#အမှောင်နယ်မြေသို့ဦးတည်ခြင်း#
Vol. 40 Ch. 573
အမှောင်နယ်မြေက ကွန်ရက်ပိုင်းတွင် အတော်လေးထူးခြားပြီး အဆင့်မြင့်ကြယ်နယ်မြေ၌ လျှို့ဝှက်ဆန်းကြယ်သည့် အဖွဲ့အစည်းတခုဖြစ်သည်။
အမှောင်အဆင့်များကို အမှောင်နယ်မြေမှ ဖန်တီးထားခြင်းဖြစ်ကာ အဆင့်မြင့်ကြယ်နယ်မြေက ကျွမ်းကျင်သူများ၏ အဆင့်များကို အမှောင်စာရင်းတွင် မှတ်သားထားသည်။
လျှို့ဝှက်ကျင့်ကြံသူများဆိုလျှင်ပင် အမှောင်နယ်မြေက သူတို့ကိုရှာဖွေပြီး မှတ်သားထားနိုင်သည်။
အင်အားစုအများကြီးက အမှောင်အဆင့်အကြောင်းကိုသိချင်ကြသည်။
အမှောင်နယ်မြေက လျှို့ဝှက်ကျင့်ကြံသူများကို မည်သို့မည်ပုံရှာဖွေကြလေသနည်း။
တချိန်က အမှောင်အဆင့်က ကျင့်ကြံသူတစ်ယောက်က အမည်မသိလျှို့ဝှက်ကျင့်ကြံသူတစ်ယောက်က ရုတ်တရက်အစားထိုးသွားသည်။ သူချက်ချင်းမကျေမနပ်ဖြစ်သွားပြီး ဆွေးနွေးမှုအနည်းငယ်အပြီးတွင် လျှို့ဝှက်ကျင့်ကြံသူကျင့်ကြံသည့်နေရာကို သူရှာတွေ့ခဲ့သည်။
၎င်းနောက်ထိုနေရာကပေါက်ကွဲသွားခဲ့ရသည်။
ထိုအချိန်မှစ၍ အမှောင်စာရင်းကို အဆင့်မြင့်ကြယ်နယ်မြေ၌ အစွမ်းထက်ကျင့်ကြံသူတိုင်းက အသိအမှတ်ပြုခဲ့သည်။
ဒါက အမှောင်နယ်မြေ၏ ထောက်လှမ်းရေးစွမ်းရည်က တမူထူးခြားသည်ဟုဆိုလိုနေခြင်းပင်။
လုချန်ရှန်း၏အကြည့်ကိုမြင်သောအခါ လျိုကျိယုကြက်သေသေသွားသည်။
"ဘာလို့ကျွန်တော့်ကိုဒီလိုကြည့်နေရတာလဲ"
လုချန်ရှန်းမျက်နှာပေါ်၌ ကြင်နာသည့်အပြုံးတပွင့်နှင့်အတူ လျှောက်လာပြီး လျိုကျိယု၏ပခုံးကိုပုတ်သည်။
"ကျိယု၊ ငါမင်းကိုဒီရက်ပိုင်းဘယ်လိုဆက်ဆံခဲ့လဲ"
"ကျွန်တော့်ကိုဘယ်လိုဆက်ဆံခဲ့တာလား"
လျိုကျိယု၏စိတ်က လုချန်ရှန်း၏ ပြင်းထန်သောလေ့ကျင့်မှုမြင်ကွင်းများဖြင့် ပြည့်နှက်သွားကြ၏။
သူခေါင်းမော့ကာ လုချန်ရှန်း၏ ရင်းနှီးလှသည့်အမူအရာကို ထပ်မံကြည့်လိုက်စဉ် လျိုကျိယု၏ကိုယ်က တုန်ယင်သွားရသည်။
သူ့နှုတ်ခမ်းထောင့်စွန်းက တုန်ယင်သွားပြီး တုံ့ဆိုင်းတုံ့ဆိုင်းဖြင့်ဖြေကြားသည်။
"အာ....အမ်.....အဲ၊ စီနီယာလုက ကျွန်တော့်ကို ကောင်းကောင်းဆက်ဆံပါတယ်"
လုချန်ရှန်းအပြုံးဖြင့်ဆက်သည်။
"ကောင်းတယ်၊ ကျိယုက ကြင်နာမှုကို ဘယ်လိုပြန်ပေးဆပ်ရမလဲဆိုတာ သိတဲ့လူတယောက်ဖြစ်တာကို ငါသိတယ်၊ ဟုတ်တယ်မလား"
"...."
