#ကြယ်ဝိဉာဉ်အနှစ်သာရ#
Vol. 40 Ch. 572
မည်သည့်အတွက်ကြောင့် ကောင်းကင်ဘုံဓားတောင်ထိပ်လျှို့ဝှက်နယ်မြေထဲတွင် အမွေအနှစ်ကို နားလည်သဘောပေါက်နိုင်သည့်တပည့်များရှိနေရလေသနည်း။
ပထမဆုံးအနေနှင့် ပထမအခြေအနေကပင် သူတို့ကိုစိတ်ပျက်အားငယ်သွားစေရန် လုံလောက်နေလေပြီ။
ရုပ်တုတိုင်းက အသက်၀င်လာရန်အတွက် ဓားဆန္ဒကိုစုပ်ယူရန်လိုအပ်သည်။
သို့စေကာမူ ရုပ်တုများက မူလရှေးဦးခေးအောစ့်ခန္ဓာမှ ထုတ်လွှတ်သည့်ဓားဆန္ဒကို လိုအပ်လေရာ မည်သည့်ဓားဆန္ဒကမှ ရုပ်တုကို အသက်သွင်း၍မရပေ။
ဒါကလည်း ကောင်းကင်ဘုံဓားတောင်ထိပ်က အမြဲလိုလိုဒုတိယတန်းစားဂိုဏ်းတစ်ဂိုဏ်းသာဖြစ်ပြီး တည်ထောင်သူဘိုးဘေးချန်ထားခဲ့သည့် တခြားကျင့်စဉ်များကိုသာ မှီခိုအားကိုးနေရသည့်အကြောင်းရင်းဖြစ်သည်။
သူတို့သာ ဒီထဲကဓားပညာရပ်များကိုနားလည်နိုင်ပါက ကောင်းကင်ဘုံဓားတောင်ထိပ်အဖို့ ပထမတန်းစားဂိုဏ်းတခုအဖြစ်သို့ တက်လှမ်းရန်အတွက် သေချာပေါက်ခက်ခဲမည်မဟုတ်တော့။
ထိုအချိန်တွင် ယဲ့ချိုးပိုင်ပထမရုပ်တုရှေ့တွင်ရပ်နေသည်။
၎င်း၏ဓားချက်ကြောင့် သူအကြိမ်ရေမည်မျှပင် လွင့်စင်ခဲ့ရသလဲဆိုတာ မသိပေ။
ဒီအတောအတွင်း သူ့အသက်ကို ဆုံးရှုံးလုနီးပါးပင်ဖြစ်ခဲ့သည်။
သူ့ဝိဉာဉ်ချီကုန်ခမ်းသွားသည့် အခြေအနေရပ်များလည်းရှိခဲ့သော်လည်း ဒီအရာများကို လုချန်ရှန်းပေးထားသည့် ဆေးလုံးများဖြင့် ဖြည့်ဆည်း၍ရသည်။
ဒီအရာအားလုံးက ယုတ္တိရှိပေသည်။ သူကဒီနေရာ၌ပင်ရပ်နေခြင်းမဟုတ်ဘဲ လက်ရှိယဲ့ချိုးပိုင်တွင် ဒီဓားနှင့်ဆွဲဆောင်နိုင်သည့် အရည်အချင်းတချို့ရှိနေလေပြီ။
ထိုအချိန်တွင် ယဲ့ချိုးပိုင် ဓားဆန္ဒကို ရုပ်တုထဲသို့ ထပ်မံထည့်သွင်းသောအခါ အရင်ကဲ့သို့ပင် ရုပ်တုကအသက်၀င်လာပုံရသည်။
၎င်းကတံတောင်ဆစ်ကိုအနည်းငယ်ကွေးရင်း ဓားကိုဆွဲယူပြီးနောက် ဓားဆန္ဒနဂါးက ယဲ့ချိုးပိုင်ဆီသို့ ထပ်မံဟိန်းလိုက်၏။
