← Chapters

#ကောင်းကင်ဘုံဓားတောင်ထိပ်လျှို့ဝှက်နယ်မြေ#

Vol. 40 Ch. 571

#ကောင်းကင်ဘုံဓားတောင်ထိပ်လျှို့ဝှက်နယ်မြေ#

Vol. 40 Ch. 571

ကြယ်ဗိမာန်ပျက်စီးပြီးနောက် မုဖူရှန်းနှင့် ကောင်းကင်အင်မော်တယ် လေးစားခံအကြီးအကဲနှစ်ဦးက မြင့်မြတ်အဆောင်ဂိုဏ်းကိုဦးတည်နေကြသလို ရှောင်ဟိုင်ကလည်း သူ့ကိုယ်ခန္ဓာကို ဆက်လက်ပြုပြင်မွမ်းမံရန်အတွက် မျောက်ဝံနတ်ဆိုးပိုင်နက်၊ အင်မော်တယ်မျောက်ဝံကျေးရွာသို့ ဦးတည်လိုက်သည်။

တခြားတဘက်တွင် ရှီရှန်းကမူ စံအိမ်တော်သို့ပြန်သွားခဲ့သည်။ သူကကျင့်ကြံခြင်းနှင့်ပတ်သက်ပြီး မေးခွန်းတချို့ကို လုချန်ရှန်းအား မေးမြန်းရန်လိုအပ်ပါသည်။

ယဲ့ချိုးပိုင်ကမူ ဟောင်ကျန်းဟန်နှင့်အတူ ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်းသို့ ပြန်လာခဲ့ပြီး လမ်းတစ်လျှောက်တွင် ဟောင်ကျန်းဟန်ရှင်းပြသည်။

"ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်းကို စတည်ထောင်ကတည်းက ဘယ်သူမှ လျှို့ဝှက်နယ်မြေရဲ့ အမွေအနှစ်ကို မယူကြသေးဘူး"

"ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်းက ဓားတာအိုရဲ့ပါရမီရှင်တွေမနည်းဘူး၊ ဆန့်ကျင်ဘက်အနေနဲ့ ကောင်းကင်ဘုံဓားတောင်ထိပ်မှာ ဓားတာအိုအပေါ် လျှောက်လှမ်းနေကြတဲ့ ပါရမီရှင်တွေအများကြီးရှိတယ်၊ ဒါပေမယ့် သူတို့မှာ ရှေးဦးမူလခေးအောစ့်ကိုယ်ခန္ဓာမရှိလို့ နောက်ဆုံးအမွေအနှစ်ကို မရယူနိုင်ကြဘူး"

ကောင်းကင်ဘုံဓားတောင်ထိပ်ကိုတည်ထောင်သူ ဝူကျင်းရှုတွင်လည်း ယဲ့ချိုးပိုင်ကဲ့သို့ ရှေးဦးမူလခေးအောစ့်ခန္ဓာရှိသည်။

ယဲ့ချိုးပိုင်ခေါင်းညိတ်ကာ စိတ်ရှုပ်ထွေးနေသည့်အသွင်မေးသည်။

"ဘိုးဘေးဆရာဝူရဲ့ဓားကိုရနိုင်ဖို့အတွက် ကျွန်တော်မြေအင်မော်တယ်နယ်ပယ်ကို ရောက်ဖို့လိုအပ်တယ်မလား"

ဟောင်ကျန်းဟန်ပြုံးပြသည်။

"အမွေအနှစ်နဲ့ ဓားဆိုတာက လုံး၀ကွဲပြားတဲ့အရာနှစ်ခုပဲ၊ မင်းဓားတာအိုမှာ ထူးကဲနယ်ပယ်ကိုရောက်နေသရွေ့ အမွေအနှစ်ကို ရယူဖို့အတွက် ကြိုးစားလို့ရတယ်"

"သေချာတာပေါ့၊ ဘိုးဘေးဆရာရဲ့ဓားကိုရနိုင်မှသာ အမွေအနှစ်စွမ်းအားကို မင်းအပြည့်အ၀ထုတ်လွှတ်နိုင်မှာ"

