← Chapters

#ဓားဖြင့်နီဂုကိုသတ်ခြင်း#

Vol. 40 Ch. 563

#ဓားဖြင့်နီဂုကိုသတ်ခြင်း#

Vol. 40 Ch. 563

မုဖူရှန်း၏ခွန်အားက ကျန်နေခဲ့သည့်နီဂုအား ကြောက်ရွှံ့သွားစေသည်။

မူလက စုစည်းထားသည့်သတင်းအချက်အလက်များအရ အဆောင်သခင်တစ်ဦးအဖြစ် မုဖူရှန်း၏ အောင်မြင်မှုများက အတော်လေးမြင့်မားသည်။

သို့စေကာမူ အဆောင်ကိုအားမကိုးဘဲ သူက ကျင့်ကြံခြင်းနယ်ပယ် သို့မဟုတ် တိုက်ခိုက်ခြင်းခွန်အားကို တခါမှ မထုတ်ဖော်ခဲ့ပါ။

အဆောင်သခင်တစ်ဦးက အဆောင်အား ချန်ထားခဲ့ရသည့်အခါတွင် သူ့၏ အောင်မြင်မှုက မည်မျှပင်မြင့်မားပါစေ တကယ့်တိုက်ခိုက်မှုတွင် သူ့ခွန်အားက တ၀က်ထိ လျော့ကျသွားမှာကို လူတိုင်းသိကြသည်။

သို့သော်ယခုတွင် အချက်အလက်များက မှားယွင်းနေတာကို နီဂုသိရှိသွားလေပြီ။ ဒါကအဓိပ္ပာယ်မရှိနိုင်လောက်‌အောင် မှားယွင်းသည်။

အဆောင်သခင်တွေက အဆောင်တွေမရှိဘဲနဲ့ မတိုက်ခိုက်နိုင်ဘူးလို့ ဘယ်သူပြောခဲ့တာလဲ!

အဲဒီမီးစုန်းစိမ်းဝိဉာဉ်မီးတောက်ကိုပဲကြည့်လေ၊ ပြီးတော့ ဆန်းကြယ်ယင်ခရမ်းမိုးကြိုးကလည်း အဆစ်ပါသေးတယ်!

မုဖူရှန်းဘယ်အရာကိုပင်ထုတ်နေပါစေ ထိုအရာများက သူရပ်တန့်နိုင်သည့်အရာများမဟုတ်ကြပါ။

ယဲ့ချိုးပိုင်တို့သုံးယောက်ကို ရန်စမိသည့်အပေါ် သူနောင်တရလား!

တကယ်တမ်းတွင် သူနောင်တရပါသည်။

သို့သော်နောင်တရခြင်းက ဘာများအသုံး၀င်တော့မည်နည်း။ ဒါက ဖြစ်ပျက်သွားပြီးပါပြီ။

နီဂုတိုက်ခိုက်ရန် ဆန္ဒပင်ပျောက်ဆုံးနေလေပြီ။ ဒီအခြေအနေကနေ ဘယ်လိုအသက်ရှင်နိုင်မလဲဆိုသော အတွေးတခုတည်းသာ ရှိတော့သည်။

ကြယ်တာယာကောင်းကင်လျှို့ဝှက်နယ်မြေကနေ သူအသက်ရှင်လျက် လွတ်မြောက်နိုင်သရွေ့ ယဲ့ချိုးပိုင်တို့သုံးယောက်ကို ခန်းမသခင်ရှေ့တွင် စွပ်စွဲ၍ရသည်။

ထိုအချိန်တွင် ဝိဉာဉ်ဝါးမြိုကြယ်သေတ္တာကို ယဲ့ချိုးပိုင်တို့ယူလာခဲ့သည်ဟု သူပြောရုံမျှသာ။

ထို့နောက် သူ၊ ဇောင်ယန်နှင့် ချန်းယီတို့က ရှာတွေ့သွားပြီး တားဆီးချင်ကြသော်လည်း သူတို့ကနှုတ်ပိတ်ခံလိုက်ရသည်။

ဒီနည်းလမ်းဖြင့် သူကဝိဉာဉ်ဝါးမြိုကြယ်သေတ္တာကိစ္စကိုဖြေရှင်းနိုင်မည်ဖြစ်သလို ယဲ့ချိုးပိုင်တို့သုံးယောက်ကိုလည်း သုတ်သင်နိုင်သည်။