ဒါကိုမြင်သောအခါ ယဲ့ချိုးပိုင်၏မျက်လုံးများက တက်ကြွမှုများဖြင့်ပြည့်နှက်သွားသည်။ သူ့တွင်နောက်ဆုတ်ရန်အတွက် ရည်ရွယ်ချက်မရှိပေ။
သူလက်ထဲက ကြယ်ကြွေဓားကိုဖယ်ရှားလိုက်ပြီး ထူးကဲဓားတာအိုအနှစ်သာရက သူ့ကိုယ်ထဲကနေ ထွက်လာကာ တဖြည်းဖြည်း ဓားကိုဝိုင်းရံလိုက်ကြသည်။
ကြယ်ကြွေဓားထိုးဖောက်သွားစဉ် ထိတွေ့နိုင်သည့်ဓားဆန္ဒက ကျစ်လျစ်ပြီး ဓားဆန္ဒနဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွား၏။
ဓားဆန္ဒနဂါးနှစ်ကောင်ကဟိန်းရင်း ခေါင်းများကအချင်းချင်းတိုက်မိကြပြီး တခဏအကြာတွင် ဓားဆန္ဒက ခန်းမထဲတွင် ထိုးတက်လာခဲ့သည်။
ရုင်အသွင်ရှိလာပုံရသည့်ဓားဆန္ဒက နေရာအနှံ့ပေါက်ကွဲသွား၏။
အကယ်၍ဒီနေရာကသာ သာမန်အိမ်တစ်လုံးဆိုပါက ပြိုလဲကျသွားသည်မှာ ကြာမြင့်နေလေပြီ။
သို့စေကာမူ ခန်းမထဲတွင် ရုပ်အသွင်ဓားဆန္ဒက အုတ်ခဲများနှင့်ချပ်ပြားများကိုပင် ထိခိုက်အောင်မလုပ်နိုင်ပေ။
သေးငယ်သည့်ခြေရာလေးတခုပင်လျှင် ကျန်မနေခဲ့ပါ။
ရုပ်တုကိုးခုကိုမူစရာပင်မလို။
ထိုအချိန်တွင် ဓားနဂါးနှစ်ကောင်က တချိန်တည်း၌ ပျောက်ကွယ်သွားကြပြီး ယဲ့ချိုးပိုင်ရှေ့ကပထမရုပ်တုက ဓားဆန္ဒကို ကျစ်လျစ်စေပြီးနောက် ယဲ့ချိုးပိုင်ကိုယ်ထဲသို့ ချက်ချင်း၀င်လာစေသည်။
ယဲ့ချိုးပိုင်၏ကိုယ်ကရုတ်တရက်တုန်ယင်သွားသည်။
ဒီဓားဆန္ဒက ထက်ရှပြင်းထန်သော်လည်း သူ့ကိုယ်ထဲက မရီဒျန်များနှင့် အရိုးများကို မထိခိုက်စေခဲ့ပေ။
အစိတ်အပိုင်းတခုက သူ့ဒန်တျန်ထဲတွင် ပေါင်းစပ်ကာ ယှဉ်၍မရနိုင်သည့်သန့်စင်သောဝိဉာဉ်ချီအဖြစ် ပြောင်းသွားသည်။
တခြားတပိုင်းကမူ ယဲ့ချိုးပိုင်၏ ခြေလက်များနှင့်အရိုးများပေါ်စီးဆင်းသွားပြီး သွေးကြောများအား ထိုးဖောက်ကာ သွေးစီးနှုန်းအား တိုးတက်လာစေသည်။
သွေးပြောင်းလဲခြင်းနယ်ပယ်လား!
