← Chapters

#ကိုးသွယ်ရှေးဦးနတ်မိုးကြိုးနည်းစနစ်၊ ဆန်းကြယ်ယင်ခရမ်းမိုးကြိုး#

Vol. 40 Ch. 562

#ကိုးသွယ်ရှေးဦးနတ်မိုးကြိုးနည်းစနစ်၊ ဆန်းကြယ်ယင်ခရမ်းမိုးကြိုး#

Vol. 40 Ch. 562

မုဖူရှန်း၏ခွန်အားက နီဂုနှင့် ချန်းယီတို့အား သိသိသာသာပင် ဖမ်းစားသွားစေသည်။

ထောက်လှမ်းရေးသတင်းများအရ မုဖူရှန်းက အဆောင်ပညာ၌ အလွန်မြင့်မားသည့် အောင်မြင်မှုများရှိသော အဆောင်သခင်တစ်ဦးပင်။

ကြယ်တာယာကောင်းကင်လျှို့ဝှက်နယ်မြေတွင် မုဖူရှန်းက အဆောင်များကိုမသုံးနိုင်သဖြင့် သူ့တိုက်ခိုက်ရေးစွမ်းအားက ငါးဆယ်ရာခိုင်နှုန်းထက်လျော့နည်းနေသင့်သည်။

သို့သော်ကြည့်ရသည်မှာ မုဖူရှန်းက အဆောင်သခင်တစ်ဦးဖြစ်သည်သာမက တကယ့်တိုက်ပွဲတွင်လည်း အလွန်တော်လေသည်။

ဝိဉာဉ်ကနေသိပ်သည်းအောင်လုပ်ထားသည့်မီးတောက်များက သူတို့နှစ်ယောက်ကို အလွန်အမင်းကြောက်သွားစေသည်။

မီးစုန်းစိမ်းဝိဉာဉ်မီးတောက်ကလွင့်မြောလာသည်။

ချန်းယီထိတ်လန့်သွားသော်လည်း သူ့နောက်တွင် ကြယ်နံရံတခုတည်ဆောက်နိုင်ခဲ့သည်။

တချိန်တည်းမှာပင် ကြယ်ဆန္ဒက သူ့လက်သီးများအပေါ်ဖုံးလွှမ်းသွားပြီး ရှောင်ဟိုင်အားထိုးနှက်သည်။

ကြယ်ဆန္ဒက ထိုးထွက်ကာသူ့လက်သီးချက်များအားရစ်ပတ်ထားပြီး ၀န်းရံနေသည့်ကြယ်များနှင့်အတူ အရောင်တဖျပ်ဖျပ်တောက်ပနေသည်။

ထို့နောက် ရှောင်ဟိုင်၏လက်သီးနှင့် တွေ့ဆုံသွားကြသည်။

ထိုအချိန်တွင် သွေးပြောင်းလဲခြင်းနယ်ပယ်နောက်ပိုင်းအဆင့်နှင့်နီးကပ်နေပြီဖြစ်သည့် သူ့ခွန်အားက ပေါက်ကွဲသွား၏။

ရှောင်ဟိုင်တချက်ညည်းရင်း နောက်သို့ မီတာဒါဇင်များစွာဆုတ်လိုက်ရသည်။

သို့စေကာမူ ချန်းယီကလည်းမကောင်းခဲ့ပေ။ သူ့လက်ထဲက ဧရာမခွန်အားက သူ့အရိုးနှင့်ကိုယ်အင်္ဂါများကို အဆက်မပြတ် တုန်ခါသွားစေသည်။

သူ့ကိုယ်ထဲက ကျန်ရှိနေသည့်စွမ်းအားကို မထုတ်လွှတ်နိုင်ခင်မှာပင် သူ့နောက်က မီးစုန်းစိမ်းဝိဉာဉ်မီးတောက်က ကြယ်စွမ်းအားပေါ်သို့ တက်လာပြီဖြစ်သည်။

သို့စေကာမူ ‌ချန်းယီက ကြယ်နံရံကို အလျင်အမြန်ကျစ်လျစ်အောင်လုပ်ပစ်သည်။

သူကဘယ်ဘိုလုပ် အင်မော်တယ်ဝိဉာဉ်သခင်နယ်ပယ်ကိုရောက်နေပြီဖြစ်သည့် မုဖူရှန်းနှင့်ယှဉ်နိုင်မည်နည်း။

