#ဒုတိယကြယ်ဗဟိုချက်#
Vol. 40 Ch. 565
ရဲတိုက်ပတ်လည်က ခရမ်းရောင်အလင်းဖြင့်တဖျပ်ဖျပ်လင်းနေသည့် ကြယ်များကနေ ထွက်လာသည့် ကြယ်များဖြင့်၀န်းရံနေသည်။
ဒီကြယ်တာယာရဲတိုက်က ကြယ်တာယာကောင်းကင်၌ရပ်နေသည်။
ဒါက ကြယ်တာယာကောင်းကင်လျှို့ဝှက်နယ်မြေ၌ ပူပြင်းသည့်နေအလင်းရောင်တခုပမာ။
ခရမ်းအလင်းကျလာသည်နှင့် ရဲတိုက်ထဲတွင် တဝီဝီမြည်သံများထွက်လာပုံရသည်။
ကြယ်စွမ်းအားက လုံး၀ရန်မူခြင်းမရှိသလို ဖိနှိပ်ရန်လည်း ရည်ရွယ်ချက်မရှိချေ။ ၄င်းက ယဲ့ချိုးပိုင်တို့အပေါ် ညင်သာတိတ်ဆိတ်စွာပင် ကျဆင်းလာသည်။
မုဖူရှန်းလက်ထဲက ဝိဉာဉ်ဝါးမြိုကြယ်သေတ္တာက အလွန်အမင်းစိတ်လှုပ်ရှားနေပြီး ကျဆင်းလာသည့်ကြယ်စွမ်းအားများအား အရူးအမူးဝါးမြိုပစ်လေသည်။
ဒီဧရာမကြယ်စွမ်းအားကနေ ပေါက်ကွဲသွားမှာကို ယဲ့ချိုးပိုင်မကြောက်ဘဲ တဘက်လှည့်ကာမေးလိုက်သည်။
"ရှီရှန်းရဲ့နတ်ဝိဉာဉ်သဲလွန်စတွေက ဒီရဲတိုက်ထဲမှာရှိတယ်မလား"
မုဖူရှန်းခေါင်းညိတ်သည်။ သူ့အကြည့်က ဝိဉာဉ်ဝါးမြိုကြယ်သေတ္တာပေါ်သို့ကျသွားပြီး မီးခိုးဖြူ၏ခြေရာနှင့်အတူ လှမ်းကြညိ့လိုက်သည်။
ဒါက ကြယ်ရဲတိုက်ဖြစ်သည်။
"သဲလွန်းစတွေက ရဲတိုက်အပြင်မှာ ပျောက်ကွယ်သွားတယ်ဆိုပေမယ့် အဲဒါက ဖျက်ဆီးခံလိုက်ရပုံပဲ"
"ဒါပေမယ့်အမှန်တရားနဲ့သိပ်မဝေးကွာတော့ပါဘူး"
ရှောင်ဟိုင်လက်ဆန့်ထုတ်ကာ သူ့ရှေ့က နေရာအားထိကြည့်သည်။
သူလက်ဆန့်ထုတ်လိုက်သော်လည်း သူ့လက်ဖဝါးက မမြင်ရသည့်အတားအဆီးတခုကို ထိလိုက်မိသလိုခံစားရပြီး လက်ဖဝါးကနေ လှိုင်းများကဲ့သို့ပုံစံကွက်များက ပျံ့သွားသည်။
"ဒီအတားအဆီးက....."
တွေးပင်မတွေးတော့ဘဲ ရှောင်ဟိုင်လက်သီးကိုမြှောက်လိုက်သည်။
ဒါကိုမြင်သောအခါ မုဖူရှန်းနှင့် ယဲ့ချိုးပိုင်တို့၏အမူအရာများက ပြောင်းလဲသွားကြပြီး တချိန်တည်းတွင် တားမြစ်လိုက်ကြ၏။
"မလုပ်နဲ့၊ ဘာတွေဖြစ်မလဲဆိုတာ ငါတို့မသိဘူး...."
