ ထိုအခါမှ ွကလေးမှာ အနည်းငယ်ရင့်ကျက်နေပြီး မြှောက်ပင့်ပြောရာတွင် တော်ကြောင်းသိလိုက်၏။ ၎င်း၏ အမြှောက်အပင့်ကျွမ်းကျင်မှုက လူဖားကြီး အိုလက်နှင့်အဆင့်တူဖြစ်သည်။
သူ့ကိုယ်ရည်ကိုယ်သွေးက သူ့ဖခင် ဓားတစ်လက်နှင့်မတူပေ။ ဓားတစ်လက်က မာနကြီးကာ အထီးတည်းနေတတ်သူဖြစ်၏။ လူဖီကတော့ စကားများသော မျောက်လောင်းလေးဖြစ်သည်။
" ဆရာဆရာ ကျွန်တော် ဓားသိုင်းမသင်ချင်ဘူး ခမည်းတော်က တဘဝလုံးဓားသိုင်းကိုကျင့်ခဲ့ပေမယ့် ဆရာ့ကိုမနိုင်ဘူး.... " ခနအကြာတွင်ပဲ လူဖီလေးက ဖေးနှင့် ရင်းနှီးသွားပြီး ဖေးကိုထိုသို့ပူဆာသည်။
ဘေးတွင်ကြည့်နေသော လော်ရာကထိပ်လန့်သွား၏။ သူ့သား သိုင်းသူတော်စင်ကို အမှားလုပ်မိမည်ကိုစိုးရိမ်သွားသည်။
ဖေးကတော့ ရယ်ရယ် မောမောပဲ ပြန်ပြောလိုက်၏။ " ကောင်းပြီလေ မင်းဓားသိုင်းမသင်ချင်ရင် ဘာသင်ချင်လဲ "
End