ဒါကခဲတစ်လုံးနှင့်ငှက်နှစ်ကောင်ပစ်ခြင်းပေတည်း။

ထိုအချိန်တွင် မုဖူရှန်းက ယဲ့ချိုးပိုင်အားကြည့်ရင်းပြုံးပြသည်။

"အစ်ကိုကြီး၊ တယောက်တည်းလုပ်နိုင်လား"

ယဲ့ချိုးပိုင်မှိန်ဖျော့စွာပြုံးသည်။

"မင်းရဲ့အစ်ကိုကြီးကို ဒီလိုပုံစံ မင်းဘယ်လိုပြောနိုင်ရတာလဲ၊ ငါ့ကိုမစိုးရိမ်နဲ့၊ အဒီသေတ္တာကို မြန်မြန်သိမ်းဆည်းထားလိုက်၊ အချိန်ကျလာရင် ရှီရှန်းဘယ်နေရာမှာ ရှိသလဲဆိုတာကို ရှာဖွေဖို့ ဒီပစ္စည်းကို ငါတို့အားကိုးရမယ်"

ထို့နောက် ယဲ့ချိုးပိုင် နီဂုအားလှည့်ကြည့်ကာ အဓိပ္ပာယ်ရှိရှိပြုံးသည်။

"ဒါက သူငါတို့ကို အပြစ်တင်မယ်လို့ တွေးတောနေတာကနေလည်း ကာကွယ်တားဆီးနိုင်တယ်လေ"

"အိုး၊ သူတို့ရဲ့ဝိဉာဉ်အမှတ်အသားတွေကို ချန်ထားခဲ့ဖို့သတိရဦး၊ ဒီသေတ္တာပေါ်မှာ သူတို့ချန်ထားတဲ့ သဲလွန်စတွေရှိရမယ်"

ထိုစကားကိုကြားသောအခါ နီဂု၏ အမူအရာကအကြီးအကျယ်ပြောင်းလဲသွားပြီး သူ့မျက်နှာကဖြူဖျော့ကာ သွေးကင်းမဲ့သွားရသည်။

နီဂု၏အမူအရာကိုမြင်သောအခါ သူ့အတွေးများကို သူခန့်မှန်းလိုက်တာ မှန်သွားတယ်ဆိုတာ ယဲ့ချိုးပိုင်သိလိုက်သည်။

သူလက်ထဲတွင် ကြယ်ကြွေဓားကို အနည်းငယ်မရင်း ထူးမခြားနားစွာပြောသည်။

"ဒါပေမယ့် မင်းရဲ့ဒီအကြံက မင်းထွက်ပြေးနိုင်တဲ့အချိန်ကျမှ လုပ်လို့ရမှာ"

"မင်းနည်းနည်းယုံကြည်မှုလွန်ကဲမနေဘူးလား"

နီဂု ယဲ့ချိုးပိုင်အား ရက်စက်သည့်အမူအရာဖြင့်ကြည့်သည်။

"တာအိုနယ်ပယ်အဆင့်သာရှိသေးတဲ့ မင်းလိုအသေးအမွှားတစ်ယောက်က ဘယ်လိုလုပ် ငါ့ပြိုင်ဘက်ဖြစ်မှာတဲ့လဲ"

ထို့နောက် နီဂုကြယ်ဆန္ဒကိုအသက်သွင်းပြီး ယဲ့ချိုးပိုင်ထံသို့ပြေး၀င်သွား၏။

ယဲ့ချိုးပိုင်၏အမူအရာက လုံး၀ပြောင်းလဲသွားခြင်းမရှိပေ။

ထိုအခိုက်အတန့်၌ ထူးကဲဓားဆန္ဒက ထိုးတက်လာခဲ့သည်။ နေရာတိုင်းရှိဓားဆန္ဒက ရုပ်အသွင်ယူကာ ကြယ်တာယာကောင်းကင်လျှို့ဝှက်နယ်မြေအား ဖြတ်တောက်ရင်း ဓားပိုင်နက်တစ်ခုအဖြစ် သိပ်သည်းသွားသည်။

နေရာအနှံ့ဖြတ်တောက်ပစ်သည့် ထူးကဲဓားဆန္ဒက ထိုအချိန်တွင် ကြယ်ကြွေဓားအား ရစ်ပတ်လာသည်။

သူအချိန်အကြာကြီးအသုံးမပြုခဲ့သည့် ကြယ်ကြွေဓားပညာရပ်ကို ထပ်မံအသုံးပြုလိုက်လေတော့သည်။

