#ဝိဉာဉ်မီးတောက်၊ နတ်ဝိဉာဉ်ဖျက်ဆီးခြင်း#
Vol. 40 Ch. 561
ကြယ်တာယာကောင်းကင်လျှို့ဝှက်နယ်မြေ၌ ထိုအခိုက်အတန့်တွင် လျှို့ဝှက်နယ်မြေသို့၀င်ခဲ့သည့် နတ်ခန်းမ၏တပည့်အားလုံးက ရုတ်တရက် သူတို့ကိုယ်ခန္ဓာများ လင်း၀င်းသွားသလိုခံစားလိုက်ရသည်။
ဒါက ကောင်းကင်ထဲရှိကြယ်များမှ ထုတ်လွှတ်သည့်ကြယ်ဆန္ဒက လျော့ကျသွားသည့်ပမာ။
တချို့တပည့်များကမူ အလွန်ပျော်သွားပြီး ဒါကအခွင့်အလမ်းကောင်းတခုဟုပင် တွေးကြသဖြင့် သူတို့အရှန်တင်ကာ ကြယ်တာယာကောင်းကင်၏ အနက်ရှိုင်းဆုံးသို့ ပျံသန်းသွားကြ၏။
သို့စေကာမူ နတ်ခန်းမ၏ အတွေ့အကြုံပိုရှိသည့်တပည့်တချို့ကမူ ရပ်လိုက်ကြပြီး ပတ်ပတ်လည်က ကြယ်တာယာကောင်းကင်ကို လေးနက်သည့်အမူအရာများဖြင့် ကြည့်နေကြသည်။
ကြယ်များတဝိုက်ရှိ တဖျပ်ဖျပ်လင်းနေသည့်အလင်းက အားနည်းသည့်လက္ခဏာရပ်များကို ပြသနေသည်။
ဒါ့အပြင် ကြယ်စွမ်းအားကလည်း သိသိသာသာပင်ကျဆင်းလာသည်။
ဒါကတိုင်ဆိုင်မှုတခုဟုသူတို့မခံစားရပေ။
လျှို့ဝှက်နယ်မြေ၌ ကြီးမားသည့်အရာတခုခုဖြစ်ပျက်ခဲ့သည်နှင့်ပိုတူသည်။
တခြားတဘက်တွင် ချန်းယီနှင့်ကျန်နှစ်ယောက်က နေရာတိုင်းကနေ ထိုးထွက်လာကြပြီး ဝိဉာဉ်ဝါးမြိုကြယ်သေတ္တာထဲသို့ အဆက်မပြတ်၀င်လာသည့် ကြယ်စွမ်းအားများအား ကြည့်ရင်း အတော်လေးပျော်နေကြသည်။
သူတို့မျက်နှာများပေါ်မှ အပြုံးကို ဘယ်လိုပဲဖြစ်ပါစေ ဖုံးကွယ်ထား၍မရပေ။
ဝိဉာဉ်ဝါးမြိုကြယ်သေတ္တာက လုံလောက်သည့်ကြယ်စွမ်းအားကိုစုပ်ယူနိုင်သရွေ့ သူတို့က ကြယ်စွမ်းအားကိုပိုင်ဆိုင်နိုင်ပြီး စွမ်းအားကလည်း ကျင့်ကြံခြင်းအဆင့်နှင့်အတူ မြှင့်တက်လာရန်အတွက် အလားအလာပိုများသည်။
ကြယ်တာယာကောင်းကင်ဗိမာန်ကလည်း သူတို့ကိုခေါင်းဆောင်အဖြစ် ခံယူထားကြပေလိမ့်မည်။
ထိုအချိန်တွင် ချန်းယီရုတ်တရက်ခေါင်းလှည့်လိုက်စဉ် သူ့အမူအရာကအနည်းငယ်ပြောင်းလဲသွား၏။ သူ့မျက်လုံးများမှ မည်းမှောင်သည့်အမူအရာတစ်ခုထွက်လာသည်။
များမကြာခင် နီဂုကလည်းတုံ့ပြန်လာပြီး နက်ရှိုင်းသည့်အသံဖြင့်ပြောသည်။
"သူတို့ဒီနေရာကိုဘယ်လိုရှာတွေ့သွားတာလဲ"
ကြယ်တာယာကောင်းကင်လျှို့ဝှက်နယ်မြေက မည်မျှပင်ကြီးမားလေသနည်း။
ဒီနေရာတွင်အထင်ကရနေရာများဟူ၍မရှိပါ။
သူတို့ပင်လျှင် ဒီနေရာကို ဝိဉာဉ်ဝါးမြိုကြယ်သေတ္တာထဲတွင် ချန်ထားခဲ့သည့် စိတ်ဝိဉာဉ်အမှတ်အသားကိုအားကိုးရင်း ရှာတွေ့နိုင်ခဲ့ခြင်းဖြစ်သည်။ ဒီလူသုံးယောက်က ဘယ်လိုရှာတွေ့နိုင်တာလဲ!