သို့သော်သူ့စကားမဆုံးသေးခင်မှာပင် ရှောင်ဟိုင်၏လက်သီးက အတားအဆီးပေါ်၌ ကျသွားလေပြီ။
ဒီနူးညံ့သည့်အစီအရင်ကနေ ရေနှင့်လုပ်ထားသကဲ့သို့ အစွမ်းထက်ကြယ်စွမ်းအားနခုက ရှောင်ဟိုင်၏လက်သီးချက်က စွမ်းအားကို သူ့ထံပြန်ပို့လိုက်သည်။
ရှောင်ဟိုင်တချက်ညည်းရင်း ခြေလှမ်းများစွာ ဆုတ်လိုက်ရသည်။
ယဲ့ချိုးပိုင်နှင့် မုဖူရှန်းတို့က မျက်နှာကို ဖုံးလိုက်မိကြသည်။
သူ့ရဲ့စိတ်မြန်လက်မြန်ရှိပြီး စိတ်လိုက်မာန်လုပ်တတ်တဲ့စရိုက်ကို ဘယ်အချိန်မှ ပြောင်းမှာလဲ!
မုဖူရှန်းခေါင်းခါယမ်းကာ လက်ထဲက ဝိဉာဉ်ဝါးမြိုကြယ်သေတ္တာအားကြည့်ရင်း ရေရွတ်သည်။
"တကယ်လို့ဒီအတားအဆက ကြယ်စွမ်းအားကနေ ကျစ်လျစ်အောင် လုပ်ထားတာဆိုရင် ဒီအရာက ဒီအတားအဆီးကို ဝါးမြိုနိုင်မလားဆိုတာ ငါသိချင်မိတယ်"
ထို့နောက် မူဖူရှန်း ဝိဉာဉ်ဝါးမြိုကြယ်သေတ္တာကို လက်နှစ်ဖက်နှင့်ကိုင်ပြီး အတားအဆီးရှေ့တွင်ချကာ ချိတ်ဆက်စေသည်။
ရုတ်ချည်းဆိုသလြိ ဝိဉာဉ်ဝါးမြိုကြယ်သေတ္တာက အသူရာချောက်နက်တခု၏ ပါးစပ်ကိုဖွင့်လိုက်သည့်အလား ၎င်း၏ ပါးစပ်ကိုဖွင့်လိုက်သည်။
အသူရာချောက်ပါးစပ်ကနေ အစွမ်းထက်ဝါးမြိုစွမ်းအားတခုထွက်လာပြီး အတားအဆီးထဲက ကြယ်စွမ်းအားကို သေတ္တာထဲသို့ ဝေလငါးတကောင်ပမာ ဝါးမြိုလိုက်၏။
သို့စေကာမူ အတားအဆီးထဲက ကြယ်စွမ်းအားက သူထင်ထားတာထက် ပို၍ကြွယ်၀သည်။
ဝိဉာဉ်ဝါးမြိုကြယ်သေတ္တာက ဒါကိုဝါးမြိုရန်အတွက် ၎င်း၏စွမ်းအားအလုံးစုံကို ရှင်းလင်းစွာပင် သုံးခဲ့ပြီး ဒါက နို့ဘူးဖြင့် နို့စို့နေသည့်ကလေးငယ်တစ်ဦးပမာ။
အမွေးတိုင်တစ်တိုင်စာခန့်အကြာတွင် အတားအဆီးပေါ်ရှိ လှိုင်းများကနည်းသထက်ပိုနည်းလာသည်။
သို့သော်ဆန့်ကျင်စွာပင် ဝိဉာဉ်ဝါးမြိုကြယ်သေတ္တာက အဆက်မပြတ်စတင်တုန်ခါလာသည်။
မုဖူရှန်း၏အမူအရာကအနည်းငယ်ပြောင်းလဲသွား၏။
သေတ္တာက ခံနိုင်ရည်မရှိတော့တာကို သူရှင်းရှင်းလင်းလင်းခံစားနေရသည်။
