#ကောင်းကင်အင်မော်တယ်တစ်ဦး၏ဒေါသ#
Vol. 40 Ch. 568
ရှေးခေတ်ကတည်းက ထိပ်တန်းဂိုဏ်းတခုဖြစ်သည့် ကြယ်ဗိမာန်၏ခွန်အားက ထိုးကျသွားကတည်းက မည်သူမှ ကြယ်စွမ်းအားကို မကျင့်ကြံနိုင်ကြတော့ပါ။
ဒီဂိုဏ်းက မောက်မာပြီး မာနကြီးသည့်ဂိုဏ်းတစ်ဂိုဏ်းပင်။
မည်သို့ပင်ဆိုစေကာမူ ကြယ်စွမ်းအားအတွက် ကျင့်ကြံခြင်းအခြေအနေများက အတော်လေးကြမ်းတမ်းသည်။ အလယ်အလတ်အဆင့်ကြယ်နယ်မြေတခုလုံးတွင် ကြယ်ဗိမာန်ကသာ ကျင့်ကြံနိုင်သည်။
ဒါကလည်း ကြယ်ဗိမာန်၏မောက်မာမှုကို ပို၍အားပေးခဲ့သည်။
ထို့ကြောင့် ရှီရှန်းတွင် ကြယ်စွမ်းအားအတွက် ကျင့်ကြံခြင်းနည်းစနစ်တခု အမှန်တကယ်ရှိနေတာကို သူတို့ရှာတွေ့သွားသောအခါ လောဘက အံ့ဩသင့်မှုထက် ပို၍ထင်ရှားပေါ်လွင်လာသည်။
ကြယ်ဗိမာန်က နောက်တကြိမ်အလယ်အလတ်အဆင့်ကြယ်နယ်မြေ၏ အထွတ်အထိပ်တွင် ရပ်တည်လာနိုင်မည်သာမက ကြယ်စွမ်းအားအတွက် ဒီကလေး၏ ကျင့်ကြံခြင်းနည်းစနစ်ကို ရနိုင်သရွေ့ ပိုမြင့်မားသည့်ကြယ်နယ်မြေသို့ပင် ဦးတည်နိုင်သည်။
ခန်းမသခင်ဟွမ်အို၏စကားလုံးများကို ကြားသောအခါ ရှီရှန်းခေါင်းခါယမ်းသည်။
ပရမ်းပတာကြယ်မှတ်တမ်းကို သူ့ဆရာပေးထားခြင်းဖြစ်သည်။ သူကတခြားသူများကို မည်သို့မည်ပုံပေးနိုင်မည်နည်း။
ဟွမ်အိုအနည်းငယ်ခေါင်းခါယမ်းရင်း သက်ပြင်းချသည်။
"မေ့လိုက်တော့၊ လူငယ်မျိုးဆက်တွေနဲ့ ဆွေးနွေးနေစရာမလိုပါဘူး၊ အချိန်ကျလာတဲ့အခါကျရင် ဝိဉာဉ်ရှာဖွေခြင်းကပဲ ကျင့်ကြံခြင်းနည်းစနစ်ကို ယူဆောင်နိုင်မှာပဲလေ"
ထို့နောက် ကောင်းကင်အင်မော်တယ်တစ်ဦး၏အော်ရာက ထိုးတက်သွား၏။
တခဏအကြာတွင် ကမ္ဘာကြီးကအရောင်ပြောင်းသွားသည်။ ကြယ်ဗိမာန်အောက်ရှိ မြို့က မြေငလျင်တခုလှုပ်ခတ်သွားသည့်ပမာ တုန်ခါသွားသည်။
အကွာအဝေးတနေရာက တောင်နှင့်မြစ်များက အဆက်မပြတ်ပေါက်ကွဲနေသည်။ ငှက်များကနေရာအနှံ့ပျံသန်းသွားကြပြီး ကြမ်းကြုတ်သည့်သားရဲများက မြေပေါ်၌ ခြေလေးချောင်းဖြင့် လှုပ်ရှားမှုကင်းမဲ့စွာ လဲလျောင်းနေကြ၏။
ဒါ့အပြင် ပင်လယ်မျက်နှာပြင်မှ ဆူနာမီလှိုင်းများလိမ့်တက်လာသည်။
ကောင်းကင်အင်မော်တယ်တစ်ဦးဒေါသထွက်လာသောအခါ တောင်နှင့်မြစ်များပင် တုန်ခါသွားရသည်။