သူတို့နှစ်ယောက်စကားပြောနေစဉ် ခန်းမတခုရှေ့သို့ရောက်လာသည်။

ဒီခန်းမက ကောင်းကင်ဘုံဓား‌တောင်ထိပ်ပင်မခန်းမအလွန်ရှိ တောင်တန်းကြီးအနက်တွင်တည်ရှိသည်။

အနီးအနားတွင်မည်သူမှမရှိသလို မည်သည့်ကျင့်ကြံသူမှလည်းစောင့်မနေကြပေ။

သို့စေကာမူ သူတို့၀န်းကျင်က မပီပြင်သည့်ဓားအစီအရင်က ကြောက်မက်ဖွယ်ရာစွမ်းအားတခုရှိနေသည်။

ယဲ့ချိုးပိုင်နှင့်ကျန်တစ်ယောက်ရှေ့ရှိ တံခါးနှစ်ဘက်စလုံးတွင် မိုးတိမ်အားထိလုနီးပါး ကျောက်ဓားနှစ်လက်ကို မြေပေါ်၌ ထိုးစိုက်ထားသည်။

ကျောက်ဓား၏ကိုယ်ထည်က လုံး၀ထိခိုက်နေခြင်းမရှိ။

သို့စေကာမူ ရေညှိများနှင့် အစိမ်းရောင်စပျစ်နွယ်များက ဓားတကိုယ်လုံးတွင်ရှိနေလေရာ ဒါက မိုးတိမ်ထိလုနီးပါးကျောက်ဓားနှစ်လက်က အချိန်အတော်ကြာ တည်ရှိခဲ့တာကို ဆိုလိုနေသည်။

ယဲ့ချိုးပိုင်ရှေ့တိုးကာ ဂရုစိုက်ပေးချင်သည့်အလား စပျစ်နွယ်များအား ဆွဲလိုက်၏။

သို့စေကာမူ အစိမ်းရောင်စပျစ်နွယ်များက အလွန်အမင်းအားနည်းနေပုံပေါ်နေတာကို သူတွေ့သော်လည်း ဆွဲယူလိုက်သောအခါ ၎င်းတို့က ကျောက်ဓားပေါ်၌ လုံး၀ကပ်နေသည့်အလား အနည်းငယ်မျှပင် လှုပ်ယမ်းသွားခြင်းမရှိချေ။

ဟောင်ကျန်းဟန်ပြုံးသည်။

"ငါတို့ဒါတွေကိုမရှင်းပစ်ချင်ကြဘူးလို့ မင်းထင်တာလား၊ လျှို့ဝှက်နယ်မြေထဲက အမွေအနှစ်ကို တယောက်ယောက်မရသရွေ့ အဲဒီထဲက အစိမ်းရောင်စပျစ်နွယ်တွေကလည်း ပျောက်ကွယ်သွားမှာမဟုတ်ဘူး၊ ငါတောင်မှမလုပ်နိုင်ဘူး"

ယဲ့ချိုးပိုင်ကြက်သေသေသွားသည်။

ကောင်းကင်အင်မော််တယ်တစ်ယောက်ဖြစ်တဲ့ ဟောင်ကျန်းဟန်တောင် ဓားပေါ်က ဒီအစိမ်းရောင်စပျစ်နွယ်တွေကို မဖယ်ရှားနိုင်ဘူးလား!

"ကောင်းပြီ၊ ၀င်ကြရအောင်"

ထိုနေရာတွင် ဟောင်ကျန်းဟန်ပြုံးနေတာကိုရပ်ပြီး သူ့အမူအရာကလေးနက်သွား၏။

"မင်း၀င်ပြီးတဲ့အခါကြရင် ကိုယ့်ကိုကိုယ်တွန်းအားမပေးနဲ့၊ မင်းမရနိုင်ဘူးဆိုရင် အရင်ဆုံးထွက်လာပါ၊ အခြေအနေရပ်ကို ထိန်ညှိပြီးမှ ၀င်မယ်ဆိုရင်လည်း နောက်မကျသေးပါဘူး"

ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်း၏ လျှို့ဝှက်နယ်မြေကို ငါးနှစ်တကြိမ်ဖွင့်လေ့ရှိသည်။

ဒါကိုတွေးမိသောအခါ ယဲ့ချိုးပိုင် ထူးဆန်းသည့်အမူအရာဖြင့်မေးလိုက်၏။

"လျို့ဝှက်နယ်မြေကို ဒီလိုပုံစံ၀င်လိုက်၊ ထွက်လိုက်လုပ်နေမယ်ဆိုရင် ဒါက ကောင်းကင်ဘုံဓားတောင်ထိပ်က တပည့်တွေကို ဒေါသဖြစ်စေရင်ရော"

ဟောင်ကျန်းဟန်လက်ဝှေ့ယမ်းကာ ထူးမခြားနားစွာပြောသည်။

"မင်းက ကောင်းကင်ဘုံဓားတောင်ထိပ်ရဲ့သူတော်စင်သားတော်ဖြစ်သလို ငါက ကောင်းကင်ဘုံဓားတောင်ထိပ်သခင်ပဲ၊ ငါသဘောတူနေသရွေ့ သူတို့မကျေနပ်ရင်ရောဘာဖြစ်လဲ၊ သူတို့ငါ့ကိုမနိုင်နိုင်ပါဘူး"

ဒါကအတော်လေးထိရှလွယ်သလို တခြားတပည့်များပေါ်၌ အနည်းငယ်မမျှမတဖြစ်စေသည်။

သို့သော်ဒါကနေရာတိုင်းတွင်တူပါသည်။

သင်က ပါရမီရှိပြီး တခြားသူများကိုကျော်လွန်နိုင်သည့်ပါရမီရှင်တစ်ယောက်ဖြစ်နေသရွေ့ တခြားသာမန်လူများထက် ပိုကောင်းသည့်ဆက်ဆံမှုမျိုးကိုရရှိမည်သာ။

မည်သည့်ဂိုဏ်းကမှ သူတို့၏အရင်းအမြစ်များကို သာမန်လူများအတွက် ဖြုန်းတီးမည်မဟုတ်ပေ။

ဒါက အလွန်ပင်ကြီးမားသည့်မတရားမှုပေတည်း။ ထိုသူသာ၀င်ချင်ပါက သူ့အဖေက ဟောင်ကျန်းဟန်ဖြစ်နေမှသာရပေလိမ့်မည်။

ယဲ့ချိုးပိုင်အကူအညီမဲ့စွာပြုံးရင်း တံခါးရှိရာသို့လျှောက်သွားသည်။

တံခါးအားတွန်းနေစရာမလိုပေ။ တဂျုန်းဂျုန်းမြည်ဟီးနေသည့် အသံများစွာနှင့်အတူ တံခါးက နှစ်ဘက်စလုံးကနေ ဖြည်းဖြည်းချင်းပွင့်လာသည်။

ယဲ့ချိုးပိုင်အထဲသို့လျှောက်သွားသည်။

တံခါးကချက်ချင်းပိတ်သွားသည်။

ဟောင်ကျန်းဟန် ပိတ်သွားသည့်တံခါးကိုကြည့်ရင်း တွေးနေမိသည်။

"ကောင်းကင်ဘုံဓားတောင်ထိပ်တည်ရှိရတဲ့ရည်ရွယ်ချက်က ဘိုးဘေးလိုမျိုး တူညီတဲ့ ခန္ဓာရှိတဲ့ ဓားသမားတစ်ယောက်ကိုရှာဖွေပြီး အစွမ်းကုန်ပြုစုပျိုးထောင်ပေးဖို့ပဲ၊ "

"အခု ငါပထမအဆင့်ကိုလုံး၀ပြီးသွားပြီလို့ သတ်မှတ်လို့ရတာပေါ့"

ထိုနေရာတွင် ဟောင်းကျန်းဟန်ခေါင်းခါယမ်းရင်း နေရာတွင်ပင် တင်ပလ္လင်ခွေထိုင်လျက် စတင်ကျင့်ကြံလေတော့သည်။