ရုတ်ချည်းဆိုသလို မရေမတွက်နိုင်လောက်သည့်အက်ကြောင်းများက ကြယ်နံရံပေါ်၌ ပေါ်လာသည်။

မီးစုန်းစိမ်းဝိဉာဉ်မီးတောက်က အပေါက်လေးများကနေ ဆက်လက်ဖိသိပ်နေသည်။

အက်ကြောင်းများကျယ်လာသောအခါ ကြယ်နံရံကနောက်ဆုံးတွင် မထိန်းနိုင်တော့ပါ။ ကျိုးပဲ့သွားသည့်အသံတချက်နှင့်အတူ ၎င်းကကြယ်ရောင်များအဖြစ် ပြိုကွဲကာ ကြယ်တာယာကောင်းကင်၌ ပြန့်ကြဲသွားသည်။

မီးစုန်းစိမ်းဝိဉာဉ်မီးတောက်က ရပ်တန့်မသွားဘဲ ချန်းယီထံဆက်လက်တိုးဝင်သွား၏။

တခြားတဘက်တွင် ရှောင်ဟိုင်နောက်သို့ တွန်းခံလိုက်ရပြီးနောက် အလျင်အမြန် ကိုယ်ခန္ဓာကိုထိန်းညှိရင်း အော်ဟစ်သည်။

နတ်ဆိုးနက်ချီအလွှာများက သူ့ကိုယ်ခန္ဓာကို၀န်းရံလိုက်ကြပြီး နတ်ဆိုးနတ်ဘုရားချပ်၀တ်တခုအဖြစ်ပြောင်းလဲသွား၏။

ထို့နောက် ကြီးမားသည့်ခြေလှမ်းတချက်နှင့်အတူ သူကမျက်စိတစ်မှိတ်အတွင်းမှာပင် ချန်းယီရှေ့တွင် ပေါ်လာပြီး လက်သီးချက်ပေါင်းများစွာ ပစ်ကျွေးလိုက်သည်။

ချန်းယီ၏မျက်နှာက အကြောက်တရားဖြင့် ပြည့်နှက်သွားသည်။

သူကနှစ်ဘက်စလုံးက တိုက်ခိုက်မှုများကို လျစ်လျူရှုထား၍မရပေ။

မုဖူရှန်း၏ ဝိဉာဉ်မီးတောက်နှင့် ရှောင်ဟိုင်၏ အလွန်အမင်းအားကောင်းသည့် ရုပ်ခွန်အားအကုန်လုံးက သူ့အသက်ကို ခြိမ်းခြောက်နိုင်သည်။

ဒါကိုတွေးမိသွားသောအခါ ချန်းယီအံကြိတ်လိုက်သည်။

မူလက နီဂုနှင့်ဇောင်ယန်တို့ကိုကိုင်တွယ်သောအခါမှသာ ဒီလှုပ်ရှားမှုကို အသုံးပြုရန် သူစီစဉ်ထားခဲ့သည်။

သူက ဝိဉာဉ်ဝါးမြိုကြယ်သေတ္တာထဲက ကြယ်စွမ်းအားကို တစ်ယောက်တည်းချုပ်ကိုင်ချင်သည်။

သို့သော်ကြည့်ရသည်မှာ ဒီနေရာတွင်သာ သုံး၍ရတော့မည့်ပုံပေါ်သည်။ သူသာမသုံးပါက သူ့တွင် အခွင့်အရေးရှိတော့မည်မဟုတ်‌ပေ။

ချန်းယီ၏မျက်ခုံးများအကြား ကြယ်အမှတ်သေးသေးလေးတခုပေါ်လာခဲ့သည်။ ခရမ်းရောင်အလင်းက ကြယ်အမှတ်ပေါ်၌ လင်း၀င်းနေသည်။

တချိန်တည်းမှာပင် ကြယ်အမှတ်အသားပေါ်လာသောအခါ ကြယ်တာယာကောင်းကင်၌ ကြယ်များ၏ဆန္ဒက ချန်းယီ၏မျက်ခုံးများအကြားစုဝေးလာကြ၏။