ပထမဓားချက်က ကြယ်တာယာကောင်းကင်ဆန္ဒဖြင့်ရစ်ပတ်နေသည့် နီဂု၏လက်သီးချက်နှင့် ထိပ်တိုက်တွေ့ဆုံသည်။

ဒါကသူတို့၏ပထမဆုံးအကြိမ်ဖလှယ်ခြင်းပေတည်း။

နီဂု တခုခုမှားနေတာကိုတွေ့ရှိသွားသည်။

ထူးကဲခြင်းနယ်ပယ်သို့တက်လှမ်းနေပြီဖြစ်သည့် ဒီဓားဆန္ဒက သူ့ကြယ်ဆန္ဒ လုံး၀တားဆီးပိတ်ပင်နိုင်သည့် အရာတခုမဟုတ်ပေ။

ဓားဆန္ဒများက သူ့လက်သီးချက်ပေါ်ရှိ အက်ကြောင်းများကိုဖြတ်တောက်သွားပြီး လက်မောင်း၌ သွေးဒဏ်ရာများက တခုပြီးတခုပွင့်သွားကြသည်။

‌လတ်ဆတ်သည့်သွေးများက စီး‌တွေလာကြသည်။

နီဂု၏မျက်နှာက အကြောက်တရားဖြင့်ပြည့်နှက်သွားပြီး အရူးအမူးနောက်ဆုတ်ကာ ဒဏ်ရာများကိုကုသရန်အတွက် သူ့ကိုယ်ထဲက သိပ်သည်းကျစ်လျစ်နေသည့် ဝိဉာဉ်ချီကိုအသုံးပြုချင်နေသည်။

သို့စေကာမူ ဒဏ်ရာပေါ်၌ အကြွင်းအကျန်ဓားဆန္ဒများကျန်ရှိနေသေးသည်။ ပြန်လည်ကုသပြုပြင်ရန်မဆိုထားနဲ့၊ ဒီထူးကဲဓားဆန္ဒနှင့် တွေ့ဆုံသောအခါ သွေးပြောင်းလဲခြင်းနယ်ပယ်က ဝိဉာဉ်ချီပင်လျှင် တိုက်ရိုက် ဖျက်ဆီးခံရသည်။

သွေးစီးကြောင်းက နီဂု၏အော်ရာကို ပို၍ပင်အားနည်းသွားစေသည်။

နီဂုခေါင်းမော့ကာ တည်ငြိမ်နေသည့်ယဲ့ချိုးပိုင်အား ထိတ်လန့်နေသောအမူအရာဖြင့် ကြည့်လိုက်သည်။ ထို့နောက် အံကြိတ်ရင်းပြောသည်။

"မင်းကတာအိုနယ်ပယ်အလယ်အလတ်အဆင့်ပဲမဟုတ်ဘူးလား၊ မင်းမှာဘယ်လိုလုပ် ဒီလိုတိုက်ပွဲခွန်အားမျိုးရှိနေရတာလဲ၊ ဒါ့အပြင် ဒီလိုတိုက်ပွဲခွန်အားမျိုးနဲ့ဆိုရင် ဘာလို့အရင်က အဆောင်တခုကို ဖြုန်းတီးခဲ့ရတာလဲ"

မင်းအရမ်းကျိကျိတက်ချမ်းသာနေတာလား!

ယဲ့ချိုးပိုင်ထူးမခြားနားစွာပြောသည်။

"အဲဒါငါ့ဟာမဟုတ်ဘူး"

မနီးမဝေးတနေရာက ဝိဉာဉ်ဝါးမြိုကြယ်သေတ္တာကို ပြုပြင်မွမ်းမံနေသည့်မုဖူရန်းမှာ ယဲ့ချိုးပိုင်၏စကားလုံးများကို ကြားသောအခါ မည်းမှောင်သွားလေတော့သည်။

အစ်ကိုကြီးဟာမဟုတ်ဘူးလို့ပြောတာက အရမ်းမနာကျင်ရဘူးလား!

ဟူးးး၊ ငါခေါင်းကိုက်လိုက်တာ!

