တကယ့် အုပ်စိုးသူ ၁
Vol. 55 Ch. 857
လူဖီက လူကြီးလေးလို့ မေ့စေ့အားပွတ်သပ်ရင်း တွေးတော့လိုက်၏။ ထို့နောက် သူက ရယ်မောလျက်ပြောသည်။ “ ကျွန်တော့အဖေကပြောတယ် ဆရာ့ရဲ့လက်သီးသိုင်းက အကြမ်းဆုံးပဲတဲ့ ကျွန်တော်ဆရာ့ဆီက လက်သီးသိုင်းသင်မယ် “
“ လက်သီးသိုင်းလား “ ဖေးပြုံးမိသွားသည်။
ယခင်သူ့ မိုးရေခဲလက်သီးနှင့် ယခု ပြိုင်ဘက်ကင်းအင်ပါယာလက်သီးသိုင်းတို့မှာ သူပင်ဂုဏ်ယူရသောနည်းနစ်များဖြစ်၏။ သို့သော်လည်း ထိုလက်သီးသိုင်းများက လူရိုင်း၏ ကြံ့ခိုင်သောရုပ်ခန္တာ၏လွှမ်းမိုးကြောင့် အစွမ်းထက်လာခြင်းဖြစ်ပြီး လူရိုင်းစွမ်းရည် နားလည်သဘောပေါက်မှုလည်းလိုသေးသည်။ ထို့ပြင် ၎င်းကိုဖေး ဒိုင်ယာဘယ်လိုကမ္ဘာ၌ မကောင်းဆိုးဝါးများနှင့် နတ်ဆိုးများကိုတိုက်ခိုက်ရင်းရခဲ့သော အတွေ့အကြုံများနှင့် စုဆောင်းရမိသောအငြိုးကြီးဝိညာဉ်များဖြင့် ဖန်တီးခဲ့ခြင်းဖြစ်၏။
အခြားသူများအတွက်မူ ဖေးကဲ့သို့ ဒိုင်ယာဘလိုကမ္ဘာ မာစတာကီးမျိုးမရှိ၍ ဖေးဖန်တီးခဲ့သော ထိုနည်းစနစ်နှစ်ခုကို နားလည် ကျင့်ကြံနိုင်မည်မဟုတ်ပါ။
သို့သော်လည်း ဒဏ္ဍာရီခေတ်မှ လက်သီးနည်းစနစ်များစွာနှင့် နတ်ဆိုးဘုရင်၏ဓား စားအုပ်မှသိုင်းပညာများစွာလည်းရှိနေသေးသည်။ ထိုနည်းစနစ်များကလည်း ရူးသွပ်ဖွယ်ရာစွမ်းအားကိုထုတ်လွှတ်နိုင်ဆဲဖြစ်၏။
လူဖီမှာ ငယ်ရွယ်နေဆဲဖြစ်၍ တိုက်ခိုက်ရေးနည်းနစ်များနှင့် ကျင့်ကြံမှုများကို သင်ကြားရဦးမည်ဖြစ်သည်။ ကလေးများက သင်လွယ်တတ်လွယ်မဟုတ်ပါလော။
ထို့ကြောင့် ဖေးလည်း ဆုံးဖြတ်ချက်ချကာ လူဖီ၏ တောင်းဆိုမှုကို ခေါင်းငြိမ့်လက်ခံလိုက်၏။ လူဖီလည်း ပျော်ရွှင်သွားပြီးခုန်ဆွဆုန်ဆွဖြစ်သွားသည်။ ဘေးတွင်ကြည့်နေသော လော်ရာကတော့ စိတ်ခံစားချက်များထွက်ပေါ်လာ၏။ ဓားတစ်လက်၏ သေဆုံးမှုက သူ့အတွက် ထိုးနှက်ချက်ကြီးဖြစ်ပေသည်။ စောင့်ရှောက်စရာ လူဖီလေးသာမကျန်ခဲ့ပါက ကိုယ့်ကိုယ်ကိုအဆုံးစီရင်ပြီး မြေအောက်ကမ္ဘာသို့လိုက်သွားမည်ဖြစ်သည်။ သူတို့နှစ်ဦးကြား ခံစားချက်များကို အပြင်လူများနားလည်မည်မဟုတ်ပေ။