သူဒီနေရာကိုကာကွယ်ရန်လိုအပ်သလို ယဲ့ချိုးပိုင်အား ဘာတခုမှဖြစ်ခွင့်ပေး၍မရပေ။

ခန်းမကလုံး၀အနက်ရောင်ရှိနေပြီး အလင်းအရင်းအမြစ်ဟူ၍ပင်မရှိချေ။

ယဲ့ချိုးပိုင်ခန်းမပေါ်သို့တက်ပြီး သူ့ကိုယ်ခန္ဓာကိုကာကွယ်ရန်အတွက် ဓားချီကို သုံးလိုက်စဉ် ၎င်းကယဲ့ချိုးပိုင်၏ဓားစွမ်းအားကိုအာရုံခံမိပုံရသည်။

မီးဖယောင်းတိုင်များက အဖြူရောင်မီးတောက်များနှင့် ခန်းမထဲတွင်လောင်ကျွမ်းလာပြီး ယဲ့ချိုးပိုင်ဘေးနှစ်ဘက်ကနေ စတင်ကာ အဆုံးထိ တစ်ခုပြီးတခုလင်း၀င်းသွားကြ၏။

ထို့နောက်တွင်သာ ယဲ့ချိုးပိုင် ၀န်းကျင်ကို ရှင်းလင်းစွာမြင်တွေ့ရတော့သည်။

သူ့ပတ်လည်၌ တခြားလမ်း၊ အခန်းများဟူ၍မရှိဘဲ လူသားအရွယ်အစားရုပ်တုများကသာ ဘေးနှစ်ဘက်တွင်ရှိသည်။

သူလှမ်းကြည့်လိုက်သောအခါ ရှစ်ခုတိတိရှိတာကိုတွေ့လိုက်ရသည်။ ကျောက်ရုပ်တုကိုယ်ထည်နှင့်မျက်နှာတိုင်းက တထေရာတည်းချွတ်စွတ်တူနေသည်။

သူတို့လက်ထဲကဓားပင်လျှင်တူကြပြီး တခုတည်းသောကွာခြားချက်က‌ ကျောက်ရုပ်တုတခုစီ၏ တည်နေရာ၊ အကွာအဝေးနှင့် ဓားနည်းစနစ်တို့က ကွဲပြားခြင်းသာ။

ဓားရုပ်တုတစ်ခုစီတိုင်းက ဓားနည်းစနစ်တခုကိုကိုယ်စားပြုမယ်ဆိုတာက ခန့်မှန်းရန် မခက်ခဲပေ။

ဒါက ဟောင်ကျန်းဟန်ပြောခဲ့သည့် လျှို့ဝှက်နယ်မြေ၏ အမွေအနှစ်ဖြစ်ရပေမည်။

ဒါကိုတွေးမိသောအခါ ယဲ့ချိုးပိုင် ပထမကျောက်ရုပ်တုရှေ့သို့ရောက်လာသည်။

ကျောက်ရုပ်တု၏ဓားက ၎င်း၏ရှေ့အဟုန်ကို ထိန်းသိမ်းထားသည်။

အကြည့်တချက်မှာပင် ဒါက သာမန်ဓားထိုးခြင်းနှင့်တူသော်လည်း ယဲ့ချိုးပိုင်ဂရုတစိုက် အကဲခတ်ကြည့်သောအခါတွင်မူ သူ့ကိုယ်ထဲက ဓားဆန္ဒက အလိုအလျောက်ထွက်လာသည်။

ထို့နောက် ကျောက်ရုပ်တု၏စုပ်ယူခြင်းကိုခံရသည်။ ကျောက်ရုပ်တုက ယဲ့ချိုးပိုင်၏ ဓားဆန္ဒကိုစုပ်ယူပြီးသောအခါ အလိုလို အသက်၀င်လာသည့်အလား ဓားကို ထုတ်လွှတ်ရင်း ရှေ့သို့ထိုးစိုက်လိုက်၏။

ရုပ်အသွင်ဓားဆန္ဒက ဧရာမနဂါးတကောင်အဖြစ် ကျစ်လျစ်သွားပြီး ယဲ့ချိုးပိုင်ထံ တိုး၀င်လာသည်။

