#ကြယ်ဗိမာန်တဝိုက်ရှိ အလောင်းများ#
Vol. 40 Ch. 570
နယ်ပယ်ပိုမြင့်လေလေ၊ ဖြတ်ကျော်တိုက်ခိုက်ရန်အတွက် ပိုခက်လေလေဖြစ်သည်။
နယ်ပယ်သေးသေးလေးတခုစီကြားက ကွာခြားချက်ကပင် ကောင်းကင်နှင့်မြေကြီးကဲ့သို့ကြီးမားသည်။
ဒါကကျင့်ကြံခြင်းကမ္ဘာ၌ တွေ့ဆုံနေကြမေးခွန်းတခုဖြစ်သည်။
တချိန်တုန်းက ကျင့်ကြံသူတစ်ယောက်က အင်မော်တယ်နယ်ပယ်အထွတ်အထိပ်အဆင့်ကျင့်ကြံသူတစ်ယောက်ကို ဒီမေးခွန်းအား မေးခဲ့သည်။
ကျင့်ကြံသူကထိုမေးခွန်းကိုကြားသောအခါ တခဏကြာတိတ်ဆိတ်သွားပြီးနောက်ပြောခဲ့သည်။
"ငါအင်မော်တယ်နယ်ပယ်ထိ မအောင်မြင်သေးခင်တော့ ငါ့ပါရမီနဲ့ဒါကိုလုပ်ကောင်းလုပ်နိုင်လိမ့်မယ်၊ ဒါပေမယ့် အင်မော်တယ်နယ်ပယ်ကို ရောက်ပြီးတဲ့အခါကျရင် နယ်ပယ်သေးသေးလေးတခုဆိုရင်တောင် ပါရမီတခုတည်းနဲ့ ကွာခြားချက်ကို ပြုပြင်ဖို့ဆိုတာက ခက်ခဲတယ်၊ ပြီးတော့ အင်မော်တယ်နယ်ပယ်ကို တက်လှမ်းနိုင်တဲ့ ဘယ်ကျင့်ကြံသူကများ မထူးချွန်လို့လဲ"
"ဒါပေမယ့်ဘယ်အရာကမှ အကြွင်းမဲ့မဟုတ်ဘူး၊ ပါရမီရဲ့အကြွင်းမဲ့ဖိနှိပ်ခြင်း၊ ကျင့်ကြံခြင်းနည်းစနစ်တွေ၊ ပြင်ပအရာ၀တ္ထုတွေရဲ့အကူအညီကြောင့်ဆိုရင်တော့ ဒီကွာခြားချက်ကို ငါတို့ဖာထေးလို့ရနိုင်တယ်...."
ဒီနောက်ဆုံးစာသားက ကျင့်ကြံသူအားလုံးအတွက် အလိုလိုပင်ကျန်ရှိနေခဲ့သည်။
အင်မော်တယ်နယ်ပယ်ကို ရောက်နေပြီဖြစ်သည့်ကျင့်ကြံသူတစ်ယောက်တွင် ပါရမီ၊ ကျင့်ကြံခြင်းနည်းစနစ်များနှင့် ပြင်ပပစ္စည်းများက မည်သို့မည်ပုံနည်းပါးနိုင်မည်နည်း။
ကြယ်ဗိမာန်တွင်ဖြစ်ပျက်ခဲ့သည်က အကောင်းဆုံးသက်သေဖြစ်သည်။
ကောင်းကင်အင်မော်တယ်အထွတ်အထိပ်အဆင့်က ကျင့်ကြံသူတစ်ယောက်က ရိုက်ချက်တစ်ချက်တွင် ခွန်အားအပြည့်မသုံးထားသည့်တိုင် ကောင်းကင်အင်မော်တယ်အစောပိုင်းအဆင့်ဖြစ်သည့်ဟွမ်အိုနှင့် မြေအင်မော်တယ်အကြီးအကဲများ၏ ခွန်အားအပြည့်အကာအကွယ်က ချိုးဖျက်ခံရသလို သူတို့ကလည်း အပြင်းအထန် ဒဏ်ရာရသွားခဲ့ကြသည်။
ထို့ထဲတွင် မြေအင်မော်တယ်အစောပိုင်းအဆင့်အကြီးအကဲနှစ်ဦးက တိုက်ရိုက်ပင် သေဆုံးသွားခဲ့ရသည်။
ဟွမ်အို၏မျက်နှာကဖြူဖျော့နေပြီး သွေးများက သူ့ပါးစပ်ထောင့်စွန်းကနေ စီးကျလာကြ၏။ လေးစားခံအကြီးအကဲကောင်းလက်ထဲရှိ ဓားရှည်မှ ဓားဆန္ဒက ထပ်မံ၀င်ရောက်လာစဉ် သူအလျင်အမြန်အော်ဟစ်လိုက်သည်။
"ကျုပ်တို့လျော်ကြေးပေးဖို့ဆန္ဒရှိပါတယ်"
လျော်ကြေးပေးမယ်!