သူ့ယောက်ျားက ကြီးကျယ်သောသူရဲခေါင်းတစ်ဦးဖြစ်သလို သားဖြစ်သူကိုလည်း ထိုသို့လူအများအတုယူဖွယ် သူရဲခေါင်းကြီးဖြစ်စေချင်သည်။
သို့သော်လည်း သူက ဓားတစ်လက်၏ ဆင်းရဲသောနောက်ခံမှလာသောဇနီးသာဖြစ်သည်။ သူ့တွင် နောက်ခံကောင်းမရှိသလို ရွှယ်လုပြည်၌ သူ့အဆင့်အတန်းကလည်းနိမ့်ကျ၏။ ထို့ကြောင့် လူဖီ၏ တက်လမ်းအတွက်သူများစွာမထောက်ပံ့ပေးနိုင်ပါ။
သို့သော်လည်း ကံဆိုးမှုက ကံကောင်းမှုဖြစ်သွားသည်။ သူ့သားက သိုင်းတော်စင်၏ နှစ်ခြိုက်မှုခံရကာ သူတော်စင်၏ တပည့်ဖြစ်လာသည်။
ရွှယ်လုဘုရင်နှင့် ဘုရင်မ၏ မျက်နှာသာပေးမှု ဇင်းနစ်အင်ပါယာမှ ပုဂ္ဂိုလ်ကြီးများ၏ ဖားယားမှုကြောင့် သူ့သား၏အဆင့်မှာ အလွန်မြင့်မားလာကြောင်းသိလိုက်သည်။ ထိုအရာအားလုံးက ဤငယ်ရွယ်ခန့်ညားသော သိုင်းသူတော်စင်လေးကြောင့်ဖြစ်ပေသည်။
လူဖီနှင့် အတော်ကြာအောင်ပြောပြီးနောက် သိုင်းသူတော်စင်တောင်၏ နောက်လိုက်များရောက်လာပြီး လူဖီနှင့် လော်ရာကို ၎င်းတို့အတွက်စီစဉ်ထားသောနေရာသို့လိုက်ပို့၏။
ဖေး ခန်းဆောင်း၌ ထိုင်စောင့်နေသည်။ သိပ်မကြာခင် ခြေသံများထွက်ပေါ်လာပြီး မာထရီ၏ လမ်းပြမှုနောက်သို့ ငွေရောင်မျက်နှာဖုံးနှင့်လူငယ်ဦးဆောင်သော ဆရာသခင်ကိုးဦး လိုက်ပါလာသည်ကိုတွေ့လိုက်ရ၏။
ခနအကြာတွင်တော့ ငွေရောင်မျက်နှာဖုံးနှင့်လူ ရောက်လာပြီး မျက်ဖုံးချွတ် ဒူးထောက်ကာ တုန်ရီစွာနှင့်ပြောလိုက်သည်။ “ အရှင်မင်းကြီး နောက်ဆုံးတော့ အရှင့်ကိုကျွန်တော် ထပ်တွေ့ခွှင့်ရခဲ့ပြီ “
သူ့နောက်မှ ဆရာသခင်ကိုးဖော်လည်း ရှော့ရသွားသည်။
သူတို့ ဤခေါင်းဆောင်နောက် လိုက်ခဲ့သည်မှာ အချိန်တစ်ခုရှိပြီဖြစ်သည်။ ထိုကာလအတွင်း ဤခေါင်းဆောင်က မည်သို့သော ရန်သူမျိုးနှင့်ရင်ဆိုင်ကပါစေ မတုန်လှုပ် တည်ငြိမ်ခဲ့၏။ ယခုက ပထမဆုံးအကြိမ် တည်ငြိမ်မှုပျက်ပြားခြင်းဖြစ်သည်။
“ ငါတို့ခေါင်းဆောင်က အင်ပါရိယန် သိုင်းသူတော်စင်ကိုကြောက်နေတာလား သူက သိုင်းသူတော်စင်ကို အရှင်မင်းကြီးလို့ခေါ်လိုက်တာများလား ဖြစ်နိုင်တာက.... “
ဤဆရာသခင်ကိုးဦးလုံးမှာ ငွေမျက်နှာဖုံးခေါင်းဆောင်နောက်လိုက်သော သတင်းစုဆောင်သူများဖြစ်ရာ ချက်ချင်းပင် မီးခိုကြွက်လျှောက်တွေးမိသွားကြ၏။
End