Chapters

တကယ့်အုပ်စိုးသူ ၂

Vol. 55 Ch. 858

တကယ့်အုပ်စိုးသူ ၂

Vol. 55 Ch. 858

ချမ်းဘောဒ့်ပြည်သားများသာ သိုင်းသူတော်စင်အလက်ဇန္ဒားအား အရှင်မင်းကြီးဟုခေါ်ဝေါ်ကြ၏။

“ ငါတို့အဖွဲ့အစည်းရဲ့ခေါင်းဆောင်တွေက ချမ်းဘော့ဒ်သားတွေလား ဒါဆို ငါတို့လုပ်နေတဲ့အဖွဲ့အစည်းက သိုင်းသူတော်စင်အလက်ဇန္ဒားနဲ့ပတ်သတ်နေတာပေါ “ အားလုံးထိုသို့တွေးမိလိုက်ကြသည်။

သူတို့၏ အတွေးများကို အတည်ပြုသည့်အလား ခန်းဆောင်အတွင်းမှ ရယ်သံများထွက်ပေါ်လာသည်။

ခန်းဆောင်အတွင်း၌ ထိုင်နေသော အင်ပါရီယန်သိုင်းသူတော်စင်က ထလာပြီး သူတို့ခေါင်းဆောင်၏ပုခုံးကိုပုတ်ကာပြောသည်။ “ ငါမင်းကိုမတွေ့တာ တစ်နှစ်တောင်ရှိနေပြီ ကျောက်တုံးနက် မိုင်းတွင်းက လူငယ်လေးက ခုတော့ စိန့်ပီတာဘတ်ရဲ့ နာမည်ကျော်ကြီးတောင်ဖြစ်နေပြီ ဒါမယ့်ပိန်နေတုန်းပဲ ဟားဟားဟား ပိုချောလာသလို ပိုလည်းအစွမ်းထက်လာတယ် ကဲကဲရိုသေမနေနဲ့ ဒီနေ့ငါတို့က မိတ်ဆွေဟောင်းတွေပဲ ဘုရင်နဲ့အစေခံမဟုတ်ဘူး လာထိုင်ပြီး စကားပြောရအောင် “

ထိုသို့ပြောပြီး ဖေးကို ငွေမျက်နှာဖုံးတပ် လူငယ်လေးကိုထူပေးလိုက်သည်။

ထိုလူငယ်လေးက ဖေး ကျောက်တုံးနက်တိုင်းပြည်တွင်တွေ့ခဲ့ရသော မိုဒရစ်ဖြစ်သည်။ ယခုတော့ သူက မြို့တော် မြေအောက်အဖွဲ့အစည်းတစ်ခု၏ ခေါင်းဆောင်ဖြစ်နေပြီဖြစ်သည်။

ဘုရင်အလက်ဇန္ဒားမှာ မိုဒရစ်နှင့် ခြေလှမ်းအနည်းငယ်လျှောက်ပြီးမှ တစ်စုံတစ်ခုကို သတိရဟန်ဖြင့် နောက်ပြန်လှည့်ကာ မိုဒရစ်၏ လူကိုးဦးကို ရယ်မောပြောလိုက်၏။ “ ဟားဟား ငါစိတ်လှုပ်ရှားနေလို့ မင်းတို့ကိုမေ့သွားတယ် မင်းတို့က စာရုံးက သွေးအေးသိမ်းငှက်ကိုးဖော်ဖြစ်ရမယ် အရှိန်အဝါတွေကတော့ အထင်ကြီးစရာပဲ လာလာထိုင်ကြ တော်ကြာစာရုံးကညီအကိုတွေက အဖွဲ့ရဲ့ဘောစ့်ငါက အထာကိုင်တယ်ပြောနေကြဦးမယ် “

ထိုစကားက ဆရာသခင်ကိုးယောက် ရင်ကိုထိသွားစေ၏။ ကိုးဦးလုံးစိတ်လှုပ်ရှားလွန်း၍ စကားမပြောနိုင်ပင်ဖြစ်သွားကြသည်။