ဒါကိုမြင်သောအခါ ရှောင်ဟိုင် ဒေါသတကြီးအော်ဟစ်ရင်း ဟင်းလင်းပြင်ထဲသို့ ထပ်မံလှမ်းလိုက်ပြန်သည်။

ဟင်းလင်းပြင်၌ တုန်ခါမှုလှိုင်းများပေါ်လာသည်။ အမြောက်ဆန်တခုပမာ ရှောင်ဟိုင်၏အမြန်နှုန်းက အကြီးအမားတိုးတက်လာပြီး ချန်းယီထံပြေးဝင်လာသည်။

ဒါကိုမြင်သောအခါ မုဖူရှန်းအနည်းငယ်မျက်ခုံးပင့်ရင်း ရှေ့သို့ထပ်ညွှန်လိုက်ပြန်သည်။

သူ့မျက်ခုံးကြားက မီးစုန်းစိမ်းဝိဉာဉ်မီးတောက်က လှုံ့ဆော်ခံရပုံရပြီး မီးကပို၍ပြင်းလာသည်။ ၄င်းက ကြယ်တာယာကောင်းကင်တခုလုံးကို လောင်ကျွမ်းပစ်စေချင်သည့်အလားပင်။

မူလကကြယ်အလင်းဖြင့်တောက်ပနေသည့်ကြယ်တာယာကောင်းကင်၌ မီးစုန်းစိမ်းဝိဉာဉ်မီးတောက်၏အလင်းနှင့်အတူ အစိမ်းရင့်ရောင်အလင်းတခုပေါ်လာသည်။

သူတို့၏တိုက်ချက်များက ချန်းယီပေါ် ကျရောက်တော့မည့်ဆဲဆဲတွင် ရုတ်တရက် ချန်းယီကိုဗဟိုပြုထားသည့် ခရမ်းကြယ်ရောင်က နေရာတိုင်းတွင် ပွင့်လန်းလာသည်။

တခြားတဘက်တွင် နီဂုအနည်းငယ်ထိတ်လန့်သွား၏။

"ချန်းယီက ခရမ်းကြယ်ဝိဉာဉ်ပြောင်းလဲခြင်းနည်းစနစ်ကို ကျွမ်းကျင်နေပြီလား"

ခရမ်းကြယ်ဝိဉာဉ်ပြောင်းလဲခြင်းနည်းစနစ်က ကောင်းကင်ဘုံဝိဉာဉ်ကျင့်စဉ်၏ အထွတ်အထိပ်အဆင့်ဖြစ်သည်။

ကြယ်ဗိမာန်တခုလုံးတွင် ဒီနည်းစနစ်၏ ကျင့်ကြံခြင်းခက်ခဲမှုက ထိပ်ဆုံးသုံးနေရာတွင်ရှိပြီး စွမ်းအားကမူ ထိပ်ဆုံးတွင်ရှိသည်။

ခရမ်းရောင်အလင်းအောက်တွင် ရှောင်ဟိုင်၏လက်သီးချက်က ခရမ်းရောင်အလင်းအပေါ်ကျသွားသောအခါ ဖျက်ဆီး၍မရနိုင်သည့်နံရံတခုကို တိုက်မိသွားသည့်အလား လုံး၀ရွေ့၍မရတော့ပါ။

မီးစုန်းစိမ်းဝိဉာဉ်မီးတောက်ကလည်း ခရမ်းရောင်အလင်းပေါ်ကျသောအခါ လုံး၀ရှေ့တိုးနိုင်ခြင်းမရှိ‌တော့ချေ။

မျှော်လင့်ထားသည့်အတိုင်းပင် ကြယ်ဗိမာန်၏နံပါတ်တစ်တပည့်တဖြစ်လဲ သူ့တွင် ဝှက်ဖဲများမရှိပါက ထူးဆန်းဖွယ်ရာ ကောင်းသွားပေလိမ့်မည်။

ကြယ်ဗိမာန်ကကျဆင်းလာသော်လည်း ရှေးခေတ်တုန်းက ထိပ်တန်းဂိုဏ်းတစ်ဂိုဏ်းဖြစ်နေပါသေးသည်။

