#ဒေါသထွက်နေသည့်ဗိမာန်တော်#
Vol. 40 Ch. 564
ကြယ်တာယာကောင်းကင်လျှို့ဝှက်နယ်မြေအပြင်ပရှိ ပင်မခန်းမတွင် ခန်းမသခင်ဟွမ်အိုနှင့် အကြီးအကဲများက ထိုနေရာ၌ စောင့်ဆိုင်းနေကြသေးသည်။
အကြီးအကဲတစ်ဦးက အပြုံးဖြင့်ပြောသည်။
"တပည့်တစ်ယောက်ယောက်က ကြယ်တာယာကောင်းကင်ရဲ့ အနက်ရှိုင်းဆုံးနေရာကိုရောက်ပြီး ကြယ်တာယာကောင်းကင်စွမ်းအားကို နားလည်အောင် လုပ်နိုင်မလားဆိုတာ ကျုပ်သိချင်မိတယ်၊ တယောက်ယောက် ကြယ်တာယာကောင်းကင်စွမ်းအားကို နားလည်နိုင်သရွေ့ ကျုပ်တို့ရဲ့ကြယ်တာယာကောင်းကင်ဗိမာန်က ထပ်ပြီးဂုဏ်ကျက်သရေရှိလာတော့မှာ"
ဥပဒေစိုးမိုးရေးခန်းမအကြီးအကဲက ခေါင်းညိတ်သည်။
"နီဂုနဲ့ချန်းယီတို့မှာ အခွင့်အရေးတခုတော့ရှိမှာပဲ၊ သူတို့နှစ်ယောက်က ဒီတသုတ်တပည့်တွေထဲမှာ ပါရမီအရှိဆုံးတပည့်တွေပဲလေ"
ထိုစကားကိုကြားသောအခါ မဟာအကြီးအကဲက မှိန်ဖျော့စွာပြုံးသည်။
"နီဂုရဲ့ပါရမီကမဆိုးဘူးဆိုပေမယ့် ခန်းမသခင်ရဲ့ကိုယ်ပိုင်တပည့်ချန်းယီနဲ့စာရင် သူကနည်းနည်းနိမ့်ကျနေပါသေးတယ်"
ခန်းမသခင်ကမူဘာမှမပြောပေ။ သူကတွေးတောနေသေးပုံပင်။
ငါ့နှလုံးသားထဲက အဲဒီမသက်မသာခံစားချက်ကဘာများလဲ!
ကြယ်တာယာကောင်းကင်လျှို့ဝှက်နယ်မြေမှာ ဘာတွေဖြစ်ပျက်သွားမှာလဲ!
ထိုအချိန်တွင် ဥပဒေစိုးမိုးရေးခန်းမက တပည့်တစ်ယောက်က ခန်းမသခင်နှင့် မဟာအကြီးအကဲရှေ့တွင် ပျံသန်းလာသည်။
သူကတုန်ယင်နေကာ ဦးညွတ်ရန်အတွက်ပင် အချိန်မရှိပေ။ မျက်နှာပေါ်၌ ကြောက်လန့်နေသည့်အမူအရာဖြင့် သူအလျင်စလိုပြောလိုက်သည်။
"ခန်းမ.....ခန်းမခေါင်းဆောင်၊ မဟာအကြီးအကဲ၊ ကြီးမားတဲ့အရာတခု...တခုခုဖြစ်ပျက်သွားခဲ့တယ်"
ဟွမ်အိုမျက်မှောင်ကြုတ်ကာ ထိုတပည့်အားကြည့်လိုက်သည်။
ဥပဒေစိုးမိုးရေးခန်းမအကြီးအကဲကလည်း မျက်မှောင်ကြုတ်သည်။
"ဘာလို့မင်းဒီလောင်အလျင်လိုနေရတာလဲ"
ဥပဒေစိုးမိုးရေးခန်းမတပည့်မျက်နှာက မယုံကြည်နိုင်မှုများဖြင့်ပြည့်နှက်နေပြီး မည်သည့်အလင်းရောင်မှ ဖြာထွက်ခြင်းမရှိဘဲ အရောက်မှိန်နေသည့် ကျောက်စိမ်းတုံကင်သုံးခုကို ထုတ်ယူလိုက်၏။