ယဲ့ချိုးပိုင်၏အမူအရာက အကြီးအကျယ် ပြောင်းလဲသွားလေတော့သည်။

ဒီဓားဆန္ဒနဂါးက သူ့ကို သေခြင်းတရားအတွက် အန္တရာယ်ရှိသည့်ခံစားချက်အား ခံစားရစေသည်။

သူချက်ချင်းဆိုသလို ထူးကဲဓားဆန္ဒကို ထုတ်လွှတ်ရင်း ဓားပိုင်နက်အဖြစ် ပြောင်းလဲစေပြီးနောက် ဓားပိုင်နက်ထဲက ‌ထိုးထွက်လာသည့်ဓားဆန္ဒက ယဲ့ချိုးပိုင်၏ ကြယ်ကြွေဓားတွင်စုဝေးလာပြီး ပိုင်းချလိုက်သည်။

ရှေးဦးမူလဓားကျမ်း၊ တောင်နှင့်ပင်လယ်များကိုလှန်ခြင်း!

ယဲ့ချိုးပိုင် ဒီဓားချက်ကို မထိန်ချန်ရဲဘဲ အစွမ်းကုန်သုံးသည့်တိုင် သူသွေးတစ်လုပ်အန်လိုက်ရပြီး နောက်သို့လွင့်စင်သွားရသည်။

ထို့နောက် တခြားတဘက်က နံရံပေါ်သို့ အမြောက်ဆန်တခုပမာပစ်၀င်တိုက်ကာ သူ့တကိုယ်လုံးကနံရံပေါ်တွင်ကပ်‌နေသည်။

ဒါကငါ့ကိုအတင်းမလုပ်နဲ့ဆိုတဲ့ ဟောင်းကျန်းဟန်ပြောချင်တဲ့အကြောင်းရင်းများလား!

ယဲ့ချိုးပိုင်ခါးသီးစွာပြုံးသည်။

ပထမဓားချက်သာဖြစ်တည့်တိုင် အတော်လေးအစွမ်းထက်နေလေပြီ။

ဒါက ဒီဓားကမည်မျှထိ အစွမ်းထက်သလဲဆိုတာကို ပြသနေသည်။

သူ့မျက်လုံးများက တိုက်ခိုက်ရေးစိတ်ဓာတ်ဖြင့်လောင်ကျွမ်းသွားပြီး ဓားတာအိုအတွက် လောဘကြီးလာသည်။

အော်ရာကိုထိန်ညှိပြီးနောက် ယဲ့ချိုးပိုင် ကျောက်ရုပ်တုရှေ့တွင်ထပ်မံရပ်လိုက်၏။

ကျောက်ရုပ်တုက သူ့ကိုဘယ်လိုပိုင်းဖြတ်လာမလဲဆိုတာ သူအနီးကပ်ကြည့်မနေဘဲ ယင်းအစားသက်ပြင်းတချက်ရှုသွင်းကာ ဓားဆန္ဒက သူ့ကိုယ်မှ ထပ်မံထိုးထွက်လာပြီး ကျောက်ရုပ်တုကြီးဆီသို့ ပစ်၀င်သွားသည်။

မျှော်လင့်ထားသည့်အတိုင်းပင် ကျောက်ရုပ်တုက ထပ်မံစုပ်ယူလိုက်သည်။ ရုတ်ချည်းဆိုသလို ကျောက်ရုပ်တုက ဓားကိုပြန်ဆွဲယူကာ ဓားဆန္ဒအားလှည့်ပတ်စေပြီး ထိုးလိုက်ပြန်သည်။

ဓားဆန္ဒက နဂါးတကောင်အဖြစ် ပြောင်းလဲသွားပြီး ယဲ့ချိုးပိုင်အား ပိုင်းဖြတ်လာသည်။

ယဲ့ချိုးပိုင်အနည်းငယ်မျှပင် အံ့ဩသင့်မနေတော့ဘဲ နောက်သို့လွင့်စင်သွားရပြန်သည်။

အပိုင်း(572) coming။

All Chapters