လေးစားခံအကြီးအကဲကောင်းက နှာခေါင်းရှုံ့သည်။
"ဒီကမ္ဘာမှာ မြင့်မြတ်အဆောင်ဂိုဏ်း မရနိုင်တဲ့အရာတခုခုရှိသေးလို့လား"
အဆောင်သခင်ဂိုဏ်းတစ်ဂိုဏ်းတဖြစ်လဲ မြင့်မြတ်အဆောင်ဂိုဏ်းတွင် ရတနာများနှင့်ကြွယ်၀မှုများမနည်းပါ။
သူတို့တွင်နည်းပါးနေတာက မြင့်မြတ်အဆောင်ဂိုဏ်းကို ရှေ့သို့ဦးဆောင်နိုင်သည့် အဆောင်သခင်ပါရမီရှင်တစ်ဦးပင်။
ဥပမာအားဖြင့် အဆင့်မြင့်မဟာအကြီးအကဲသုံးဦးက မုဖူရှန်းက မြင့်မြတ်အဆောင်ဂိုဏ်းကို ရှေ့ဆက်ဦးဆောင်နိုင်သည့်တစ်ဦးတည်းသောသူဖြစ်သည်ဟု တညီတညွတ်တည်းယုံကြည်ကြသည်။
"မင်းတို့ရဲ့ကံကြမ္မာက မုဖူရှန်းလက်ထဲမှာရှိတယ်"
ထို့နောက် လေးစားခံအကြီးအကဲကောင်းက မုဖူရှန်းအားကြည့်လိုက်၏။
"ဒါမင်းအပေါ်မူတည်သွားပြီ"
ဒီအတွက်အကြောင်းရင်းက အကျိုးအမြတ်နှစ်ခုကြောင့်ဖြစ်သည်။
ပထမအနေနှင့် သူကမုဖူရှန်း၏ စိတ်နေသဘောထားကို တိကျပြတ်သားပြီး သနားညှာတာမှုကင်းမဲ့သလားဆိုတာ မြင်တွေ့ချင်သဖြင့် စမ်းသပ်ကြည့်ချင်သည်။
ဒီအချက်နှစ်ချက်က မုဖူရှန်းက မြင့်မြတ်အဆောင်ဂိုဏ်းကို ရှေ့ဆက်ဦးဆောင်နိုင်သလားဆိုတာကို ဆုံးဖြတ်နိုင်မည့်အရေးကြီးအချက်နှစ်ချက်ပင်။
ဂိုဏ်းတစ်ဂိုဏ်း၏ ခရီးပေါက်မှုနှင့် မြှင့်တက်မှုက ဂိုဏ်းများစွာ၏ အလောင်းထောင်သောင်းများစွာဖြင့် တွဲစပ်နေသည်။
သွေးနှင့်မီးလမ်းကြောင်းကနေ တဆင့်ပြီးတဆင့် အဆင့်မမြှင့်လာခဲ့သည့်ဂိုဏ်းဟူ၍ ရှိပါသလား။
ဒုတိယအချက်က ဒါက မုဖူရှန်းနှင့် မြင့်မြတ်အဆောင်ဂိုဏ်းအကြား ပိုင်ဆိုင်မှု၏ခံစားချက်နှင့်အတူ နီးစပ်မှုကို ပို၍ တိုးလာစေနိုင်သည်။
ဒါက သူ့ကိုဆုံးဖြတ်ချက်များချရန်အတွက် စွမ်းအားကိုပေးဆောင်သည်။
တနည်းအားဖြင့် ခဲတစ်လုံးနှင့်ငှက်နှစ်ကောင်သတ်ခြင်းပင်။
ပတ်၀န်းကျင်က ကြယ်ဗိမာန်တပည့်များက ထိုစကားကိုကြားသောအခါ သူတို့၏ အမူအရာများက ရှင်းပြ၍မရနိုင်လောက်အောင် အကျဉ်းတန်သွားကြ၏။
မောက်မာသည့်တပည့်သားများတဖြစ်လဲ သူတို့ကဒါကိုလက်မခံနိုင်ကြပေ။
မည်သည့်အတွက်ကြောင့် သူတို့ဂိုဏ်း၏ သေရေးရှင်ရေးကို ဂျူနီယာလေးတစ်ယောက်ကို လက်လွှဲထားရလေသနည်း။