ထိုအချိန်တွင် ယဲ့ချိုးပိုင်တခဏမျှတွေးရင်း ရေရွတ်သည်။
"အရင်က နီဂုနဲ့တခြားသူတွေက ဒီဝိဉာဉ်ဝါးမြိုကြယ်သေတ္တာကို ကြယ်တာယာကောင်းကင်က ကျင့်ကြံသူတွေရဲ့ ဝိဉာဉ်စွမ်းအားကို ဝါးမြိုဖို့အတွက် အသုံးပြုခဲ့တယ်"
"ဒါက ဒီသေတ္တာရဲ့ဆံ့နိုင်တဲ့ပမာဏနဲ့ ဆက်စပ်နေတာများလား"
ထိုစကားကိုကြားသောအခါ မုဖူရှန်းရုတ်တရက်နားလည်သွားရသည်။
ဒီဖြစ်နိုင်ချေကလွဲပြီး တခြားရှင်းလင်းချက်မရှိပေ။
ထိုသို့တွေးမိသည်နှင့် မုဖူရှန်း ဝိဉာဉ်စွမ်းအားတမျှင်ကို သေတ္တာထဲပို့လိုက်သည်။
ပင်လယ်ထဲသို့ကျသွားသည့်ရွှံ့နွားတကောင်ပမာ ဝိဉာဉ်စွမ်းအားအမျှင်စက ဘာခြေရာမှမရှိဘဲ ပျောက်ကွယ်သွား၏။
မုဖူရှန်း၏ဝိဉာဉ်စွမ်းအားက ဒါကို အသက်သွင်းပေးလိုက်ပုံရသည်။
ဝိဉာဉ်ဝါးမြိုကြယ်သေတ္တာက ရုတ်တရက် လေထဲသို့ထိုးတက်သွားပြီး မုဖူရှန်းလက်ကနေ လွတ်မြောက်ကာ အစွမ်းထက်သည့် စုပ်ယူအားတခုက ဘက်ပေါင်းစုံတွင် ပျံ့သွားသည်။
အသက်ရှူကြိမ်ရေအနည်းငယ်အကြာတွင် ၎င်းတို့အောက်က ဝိဉာဉ်စွမ်းအားအမျှင်တန်းများက အဆက်မပြတ်စုပ်ယူခံရသည်။
အောက်ကနေ အပေါ်သို့တက်နေသည့် ဗိမာန်တော်၏တပည့်များကလည်း ရပ်သွားကြသည်။
အားနည်းသည့်လှိုင်းများက သူတို့အသိစိတ်ပင်လယ်ထဲကနေ ထိုးထွက်လာသည်။
"ဘာတွေဖြစ်နေတာလဲ"
"အဲဒီအချိန်က ငါ့ရဲ့ဝိဉာဉ်စွမ်းအားက ကြယ်တာယာကောင်းကင်လျှို့ဝှက်နယ်မြေကို၀င်ပြီးကတည်းက ဖြည်းဖြည်းချင်းကုန်ခမ်းနေတယ်လို့ငါခံစားရတယ်၊ ဒါပေမယ့် အဲဒီတုန်းက အရမ်းမများဘူး"
"အခုတော့အရမ်းများသွားပြီ"
"မဟုတ်ဘူး၊ ဒီလိုသာဆက်ဖြစ်နေမယ်ဆိုရင် ငါ့ဝိဉာဉ်တခုလုံးက ခြောက်သွေ့သွားတဲ့အထိ စုပ်ယူခံရလိမ့်မယ်"
ဗိမာန်တော်၏တပည့်များက ပိုမြင့်မြင့်မတက်ရဲကြတော့ဘဲ အလျင်အမြန်နောက်ဆုတ်သွားကြ၏။