ထိုနေရာ၌ မရေမတွက်နိုင်လောက်သည့် အဆင့်မြင့်ဝိဉာဉ်ပညာရပ်များကျန်ရှိခဲ့သည်။

ထိုအချိန်တွင် နေရာတိုင်း၌ပွင့်လန်းနေသည့် ခရမ်းရောင်အလင်းက လှောင်အိမ်တခုအဖြစ်ပြောင်းလဲသွားပုံရပြီး ရှောင်ဟိုင်နှင့် မုဖူရှန်းတို့ကို လွှမ်းခြုံပစ်သည်။

ခရမ်းကြယ်ရောင်ထဲတွင် ချန်းယီကနတ်ဘုရားတစ်ပါးပမာ။ သူကလက်အစုံကို ဆန့်တန်းရင်း တည်ငြိမ်စွာပြောသည်။

"ငါ့ကိုဒီလှုပ်ရှားမှာကို သုံးရအောင် လုပ်နိုင်ခဲ့တဲ့အတွက် မင်းတို့ကိုယ့်ကိုကိုယ် ဂုဏ်ယူသင့်တယ်"

ခရမ်းကြယ်‌ရောင်က လှောင်အိတ်ထဲတွင်ပေါ်လာသည်။ နောက်အခိုက်အတန့်မှာပင် သူတို့နှစ်ယောက်ထံသို့ တနေရာမကျန် နေရာအနှံ့ကနေ ပစ်လိုက်သည်။

ဒါကိုမြင်သောအခါ ရှောင်ဟိုင်တချက်ဟိန်းသည်။ တချိန်တည်းမှာပင် သူ့နတ်ဆိုးနက်ချပ်၀တ်ပေါ်၌ ပုံစံကွက်ငါးခုက တောက်ပလာပြီး သူ့နောက်တွင် နတ်ဆိုးချီများက စုစည်းကာ နတ်ဆိုးဘုရင်အား ဆင်းသက်လာစေသည်။

ထို့နောက်သူနတ်ဆိုးတင်းပုတ်ကိုထုတ်ယူလိုက်သည်။ နတ်ဆိုးဘုရင်ကလည်း နတ်ဆိုးတင်းပုတ်ကိုကိုင်ကာ ပစ်လွှတ်လာသည့် ခရမ်းရောင်နတ်အလင်းများကို ခုခံနေသည်။

တခြားတဘက်တွင် မုဖူရှန်းခပ်ပေါ့ပေါ့ပင်ရယ်မောသည်။

ဝှက်ဖဲကိုဖုံးကွယ်ထားတာလား!

ဒီလုပ်ငန်းကငါနဲ့အရမ်းရင်းနှီးတယ်ကွ!

မည်သို့ပင်ဆိုစေကာမူ လုချန်ရှန်းပင်လျှင် မုဖူရှန်းအားသဘောတူခဲ့ရသည်။

အကယ်၍ချန်းယီသာ မီးစုန်းစိမ်းကို သူ့၏နောက်ဆုံးအရာဟုသာ တွေးနေပါက အမှားကြီးမှားသွားပေလိမ့်မည်။

မုဖူရှန်း လက်ဖဝါးကိုရှေ့သို့တွန်းလိုက်သည်။

မီးစုန်းစိမ်းဝိဉာဉ်မီးတောက်က ပတ်ဝန်းကျင်အားဖြတ်သန်းကာ အပြင်ဘက်က ခရမ်းရောင်နတ်အလင်းကို ယာယီပိတ်ဆို့ထားသည်။

တချိန်တည်းမှာပင် မုဖူရှန်းကိုယ်မျက်နှာပြင်၌ လျှပ်စီးကြောင်းများက စတင်ရွေ့လျားလာသည်။

ဂျိန်း.......!

လျှပ်စီးကြောင်းများက မုဖူရှန်းလက်ဖဝါးပေါ်၌စတင်စုစည်းလာပြီး လှောင်အိမ်ထဲကနေ အဖျက်အော်ရာတခုက ဖြည်းညင်းစွာ ပျံ့လာသည်။

ကိုးသွယ်ရှေးဦးမိုးကြိုး!