ဒီနယ်ပယ်က ဝိဉာဉ်ချီသာမက သေမျိုးတွေကို ကိုယ်ထဲက သေမျိုးသွေးအားလုံးကို ပြောင်းလဲပစ်ရန်လည်းလိုအပ်သည်။
တစ်နည်းအားဖြင့် ဒါကသွေးဖလှယ်ခြင်းပင်။
ထို့နောက်တွင်သာ သွေးပြောင်းလဲခြင်းနယ်ပယ်သို့ချိုးဖျက်နိုင်မည်ဖြစ်သည်။
ဒါကလည်း အဆင့်နိမ့်ကြယ်နယ်မြေတွင် သွေးပြောင်းလဲခြင်းနယ်ပယ်ကျင့်ကြံသူမရှိရသည့်အကြောင်းရင်းတခုဖြစ်သည်။ ထိုနေရာ၌ အခြေအနေများ၊ အခွင့်အလမ်းများမရှိချေ။
ကိုယ်ထဲက ပြောင်းလဲမှုကိုခံစားရသဖြင့် ယဲ့ချိုးပိုင်၏အမူအရာကလေးနက်သွားသည်။
ချက်ချင်းပင် တင်ပလ္လင်ခွေထိုင်ပြီး ကျင့်ကြံရန်အတွက် ရှေးဦးမူလဓားကျမ်းကို စတင်လှည့်ပတ်လိုက်သည်။
နှစ်ရက်အတွင်းမှာပင်ယဲ့ချိုးပိုင် တာအိုနယ်ပယ်အလယ်အလတ်အဆင့်ကနေ အထွတ်အထိပ်အဆင့်သို့ချိုးဖျက်သွားခဲ့သည်။
တချိန်တည်းမှာပင် သူ့ကိုယ်ထဲကသွေးကြောကအနည်းငယ်ပြောင်းလဲသွားခဲ့သည်။
ထို့ထဲတွင် ဓားဆန္ဒတခုပါ၀င်သည့်သာမက မူလရှေးဦးခေးအောစ့်ချီလည်းပါ၀င်သည်။
ယဲ့ချိုးပိုင်ထရပ်ကာပြုံးလိုက်သည်။
"ငါသွေးပြောင်းလဲခြင်းနယ်ပယ်ကိုတောင် ချိုးဖျက်ကောင်းချိုးဖျက်နိုင်တာပဲ"
ထို့နောက် သူဒုတိယရုပ်တုရှိရာသို့လျှောက်သွားသည်။ နံရံနှင့်ကိုယ်ထိမှန်ရိုက်ခတ်နေသည့်အသံများက ခန်းမထဲတွင် ထပ်မံပဲ့တင်ထပ်လာသည်။
ရှီရှန်း စံအိမ်တော်သို့ပြန်လာသောအခါ လုချန်ရှန်းက ကျောက်တုံးလေးကို သက်ကြားပေးနေသည်။ လေးနက်သည့်မူအရာဖြင့် သူမေးသည်။
"ကျင့်ကြံသူတစ်ယောက်အတွက် အရေးအကြီးဆုံးကဘာလဲ၊ ကျင့်ကြံခြင်းအဆင့်လား၊ အခွင့်အလမ်းလား၊ ပါရမီလား"
"မှားတယ်၊ ဒါတွေတခုမှမဟုတ်ဘူး"
"အရေးအကြီးဆုံးက ရှင်ကျန်ဖို့ပဲ"
"အသက်ရှင်နေသေးသရွေ့ ကျင့်ကြံခြင်းအခွင့်အလမ်းတွေဆိုတာ အမြဲရှိမှာပဲ"
"တနည်းပြောရရင် တခြားကျင့်ကြံသူတွေကိုမင်းသတ်နိုင်ပြီး သူတို့အုတ်ဂူပေါ်မှာ ဆော့ကစားနိုင်သရွေ့ မင်းကအားအကောင်းဆုံးပဲ"
လျိုကျိယုမျက်နှာကိုဖုံးထားမိသည်။
စပြန်ပြီလား!
ဘာလို့ဒီစာသားက အရမ်းစိတ်အနှောက်အယှက်ဖြစ်လွန်းတယ်လို့ထင်ရတာလဲ၊
ရှီရှန်းက ထိုစကားကိုကြားသောအခါ ပြုံးမိသည်။
တခြားသူတွေရဲ့ဆရာတွေက သူတို့တပည့်တွေကို အခွင့်အလမ်းတွေအတွက်တိုက်ခိုက်ဖို့ လျှို့ဝှက်နယ်မြေအသီးသီးကို သွားခိုင်းကြတယ်!
ပြီးတော့ တိုက်ခိုက်ခြင်းက ကျင့်ကြံဖို့အတွက် အကောင်းဆုံးနည်းလမ်းလို့ပြောကြတယ်!
ဘာလို့ငါ့ဆရာရဲ့စတိုင်ကကွဲပြားနေရတာလဲ!
