အပိုင်း (၄၉၂) – တော်စပ်မှုအား ငြင်းဆန်ခြင်း
Vol. 005 Ch. 492
ရှီမာယူယူသည် မျက်စိကိုငုံ့ကြည့်ကာ သူမအား လည်ပင်းညစ်ထားသော အနာရွတ်များ ပြည့်နေသော လက်အားကြည့်လိုက်သည်။ ဒီလူက သူမ လက်တွဲခဲ့သော လူမဟုတ်လျှင် ဘယ်လို လုပ်မလဲ။
“မင်းဘယ်သူလဲ” မျက်နှာဖုံးနှင့်လူသည် ရှီမာယူယူ အသက်ရှုကြပ်သွားသည်အထိ လက်တွင် အားထပ် ထည့်ကာ ထပ်မေးလေသည်။
“ရှီမန်ဖန်…” သူမသည် သူ့နာမည်ကို ခက်ခဲစွာ ရေရွတ်မိလေသည်။ သူ့ရောင်ဝါသည် ကြောက်မက်စရာ ကောင်းသော ရောင်ဝါအဖြစ်ပြောင်းသွားလေသည်။
“မင်းဘယ်သူလဲ ဘယ်သူကလွှတ်လိုက်တာလဲ မင်းမပြောရင် ငါမင်းကိုသတ်မှာ”
“ယူယူကိုလွှတ်လိုက်” သူ အလေးအနက်ဖြစ်နေကာ ရှီမာယူယူ၏ လည်ပင်းကို ချိုးမတတ်ဖြစ် နေသည်ကို တွေကသောအခါ ဟိန်းသံလေးသည် သူ၏ ခြေတံသေးများဖြင့် ကန်လေသည်။
“ဘုန်း”
ထိုလူသည် လက်ကိုရမ်းလိုက်ရာ ဟိန်းသံးလေးသည် သူ့အားမတိုက်ခိုက်လိုက်ရဘဲနှင့် လွင့်သွားကာ မြေပေါ်သို့ ပြင်းထန်စွာကျလေသည်။ သူကျရာနေရာတွင် လက်သီးဆုပ် အရွယ်အစား အပေါက်တစ်ခု ပေါ်လာ လေသည်။
“ဟိန်းသံလေး” ဟိန်းသံလေး အတိုက်ခိုက်ခံရသည်ကို မြင်သည်နှင့် ရှီမာယူယူသည် ပူပန်စွာ အော် လိုက်လေသည်။ သူမသည် ထိုလူ၏ လက်များအား ဆုပ်ကိုင်ကာ ခန္ဓာကိုယ်ကို လှည့်လိုက်ပြီး ထိုလူ စိတ်လွင့် နေချိန်တွင် လွတ်အောင်လုပ်လိုက်လေသည်။
“ယူယူ… ဟိန်းသံလေး…” ထိုလူသည် ရှီမာယူယူအား မယုံကြည်စွာကြည့်ရင်း နောက်ကို ခြေလှမ်း နှစ် လှမ်းဆုတ်မိလေသည်။
“ဟွား…”
ဟိန်းသံလေးသည် ရုတ်တရက်ပြန်ပြေးလာကာ ဟိန်းလိုက်ပြီး ထိုလူဆီသို့ ပြေးလာလေသည်။
ထိုလူသည် ဟိန်းသံလေးအား မြင်သောအခါ မှင်တက်သွားကာ လှုပ်ရှားရန် မေ့နေလေသည်။ ဟိန်းသံလေး သူ့ရှေ့ပေါ်လာချိန်တွင် သူသည် လက်ကိုဆန့်ထုတ်ကာ ရပ်ခိုင်းလေသည်။ သို့သော် ဒီတစ်ခါ တော့ သူအဝေးသို့ မပစ်ပေ။
“မင်းက အခုချိန်မှာငါ့ပြိုင်ဘက်မဖြစ်နိုင်သေးဘူး” သူ၏ အက်ကွဲသောအသံသည် ပြောလိုက်လေသည်။