သူတို့က သွေးအေးသိမ်းငှက်ကိုးဖော်ဟု မြေအောက်လောက၌ ကျော်ကြားကာ လူအများအပြားက သူတို့ကိုကြောက်ရွံ့ကြသော်လည်း ပုဂ္ဂိုလ်ကျော် သိုင်းသူတော်စင်ရှေ့တွင်တော့ ကြောက်လန့်ရှက်ရွံ့နေကြ၏။ သူတို့အတုယူသော ပုဂ္ဂိုလ်ရှေ့ရောက်နေသည့် ကလေးများလိုဖြစ်နေသည်။

ဖေးက နာမည်ကြီးပြီး သူ့လုပ်ရပ်များကကျော်ကြားက ခွန်အားကလည်းကြီးမားလှသည်။ နေအဆင့်အရှင့်ဟူသောအဆင့်က ဇင်းနစ်ပြည်၏ စစ်သည်တော်များအတွက် နတ်ဘုရားလိုပင်ဖြစ်သည်။

ယနေ့မတိုင်မှီထိ သွေးအေးသိမ်းငှက်ကိုးဖော်မှာ စာရုံးမှသိမ်းသွင်းထားသော အခြားစစ်သည်တော်များကဲ့သို့ အဖွဲ့၏ အစစ်အမှန်ခေါင်းဆောင်ကိုသိလိုနေကြ၏။ အဖွဲ့ကို လူငယ်လေးနှင့် လူအိုကြီးတို့က ဦးဆောင်နေသော်လည်း ၎င်းတို့ကခေါင်းဆောင်အစစ်မဟုတ်ကြောင်း အားလုံးကိုပြောပြထားသည်မဟုတ်ပါလော။

အားလုံးက တော်ဝင်မိသားစုအား စာရုံး၏နောက်ကွယ်မှ သူဌေးဟုထင်ထားကြသည်။ စာရုံးက ငွေအင်အားတောင့်တင်းလှပြီး ကျယ်ပြန့်သောသတင်းကွန်ရက်လည်းရှိ၏။ ထို့ပြင် စာရုံး၏အစွမ်းထက်ဆုံးပုဂ္ဂိုလ် ‌အဝါရောင်သွေးရဲဝတ်ရုံကလည်း သန်မာလွန်းလှသည်။

သာမန်နိုဘယ်များနှင့် အဖွဲ့အစည်းများက ဤကဲ့သို့သောမြေအောက်အဖွဲ့ကို ထောက်ပံ့ပေးနိုင်မည်မဟုတ်ပေ။ သို့သော်လည်း မည်သူမျှ သိုင်းသူတော်စင်ကို အဖွဲ့၏ ဘော့စ်ဟုထင်မထားကြပါ။

သွေးအေးသိမ်းငှက်ကိုးဖော် စိတ်လှုပ်ရှားစွာဖြင့် တစ်ဦးကိုတစ်ဦး ကြည့်မိသွားသည်။ ခေါင်းဆောင်က သန်မာလေလေ စာရုံးအား လုံခြုံမှုပေးနိုင်လေလေဖြစ်ကာ အင်အားလည်းပိုကြီးမားလာမည်ဖြစ်၏။

ချမ်းဘော့ဒ်ဘုရင်အလက်ဇန္ဒားက အဖွဲ့၏ ခေါင်းဆောင်ဆိုသည်ကို သိသည်နှင့် သွေးအေးသိမ်းငှက်ကိုးဖော် အကာအကွယ်ရသလိုခံစားလိုက်ရသည်။

ထို့ပြင် ဖေးက ဇင်းနစ်၏ စစ်သည်တော်တိုင်း ဘုရားလိုကိုးကွယ်သော ပုဂ္ဂိုလ်ဖြစ်၏။ လူအများအပြား သူ့လက်အောက်တွင် အလုပ်လုပ်လိုပြီး သွေးအေးသိမ်းငှက်ကိုးဖော်က ထိုကံကောင်းမှုကိုရလိုက်ခြင်းဖြစ်သည်။

End