ဒါကိုမြင်သောအခါ အကြီးအကဲများက အနည်းငယ်ကြက်သေသေသွားသည်။
ဥပဒေစိုးမိုးရေးခန်းမက ကြယ်ဗိမာန်တော်၏ စည်းမျဉ်းများကို ချိုးဖျက်သည့် ကိစ္စအားလုံးကို ကိုင်တွယ်ရန်အတွက် ခန်းမသခင်နေရာကို ယူထားသည်သာမက ကြယ်ဗိမာန်ရှိ အတွင်းဂိုဏ်းတပည့်များ၊ ငကိုယ်ပိုင်တပည့်များနှင့် အကြီးအကဲများ၏ ကျောက်စိမ်းတုံကင်များပါရှိသည့် အခန်းများပင်ရှိလေသည်။
ဒီကျောက်စိမ်းတုံကင်များက လူတိုင်း၏အသက်များကို ကိုယ်စားပြုသည်။ ကျောက်စိမ်းတုံကင်ထဲက အလင်း ပျောက်ကွယ်သွားသည်နှင့် ဒါက ထိုကျောက်စိမ်းတုံကင်ပိုင်ရှင် သေဆုံးသွားပြီဟု ဆိုလိုခြင်းပင်။
တချိန်တည်းမှာပင် ကျောက်စိမ်းတုံကင်က သတ်ခဲ့သောသူ၏ ဝိဉာဉ်တချို့ကိုပါ ရှာဖွေနိုင်သည်။
"ချန်းယီ....နီဂုနဲ့ဇောင်ယန်တို့ကျဆုံးသွားပြီ"
ဥပဒေစိုးမိုးရေးခန်းမတပည့်က ထိုစကားကို ခက်ခဲစွာပြောလာစဉ် ကောင်းကင်ပြိုလဲကျသကဲ့သို့ဖိအားတစ်ခုက ပင်မခန်းမတခုလုံးကို တုန်လှုပ်သွားစေသည်။ တပည့်သားများက ချက်ချင်းဆိုသလို ကြမ်းပြင်ပေါ် ဖိသိပ်ခံရပြီး ပတ်၀န်းကျင်က ကြမ်းပြင်က တစ်လက်မချင်းပြိုကွဲလာသည်။
ခရက်ခ်......ခရက်ခ်....!
ကြယ်ဗိမာန်၏အပြင်စည်းဂိုဏ်းရှိ အပြင်ဂိုဏ်းတပည့်အားလုံးက ပင်မခန်းမရှိရာဘက်သို့ကြည့်ရင်း ထိတ်လန့်နေသည့်အမူအရာများကို ပြသလိုက်ကြ၏။
အဲမှာဘာဖြစ်သွားတာလဲ!
ဘာလို့ဒီလိုအစွမ်းထက်ဖိအားတခုဆင်းသက်လာရတာလဲ!
ဒီဖိအားက မဟာအကြီးအကဲက ထုတ်လွှတ်ခဲ့ခြင်းပင်။
သူ့တိုက်ရိုက်တပည့်နီဂုသေဆုံးသွားပြီဆိုသော စကားကိုသူကြားရသောအခါ ထိုဖိအားက အထိန်းအချုပ်မဲ့ပေါက်ကွဲသွားခဲ့သည်။
ဥပဒေစိုးမိုးရေးခန်းမအကြီးအကဲကလည်း ဒေါသထွက်သွားသည်။
ယခုလိုအရာမျိုးကို ဥပဒေစိုးမိုးရေးခန်းက စီမံခန့်ခွဲသည်။
ငါတိုဘပိုင်နက်၊ ကြယ်တာယာကောင်းကင်လျှို့ဝှက်နယ်မြေထဲမှာတောင် ကိုယ်ပိုင်တပည့်နှစ်ယောက်က အသတ်ခံရတာလား!
ပြီးတော့ ဒီနှစ်ယောက်က ခန်းမသခင်နှင့် မဟာအကြီးအကဲတို့ရဲ့တပည့်တွေလေ!