ဇောင်ယန် နောက်ဆုံးတွင် မနီးမဝေးတနေရာမှ ရင်းနှီးနေသည့်အော်ရာသုံးခုပြေးလာနေတာကို သတိထားမိသွားသည်။
သူ့အမူအရာကအကြီးအကျယ်ပြောင်းလဲသွားပြီး အထိတ်တလန့်ပြောသည်။
"သူတို့အရင်ကငါတို့နောက်ကမလိုက်ခဲ့ဘူးမလား၊ ဒါ့အပြင် ငါတို့ ကြယ်တာယာကောင်းကင်လျှို့ဝှက်နယ်မြေကို မ၀င်ခင်က စီနီယာအစ်ကိုနီနဲ့ ငါက သူတို့ကိုယ်ခန္ဓာတွေကိုစစ်ဆေးခဲ့ကြတယ်၊ ဒါပေမယ့် ခြေရာခံဖို့အတွက် ဘာတခုမှမတွေ့ခဲ့ဘူး"
ချန်းယီအေးစက်စွာပြောသည်။
"ဒါကိုအခုပြောနေလို့အသုံးမ၀င်ဘူး"
"ဒီကိစ္စက ထုတ်ဖော်ခံလိုက်ရပြီဆိုမှတော့ ဒီမှာပဲဖြေရှင်းကြတာပေါ့၊ အဲဒီနောက်မှ ဒီကိစ္စက ဆရာ့ဆီကို မရောက်နိုင်ဘူးဆိုတာ ငါတို့သေချာအောင်လုပ်နိုင်မှာ...."
ထိုအချိန်တွင် ပုံရိပ်သုံးခုက ချန်းယီနှင့်ကျန်နှစ်ယောက်ရှေ့တွင်ပေါ်လာသည်။
ရောက်လာသောသူများက ယဲ့ချိုးပိုင်၊ မုဖူရှန်းနှင့်ရှောင်ဟိုင်တို့ဖြစ်သည်။
ယဲ့ချိုးပိုင် ရှေ့ကမြင်ကွင်းအားကြည့်ရင်း ထူးမခြားနားစွာပြောသည်။
"ကြည့်ရတာငါတို့မှန်ပုံပဲ၊ တကယ်က မင်းတို့လုပ်ခဲ့ကြတာကိုး"
မုဖူရှန်း၏မျက်နှာကမည်းမှောင်နေသည်။
"မင်းတို့ရဲ့ကိုယ်ကျိုးကိုဖြည့်ဆည်းဖို့အတွက် တခြားတပည့်တွေရဲ့ဝိဉာဉ်စွမ်းအားကိုစုပ်ယူတာလား၊ ကြည့်ရတာ ဗိမာန်တော်က အဆင့်မြင့်လူတွေကိုလည်း မင်းတို့လှည့်စားထားပုံပဲ"
ရှောင်ဟိုင်၏ပင်ကိုယ်စရိုက်က နည်းနည်းပျင်းစရာကောင်းသလို တည့်တိုးဆန်လှသဖြင့် သူကအရမ်းကြီးမပြောပါ။
သို့စေကာမူ နတ်ဆိုးနက်ချီက သူ့ကိုယ်ထဲကနေထွက်လာပြီး ရုပ်ပိုင်းဆိုင်ရာခွန်အားပါ အတူတကွထွက်လာသည်။
ယဲ့ချိုးပိုင်အမိန့်ပေးလိုက်သည်နှင့် သူမည်သည့်စကားမှမဆိုဘဲ ထိုးနှက်လိုက်မည်။
ချန်းယီနှာခေါင်းရှုံ့သည်။