"ငါ့မှာတခုခုပြောစရာရှိတယ်၊ ကျိယုမငြင်းပါဘူးနော်"
"...."
"မင်းမဖြေဘူးဆိုရင် မင်းလက်ခံလိုက်တယ်လို့ ငါမှတ်ယူလိုက်မယ်၊ ဟုတ်ပြီလား"
လျိုကျိယု၏ပါးစပ်ထောင့်စွန်းက အဆက်မပြတ်တုန်ယင်နေပြီး သူ့အမူအရာကအနည်းငယ်ကြမ်းတမ်းနေသည်။
သူတဘက်လှည့်ကာ လုချန်ရှန်းဖျစ်ညစ်ထားသည့် ပခုံးကိုကြည့်လိုက်၏။
ကျုပ်ဘယ်လိုဖြေမှာလဲ!
ကျုပ်ပခုံးကိုခင်ဗျားကိုင်ထားတာ ကျိုးလုနီးပါးပဲ!
အဲဒါကအရမ်းနာလွန်းလို့ ကျုပ်ပါးစပ်တောင်မဖွင့်နိုင်တော့ဘူး!
ဘေးကရှီရှန်းက ကျောက်တုံးလေး၏မျက်လုံးများကိုပိတ်ကာပြောသည်။
"အင်း၊ ငါမင်းကို ဘယ်လိုချက်ပြုတ်ရမလဲဆိုတာ သင်ပေးရမလား"
သူကျောက်တုံးလေးကို ဒီမြင်ကွင်းကို မြင်ခွင့်ပေး၍မရပေ။ မဟုတ်ပါက သူ့ဆရာ၏ အကြွင်းမဲ့ပုံရိပ်က ကျောက်တုံးလေး၏ နှလုံးသားထဲတွင် အရှက်စရာဖြစ်သွားပေလိမ့်မည်။
သို့သော်သူမသိတာက ကျောက်တုံးလေးကို ဒီလိုမြင်ကွင်းမျိုးကိုစိတ်ကုန်နေပြီဖြစ်သည်။
ထာ၀ရသက်တမ်းနယ်မြေ၊ စံအိမ်တော်၌ လျိုကျိယု၏ပုံရိပ်က တံခါးစောင့်ခွေးတကောင်ထက် မပိုပေ။ မဟုတ်ဘူး၊ ကျားကြီးတကောင်ထက်မပိုပါ။
"စီနီယာလု၊ ကျွန်တော်သဘောတူချင်တယ်၊ ဒါပေမယ့် ကြယ်ငါးပွင့်သင်းအုပ်ဆရာဖြစ်နေရင်တောင် ကျွန်တော်ကြယ်အနှစ်သာရအကြောင်းကို တခါမှမကြားဖူးဘူး"
လျိုကျိယုခါးသီးစွာပြုံးသည်။
"ကြယ်အနှစ်သာရရဲ့အဆင့်က အရမ်းနိမ့်တာမို့ အမှောင်နယ်မြေရဲ့အာရုံစိုက်မှုနဲ့ မထိုက်တန်တာဖြစ်နိုင်သလို အရမ်းမြင့်တာမို့ ဒါကိုထိဖို့အတွက် ကျွန်တော်တောင် အရည်အချင်းမရှိတာဖြစ်နိုင်တယ်"
သို့စေကာမူ မိုးမခပင်၏ပါးစပ်က ထွက်လာသည့်အရာတခုက မည်သို့မည်ပုံသာမန်ဖြစ်နိုင်မည်နည်း။
"တကယ်လို့ကြယ်အနှစ်သာရအကြောင်းကို သိချင်တယ်ဆိုရင် ကျွန်တော်အဆင့်မြင့်တည်ရှိမှုတွေကိုရှာဖွေရလိမ့်မယ်၊ ဒါ့အပြင် စီနီယာနဲ့အတူ အမှောင်နယ်မြေကို ခရီးထွက်ရလေုက်တယ်..."