ဒီစကားလုံးများက အခြေအမြစ်မရှိသည့်စကားလုံးများမဟုတ်ပေ။
ဒီအဆင့်ကိုရောက်လာသောအခါ လှုပ်ရှားမှုတိုင်းက ကမ္ဘာကြီးကို သက်ရောက်စေနိုင်သည်။
ယဲ့ချိုးပိုင်တို့လေးယောက် ဒီအော်ရာကို ရင်ဆိုင်ရသောအခါ ကောင်းကင်ကနေ မြေအထိ တိုက်ရိုက်ဖိနှိပ်ခံရသည်။
လေးယောက်စလုံးက သူတို့အော်ရာများကို ထုတ်လွှတ်လိုက်ကြ၏။
ဓားပိုင်နက်၊ အဆောင်၊ နတ်ဆိုးဘုရင်နှင့် ကြယ်များက တချိန်တည်းတွင် ပွင့်လန်းလာကြသည်။
သို့စေကာမူ ကောင်းကင်ပေါ်၌ တက်လှမ်းနေပုံရသည့် ဒီကောင်းကင်အင်မော်တယ်နယ်ပယ်ကိုအော်ရာကို ခုခံရန်ဟူသည် ခက်ခဲနေဆဲပင်။
ဟွမ်အိုအဓိပ္ပာယ်မရှိသည့်စကားများကိုမပြောချင်ပေ။ ကောင်းကင်အင်မော်တယ်တစ်ဦးတဖြစ်လဲ သူ့တွင် တစုံတစ်ယောက်၏ အသက်ကို လက်ထဲတွင် ယူဆောင်ရန် စွမ်းရည်ရှိသည်။
ငါ့လိုမျိုး ကျင့်ကြံသူတစ်ယောက်ရဲ့စကားကို မနာခံသလို မလေးစားချင်တာလား!
ဒီလိုဆိုရင်သေရမယ်!
ဟွမ်အိုလက်ချောင်းဖြင့် ညွှန်ပြသောအခါ ကြယ်ဆန္ဒက ပေါက်ကွဲသွားသည့်မြစ်တစင်းအလား ထိုးတက်လာသည်။
အလင်းတန်းတခု၏အမြန်နှုန်းဖြင့် ငွေအလင်းတခုက ကောင်းကင်ကနေ ဆင်းသက်လာသည်။
ထို့နောက် ယဲ့ချိုးပိုင်တို့ရှေ့တွင် ဆင်းကာ ဒီကောင်းကင်အင်မော်တယ်နယ်ပယ်အော်ရာနှင့် ပေါက်ကွဲသွားသည့်ကြယ်ဆန္ဒကို ပိတ်ဆို့လိုက်သည်။
ငွေအလင်းဖြင့်တောက်ပနေတာက ရှည်လျားသည့်ဓားတစ်လက်ဖြစ်သည်။
၎င်း၏ဓားကိုယ်ထည်တခုလုံးက သေးသွယ်ပြီး လက်ကိုင်နှင့်ဓားအစွန်းက ငွေရောင်ရှိသည်။
ဒီဓား၏အရည်အသွေးက ယဲ့ချိုးပိုင်၏ ကြယ်ကြွေဓားထက် အဆပေါင်းများစွာပိုကောင်းသည်။
ကိုးပေရှည်ကြယ်ကြွေဓားက ကောင်းကင်အဆင့်၀ိဥာဥ်လက်နက်တခုသာ။
ဒီငွေဓားက ကောင်းကင်အဆင့်အင်မော်တယ်လက်နက်တခုဖြစ်သည်။
ဟွမ်အို၏အမူအရာကမည်းမှောင်သွားသည်။
"ငွေနဂါးဓား....ဟောင်ကျန်းဟန်"
ထိုအချိန်တွင် ဟောင်ကျန်းဟန်၏အသံက ထွက်လာပြီး ငွေနဂါးဓားဘေးတွင် ဆင်းသက်လိုက်သည်။
"ဟွမ်အို၊ မင်းကတကယ်အရှက်မရှိတာပဲ၊ ဒီလောက်အသက်ကြီးနေတာတောင် လူငယ်မျိုးဆက်တစ်ယောက်ဆီက ကျင့်ကြံခြင်းနည်းစနစ်ကို စီနီယာတစ်ယောက်အနေနဲ့ ခိုးနေတယ်"