သို့စေကာမူ ယဲ့ချိုးပိုင်ကသူ့အစ်ကိုကြီးဖြစ်ပြီး သူ့ထက်ပုံရိပ်ပိုမြင့်လေရာ သူတိုက်ခိုက်ချင်စိတ်ကို ချုပ်တည်းလိုက်ရသည်။

အကယ်၍ လုချန်ရှန်းကသာ မုဖူရှန်းတွေးတောနေတာကို သိမည်ဆိုပါက သေချာပေါက်ပျော်ရွှင်စွာပြောလာပေလိမ့်မည်။

"အဆင်ပြေတယ်၊ အဆင်ပြေတယ်၊ မင်းရဲ့ ဘာမဟုတ်တာအတွက်အသုံးကျတဲ့ အစ်ကိုကြီးကို မြန်မြန်ထရိုက်လိုက်ဦး၊ မင်းပလ္လင်ကို အတင်းအဓမ္မသိမ်းပြီးတဲ့အခါကျရင် မင်းကအစ်ကိုကြီးဖြစ်လာစေရမယ်"

နီဂု၏အမူအရာကအလွန်အမင်းကြည့်ရဆိုးသွားသည်။ သူမပြင်ဆင်သေးခင်မှာပင် ယဲ့ချိုးပိုင်၏ ဒုတိယဓားချက်က သူ့ထံ ခုတ်ဖြတ်လာသည်။

ဓားကမရောက်သေးသော်လည်း ဓားဆန္ဒက အရင်ဆုံး၀င်ရောက်လာခြင်းပင်။

ရုပ်၀တ္ထုဓားဆန္ဒများက ဧရာမဓားများအဖြစ်ပြောင်းလဲသွားကြပြီး သူ့အား နေရာတိုင်းကနေ ပိုင်းဖြတ်လာကြ၏။

နီဂု လက်မောင်းကနေ သွေးစီးဆင်းနေတာကို လျစ်လျူရှုထားရုံသာတတ်နိုင်တော့ပြီး နောက်တစ်ဖက်ကိုမြှောက်ကာ သွေးပြောင်းလဲခြင်းနယ်ပယ်ကျင့်ကြံခြင်းကို စွမ်းအားအပြည့်ဖြင့် လှည့်ပတ်စေသည်။

ထို့နောက် သူလက်သီးချက်တစ်ချက် ထုတ်လွှတ်လိုက်လေရာ ကြယ်ဆန္ဒများက ဥက္ကာခဲတခုအဖြစ်စုစည်းသွားကြပြီး ဧရာမဓားများအား တိုက်ခိုက်သည်။

ဧရာမဓားက ဥက္ကာခဲပေါ်၌ အက်ရာများပေါ်လာသည်အထိ ပိုင်းဖြတ်လိုက်၏။

မျက်စိတစ်မှိတ်အတွင်းမှာပင် ယဲ့ချိုးပိုင်၏ ဒုတိယဓားချက်ကရောက်လာသည်။ ထို့နောက် ဥက္ကာခဲ၏နောက်ဆုံးအမျှင်များကို ချေဖျက်ပစ်စဉ် ၎င်းက လုံး၀ကြေမွသွားရလေတော့သည်။

ယဲ့ချိုးပိုင်ရှေ့သို့ပြေးလွှားသွားသည်ကို မရပ်ဘဲ ကြယ်ကြွေဓားပညာရပ်၏ တတိယဓားချက်က နီဂုထံသို့ ပိုင်းဖြတ်လာ၏။

နီဂု၏မျက်နှာက ပို၍ပို၍ပင်ဖြူဖျော့လာပြီး သူ့ကိုယ်သူကာကွယ်ရန်အတွက် ကြိုးစားနေသည်။

သို့စေကာမူ သူ ယဲ့ချိုးပိုင်၏ တတိယဓားချက်ကို ကာဆီးထားနိုင်လျှင်ပင် စတုတ္ထ၊ ပဉ္စမ၊ ဆဌမဓားချက်များရှိသေးသည်။

ဓားချက်တစ်ချက်စီတိုင်းက အရင်ဓားချက်များထက်ပို၍အားကောင်းလာသည်။ ယဲ့ချိုးပိုင်၏ကိုယ်မှ ဓားဆန္ဒကလည်း ပို၍ပင် ထက်ရှလာသည်။

၎င်း၏ဓားသွားက ကြယ်တာယာကောင်းကင်အားပင် ဖြတ်တောက်ပစ်နိုင်သည့်အလား။

ဆယ်ခုမြောက်ဓားချက်တွင် နီဂု၏လက်မောင်းများက သွေးဖြင့်ဖုံးလွှမ်းသွားသည်။

ဒဏ်ရာကနေ သွေးများကအဆက်မပြတ် စီးထွက်လာကြ၏။ သူဘာပဲလုပ်လုပ် သွေးစီးထွက်တာကို ရပ်အောင်မလုပ်နိုင်ပေ။