လုချန်ရှန်းမျက်မှောင်ကြုတ်လိုက်၏။
လုချန်ရှန်းသဘောမတူမည်ကို စိုးရိမ်သည့်အလား လျိုကျိယုအလျင်စလိုပြောသည်။
"စီနီယာသိတဲ့အတိုင်းပဲ အမှောင်နယ်မြေက စီနီယာကို ချည်နှောင်ထားဖို့ ကြိုးစားနေတာလေ၊ အထက်ကလူတွေက ဒီရက်ပိုင်း ကျွန်တော့်ကိုဘယ်လောက်ထိဖိအားပေးခဲ့သလဲဆိုတာကိုတောင် မသိတော့ဘူး"
"ဒါက ကျွန်တော်တောင်ထိတွေ့ဖို့ အရည်အချင်းမရှိတဲ့အရာတခုပါ၊ ဒါအတွက်တောင်းပန်ဖို့ဆိုတာက မဖြစ်နိုင်ဘူးဆိုတော့ စီနီယာကို ကျွန်တော်နဲ့အတူ သွားဖို့တောင်းဆိုရုံပဲ တတ်နိုင်တော့တယ်၊ ဒါ့အပြင် စီနီယာတန်ဖိုးတခု ပေးဆပ်ရလောက်တယ်..."
အချက်အလက်များအတွက် သူဖလှယ်ရမည်ဖြစ်ကာ ဒါက သတင်းအချက်အလက်၏ တန်ဖိုးအပေါ်တွင်လည်းမူတည်သေးသည်။
လုချန်ရှန်း ဒီစည်းမျဉ်းကိုသိပါသည်။
မိုးမခပင်ပြောခဲ့တာကိုစဉ်းစားကြည့်မည်ဆိုပါက စွန့်စားမှုက ဒီထက်ကြီးမားပုံရသည်။ ဒါ့အပြင် ဒါကရှီရှန်း၏ပါရမီကို တိုးမြှင့်ရန်အတွက် တခုတည်းသောနည်းလမ်းဖြစ်ပုံရသည်။
လုချန်ရှန်းအကူအညီကင်းမဲ့စွာသာ ပြောလိုက်ရသည်။
"ကောင်းပြီလေ၊ ငါမင်းနဲ့အတူသွားမယ်"
လျိုကျိယု၀မ်းသာသွားသည်။
"ကောင်းပြီ၊ အခုချက်ချင်းသွားကြရအောင်"
"အမြန်လုပ်စရာမလိုဘူး၊ ငါအရင်ဆုံးပြင်ဆင်ပါရစေ"
ဘာကိုပြင်ဆင်မှာလဲ!
လျိုကျိယုမေးရန်ပြင်လိုက်စဉ် လုချန်ရှန်းတဖက်လှည့်ကာ သစ်သားအိမ်လေးထဲသို့ ၀င်သွားသည်။
ရှီရှန်းက ကျောက်တုံးလေးကို မီးဖိုချောင်ထဲဆွဲခေါ်သွား၏။
သို့စေကာမူ သူကျောက်တုံးလေးကို ချက်ပြုတ်နည်းသင်ပေးချင်သည်ဟု ပြောခဲ့သော်လည်း အဆုံးသတ်တွင် ဟင်းလျာများကိုမခင်းကျင်းခင်မှာပင် ကျောက်တုံးလေးက အများစုကို လျှို့ဝှက်စွာစားပစ်သည်။
သစ်သားအိမ်လေးထဲတွင် လုချန်ရှန်းအိပ်ရာအစွန်းတွင်ထိုင်ရင်းတွေးနေသည်။
ကြယ်ဝိဉာဉ်အနှစ်သာရ၏တန်ဖိုးက သေချာပေါက်မနိမ့်ကျပေ။ မဟုတ်ပါက အမှောင်နယ်မြေ၌ လျိုကျိယု၏ပုံရိပ်နှင့်အတူ မသိရန်ဟူသည်မဖြစ်နိုင်။
ထို့ကြောင့် ကြယ်ဝိဉာဉ်အနှစ်သာရနှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို ဖလှယ်ရမည့်ဈေးနှုန်းကလည်း သေချာပေါက်မနည်းလှပါ။
သူဘာနှင့်ဖလှယ်သင့်သနည်း။
လူတယောက်ရဲ့ခွန်အားကိုတိုးလာစေနိုင်တဲ့ဆေးလုံးတွေလား!