ဗိမာန်တော်၏တာ၀န်ရှိသူတဖြစ်လဲ ခန်းမသခင်ဖြစ်သည့် ဟွမ်အိုက ပို၍တွေးတောရင်း မခံချိမခံသာဖြစ်လာမိသည်။
သူကချက်ချင်းပင် မုဖူရှန်းအားလှမ်းကြည့်ရင်း ကောင်းကင်ပေါ်ကနေဆင်းသက်ကာ မုဖူရှန်းရှေ့သို့ရောက်လာသည်။ ထို့နောက် အနည်းငယ်ဦးညွတ်လိုက်သည်။
"မိတ်ဆွေလေးမု၊ အရင်ကငါ့အမှားပါ"
တချိန်တည်းမှာပင် သူကရှီရှန်းအားကြည့်ရင်း တောင်းပန်သည့်အသွင်ပြောသည်။
"ငါတို့ဗိမာန်က အရမ်းတွန့်တိုတတ်ပေမယ့် မင်းအလိုရှိသလိုထွက်သွားလို့ရပါတယ်"
ခန်းမသခင်တဖြစ်လဲ ဟွမ်အိုက အရမ်းဉာဏ်ကောင်းသည်ဟုဆို၍ရသည်။
မုဖူရှန်း၏စီနီယာတဖြစ်လဲ ရှီရှန်းကို တောင်းပန်ခြင်းက အတော်လေးသက်ရောက်မှုရှိသည်။
သို့စေကာမူ မုဖူရှန်းဒါကိုလက်လွတ်စပယ်မလုပ်နိုင်ပေ။
သူကအရမ်းသတိထားတတ်သည့်လူမျိုးဖြစ်ပြီး တခြားသူများကို ရန်စစော်ကားရန်အတွက် ပမာဏခြေလှမ်းမလှမ်းတတ်ပါ။ သို့သော် သူတခြားအင်အားစုများနှင့် ရန်သူဖြစ်လာသည်နှင့်တပြိုင်နက် သူတို့ကို အလျင်အမြန် သုတ်သင်ပစ်ရန်အတွက် နည်းလမ်းတခုကို တွေးတောပေလိမ့်မည်။
မဟုတ်ပါက ဒါကပုန်းကွယ်နေသည့်အန္တရာယ်တခုဖြစ်လာနိုင်သည်။
အကျပ်အတည်းကာလတွင် ဒီပုန်းကွယ်နေသည့်အန္တရာယ်က ချိန်ကိုက်ဗုံးတခုပမာ ပေါက်ကွဲသွားပြီး ၎င်း၏ဖျက်ဆီးခြင်းမီးတောက်များက သူ့ကိုဝါးမြိုသွားပေလိမ့်မည်။
ထို့ကြောင့် မုဖူရှန်းတုံ့ဆိုင်းမနေသလို သူ့အစ်ကိုကြီးနှင့် အစ်ကိုရှီရှန်းတို့၏ ထင်မြင်ချက်ကို မမေးဘဲ ဟွမ်အိုအား ပြုံးပြသည်။
ထို့နောက် ရင်ဘတ်အားပုတ်လိုက်စဉ် ရုတ်ချည်းဆိုသလို ကာကွယ်ရေးအတားအဆီးအလွှာများက တခုပြီးတခုမုဖူရှန်းကို လွှမ်းခြုံသွား၏။
ကိုးသွယ်မိုးကြိုးဒိုင်းအဆောင်အခုတစ်ရာကျော်ပင်ရှိနေခဲ့သည်။
တချိန်တည်းမှာပင် သူလက်ထဲတွင် ကောင်းကင်ဘုံလွတ်မြောက်အဆောင်ကို ကိုင်ထားလိုက်၏။
၎င်းနောက် လေးစားခံအကြီးအကဲကောင်းအား လက်နှစ်ဖက်ဆုပ်ပြရင်း ပြောသည်။
"စီနီယာ၊ ကျေးဇူးပြုပြီးလှုပ်ရှားလိုက်ပါ"