ဟွမ်အို နက်မှောင်သည့်အမူအရာဖြင့်ပြောသည်။
"မင်းရဲ့ကောင်းကင်ဘုံဓားတောင်ထိပ်က ငါတို့နတ်ခန်းမက တပည့်သုံးယောက်ကို သတ်ခဲ့သလို ကြယ်တာယာကောင်းကင် လျှို့ဝှက်နယ်မြေကိုတောင် ဖျက်ဆီးပစ်ခဲ့တယ်၊ လျော်ကြေးအနေနဲ့ ငါက ကျင့်ကြံခြင်းနည်းစနစ်ကို လိုချင်တာဘာဖြစ်လဲ"
ထိုစကားကိုကြားသောအခါ ဟောင်ကျန်းဟန် တမင်ပင်ရယ်မောလိုက်သည်။
သူ့ရယ်သံကလှောင်နေသည့်အသံပင်။
"မင်းတပည့်သုံးယောက်က မသတီစရာအရာတခုခုလုပ်ခဲ့တယ်၊ သူတို့ရှာတွေ့ခံလိုက်ရတဲ့အချိန် တခြားသူတွေကို နှုတ်ပိတ်ချင်ကြတယ်၊ အဆုံးသတ်မှာ သူတို့က လုံလောက်အောင်အားမကောင်းတော့ အဲဒီအစားအသတ်ခံရတယ်"
"ကြယ်တာယာကောင်းကင်လျှို့ဝှက်နယ်မြေကတော့ ဒီအချိန်အခါအတွက် တည်ရှိနေတာမဟုတ်ဘူးလား၊ အထဲက အမွေအနှစ်ကို ရနေသရွေ့ ဒါက သဘာ၀အတိုင်း ပျက်စီးသွားမှာပဲလေ"
"ပြီးတော့ မင်းလူတွေကိုလည်း ဒီအတွက်ကြောင့် ငါကောင်းကင်ဘုံဓားတောင်ထိပ်လျှို့ဝှက်နယ်မြေကို၀င်ခွင့်မပေးခဲ့လို့လား၊ မင်းလူတွေ ငါ့ရဲ့ကောင်းကင်ဘုံဓားတောင်ထိပ်လျှို့ဝှက်နယ်မြေကို၀င်ပြီး အမွေအနှစ်ကို လုယူသွားရင်တောင် ငါဘာမှမပြောဘူး၊ "
သို့စေကာမူ မူလရှေးဦးခေးအောစ့်ဓားကိုယ်ခန္ဓာမရှိသူများက ကောင်းကင်ဘုံဓားတောင်ထိပ်၏အမွေအနှစ်ကို ယူဆောင်နိုင်မည်မဟုတ်ပေ။
တစ်နည်းအားဖြင့် ကောင်းကင်ဘုံဓားတောင်ထိပ်လျှို့ဝှက်နယ်မြေက ယဲ့ချိုးပိုင်၏အိမ်နောက်ဖေးဖြစ်ပြီး အထဲက အမွေအနှစ်က သူတစ်ဦးတည်းသာရနိုင်သည့်အရာတခုအဖြစ် ကံတရားက စီစဉ်ထားသည်။
ထိုစကားကိုကြားသောအခါ ဟွမ်အို၏အမူအရာက ကြည့်ရဆိုးသွားသည်။
ဒီသဘောတရားကိုသူနားလည်ပါသည်။
သို့စေကာမူ သူကကြယ်စွမ်းအားကိုကျင့်ကြံနိုင်မည့် အခွင့်အရေးနှင့်ပတ်သက်ပါက သူဂရုမစိုက်နိုင်သလို မလုပ်နိုင်ပေ။
"လူတွေကငွေအတွက်သေကြသလို ငှက်တွေကအစာအတွက်သေကြတယ်၊ မင်းဘာပဲပြောပြော"
ထိုနေရာတွင် ဟွမ်အိုက လက်ကောက်၀တ်ကိုခါယမ်းရင်း ကြယ်ရောင်တုတ်ကို ထုတ်ယူသည်။
"ဒီလိုဖြစ်လာပြီဆိုမှတော့ ငွေနဂါးဓားနဲ့ ဟောင်ကျန်းဟန်က ဘယ်လောက်ထိ အားကောင်းသလဲဆိုတာ ငါကြည့်ချင်တယ်"