ကြယ်တာယာကောင်းကင်လျှို့ဝှက်နယ်မြေ၌ ကြယ်စွမ်းအားအမွေအနှစ်ရှိပြီး ကြယ်စွမ်းအားကိုဆက်ခံနိုင်ပါက ကြယ်ဗိမာန်၏ အနာဂတ်ခန်းမသခင်ဖြစ်လာနိုင်သလို အလားတူပင် ဗိမာန်တော်ကို ထိပ်ဆုံးအဆင့်သို့ရောက်လာစေကာ အလယ်အလတ်အဆင့်ကြယ်နယ်မြေ၌ အားအကောင်းဆုံးတည်ရှိမှုတခု ဖြစ်လာစေနိုင်သော်လည်း ဒီအရာအားလုံးကို တည်ဆောက်ရန်အတွက် အသက်ရှင်နေရမည့်အခြေအနေတခုကိုလိုအပ်သည်။
ဘယ်အရာကပိုအရေးကြီးလေသနည်း။
ဒီဗိမာန်တော်တပည့်များက ရှင်းရှင်းလင်းလင်းခွဲခြားနိုင်ဆဲပင်။
ထိုအချိန်တွင် ကြယ်ရဲတိုက်အပြင်က ဝိဉာဉ်ဝါးမြိုကြယ်သေတ္တာ၏ တုန်ခါမှုကလည်း ပျောက်ကွယ်သွား၏။
ထို့နောက် ဝေလငါးတကောင်က သားကောင်ကိုမျိုချနေသည့်အလား အတားအဆီးထဲက ကြယ်စွမ်းအားကို ဆက်လက်စုပ်ယူနေသည်။
မကြာမီ အတားအဆီးကဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်။
မုဖူရှန်း ဝိဉာဉ်ဝါးမြိုကြယ်သေတ္တာကို ပြန်ယူပြီး သေတ္တာအားဖုံးလိုက်၏။
ထို့နောက်တွင်သာ ဝိဉာဉ်ဝါးမြိုကြယ်သေတ္တာကို ဝိဉာဉ်စွမ်းအားများ ဆက်လက်စုပ်ယူခြင်းကနေ သူဖိနိုင်နိုင်ခဲ့သည်။
ဤသို့သာဆက်လက်ဖြစ်ပျက်နေပါက ဗိမာန်တော်တပည့်အများအပြား အသက်ရှင်ကျန်ရစ်တော့မည်မဟုတ်ပေ။
ထိုအချိန်တွင် ကြီးမားသည့်အရာတခုခုဖြစ်လာလိမ့်မည်ဟု သူယူဆမိခဲ့သည်။
မုဖူရှန်း အတားအဆီးပျောက်ကွယ်သွားသောအခါ အလွန်အမင်းအံ့ဩသင့်သွားသည်။
"ကျွန်တော် စီနီယာအစ်ကိုရှီရှန်းရဲ့ဝိဉာဉ်ကို ခံစားနိုင်ပြီ၊ သူ့ဝိဉာဉ်အော်ရာက အတော်လေးအားနည်းနေတယ်ဆိုပေမယ့် အနည်းဆုံးတော့ ဘာမှမဖြစ်ခဲ့ဘူး၊ သူရဲတိုက်ထဲမှာရှိတယ်"
ယဲ့ချိုးပိုင်ခေါင်းညိတ်သည်။
"ဒီလိုရှီရှန်းကိုအရင်ဆုံးအမြန်ကယ်ကြရအောင်"
ရှောင်ဟိုင်တို့ကခေါင်းညိတ်ပြီး ယဲ့ချိုးပိုင်နောက်ကနေ ရဲတိုက်ထဲသို့လိုက်သွားကြသည်။
ထိုအချိန်တွင် ကြယ်ရဲတိုက်ခန်းမထဲတွင် ရှီရှန်းက ဥက္ကာခဲတခုနှင့်တူသည့် ဧရာမကျောက်တုံးတစ်တုံးရှေ့တွင် တင်ပလ္လင်ခွေထိုင်နေသည်။