ဟွမ်အို၏အမူအရာကအကြီးအကျယ်ပြောင်းလဲသွားပြီး သူ့အကြည့်က ခက်ထန်သွားသည်။
သူမုဖူရှန်းအားဖမ်းရန်အတွက် မုဖူရှန်းဘေးသို့ရောက်လာသည်။ အဓိကအကြောင်းရင်းက မြင့်မြတ်အဆောင်ဂိုဏ်းက ကြယ်ဗိမာန်အား ဖျက်ဆီးပစ်တော့မည့်အပေါ် ကျေးဇူးမသိဘဲ ခွင့်ပြုပေးသည့် မုဖူရှန်းအား ဖမ်းလိုခြင်းပင်။
ဒီနည်းလမ်းဖြင့် သူကမုဖူရှန်းကို လေးစားခံအကြီးအကဲကောင်းမလှုပ်ရှားသေးခင် ဓားစာခံအဖြစ် ဖမ်းထားနိုင်မည်ဖြစ်သည်။
သို့စေကာမူ မုဖူရှန်းတခြားတဘက်က အတွေးများကို ခန့်မှန်းထားပြီးဖြစ်သည်။
ထို့ကြောင့်လည်း သူကအကာအကွယ်ပုံစံ၌ ရှိနေရခြင်းပင်။
ထိုအတိုင်းပင် ထိုးကိုးလွှာမိုးကြိုးဒိုင်းတစ်ရာကျော်က ဟွမ်အိုကို အသက်ရှူကြိမ်တကြိမ်မျှ နှောင့်နှေးစေခဲ့သည်။
ကောင်းကင်အင်မော်တယ်အထွတ်အထိပ်များက မည်မျှအထိလုပ်ဆောင်နိုင်သနည်း။
ဒါက ဟွမ်အိုအသက်ကိုယူရန်အတွက် လုံလောက်နေပါပြီ။
ပေါက်ကွဲသွားသည့်ဓားဆန္ဒတခုက အကန့်အသတ်ရောက်သည်အထိ သိပ်သည်းသွားပြီး ဟွမ်အိုနောက်ကနေ တိုက်ရိုက်ပစ်၀င်လာသည်။
ထို့နောက် မည်သူမျှမတုံ့ပြန်နိုင်သောအမြန်နှုန်းဖြင့် ဟွမ်အိုကျောကို ထိုးဖောက်သွား၏။
ဖူး.....!
ဟွမ်အိုကျောကနေ ရင်ဘတ်အထိ သွေးစီးကြောင်းများကစီးကျလာကြပြီး မုဖူရှန်းနှင့် မီတာတ၀က်ခန့်အကွာတွင်ရပ်သွားသည်။
သူ့မျက်လုံးများက နောင်တတရားဖြင့် ပြည့်နှက်နေသည်။
သူ့မျက်လုံးများကပြူးကျယ်နေပြီး အသက်ဓာတ်ကင်းမဲ့စွာပင် ရှေ့သို့ကျသွားသည်။
ဗိမာန်တော်ရှိ ခေတ်တခေတ်၏အဆောင်သခင်၊ ကောင်းကင်အင်မော်တယ်အစောပိုင်းအဆင့်ကျင့်ကြံသူတစ်ဦးက ယခုလိုသေဆုံးသွားခဲ့ရသည်။
ဗိမာန်တော်ကတပည့်များက ဒီမြင်ကွင်းကိုမြင်သောအခါ ကြောက်ရွှံ့သွားကြပြီး နေရာအနှံ့သို့ စတင်ပြေးလွှားကြလေတော့သည်။
ခန်းမသခင်ကသေဆုံးသွားပြီဖြစ်လေရာ တိုက်ခိုက်နေတာကဘာအသုံး၀င်တော့မည်နည်း။
ဒါကိုမြင်သောအခါ မုဖူရှန်းတွေးပင်မတွေးဘဲ ပြောလိုက်သည်။
"စီနီယာ၊ ကျေးဇူးပြုပြီး ကြယ်ဗိမာန်က လူတိုင်းကိုသတ်ပေးပါ"