"အားကောင်းသူတွေက အားနည်းတဲ့သားကောင်ကိုစားပြီး အသန်မာဆုံးလူတွေကရှင်ကျန်နိုင်တယ်၊ ပါရမီနဲ့ခွန်အားမရှိတဲ့လူတွေက အားကောင်းတဲ့လူတွေရဲ့ အစာအာဟာရတွေပဲဖြစ်လာနိုင်တယ်၊ ခြေနင်းတုံးတွေအဖြစ် သူတို့က ငါတို့နဲ့ နတ်ခန်းမကိုကူညီပေးနိုင်တယ်၊ ဒါက သူတို့ရဲ့ တခုတည်းသောအသုံး၀င်မှုပဲ"
နီဂုကရှေ့တလှမ်းတိုးပြီး မည်းမှောင်စွာပြောသည်။
"မင်းတို့ရှာတွေ့သွားတော့ရောဘာဖြစ်လဲ"
"အဆောင်နဲ့ဆေးလုံးတွေလိုမျိုး ပြင်ပအရာ၀တ္ထုတွေရဲ့အကူမညီမရှိဘူးဆိုရင် မင်းတို့က ငါတို့သုံးယောက်ရဲ့ ပြိုင်ဘက်ဖြစ်နိုင်မယ်ထင်နေတာလား"
ယဲ့ချိုးပိုင်မှိန်ဖျော့စွာပြုံးသည်။
"ငါတို့မတိုက်ခိုက်သရွေ့ပြောလို့မရဘူးလေ"
ထို့နောက်သူနောက်ထပ်အချိန်ဖြုန်းမနေချင်တော့ပါ။ မည်သို့ပင်ဆိုစေကာမူ သူတို့နောက်တွင် ထူးဆန်းသည့်သေတ္တာနက်က ရှိနေသေးသည်။ ရှီရှန်း၏ဝိဉာဉ်စွမ်းအားကလည်း အဆက်မပြတ်စုပ်ယူခံရနိုင်သည်။
အချိန်ကြာလာလေလေ၊ မတော်တဆများဖြစ်လာရန်အတွက် ပိုလွယ်ကူလာလေလေဖြစ်သည်။
ဒါကိုတွေးမိသောအခါ ယဲ့ချိုးပိုင် ကြယ်ကြွေဓားကိုလက်ထဲတွင်ကိုက်လိုက်၏။ ထိုအချိန်တွင် ထူးကဲဓားဆန္ဒက ကောင်းကင်ပေါ် ထိုးတက်သွားသည်။
ဓားပိုင်နက်က သူတို့သုံးယောက်အား ၀န်းရံလိုက်သည်။
ဓားဆန္ဒကနေရာတိုင်းတွင်ရှိနေသည်။
ယဲ့ချိုးပိုင်၏တိုက်ချက်ကိုမြင်ရသောအခါ နီဂုနှာခေါင်းရှုံ့ရင်း ရှေ့တလှမ်းတိုးလိုက်သည်။ ကြယ်ဆန္ဒက ပေါက်ကွဲသွား၏။
"အဆောင်ရဲ့အကူအညီမရှိဘူးဆိုရင် မင်းငါ့ကိုဘယ်လိုတိုက်ခိုက်မလဲ"
ယဲ့ချိုးပိုင်၏တိုက်ချက်ကိုမြင်သောအခါ ရှောင်ဟိုင်ဒေါသတကြီးအော်ဟစ်ပြီး ဟင်းလင်းပြင်ထဲတွင် လှမ်းလိုက်သည်။ ပုံစံကွက်ငါးခုက သူ့ကိုယ်ခန္ဓာမျက်နှာပြင်ပေါ်၌ ပေါ်လာပြီး သူ့ရုပ်ခွန်အားက ထိုအခိုက်အတန့်၌ ထိုးတက်သွားခဲ့သည်။
ထာ၀ရနတ်ဆိုးကိုယ်ထည်!