တချက်ကြည့်ရုံနှင့် ဒီကျောက်တုံးကြီးက သာမန်ပုံပေါ်သော်လည်း အနည်းငယ်ပိုကြီးပြီး အဆုံးမဲ့ကြယ်စွမ်းအားများကို ကျောက်တုံးကြီးကနေ ထုတ်လွှတ်နေသည်။
ဒီကြယ်စွမ်းအား၏သန့်စင်မှုက အပြင်ပက ထောင်ချီသည့်ကြယ်များနှင့်ပင် ယှဉ်၍မရပေ။
ရှီရှန်းကျောက်တုံးကြီးနှင့် မျက်နှာချင်းဆိုင်ထိုင်နေပြီး သူ့မျက်နှာက ကြောက်စရာကောင်းစွာပင်ဖြူဖျော့နေသည်။
ကိုယ်ခန္ဓာက လေပြင်းတိုက်လျှင်ပင် လွင့်သွားစေနိုင်သည့်အလား ဘယ်ညာယိမ်းနေသည်။
ဒါက သူ့ဝိဉာဉ်က အလွန်အမင်းကုန်ခမ်းနေသည့်လက္ခဏာတရပ်ပင်။
ရှီရှန်း၏ဒန်တျန်ထဲတွင် ကျောက်တုံးကြီးတစ်တုံးရှိနေသည်။
ရှီရှန်း သူ့လက်ကို ကျောက်တုံးပေါ်၌တင်ထားသည်။ ကျောက်တုံးကြီးပေါ်တွင် ရှေးဟောင်းဆန်းကြယ်သည့်ပုံစံကွက်များရှိသည်။
ဒီပုံစံကွက်များက ကျောက်တုံးကြီးကို လုံး၀မဖုံးနိုင်သလို အနည်းဆုံး လေးပုံတပုံကိုပင်လျှင် အပြည့်အ၀ဖုံးကွယ်ထားနိုင်ပေ။
မဖုံးကွယ်သေးသည့်နေရာတွင် တုန်ခါနေသည့်ကြယ်စွမ်းအားများရှိပီုး ထိုခရမ်းရောင်ပုံစံကွက်များအား ရေးဆွဲနေသည်။
ကြယ်စွမ်းအားကို မှင်အဖြစ်အသုံးပြုထားသလို သူ့ဝိဉာဉ်စွမ်းအားက စုတ်တံထိပ်ဖျားပင်ဖြစ်လေသည်။
ဒါကလည်း ရှီရှန်း၏ဝိဉာဉ်စွမ်းအားက အလျင်အမြန်ကုန်ခမ်းသွားရသည့်အကြောင်းရင်းဖြစ်သည်။
ရှီရှန်း၏နတ်ဝိဉာဉ်က သူ့အားသာချက်မဟုတ်သဖြင့် ဒီလောက်ကြာကြာခံနိုင်တာကပင် အံ့ဖွယ်တခုဖြစ်နေလေပြီ။ ဒါကမဖြစ်နိုင်လုနီးပါးပင်။
"နောက်ထပ်နည်းနည်းလေးပဲ.... နောက်ထပ်နည်းနည်းလေးပဲ...."
"ငါကြယ်ပုံစံကွက်တွေကိုရေးဆွဲပြီးသွားတာနဲ့ ဒုတိယကြယ်ရဲ့ဗဟိုချက်ကို အသက်သွင်းနိုင်မယ်"
"အဲဒီအချိတ်ကျရင် ငါစီနီယာအစ်ကိုကြီးနဲ့ ကျန်တဲ့သူတွေကို ကူညီဖို့အတွက် မိစ္ဆာနယ်မြေကိုသွားဖို့ ခွန်အားရှိလာလိမ့်မယ်..."
အပိုင်း(566) coming။