လေးစားခံအကြီးအကဲကောင်းက မုဖူရှန်းစကားများကိုကြားပြီးနောက် ခေါင်းညိတ်စဉ် ဘေးက လေးစားခံအကြီးအကဲကမူ သဘောကျသည့်အကြည့်တချက်ကို ပြသလိုက်၏။
ပြဿာနာကို အရင်းအမြစ်ကနေ ဖယ်ရှားသုတ်သင်ပစ်ရမည်။
သူကအနည်းငယ်ရက်စက်ပုံပေါ်သော်လည်း ဒါက မြင့်မြတ်အဆောင်ဂိုဏ်းကို ရှေ့ဆက်ဦးဆောင်နိုင်ရန်အတွက် လိုအပ်သည့်အချက်တချက်ပေတည်း။
သူအောင်မြင်သွားခဲ့သည်။
ထို့နောက် လေးစားခံအကြီးအကဲနှစ်ဦးက တချိန်တည်းတွင် တိုက်ခိုက်ကြသည်။
အသက်ရှူကြိမ်ရေအနည်းငယ်အတွင်းမှာပင် ကြယ်ဗိမာန်၌ အကြီးအကဲများကနေ တပည့်များအထိ မည်သူတစ်ဦးတစ်ယောက်မှ အသက်ရှင်မကျန်ရစ်ခဲ့ပေ။
အခြေအနေရပ်ကိုမသိသည့် အပြင်ဂိုဏ်းတပည့်များပင်လျှင် မကျန်ရှိခဲ့။ ရုတ်ချည်းဆိုသလို ကြယ်ဗိမာန်တခုလုံးက အလောင်းများဖြင့် တောင်ပုံပုံနေသည်။
သွေးများက ဗိမာန်အတွင်းစီးတွေနေကြသလို ကောင်းကင်တခုလုံးကို ရဲရဲနီသွားစေသည်။
ထိုအရာများကိုလုပ်ဆောင်ပြီးနောက် လေးစားခံအကြီးအကဲကောင်းက မုဖူရှန်းအား အမူအရာကင်းမဲ့စွာကြည့်လိုက်သော်လည်း သူ့မျက်လုံးများ၌ သဘောကျလေးစားသည့်အရိပ်အယောင်တခုရှိသည်။
"မုဖူရှန်း၊ ငါတို့နဲ့အတူဂိုဏ်းကိုပြန်လိုက်ခဲ့မလား"
မုဖူရှန်းတခဏမျှတွေးတောပြီးနောက် ခေါင်းညိတ်သည်။
"ကောင်းပါပြီ"
သူအခင်းအကျင်းချိုးဖျက်အဆောင်ကိုလေ့လာချင်သည်။ တချိန်တည်းမှာပင် အဆင့်မြင့်မဟာအကြီးအကဲသုံးဦးဆီကနေ သူအကျိုးအမြတ်ရယူနိုင်သလို ပို၍အသုံး၀င်သည့်အဆောင်များကိုပင် သင်ယူနိုင်သည်။
ထို့နောက်သူယဲ့ချိုးပိုင်အားကြည့်ရင်းမေးသည်။
"အစ်ကိုကြီး၊ ကျွန်တော်နဲ့အတူလာခဲ့မလား"
ယဲ့ချိုးပိုင်ပြောရန်ပြင်လိုက်စဉ် ဟောင်ကျန်းဟန်ပြုံးပြသည်။
"ယဲ့ချိုးပိုင်၊ ငါနဲ့အတူ ကောင်းကင်ဘုံဓားတောင်ထိပ်ကို အရင်လိုက်ခဲ့၊ အခုမင်းက ဓားတာအိုရဲ့ ထူးကဲနယ်ပယ်ကို ရောက်နေပြီဆိုတော့ အခုမင်းအတွက် အမွေအနှစ်ကို လက်ခံရမယ့်အချိန်ပဲ"
ရှောင်ဟိုင်ခေါင်းကုတ်လိုက်သည်။
"ကျွန်တော် မျောက်ဝံနတ်ဆိုးနယ်မြေကိုသွားချင်တယ်၊ ကျွန်တော့်ကိုယ်ခန္ဓာက ထပ်ပြီး ချိုးဖျက်တော့မယ်လို့ခံစားနေရတယ်..."
အပိုင်း(571) coming။