နယ်မြေပေါ်အမှောင်ဖုံးလာခြင်း ၁
Vol. 55 Ch. 859
သိုင်းသူတော်စင်အလက်ဇန္ဒားက ခန်းဆောင်အတွင်းထိုင်ရန်ပြောသော်လည်း သွေးအေးသိမ်းငှက်ကိုးယောက်မှာ သူတို့၏ စံပြပုဂ္ဂိုလ်ရှေ့တွင် ထိုသို့မပြုမူရဲပေ။ သူတို့ကဖေးစကားကိုနားထောင်သည့်အနေနှင့် အထဲသို့ဝင်လာသော်လည်း မထိုင်ကြဘဲ မိုဒရစ်၏ဘေးတွင် မတ်တပ်ရပ်နေကြ၏။
ဖေး သူတို့ကို မတိုက်တွန်းတော့ပါ။
စာရုံး၏ စီမံခန့်ခွဲသူက မိုဒရစ်နှင့် ဇိုလက်တို့ဖြစ်ရာ သူတို့၏ စီမံခန့်ခွဲပုံများကို ဖေးဝင်ရောက်မစွတ်ဖက်လိုပေ။ မိုဒရစ်တွင်လည်း သူ၏ ကိုယ်ပိုင်နည်းလမ်းများရှိပေသည်။ သွေးအေးသိမ်းငှက်ကိုးဖော်မှာ မြေအောက်လောကတွင်နာမည်ကြီးပြီး မိုဒရစ်ထက်ပိုအစွမ်းထက်သော်လည်း မိုဒရစ်အပေါ် ရိုသေမှုရှိကြ၏။ ထို့ကြောင့် သူတို့စိတ်အတွင်းရှိ မိုဒရစ်၏ အသရေကို ဖေးမချိုးဖြတ်လိုပေ။
ရှေ့တွင်ရှိနေသော ရွှေရောင်ဆံပင်နှင့်လူငယ်လေးကိုကြည့်ရင်း ကျောက်တုံးနက်မိုင်းတွင်း၌ မိတ်ဆွေအတွက် ပေါင်မုန့်ကိုအသက်စွန့်လုယူပေးသောကောင်လေး၏ အရိပ်အယောင်များကိုေဖး မြင်နေသည်။ ထိုလူငယ်လေးက မိုင်းတွင်မှ ထွက်လာပြီး ချမ်းဘော့ဒ်၏ အဆင့်ခြောက်ပဏ္ဏာဆက်နိုင်ငံလေးအဖြစ်မှ အင်ပါယာ၏တန်ခိုးကြီးတိုင်းပြည်အဖြစ် ကြီးထွားလာခြင်းလမ်း၌ တစ်တပ်တအားပါဝင်ခဲ့သည်။
ဖေးအတော်လေး စိတ်ကောင်းဝင်နေခဲ့သည်။ နှစ်ဦးသား အလာပ သလာပ ပြောဆိုပြီးနောက် မိုဒရစ်က သူနှင့်ဇိုးလက်စာရူံကိုကိုင်တွင်ပုံ စာရုံ၏ အရွယ်အစား အင်အားနှင့် သတင်းအချက်အလက်ကွန်ရက်အကြောင်းဖေးကိုတင်ပြ၏။
စာရုံးက ယခုဇင်းနစ်အင်ပါယာအပြင်ဘက်ထိပင်တိုးချဲ့နိုင်နေပြီဖြစ်သည်။ အစွမ်းထက်နောက်ခံဖြစ်သော ချမ်းဘော့ဒ်၏ အကူအညီနှင့်အတူ ငွေကြေးနှင့် ဆရာသခင်မရှားပါးမှုကြောင့် စာရုံးမှာ ဇင်းနစ်အင်ပါယာ၏ ကီလိုငါးသိန်းဝန်းကျင်ကိုလွှမ်းခြုံထားနိုင်ပြီဖြစ်၏။ တကယ်တမ်းတော့ တချို့သော အဖွဲ့ဝင်များကိုပင် ထိုဇုန်၏အပြင်ဘက် အင်ပါယာများသို့ပို့လွှတ်ထားနိုင်ပြီးပြီဖြစ်သည်။