“မင်းရဲ့ ပြိုင်ဘက်ဟုတ်ဟုတ် မဟုတ်ဟုတ် ငါယူယူကို ကာကွယ်ရမှာပဲ” ဟိန်းသံလေး သည် တတ်နိုင် သလောက်လှုပ်ကြည့်သော်လည်း သူ့ပြိုင်ဘက်မှာ သန်မာလွန်းသည်။ သူသည် အရင်ကပင် ပြိုင်ဘက်မဟုတ် သော်လည်း အခု သူ လုံးဝပြန်မကောင်းချိန်တွင်လည်း မယှဉ်နိုင်သေးပေ။
“မင်းတို့သွားသင့်ပြီ” မျက်နှာဖုံးနှင့်လူသည် ရောင်ဝါများကို ပြန်သိမ်းကာ ပြောပြီးနောက်တွင် လှည့် ပြန်လေသည်။
“ရှီမန်ဖန် ငါတို့ဘယ်သူလဲဆိုတာ မင်းသိတယ်မလား ဘာလို့ငါ့ကို အသိအမှတ် မပြုတာလဲ” ရှီမာယူယူ သည် အော်လိုက်လေသည်။
မျက်နှာဖုံးနှင့်လူသည် ရပ်သွားသော်လည်း ပြန်လှည့်မလာပေ။ သူသည် ပေါ့ပါးစွာ ပြောလေသည် “မင်းဘာတွေပြောနေတာလဲ ငါနားမလည်ဘူး မင်းကိုလည်း မသိဘူး ငါ့ကိုထပ်ပြီးမရှာနဲ့တော့”
“မင်းဘယ်လောက်လိမ်လိမ် မင်းရဲ့ လက်စွပ်ကို လက်မနဲ့ ပွတ်နေတုန်းပဲမလား” ရှီမာယူယူ ပြောလိုက် သည် “နှစ်တွေအများကြီးကြာသွားတာတောင် မင်းအကျင့်ကို မဖျောက်နိုင်သေးဘူး”
မျက်နှာဖုံးနှင့်လူသည် လက်စွပ်အား ပွတ်နေရာမှ အလိုလို လွတ်လိုက်လေသည်။ သူသည် ရှေ့ဆက် လျှောက်သွားလေသည်။
“အစ်မ အစ်မကပဲ ကျွန်တော့်ကို အမြဲကာကွယ်ပေးခဲ့တာ ဒီတစ်ခါတော့ ကျွန်တော်က ကာကွယ်မယ် သွားပါတော့ အခြေအနေတွေကောင်းမှပဲ ပြန်လာရှာခဲ့ ကျွန်တော်စောင့်နေမယ် အစ်မ ကျွန်တော်က အမြဲတမ်း စောင့်နေခဲ့တာပါ… အသက်ရှင်နေရမယ်၊ ကျွန်တော်စောင့် နေမယ်၊ နောက်ဘဝကျရင်လည်း ကျွန်တော်က အစ်မ ရဲ့ မောင်ပဲဖြစ်နေမှာပါ…”
ရှီမာယူယူသည် မျက်နှာပေါ်မှကျလာသော မျက်ရည်များကို သုတ်ကာ ပြောလေသည် “ငါဒီနေ့ ပြန်လာ တာလေ ဘာလို့ငါ့ကို မသိချင်ယောင်ဆောင်နေတာလဲ”
မျက်နှာဖုံးနောက်ကွယ်မှ မျက်နှာသည်လည်း မျက်ရည်များစီးကျလာသည်။ သူသည် မျက်နှာဖုံး အားဖြုတ်ကာ မျက်ရည်သုတ်ပြီးနောက် ပြန်ချည်လေသည်။ သို့သော် သူသည် ပြန်မကြည့် ပဲထွက်သွားလေသည်။
သူမသည် သူထွက်သွားသည်ကို ကြည့်ကာ နာကျင်စွာဖြင့် မျက်လုံးများကို မှိတ်လိုက်သည်။
သူမသည် သူ့ကို အလွန်ရင်းနှီးခဲ့သည်။ သူ့လှုပ်ရှားမှုများသည် သူမည်သူဖြစ်သည်ကို ပြသနေသည်။ သို့သော် သူမသည် အသိအမှတ်မပြုခံရပေ။ သူမသည် သူမကိုယ်တိုင်ပင် အသိအမှတ်မပြုခံရပေ….