ဟွမ်အိုလက်မြှောက်လိုက်စဉ် မဟာအကြီးအကဲ၏အော်ရာက ချက်ချင်းပင် ဖိနှိပ်ခံရသည်။
ထို့နောက် သူဥပဒေစိုးမိုးရေးခန်းမကတပည့်အားကြည့်ရင်း အမူအရာကင်းမဲ့စွာပြောသည်။
"သူတို့အသတ်ခံရတာလား၊ ဒါမှမဟုတ် လျှို့ဝှက်နယ်မြေထဲမှာ မတော်တဆသေသွားရတာလား"
ဥပဒေစိုးမိုးရေးခန်းမကတပည့်က ခေါင်းမော့လိုက်စဉ် ခန်းမသခင်၏မျက်လုံးများ၌ အေးစက်သောသတ်ဖြတ်လိုသည့်ဆန္ဒများ လင်း၀င်းနေတာကို တွေ့လိုက်ရသည်။ သူတုန်ယင်သွားပြီး ခေါင်းခါယမ်းသည်။
"မဟုတ်ဘူး... ဒါကအတော်တဆမဟုတ်ပါဘူး...အဲဒါက...အဲဒါကအသတ်ခံရတာပါ၊ ဒါပေမယ့် သူတို့နောက်လိုက်ခဲ့တဲ့ နတ်ဝိဉာဉ်က ကျွန်တော်တို့ ဗိမာန်တော်ရဲ့ တပည့်တယောက်မဟုတ်ပါဘူး"
ဗိမာန်တော်ရဲ့တပည့်မဟုတ်ဘူးလား!
ဟွမ်အို၊ မဟာအကြီးအကဲနှင့် ဥပဒေစိုးမိုးရေးခန်းမအကြီးအကဲတို့၏ အမူအရာများက အေးစက်သွားကြ၏။
ကြယ်တာယာကောင်းကင်လျှို့ဝှက်နယ်မြေသို့၀င်ခဲ့သည့်တပည့်များအနက် ကြယ်ဗိမာန်တပည့်များမှလွဲ၍ ကောင်းကင်ဘုံဓားတောင်ထိပ်က လူသုံးယောက်သာ ကျန်တော့သည်။
အဖြေကသိသာထင်ရှားနေလေပြီ။
ဥပဒေစိုးမိုးရေးခန်းမအကြီးအကဲက ဒေါသတကြီးပြောသည်။
"ဘယ်လိုလုပ်ငါတို့ရဲ့ကြယ်ဗိမာန်က လူတွေကိုသတ်ရဲတာလဲ၊ သူတို့ရဲ့အပြစ်က ခွင့်လွှတ်လို့မရဘူး"
မဟာအကြီးအကဲကလည်း လက်နှစ်ဖက်ပိုက်ကာ ကြယ်တာယာကောင်းကင်လျှို့ဝှက်နယ်မြေ၏ ၀င်ပေါက်ကို သတ်ဖြတ်လိုသည့်ဆန္ဒဖြင့် စိုက်ကြည့်နေသည်။
သူ့နှလုံးသားထဲတွင် ယဲ့ချိုးပိုင်နှင့်ကျန်နှစ်ယောက်ကို သေလူများအဖြစ် သတ်မှတ်ထားလိုက်လေပြီ။
တဘက်လူများထွက်လာသည်နှင့်တပြိုင်နက် သူတို့အားသူတိုက်ရိုက်သတ်ပစ်မည်။
ဟွမ်အိုကလည်း အနည်းငယ်မျက်မှောင်ကြုတ်လိုက်သည်။
အမြဲတမ်းတာ၀န်ရှိသူအဖြစ် သူကပို၍အလေးထားတတ်သည်။
ယဲ့ချိုးပိုင်တို့သုံးယောက်က အတော်လေးပါရမီရှိသည်။
သူတို့ထဲကတစ်ယောက်က ထူးကဲခြင်းနယ်ပယ်သို့ချိုးဖျက်ခဲ့သည့် ဓားကျင့်ကြံသူတစ်ယောက်ပင်။
တခြားတစ်ယောက်က ကိုယ်ခန္ဓာကြံ့ခိုင်မှုတွင် အတော်လေးပါရမီရှိသည်။
အဆောင်သခင်အဆင့်အတော်လေးမြင့်မားသည့် တခြားတစ်ယောက်လည်းရှိသေးသည်။
ယခုလိုလူမျိုးက ဗိမာန်ထဲတွင် ဗိမာန်တော်၏ တပည့်သုံးယောက်ကို ဘယ်လိုလုပ်သတ်နိုင်မည်နည်း။
ထို့ထဲကနှစ်ယောက်က သူနှင့်မဟာအကြီးအကဲ၏ကိုယ်ပိုင်တပည့်များပင်ဖြစ်ကြသည်။
သူတို့ဦးနှောက်တခုခုမှားနေတာတော့မဟုတ်ဘူးမလား!