ယခုနှစ်တွင် စာရုံးမှ လူအများအပြားစုဆောင်းထားပြီး အများစုမှာ လအဆင့်ကျွမ်းကျင်သူများဖြစ်၏။ ထိုထဲမှ တစ်ချို့က ပျိုးထောင်ခံရသော ပါရမီရှင်များဖြစ်သည်။ ဥပမာဆိုကသော် သွေးအေးသိမ်းငှက်ကိုးဖော်မှ အသက်၆၀အရွယ်နှစ်ဦးမှာ တာဝန်ကြီးတစ်ခုထမ်းဆောင်ပြီးနောက် ဖေး ဒဏ္ဍာရီမှော်နန်းတော်၏ ဗဟိုပိုင်းမှရခဲ့သော နတ်ဘုရားဆေးချီးမြှင့်ခံရကာ အဆင့်တက်နိုင်ခဲ့သူများဖြစ်၏။
စာရုံးအတွက် ချီးကျူးရမည်က ဖေးအတွက် သတင်းအချင်အလက်စုံစမ်းပေးရုံသာမက ကုန်စည်လမ်းကြောင်းပါရှာပေးခြင်းဖြစ်သည်။ ထိုလမ်းကြောင်းများက မကြီးမားသေးသော်လည်း ဖေး၏ ဟော်ရာဒရစ်ကုဗတုံးမှဖန်တီးသော ပြီးပြည့်စုံသည့်အဆင့် မှော်ကျောက်မျက်များကို မြင့်မြတ်ဘုရားကျောင်းနှင့် ဆိုရိုကုန်သည်များအုပ်စုမှတဆင့်ရောင်းချနေစရာမလိုတော့ပေ။ စာရုံးက ထိုရောင်းချသည့်တာဝန်ကို ထမ်းဆောင်က ဘဏ္ဍာများကို ချမ်းဘော့ဒ်သို့ပြန်ပို့ဆောင်ပေး၏။
ထို့ပြင် သိပ္ပံရူးအဖွဲ့မှ ဖန်တီးသည့် သတင်းပို့ကိရိယာများနှင့် နေရာကူးပြောင်းရေးအစီအရင်ငယ်များမှာ အသုံးပြုရနေပြီဖြစ်သည်။ ထို့ကြောင့် စာရုံး၏ နည်းပညာများမှာ ပြိုင်ဘက်များထက်ပိုမြင့်မားနေပြီး ပိုမိုတိကျ လျှင်မြန် ခိုင်မာသော သတင်းကွန်ရက်ကိုပိုင်ဆိုင်ထား၏။
ချမ်းဘော့ဒ်၏ အင်အား၆၀%ကို စာရုံးကပိုင်ဆိုင်ထားသည်ဆိုပါက ပိုပြောရာမရောက်ပေ။
ဖေးပင်လျှင် စာရုံးမည်မျှကြောက်မယ်ဖွယ်ကောင်းမှန်းမသိပေ။ သို့သော်လည်း ဇင်းနစ်ကဲ့သို့ အဆင့်တစ်အင်ပါယာတစ်ခုကို ပြောင်းပြန်လှန်နိုင်ပေသည်။ ၎င်းက ယခုအင်ပါယာရက်ဆင် သေခါနီးဟန်ဆောင်ထားသည့်အခြေအနေက အစစ်အမှန်ဖြစ်ဖို့တော့လိုပေသည်။
လက်တလောတွင် စာရုံးကို ဌာနနှစ်ခုခွဲထား၏။
လူငယ်လေး ကုဒ်အမည်နှင့် မိုဒရစ်က ဇင်းနစ်အင်ပါယာအတွင်း ကိစ္စများကို တာဝန်ယူရပြီး လူအိုကြီးကုဒ်အမည်နှင့် ဇိုလက်မှာ အင်ပါယာပြင်ပကိစ္စများကို တာဝန်ယူသည်။ ထို့ကြောင့်လည်း ဇိုလက်က သိုင်းသူတော်စင်တောင်သို့လာကာ ဖေးနှင့်မတွေ့ခြင်းဖြစ်သည်။ သူက ကီလိုမီတာရာချီဝေးသော အရပ်တွင်ရောက်နေ၏။
“ ဒါတွေက ဦးလေးဇိုလက် ပို့ဆောင်ရေးအစီအရင်အသေးစားသုံးပြီး ပို့လိုက်တဲ့ဟာတွေပဲ စစ်ဆေးပေးပါအရှင် “ မိုဒရစ်က သိုလှောင်လက်စွပ်အတွင်းမှ စာတစ်ထပ်ယူပြီးထုတ်ပေးသည်။
“ အင်း “ ဖေးလည်း ခေါင်းငြိမ့်ပြီး စာတစ်ထပ်ကို ယူဖတ်ကြည့်လိုက်၏။
End