“ယူယူ” ဟိန်းသံလေးသည် ရှီမာယူယူ ဘေးသို့လာကာ ဆောင့်ကြောင့် ထိုင်လိုက်လေသည်။
ရှီမာယူယူသည် ထိုနေရာတွင် ခေတ္တမျှထိုင်ပြီးနောက် ပြန်လှည့်ကာ ထိုင်နေသော ဟိန်းသံလေးအား ပြောလိုက်လေသည် “ပြန်သွားရအောင် မင်းလောစရာမလိုဘူး ဖြေးဖြေးပဲ သွားကြမယ်”
“ကောင်းပြီ” ဟိန်းသံလေး တိတ်ဆိတ်စွာ သွားခြင်းမှာရှားပါးသည်။ သူသည် သူမအား တည်းခိုတောင် အားခေါ်သွားလေသည်။
သူတို့ထွက်သွားသည့်အချိန်တွင် သူတို့အရိပ်အားကြည့်နေသောသူသည် ထောင့်မှ အသံ ထွက်လာလေသည်။
“အစ်မ တောင်းပန်ပါတယ်…”
“သူမက ရှင့်အမဆိုရင် ဘာလို့ သူမကိုအသိအမှတ်မပြုတာလဲ” သူ့နောက်မှ အသံတစ်သံ ထွက်လာရာ ရှီမန်ဖန် လှည့်ကြည့်လိုက်သည်။ အနီးမှ ဟုန်ရှန်ယိသည် သူ့အား ကြည့်နေခဲ့သည်။
ရှီမန်ဖန်သည် ပြုံးရုံအပြင်မရှိတော့ကာ “ငါ့အခုအခြေအနေနဲ့ ဘယ်လိုလုပ် သူမကိုအသိအမှတ် ပြုမလဲ ငါသေသွားမယ်ဆိုရင် ငါတို့မတွေ့ခဲ့တာ ပိုကောင်းတယ်”
ပြောပြီးနောက်တွင် သူသည် ဟုန်ရှန်ယိအား ဖြတ်ကျော်သွားကာ တည်းခိုဆောင်သို့ ပြန်လေသည်။
ဟုန်ရှန်ယိသည် ရှီမန်ဖန်၏ နောက်ပြန်လှည့်သွားသော ကျောပြင်အား ကြည့်ကာ လက်သီးအား ကျစ် ကျစ်ပါအောင် ဆုပ်ထားမိလေသည် “ရှင့်ကို အသေမခံနိုင်ဘူး”
ရှီမာယူယူ တည်းခိုဆောင်သို့ ပြန်ချိန်တွင် နေထွက်နေပြီဖြစ်သည်။ အားလုံးသည် နိုးလာကာ သူမအား စောင့်နေကြသည်။ သူမဝင်လာသည်ကို မြင်သောအခါ သူမငိုထား သည်မှာ သေချာနေ သဖြင့် အားလုံးက စိတ်ပူ ကြသည်။
“ယူယူ”
ရှီမာယူယူသည် လက်ကိုရမ်းကာ ဖက်တီးကျူအား စကားမပြောရန် တားလိုက် လေသည်။ ထို့နောက် တွင် သူမသည် ဘေဂံထုန်ဘက်လှည့်ကာ ပြောလေသည် “ငါအခုသွား တော့မယ် နင်တို့အားလုံးဒီမှာပဲ င့ါဆီက သတင်းကိုစောင့်နေ”
“ကောင်းပါပြီ” ဘေဂုံထန်သည် သူမနေထိုင်မကောင်းသည်ကို သိသဖြင့ ်ခေါင်းညိမ့်လေသည်။ “တစ်ယောက်တည်းသွားမလို့လား နင့်စီနီယာကိုအတူလိုက်ခိုင်းပါ့လား”
“သူလား” ရှီမာယူယူမှင်တက်သွားသည်။ သူမသည် သူ့အားမေ့နေခဲ့သည် “သူလိုက်ချင်လား မလိုက် ချင်လား မေးလိုက်ဦးမယ်”
သူတို့နှစ်ယောက်သည် ဘေးချင်းယှဉ်လျက်လျှောက်လာသည်။ အမေရင်လန်အား ကယ်ရန် အတွက် ဆိုလျှင် သူမသည် စိတ်ထဲမှ ခံစားချက်များကို ဖိနှိပ်ထားရမည်။ သူတို့ဘေဂုံမျိုးနွယ်သို့ ရောက် သောအခါ သူမ ခံစားချက်များသည် ပုံမှန်ပြန်ဖြစ်သွားလေသည်။
“သခင်လေးရှီ ကျေးဇူးပြုပြီးလာပါ” အစောင့်သည် သတင်းရပြီးဖြစ်သဖြင့် သူမ လာသည်နှင့် သူမအား ဝင်ခိုင်းလေသည်။
သူမ ရောက်သောအခါ ဘေဂုံရှုန်သည် မျိုးနွယ်ဝင်များနှင့် စကားပြောနေလေသည်။ သူတို့သည် ရှီမာယူယူသည် ဝူလင်းယူနှင့်အတူလာခြင်းဖြစ်ကြောင်း သတင်းကြားသောအခါ ချက်ချင်းပင် လူလွှတ်ကာ ခေါ် ခိုင်းလေသည်။