ယဲ့ချိုးပိုင်တို့သုံးယောက်တွင် တခြားအရံအစီအစဉ်မရှိသရွေ့ ဒါမှမဟုတ် သူတို့နှစ်ယောက်က ယဲ့ချိုးပိုင်တို့ခွင့်မလွှတ်နိုင်သည့်အရာတခုခုကို လုပ်ခဲ့မှဖြစ်လာပေလိမ့်မည်။
သို့စေကာမူ သူဘယ်လိုပင်ရှင်းပြပါစေ တဘက်လူက ဗိမာန်တော်က ပါရမီရှင်တပည့်သုံးဦးကိုသတ်ပစ်ခဲ့သည်။
အကယ်၍သူတို့ဘာမှမလုပ်ပါက သူတို့၏ကိုင်တွယ်ပုံကို တခြားဗိမာန်တော်ရှိ တပည့်များက စိတ်ပျက်သွားလောက်သည်။
ဒါက ဗိမာန်တော်၏ယုံကြည်မှုအား အကြီးအမားထိခိုက်စေသည်။
"ငြိမ်ငြိမ်နေ၊ သူတို့ထွက်လာတဲ့အထိ စောင့်ကြရအောင်...."
တခြားတဘက်တွင် ကောင်းကင်ဘုံဓားတောင်ထိပ်၌ ကြယ်တာယာကောင်းကင်ဗိမာန်တွင် တခုခုဖြစ်ပျက်သွားသည်နှင့် ချူကွေဒေါင်က သတင်းကိုယူလာပြီး တောင်ထိပ်သခင် ဟောင်ကျန်းဟန်ကို ပြောပြသည်။
ထိုသတင်းကိုကြားသောအခါ ဟောင်ကျန်းဟန်ထိုင်ခုံကနေ ပြုတ်ကျမတတ်ဖြစ်သွားသည်။
"ဒီသုံးယောက်ကတော့.... ဘာလို့ပြဿာနာရှာတဲ့နေရာမှာ အရမ်းတော်နေရတာလဲ"
"တခြားဂိုဏ်းတစ်ဂိုဏ်းရဲ့ ပါရမီရှင်တပည့်တွေကိုသတ်ပစ်တာလား"
ချူကွေဒေါင် မျက်နှာအားဖုံးရင်း အားကိုးရာမဲ့စွာပြောသည်။
"တောင်ထိပ်သခင်၊ ကျုပ်တို့ဘာလုပ်သင့်လဲ"
ဟောင်ကျန်းဟန်သက်ပြင်းချသည်။
"ငါတို့ဘာလုပ်နိုင်သေးလို့လဲ၊ သူတို့အသတ်ခံရတာကိုတော့ ငါတို့ကြည့်နေလို့မရဘူးလေ၊ ဟုတ်တယ်မလား၊ သွားကြစို့၊ ငါနဲ့အတူလိုက်ခဲ့...."