ဒါက လုချန်ရှန်း မုဖူရှန်းကိုသင်ပေးခဲ့သည့်ပညာရပ်ပေတည်း။

တကယ့်တိုက်ပွဲတွင် မုဖူရှန်းဒါကို ပထမဆုံးအကြိမ်အသုံးပြုခြင်းပင်။

အဖျက်လျှပ်စီးက မုဖူရှန်းလက်ဖဝါးပေါ်၌ အလျင်အမြန်သိပ်သည်းနေသည်။

ခရမ်းရောင်အလင်းအလယ်ရှိ ချန်းယီ၏အမူအရာကအနည်းငယ်ပြောင်းလဲသွား၏။

နောက်ထပ်စကားတခွန်းမှမဆိုဘဲ သူ့အမူအရာကမည်းမှောင်သွားပြီး မုဖူရှန်းအား ရိုက်ခတ်သည်။

ခရမ်းကြယ်ရောင်များဖြင့်သိပ်သည်းနေသည့်လက်ဖဝါးချက်တစ်ချက်က မုဖူရှန်းပေါ်သို့ ဖိကျလာသည်။

ဒါကိုမြင်သောအခါ မုဖူရှန်းမှိန်ဖျော့စွာပြုံးရင်း နူးညံ့စွာပြောသည်။

"ကောင်းကင်ဘုံကပ်ဘေးဆင်းသက်ခြင်း၊ ဆန်းကြယ်ယင်ခရမ်းမိုးကြိုး....."

ဆန်းကြယ်ယင်ခရမ်းမိုးကြိုးက ကိုးသွယ်ရှေးဦးမိုးကြိုးနည်းစနစ်တွင် ပါ၀င်သည့် ပထမဆုံးမိုးကြိုးချက်ပေတည်း။

မုဖူရှန်း၏လက်ဖဝါး၌ ခရမ်းလျှပ်စီးများကစုဝေးကြပြီး လျှပ်စီးတိုင်များအဖြစ် ပြောင်းလဲကာ ချန်းယီထံပစ်၀င်သွား၏။

လမ်း၌ ခရမ်းရောင်လက်ဖဝါးနှင့်တွေ့ဆုံသော်လည်း ဖြတ်‌ကျော်သွားသည်။

ချန်းယီထိတ်လန့်သွားသည်။

ဆန်းကြယ်ယင်ခရမ်းမိုးကြိုးက သူ့ကိုတိုက်ရိုက်ပင်ဖုံးလွှမ်းသွားသည်။

နီဂုထိုမြင်ကွင်းကိုအထိတ်တလန့်ကြည့်ရင်း သူ့နတ်အသိကို ချဲ့ထွင်လိုက်သည်။

လျှပ်စီးတိုင်ထဲတွင် ချန်းယီ၏အော်ရာမရှိတော့သလို တချိန်တည်းမှာပင် ခရမ်းရောင်အလင်းများကလည်း ထိုအချိန်၌ စတင်ပျောက်ကွယ်သွားကြ၏။

သူမုဖူရှန်းကိုထပ်မံကြည့်သောအခါ နီဂု၏ ပါးစပ်က ပန်းသီးပမာပြူးကျယ်သွားပြီး စကားလုံးများကိုရှင်းလင်းစွာ ရေရွတ်လိုက်မိသည်။

"သွေးပြောင်းလဲခြင်းနယ်ပယ်.... အလယ်အလတ်အဆင့်"

မှန်ပေသည်။

ဒါကမုဖူရှန်းထုတ်ဖော်ပြသခဲ့သည့်နယ်ပယ်ပေတည်း။

သို့စေကာမူ ယဲ့ချိုးပိုင်နှင့်ရှောင်ဟိုင်တို့က အနည်းငယ်သံသယဖြစ်နေကြသည်။

မဟုတ်ဘူး၊ ဒါကိုအတည်ပြုရမယ်!

ဒီမျိုးမစစ်လေးက တခြားတခုခုကို ဖုံးကွယ်ထားတာဖြစ်ရမယ်!

အပိုင်း(563) coming။

All Chapters