ရှီမာယူယူသည် ဘေဂုံရှုန်အား ကြည့်ကာ စိတ်စောကာမေးလေသည် “အကြီးအကဲ ဘေဂုံရှုန် ဆေးဖက် ဝင်ပစ္စည်းတွေတော့ ပို့လိုက်ပြီ ကျွန်တော်တို့ ဆေးဖော်တာကို ဘယ်တော့စနိုင်မလဲ”
“ဟားဟား သခင်လေးရှီယူကို လူတစ်ယောက်လာရှာတယ်လို့ အာလေးပြောလို့ မင်းတို့ မျိုးနွယ်ဝင်ထဲ က တစ်ယောက်ထင်နေတာ” ဘေဂုံရှုန်သည် ပြုံးပြီးပြောလေသည် “အဂ္ဂိရတ် ပညာရှင်တချို့ကို ဆေးဖော်တဲ့ အခန်းမှာ စောင့်ခိုင်းထားပြီးပါပြီ”
ဘေဂုံရှုန်သည် ရှီမာယူယူအား မီးတောက်သော အကြည့်များဖြင့် ကြည့်လေသည်။ အဘယ့်ကြောင့် ဆိုသော် ရှီမာယူယူသည် ထင်ထားသည်ထက် သာလွန်နေကြောင်းကို ဘေဂုံအာပြောထားပြီးသားကြောင့်ပင်။
သူသည် အလယ်ပိုင်းဒေသမှလာသည်ကို သိသည်နှင့် ဘေဂုံမျိုးနွယ်ဝင်များ အားလုံးသည် စိတ်လှုပ်ရှား ကြသည်။ ထို့နောက်တွင် ဆေးဖော်ရာတွင် အာရုံစူးစိုက်ထား ကြသည်။ အောင်မြင်ပါက အလယ်ပိုင်းဒေသနှင့် အဆက်အသွယ်လုပ်နိုင်မည်ဖြစ်သည်။
“ကျွန်တော်တို့ ဒီနေ့တော့လုပ်လို့မရသေးဘူး” ရှီမာယူယူ ပြောလေသည် “ဗုဒ္ဓရွှေကြာက မရောက်သေး ဘူး ကျွန်တော်တို့ ဒီနေ့သွားယူလိုက်မယ် ဒါပေမဲ့ မနက်ဖြန်တော့ ရောက်မှာပါ”
“ဒါဆို နောက်တစ်ရက်ထပ်စောင့်ကြတာပေါ့” ဘေဂုံရှုန် ပြောလေသည်။
“ကောင်းပါပြီ ဒါဆို မနက်ဖြန်မှပြင်ကြတာပေါ့” ရှီမာယူယူ ပြောလိုက်သည် “မနက်ဖြန်မ မနက်ကို စဖို့ မျှော်လင့်ပါတယ် ပြီးတော့ သခင်တွေကိုလည်း ပြောပေးပါဦးနော်”
“ပြဿနာမရှိပါဘူး” ဘေဂုံရှုန်ပြန်ဖြေလေသည် “ဒါဆိုရင် သခင်လေးတို့နားဖို့ လူလွှတ်ပို့ပေး လိုက်ပါမယ်”
“ကောင်းပါပြီ”
ဘေဂုံအောင်လည်းရှိနေသဖြင့် ဘေဂုံရှုန်သည် သူ့အား လိုက်ပို့ခိုင်းလေသည်။
သွားသောလမ်းတွင် ရှီမာယူယူသည် ဘာမှမပြောပေ။ သူမသည် စွန့်ပစ်ထားသော ခြံဝန်းကို ဖြတ်ကျော် လာသောအခါ ရှီမာယူယူရပ်တန့်ကာ ပြောလေသည် “ဒါက စွန့်ပစ်ထားတဲ့ ခြံဝန်းလား”
“ဟုတ်ပါတယ်”
“ဘေဂုံမျိုးနွယ်မှာ ဒီလိုမျိုးစွန့်ပစ်ထားတဲ့ ခြံဝန်းရှိနေတာပဲ၊ မလိုက်ဖက်သလိုပဲ၊ အဲဒါတွေကို ဖျက်ချပြီး အသစ်ပြန်ဆောက်ရင်ဘယ်လိုလဲ”
“ဒါက ကျွန်တော့်ရဲ့ ဆုံးသွားတဲ့ဇနီးနေခဲ့တာပါ သူမသေသွားပြီးတော့ ဝမ်းနည်းလွန်းလို့ ဒီနေရာကို မလာရက်ပါဘူး သူမနေခဲ့တဲ့ နေရာကို ဖျက်ဆီးရက်လို့ ဒီအတိုင်းထားထားပါ၊ ဒီလောက်မြန်မြန် ပျက်ဆီးမယ်လို့ မထင်ထားဘူး ဟူး..”
“သခင်လေးဘေဂုံက အရင်ဇနှီးကို တကယ်ပဲချစ်တယ်ထင်တယ်” ရှီမာယူယူသည် မရေမရာပြောကာ “ဒါပေမဲ့ ဒီမှာဘာလို့ဆေးအနံ့ရနေရတာလဲ”