ဒါက ယှဉ်၍မရလောက်အောင် ရက်စက်ကြမ်းကြုတ်လွန်းသည်။

ထိုအချိန်မှာပင် ယဲ့ချိုးပိုင်၏ ဆယ်တစ်ခုမြောက်ဓားချက်က ဆိုက်ရောက်လာသည်။

ဒါကိုမြင်သောအခါ နီဂုစိတ်ပျက်အားငယ်သည့်အကြည့်တချက်ကို ထုတ်လွှတ်လိုက်၏။

တိုက်ခိုက်မှု၊ ကာကွယ်မှု၊ ဝှက်ဖဲများ၊ အစရှိသည့်အရာအားလုံးကို သူကြိုးစားခဲ့ပြီးပါပြီ။

သို့စေကာမူ ဘယ်အရာကမှ ယဲ့ချိုးပိုင်၏ဓားကို တားဆီးနိုင်စွမ်းမရှိချေ။

ဆယ့်တစ်ခုမြောက်ဓားချက်၏စွမ်းအားက ပထမဓားချက်ဆယ်ချက်၏ ထက်ရှမှုကို တစ်ချက်တည်းတွင် ကျစ်လျစ်အောင် လုပ်ထားပုံရသည်။

သူဒါကိုဘယ်လိုတားဆီးနိုင်မည်နည်း။

ဒီကောင်က တာအိုနယ်ပယ်အလယ်အလတ်အဆင့်သာရှိသေးသည်။ ယခုလိုထူးခြားမှုမျိုးကို မည်သို့မည်ပုံအောင်မြင်ထားရလေသနည်း။

နီဂုက သာမန်သွေးပြောင်းလဲခြင်းနယ်ပယ်ကျင့်ကြံသူတစ်ယောက်မဟုတ်ပေ။ သူက ကြယ်ဗိမာန်၏ ပါရမီရှင်များအနက်မှ တစ်ဦးလည်းဖြစ်သည်။

နတ်ခန်းမ၏တပည့်များအနက် သူက အဆင့်သုံးစာရင်း၀င်သည်။

ပါရမီရှင်တွေအကြားမှာ နယ်ပယ်ဖြတ်ကျော်ပြီး တိုက်ခိုက်လို့ရသေးတာလား!

ဒါဘယ်လိုမွန်းစတားမျိုးလဲ!

သူထိုအကြောင်းအရာကို တွေးနေစဉ် သူ့အော်ရာက လုံး၀ပျောက်ကွယ်သွား၏။

လူတစ်ယောက်က သူတို့က တဘက်လူကို အနိုင်မယူ‌နိုင်တော့တာ တစ်ရာရာခိုင်နှုန်း သေချာပြီးနောက် သူတို့၏ တိုက်ခိုက်မည့် စိတ်အပြုအမူများကလည်း ပျောက်ကွယ်သွားရသည်။

ဒါကထိုလူအတွက် သေခြင်းတရားပင်။

ဓားကကျဆင်းလာသည်။

နီဂုရှေ့က ထူထဲလေးလံသည့်ကြယ်ဆန္ဒက ပါးလွှာသည့်စက္ကူစတရွက်ပမာ ဖြတ်ခံရပြီး နေရာအနှံ့ပြန့်ကြဲသွားသည်။

တချိန်တည်းမှာပင် ယဲ့ချိုးပိုင်၏ဓားကလည်း နီဂု၏ဒန်တျန်အား ထိုးဖောက်သွား၏။

ယဲ့ချိုးပိုင်လက်ကောက်၀တ်ကို လှည့်လိုက်သည်။

နီဂုဒန်တျန်ထဲထိုးဖောက်နေသည့် ကြယ်ကြွေဓားကလည်း လှည့်သွားပြီး သူ့ဒန်တျန်အား ကြေမွသွားစေသည်။

ထူးကဲဓားဆန္ဒက မြစ်တစင်းပမာ ပေါက်ကွဲသွားပြီး နီဂုကိုယ်အတွင်းပိုင်းအား တိုက်ခိုက်သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် နီဂု၏မျက်နှာက စိတ်ပျက်အားငယ်မှုများဖြင့် ပြည့်နှက်သွားကာ လုံး၀သေဆုံးသွားရတော့သည်။

အပိုင်း(564) coming။

All Chapters