ဟောင်ကျန်းဟန် လက်ထဲတွင် ငွေနဂါးဓားကိုမြှောက်ရင်း နှာခေါင်းရှုံ့သည်။
"ငါသွေးမမြင်ရတာအတော်ကြာခဲ့ပြီ"
နှစ်ဦးသားစကားပြောပြီးသည်နှင့် တချိန်တည်းတွင် ပျောက်ကွယ်သွားကြသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ကြယ်တာယာကောင်းကင်ဗိမာန်မှ တိုက်ပွဲသံများကိုကြားနေရသည်။
ကောင်းကင်အင်မော်တယ်နှစ်ဦးကျင့်ကြံသူကြားက တိုက်ပွဲက ကောင်းကင်ကိုပင် တုန်ခါစေသည်။
ထိုအချိန်တွင် ကောင်းကင်ဘုံဓားတောင်ထိပ်၏အကြီးအကဲများက ယဲ့ချိုးပိုင်ရှေ့တွင်ပေါ်လာကြသည်။
ကြယ်ဗိမာန်၏မဟာအကြီးအကဲက ဒါကိုမြင်သောအခါ နှာခေါင်းရှုံ့သည်။
"ငါတို့အပြင်မှာဆိုရင် မင်းတို့ကိုဘာမှမလုပ်နိုင်တာမို့ ကြောက်နေဦးမယ်"
"ဒါပေမယ့်....."
မဟာအကြီးအကဲက ခရမ်းရောင်ကျောက်စိမ်းတံဆိပ်တခုကိုထုတ်ယူသည်။
ဒါကိုမြင်သောအခါ ဥပဒေစိုးမိုးရေးခန်းမအကြီးအကဲကလည်း ကျောက်စိမ်းတံဆိပ်တခုကို ထုတ်ယူသညိ။
ကျောက်စိမ်းတံဆိပ်နှစ်ခုက ကောင်းကင်ပေါ်၌ တချိန်တည်းတွင် မြှင့်တက်သွားကြပြီး တောက်ပနေသည့်ကြယ်နှစ်စင်းပမာ တောက်ပသည့်ခရမ်းအလင်းဖြင့် လင်း၀င်းနေပြီး ကောင်းကင်ကနေ ရွာသွန်းလာကြသည်။
မကြာခင်မှာပင် ဒါက ကြယ်ဗိမာန်ကို လွှမ်းခြုံသွား၏။
"ဒါကကြယ်ဗိမာန်ပဲ၊ ဒီနေရာမှာ သူတို့လေးယောက်ကို မင်းတို့ဘယ်လိုကာကွယ်မလဲ"
ကောင်းကင်ဘုံဓားတောင်ထိပ်က အကြီးအကဲများက ဓားရှည်များကို ကိုင်လိုက်ကြပြီး သူတို့၏ဓားဆန္ဒများက ထိုးထွက်လာကြသည်။ ဒီမြင်ကွင်းကို သူတို့မြင်သောအခါ အနည်းငယ်မျက်မှောင်ကြုတ်လိုက်ကြ၏။
တကယ်တမ်းတွင် ကြယ်ဗိမာန်ရှိ ကြယ်အခင်းအကျင်း၏ တိုးပွားလာခြင်းနှင့်အတူ သူတို့အဖို့ ယဲ့ချိုးပိုင်နှင့်ကျန်သောသူများကို ကာကွယ်ပေးရန်ဟူသည် အမှန်တကယ်ခက်ခဲသည်။
သို့စေကာမူ ထိုသို့ဆိုလျှင်ပင် ယဲ့ချိုးပိုင်က ကောင်းကင်ဘုံဓားတောင်ထိပ်၏ အဓနကကာကွယ်ရမည့်ပစ်မှတ်ပင်။ သူတို့အသက်များကိုစွန့်စားရမည်ဆိုလျှင်ပင် သူ့ကို ဘာမှဖြစ်ခွင့်ပေး၍မရပေ။
ကောင်းကင်ဘုံဓားတောင်ထိပ်အကြီးအကဲများက တစ်ဦးကိုတစ်ဦးကြည့်ပြီး လေးနက်စွာခေါင်းညိတ်ကြသည်။