တချိန်တည်းမှာပင် သူတို့ထဲတွင်အားအကောင်းဆုံးဖြစ်ပြီး သွေးပြောင်းလဲခြင်းနယ်ပယ်နောက်ဆုံးအဆင့်နှင့် အကြွင်းမဲ့နီးစပ်နေပြီဖြစ်သည့် ချန်းယီအား တိုက်ခိုက်ရန် ပဏာမခြေလှမ်းလှမ်းလိုက်သည်။
ဒါကိုမြင်သောအခါ မုဖူရှန်းမျက်တောင်ခတ်လိုက်မိသည်။
ဒီနေရာက အားအကောင်းဆုံးကျင့်ကြံသူနှစ်ယောက်ကို သူ့အစ်ကိုကြီးနှင့် အစ်ကိုဟိုင်တို့က ရွေးချယ်သွားလေပြီ။ တစ်နည်းအားဖြင့် သူ့အတွက် ကျန်ခဲ့သည့် တစ်ဦးတည်းသောသူက တာအိုနယ်ပယ်အထွတ်အထိပ်အဆင့်ဖြစ်သည့် ဇောင်ယန်ဖြစ်သည်။
သို့စေကာမူ တိုက်ဆိုင်စွာပင် ဇောင်ယန်၏မျက်နှာ၌ ယုံကြည်မှုအပြည့်ရှိသည့် အမူအရာတစ်ခုရှိနေသည်။
"မင်းကအဆောင်သခင်တစ်ယောက်လို့ ငါကြားခဲ့တယ်"
"ဒါပေမယ့်ဒီကြယ်တာယာကောင်းကင်လျှို့ဝှက်နယ်မြေမှာ မင်းအဆောင်တွေကို သုံးလို့မရဘူး၊ မင်းဘာများသုံးမလဲ"
ယေဘုယျအားဖြင့် အဆောင်သခင်တစ်ယောက်ကို အဆောင်ကိုအသုံးပြုသောအခါမှသာ သူတို့၏တိုက်ပွဲဆိုင်ရာခွန်အားကို ပြီးပြည့်စုံစွာအသက်သွင်းနိုင်မည်ဖြစ်သည်။
သို့စေကာမူ သူအဆောင်ကိုသာမသုံးနိုင်ပါက သူ့တိုက်ပွဲခွန်အားက အကြီးအကျယ် ကျဆင်းသွားပေလိမ့်မည်။
ဒါကြောင့်လည်း ဇောင်ယန်က အတော်လေးယုံကြည်မှုပြည့်၀နေခြင်းပင်။
သို့စေကာမူ မုဖူရှန်းက အမြဲလိုလို အဆောင်သခင်အဖြစ် သူ့စွမ်းရည်များကို ပြသခဲ့သော်လည်း သူ့တိုက်ပွဲခွန်အားကလည်း လုံး၀အားနည်းမနေပါ။
ဇောင်ယန်ပြေး၀င်လာတာကိုမြင်ရသောအခါ သူနှလုံးသားထဲကနေ ရယ်လိုက်မိသော်လည်း အပေါ်ယံ၌ အလွန်အမင်းကြောက်နေပုံရသည်။ သူကယဲ့ချိုးပိုင်နှင့် ရှောင်ဟိုင်တို့ရှိရာဘက်သို့အော်လိုက်သည်။
"အစ်ကိုကြီး၊ အစ်ကိုမဟူရာ၊ သူတို့ကို အမြန်ဆုံးကိုင်တွယ်လိုက်ပါဦး၊ ကျွန်တော်အသက်ကိုစွန့်စားရမယ်ဆိုရင်တောင် သူ့ကိုထိန်းချုပ်ထားပါမယ်"
ယဲ့ချိုးပိုင်နှင့်ရှောင်ဟိုင်တို့၏မျက်နှာများက မည်းမှောင်သွားကြ၏။
"ဒီကောင်စုတ်ကငါတို့ကို လှည့်စားဖို့ကြိုးစားနေပြန်ပြီ ..."