ဒါကဖြစ်နိုင်သော်လည်း ကြယ်ဝိဉာဉ်အနှစ်သာရလောက်အရေးမပါပေ။
ကျေးဇူးကြွေးတွေကို တိုက်ရိုက်ဖလှယ်ရနလား!
ဒီအတွေး လုချန်ရှန်းစိတ်ထဲ၀င်လာသည်နှင့် သူချက်ချင်းဖယ်ရှားလိုက်သည်။
ကျေးဇူးကြွေးများက ပြန်ပေးဆပ်ရန် အခက်ခဲဆုံးဖြစ်သည်။
ထောက်လှမ်းရေးအဖွဲ့အစည်းတခုအဖြစ် အမှောင်နယ်မြေက ဘာကိုအများဆုံး လိုအပ်လေသနည်း။
သတင်းအချက်အလက်တွေရနိုင်တဲ့စွမ်းရည်ဖြစ်နိုင်သလို လူမိုက်များလည်း ဖြစ်နိုင်သည်။
နောက်ဆုံးတခုကမဖြစ်နိုင်လေရာ ပထမတခုနှင့်သာသူစတင်ရပေတော့မည်။
ထောက်လှမ်းရေးအချက်အလက်များစုဆောင်နိုင်စွမ်းကို တိုးမြှင့်စေခြင်း!
ဒါက အထူးကျင့်ကြံခြင်းနည်းစနစ်များနှင့် အခင်းအကျင်းအစီအရင်များထက်မပိုပါ။
လုချန်ရှန်းတွင် ယခုလိုအထူးကျင့်ကြံခြင်းနည်းစနစ်မျိုးမရှိချေ။
သူကဒီကိစ္စတွင်မတော်ပေ။
ထို့ကြောင့် သူအစီအရင်များကနေ တဆင့်စတင်ရုံသာတတ်နိုင်တော့သည်။
ဒါကိုတွေးမိသောအခါ လုချန်ရှန်းအစီအစဉ်များစတင်လုပ်ဆောင်သည်။
ခုနှစ်ရက်ကုန်ဆုံးသွားပြီးနောက် လုချန်ရှန်း သစ်သားအိမ်လေးထဲကနေ ထွက်လာသည်။
လျိုကျိယုလျှောက်လာပြီးမေးသည်။
"စီနီယာ၊ ဘာတွေများပြင်ဆင်နေတာလဲ"
လုချန်ရှန်းပြုံးပြသည်။
"အချိန်တန်ရင် မင်းသိလာရမှာပါ"
ယခုလိုဆိုးဝါးသည့်အခင်းအကျင်းအစီအရင်လေးတခုကပင် သူ့အတွက် တွေးတောကာလုပ်ဆောင်ရန်အတွက် ခုနှစ်ရက်ကြာမြင့်ခဲ့သည်။
ဒါကပြဿာနာတော့ရှိလာမည်မဟုတ်။
"ကောင်းပြီ၊ သွားကြရအောင်"
လျိုကျိယုပြုံးရင်းခေါင်းညိတ်ပြီး ဟင်းလင်းပြင်သားရဲကိုထုတ်လိုက်စဉ် နှစ်ဦးစလုံးခုန်တက်လိုက်သည်။ သူက လေဟာနယ်အား တိုက်ရိုက်ဖြတ်သန်းပို့ဆောင်ပစ်သည်။
ဟင်းလင်းပြင်သားရဲများက အာကာသယာဉ်များထက် အများကြီးပိုမြန်သလို ပို၍ဘေးကင်းသည်။