ထိုနေရာတွင် ဟောင်ကျန်းဟန်ဆက်ပြောသည်။
"မဟုတ်ဘူး၊ မြင့်မြတ်အဆောင်ဂိုဏ်းကို အရင်သွားပြီး ဒီအကြောင်း သူတို့ကိုပြောပြလိုက်"
ကောင်းကင်ဘုံဓားတောင်ထိပ်နှင့် ကြယ်ဗိမာန်တို့၏ခွန်အားကတူညီသည်။
ဒါ့အပြင် တဘက်ဂိုဏ်း၏အခြေခံအုတ်မြစ်က ပို၍ပင်အားကောင်းသည်။
"မြင့်မြတ်အတောင်ဂိုဏ်းက သေချာပေါက် မုဖူရှန်းကို ဘာမှမဖြစ်စေချင်လောက်ဘူး"
ချူကွေဒေါင်ခေါင်းညိတ်သည်။
"အခုချက်ချင်းသွားလိုက်ပါမယ်"
ထို့နောက် သူထိုနေရာတွင်ပင်ပျောက်ကွယ်သွား၏။
ဟောင်ကျန်းဟန်ထရပ်ကာ ခေါင်းခါယမ်းရင်း အကူအညီမဲ့စွာပြောသည်။
"ဒီသုံးယောက်သာ တခုခုဖြစ်ပျက်သွားခဲ့ရင် အလယ်အလတ်အဆင့်ကြယ်နယ်မြေမှာ ကပ်ဘေးတခုကျရောက်လာမှာကို ငါတကယ်စိုးရိမ်မိတယ်"
သူတို့ဆရာတွင် ကြောက်မက်ဖွယ်ရာစွမ်းအားများရှိသည်။
လက်ရှိအကြောင်းအရာဆီသို့ ပြန်သွားမည်ဆိုပါက ကြယ်တာယာကောင်းကင်လျှို့ဝှက်နယ်မြေ၌ ထူးဆန်းသည့်ဖြစ်ရပ်များမရှိခဲ့ပါ။
မုဖူရှန်း သူတို့ချန်ထားခဲ့သည့် ဝိဉာဉ်ဝါးမြိုကြယ်သေတ္တာနှင့်ဝိဉာဉ်အသိစိတ်ကို အလျင်အမြန်ပယ်ဖျက်ပစ်သည်။
သူ့အတွက် ဒါအားလုံးကို ဖျက်ပစ်ရန်ဟူသည် မခက်ခဲပေ။
ယဲ့ချိုးပိုင်လျှောက်လာသည်။
"ရှီရှန်းရဲ့တည်နေရာကိုရှာဖို့အတွက် ငါတို့ဒါကိုသုံးလို့ရတယ်"
မုဖူရှန်းခေါင်းညိတ်သည်။
"ပြဿာနာရှိလာမှာမဟုတ်ဘူး၊ ကျွန်တော်တို့ အရင်နည်းအတိုင်းလိုက်နာပြီး ဆန့်ကျင်ဘက်လုပ်ကြမယ်၊ ဝိဉာဉ်စွမ်းအားတွေကို ဝါးမြိုခဲ့တဲ့ လမ်းကြောင်းကိုပဲ ရှာဖို့လိုတယ်"
"ဒီတော့ဖြုန်းတီးရမယ့်အချိန်မရှိဘူး၊ သွားကြရအောင်"
လမ်းတလျှောက်တွင် ဝိဉာဉ်ဝါးမြိုကြယ်သေတ္တာ၏တည်ရှိမှုနှင့်အတူ ပတ်ပတ်လည်က ကြယ်စွမ်းအားများက ဝိဉာဉ်ဝါးမြိုကြယ်သေတ္တာထဲတွင် စုပ်ယူခံရသည်။
ထို့ကြောင့် ယဲ့ချိုးပိုင်တို့သုံးယောက်ပေါ်သို့ မည်သည့်ကြယ်စွမ်းအားမှ မကျလာခဲ့ပေ။
တစ်ရက်အတွင်းမှာပင် သူတို့က အမြန်နှုန်းအပြည့်ဖြင့်ခရီးဆက်နေစဉ် အကွာအဝေးတနေရာ၌ ရဲတိုက်တစ်ခုကို တွေ့လိုက်ရသည်။
ဒါက ကြယ်သောင်းချီနှင့်ဖွဲ့စည်းထားသည့်ရဲတိုက်တခုပင်။
ယဲ့ချိုးပိုင်ထိုမြင်ကွင်းကိုကြည့်ရင်း လေးနက်သည့်အမူအရာဖြင့်ပြောသည်။
"ဆရာပြောခဲ့တဲ့နေရာက ဒီနေရာဖြစ်ပုံရတယ်"
အပိုင်း(565) coming။