ဇောင်ယန်ထိုစကားကိုကြားသောအခါ အလွန်အမင်းပျော်သွားသည်။
သူကမုဖူရှန်းထံ ငှက်မွှေးယပ်တောင်ကို ဝှေ့ယမ်းလိုက်၏။
ကြယ်န္ဒေက မုဖူရှန်းထံပြေး၀င်သွားသည်။
တဘက်လူကမျှားခေါ်နေတာကိုမြင်ရသောအခ် မုဖူရှန်း၏နှုတ်ခမ်းထောင့်စွန်းများက အနည်းငယ်ကွေးသွားသည်။
ကျောက်စိမ်းရောင်မီးတောက်တစ်ခုက သူ့မျက်ခုံးကြားတွင်ဖြည်းဖြည်းချင်းပေါ်လာသည်။
ဒီမီးတောက်မွေးဖွားလာသောအခါ ဇောင်ယန်၏အမူအရာကအေးခဲသွား၏။ ဒီမီးတောက်က သူ့နှလုံးသားထဲတွင် သေခြင်းတရား၏အော်ရာကို ပေါက်ဖွားစေသည်။
သူမတွေးနိုင်ခင်မှာပင် ဒီအရာကသူ့ထံ ၀င်လာခဲ့လေပြီ။
မုဖူရှန်း မျက်ခုံးကြားသို့ လက်ချောင်းဖြင့်ထိလိုက်စဉ် ကျောက်စိမ်းမီးတောက်က သူ့လက်ချောင်းအားရစ်ပတ်သွား၏။ ထို့တောက် ဇောင်ယန်အား ညွှန်ပြသည်။
မီးစုန်းစီးဝိဉာဉ်မီးတောက်က ကြောက်ခမန်းလိလိမီးပင်လယ်တခုအဖြစ် ပြောင်းလဲသွားပြီး ဇောင်ယန်ထံ တိုး၀င်သွားသည်။
ထိုအချိန်တွင် ဇောင်ယန်၏အမူအရာက အကြီးအကျယ်ပြောင်းလဲသွားခဲ့သည်။
အားးး၊ မဟုတ်ဘူး၊ ငါထောင်ချောက်ထဲ ကျသွားတာလား!
ဒီလူက အဆောင်စွမ်းအားကိုအားမကိုးခဲ့လျှင်ပင် သူယှဉ်နိုင်သည့်လူတစ်ယောက်မဟုတ်ပေ။
ချက်ချင်းဆိုသဘိုဝိဉာဉ်မီးတောက်က ဇောင်ယန်ထံတိုက်ရိုက်၀င်ရောက်သွားသည်။
ကြယ်ဆန္ဒကဆက်လက်ထိုးထွက်နေသော်လည်း ဝိဉာဉ်မီးတောက်၏ ဝိဉာဉ်တိုက်ခိုက်မှုကို ခုခံနိုင်စွမ်းမရှိချေ။
ရုတ်ချည်းဆိုသလို ဇောင်ယန်၏ ဝိဉာဉ်က မီးစုန်းစိမ်းဝိဉာဉ်မီးတောက်အောင်တွင် မီးရှို့ပြာချခံလိုက်ရသည်။
ဒါကဝိဉာဉ်မီးတောက်၏ထူးခြားချက်ပင်။
ကိုယ်ခန္ဓာတွင်ထိခိုက်မှုမရှိသော်လည်း ဝိဉာဉ်အတွက်မူ သေစေလောက်သည်။
အလယ်အလတ်အဆင့်ကြယ်နယ်မြေတခုလုံးတွင် ကျင့်ကြံသူများက သူတို့ဝိဉာဉ်များကို ကျင့်ကြံရာ၌ အာရုံမစိုက်ကြပေ။
သူတို့အတွက်မူ လုံလောက်သည့်စိတ်ဝိဉာဉ်ရှိနေသရွေ့ လုံလောက်ပါသည်။
ဝိဉာဉ်တိုက်ခိုက်ခြင်းနည်းစနစ်များက အတော်လေးရှားပါးပြီး လူအနည်းငယ်ကသာ အောင်မြင်စွာကျင့်ကြံနိုင်သည်။
တခြားတဘက်တွင် နီဂုနှင့် ချန်းယီတို့၏အမူအရာများက အတော်လေးကြည့်ရဆိုးနေသည်။
ထိုအချိန်တွင် မုဖူရှန်းကလည်း ချန်းယီကို အပြုံးဖြင့် လှမ်းကြည့်လိုက်ပြီး သူ့လက်ချောင်းကို အသာလှီးဖြတ်လိုက်စဉ် မီးစုန်းစိမ်းဝိဉာဉ်မီးတောက်က ချန်းယီထံ ပျံသန်းသွားသည်။
အပိုင်း(562) coming။