မည်သို့ပင်ဆိုစေကာမူ ဟင်းလင်းပြင်သားရဲများကို အာကာသစွမ်းအားများဖြင့် ကျွေးမွေးထားခြင်းဖြစ်လေရာ အာကာသမုန်တိုင်းများနှင့် အရှုပ်အထွေးများက ၎င်းတို့ပေါ်၌ ခြိမ်းခြောက်မှုကိုမဖြစ်စေနိုင်ပေ။
ဒီအတားအဆီးနှစ်ခုမရှိသဖြင့် အမြန်နှုန်းကလည်း တိုးလာခဲ့သည်။
ဧရာမသားရဲကျောပေါ်တွင် လျိုကျိယုက
"စီနီယာလု၊ အမှောင်နယ်မြေက စီနီယာတွေကို ကျွန်တော်ဆက်သွယ်ပြီးပါပြီ"
"သူတို့က ကြယ်ဝိဉာဉ်အနှစ်သာရအကြောင်းကို နည်းနည်းသိကြတယ်ဆိုပေမယ့် ဒါက Sအဆင့်လျှို့ဝှက်ချက်တခုပဲ၊ အထက်စီနီယာတွေနဲ့ ဒါကို စီနီယာကိုယ်တိုင်ဆွေးနွေးဖို့လိုတယ်"
လုချန်ရှန်းခေါင်းညိတ်သည်။
သူတို့သိတာကောင်းသည်။ အမှောင်နယ်မြေကလည်းမသိဘဲ သူ့ကိုရှာရန်အတွက် တောင်းဆိုလာမှာကို သူကြောက်နေခြင်းပင်။
"ဒါပေမယ့် ဈေးနှုန်းကတော့နည်းနည်းမြင့်နိုင်တယ်၊ Sအဆင့်လျှို့ဝှက်ချက်တွေက သာမန်ပစ္စည်းတွေနဲ့ လဲလှယ်လို့ရတဲ့အရာတွေမဟုတ်ဘူးလေ"
ထိုနေရာတွင် လျိုကျိယုတခဏမျှတိတ်ဆိတ်သွားပြီးနောက်ပြောသည်။
"ဒါပေမယ့် စီနီယာလုသာ အမှောင်နယ်မြေကို၀င်ဖို့ဆန္ဒရှိရင် ဒီလျှို့ဝှက်ချက်ကိုရနိုင်လောက်တယ်"
လုချန်ရှန်းပြုံးသည်။
"မင်းသိတဲ့အတိုင်းပဲ ငါအမှောင်နယ်မြေကို ၀င်မှာမဟုတ်ဘူး"
ထိုစကားကိုကြားသောအခါ လျိုကျိယုခါးသီးစွာပြုံးသည်။
"ဒါကနည်းနည်းခက်နိုင်တယ်၊ ဒါမှမဟုတ် မဖြစ်နိုင်သလောက်လုနီးပါးပဲ"
"ဘာပဲဆိုဆို Sအဆင့်သတင်းအချက်အလက်တွေကို အမှောင်နယ်မြေက သူတို့လိုချင်တာတွေပေးနိုင်မှပဲ ရယူနိုင်မှာ"
"ပြီးတော့ သူတို့ရဲ့ပစ်မှတ်က စီနီယာပဲလေ"
လုချန်ရှန်းပခုံးတွန့်လိုက်သည်။
အကယ်၍ ဒီအခင်းအကျင်းအစီအရင်ကသာအလုပ်မဖြစ်ပါက သူဗုဒ္ဓတထောင်နယ်မြေကိုသာ ခရီးတထောက်သွားရပေတော့မည်။
ဂိုဏ်းတစ်ဂိုဏ်းကို၀င်ပြီး တခြားသူများ၏ထိန်းချုပ်ခြင်းကိုခံရတာက ကောင်းသည့်အကြောင်းရင်းမဟုတ်ပေ။ ဒါကအန္တရာယ်ရှိသလို ကံကြမ္မာကိုလည်း ပြောင်းစေနိုင်သည်။
အပိုင်း(574) coming။