ဓားဆန္ဒကထိုးထွက်လာပြီး ဓားဆန္ဒအတားအဆီးတခုအဖြစ်ပြောင်းလဲကာ ယဲ့ချိုးပိုင်နှင့်ကျန်သောသူများကို လွှမ်းခြုံသွားသည့် ဘောလုံးတစ်လုံးဖြစ်တည်လာသည်။
သူတို့အချိန်ဆွဲရန်လိုအပ်သည်။ ဒါက ဟောင်ကျန်းဟန်သူတို့ကိုပြောခဲ့သည့်အရာပင်။
မဟာအကြီးအကဲကနှာခေါင်းရှုံ့သည်။
"မင်းတို့ဘယ်လောက်ကြာကြာတောင့်ခံထားနိုင်မယ်ထင်လဲ"
"ကြယ်အခင်းအကျင်း၊ အသက်၀င်စမ်း"
လက်ချောင်းတစ်ချောင်းဆင်းသက်လာသည်။
ကောင်းကင်ရှိ ခရမ်းရောင်ကျောက်စိမ်းတံဆိပ်နှစ်ခုက ကြယ်ဆန္ဒအဖြစ် အမှန်တကယ် ကျစ်လျစ်သွားပြီး ခရမ်းရောင်အလင်းတိုင်တခုအဖြစ် ပြောင်းလဲကာ ဓားဆန္ဒအတားအဆီးကို အပြင်းအထန်ရိုက်ခတ်ပစ်သည်။
ထိုခရမ်းရောင်အလင်းတိုင်၌ မှန်ဖျော့နေသည့်ကြယ်စွမ်းအားအော်ရာတခုရှိသည်။
ဖိနှိပ်ခြင်း၊ တံဆိပ်!
ကောင်းကင်ဘုံဓားတောင်ထိပ်က အကြီးအကဲအားလုံး၏အမူအရာများက လေးနက်သွားကြ၏။ သူတို့လက်တစ်ဖက်နှင့် ဓားလက်ကိုင်များကိုကိုင်ကာ ရှေ့၌ အလျားလိုက်နေရာချထားသည်။ သူတို့၏ တခြားလက်တစ်ဖက်ကမူ ၎င်းဓားအား ဆန့်ကျင်သော ကာကွယ်ရေးဟန်အပြင်ပဆင်ကိုပြုလုပ်ပြီး ဖိနှိပ်လာသည့် ဒီကြယ်အလင်းတိုင်ကို ခုခံနေသည်။
ဒါကတကယ်ပင် ကြယ်ဗိမာန်ဟုဆို၍ရသည်။ ရှေးခေတ်က ထိပ်တန်းဂိုဏ်းတခုတဖြစ်လဲ သူတို့၏အခြေခံအုတ်မြစ်က အတော်လေးနက်ရှိုင်းသည်။
ကြယ်အခင်းအကျင်းကိုခုခံကာကွယ်ရန်အတွက်ပင် ခက်ခဲနေသည်ဟုသူတို့ခံစားနေရသည်။
သို့စေကာမူ ဒါက ယဲ့ချိုးပိုင်တို့အား ကာကွယ်ပေးရန်အတွက် အာရုံကို လွှဲပြောင်းထားသည့်အချိန်တွင်သာဖြစ်သည်။
ထိုအချိန်တွင် ကောင်းကင်ထဲ၌ ဟောင်ကျန်းဟန်နှင့်တိုက်ခိုက်နေသည့် ဟွမ်အို၏အမူအရာက ပထမဆုံးပြောင်းလဲသွား၏။
အောက်တွင် မဟာအကြီးအကဲနှင့် ဥပဒေစိုးမိုးရေးခန်းမအကြီးအကဲတို့ကလည်း အလှမ်းဝေးသည့်ကောင်းကင်သို့ စိတ်ရှုပ်ထွေးနေသည့်အမူအရာများဖြင့် ကြည့်လိုက်ကြ၏။
ထိုအချိန်တွင် ဧရာမအာကာသယာဉ်တစင်းချဉ်းကပ်လာသည်။
ဘာလို့အဲဂိုဏ်းကဒီကိုလာရတာလဲ!
သူတို့ဒီကိုဘယ်သူ့အတွက်လာကြတာလဲ!
မုဖူရှန်းတဘက်လှည့်ကာ အာကာသယာဉ်အားကြည့်လိုက်စဉ် သူကြက်သေသေသွားပြီး မေးလိုက်မိသည်။
"ဘာလို့သူတို့ကို နှိုးဆော်လိုက်ရပြန်တာလဲ"
အပိုင်း(569) coming။