လုချန်ရှန်းကလည်းရှီရှန်းအားသတိထားမိသည်။ သူစိုက်ကြည့်ရင်းမေးသည်။
"မင်းဘာလို့ပြန်လာတာလဲ၊ ပြဿာနာရှာထားပြန်ပြီလား"
သို့စေကာမူ သူစိတ်သက်သာရာရစွာ တိတ်တဆိတ်သက်ပြင်းချမိသည်။ ရှီရှန်းအဆင်ပြေနေတာကောင်းသည်။
ရှီရှန်းခေါင်းကုတ်ကာ ပြုံးလိုက်သည်။
"ဘာမှမဟုတ်ပါဘူး၊ ဆရာ့ကိုတွေ့ချင်လို့ ပြန်လာတာပါ"
"ခံစားချက်ပြင်းပြတဲ့ပုံလာမလုပ်နဲ့၊ မင်းမှာပြောစရာတခုခုရှိရင်ပြော၊ မရှိဘူးဆိုရင်လည်း သွားပြီးချက်ပြုတ်တော့"
ရှီရှန်း "...."
"အပြင်မှာကျင့်ကြံဖို့အတွက် နေရာမရှိလို့ပါ၊ ဒီအကြောင်းတွေးမိတော့ ဆရာ့ဆီကနေ သင်ကြားခံရတာက ပိုကောင်းမယ်ထင်မိလို့ပါ"
ထိုစကားကိုကြားသောအခါ လျိုကျိယုအကူအညီမဲ့သွားသည်။
နောက်ဆုံးတော့ တယောက်က တွေ့သွားပြီပေါ့!
ငါတောင်မမြင်နိုင်သည့် ဒီလိုအရာမျိုးနဲ့ဆိုရင် ဘာလို့အပြင်သွားဖို့လိုဦးမှာလဲ!
သို့စေကာမူ လုချန်ရှန်း၏နောက်ထပ်စကားလုံးများက လျိုကျိယုကို ဆွံအသွားစေသည်။
"မင်းငါ့ကိုမင်းကိုသင်ပေးစေချင်တာလား၊ ဒီကောင်စုတ်လေးကိုသင်ပေးနေတာကတောင် အရန်းပင်ပန်းနေပြီ၊ ငါ့ကို မင်းကိုလည်းသင်စေချင်သေးတာလား"
ကျောက်တုံးလေးက ထိုအခွင့်အရေးကိုအသုံးချပြီး ရှီရှန်းနောက်သို့ပြေးပုန်းကာ ရှီရှန်းအင်္ကျီလက်ကိုဆွဲရင်းပြောသည်။
"အစ်ကို၊ ဘာလို့ကျွန်တော့်ကို အပြင်ကို ကစားဖို့မခေါ်သွားရတာလဲ၊ တနေ့လုံး ဆရာ့ရဲ့ဟောပြောချက်တွေကိုနားထောင်နေရတာက အရမ်းပျင်းဖို့ကောင်းတယ်..."
လုချန်ရှန်း၏မျက်ခုံးများကတုန်ယင်သွား၏။
သူခေါင်းကိုအသာအယာခါယမ်းရင်း မိုးမခပင်ဆီသို့လျှောက်သွားပြီးမေးသည်။
"ရှောင်လု၊ လူတယောက်ရဲ့ပါရမီကို တိုးစေနိုင်တဲ့ နတ်ပစ္စည်းတခုခုများရှိလား"
ရှီရှန်း၏ပါရမီက SSအဆင့်သာရှိသေးသည်။
အရင်က စနစ်က ရှီရှန်း၏ပါရမီကို SSSအဆင့်သို့မြှင့်တင်ရန်အတွက် လေ့ကျင့်ရေးတာ၀န်တခုကို ထုတ်ပြန်ခဲ့သော်လည်း မပြီးသေးပေ။
လုချန်ရှန်းက အဖြေတခုကိုမတွေးခဲ့ခြင်းမဟုတ်ဘဲ သူ့ပါရမီကို တိုးတက်စေရန်အတွက် သူသိထားသည့် ဆေးလုံးအားလုံးကို စမ်းသပ်ခဲ့သည်။
သို့စေကာမူ ယခုတွင်မူ ဒါက ရှီရှန်းအတွက် အသုံးမ၀င်တော့ပါ။
အကယ်၍ ဒီနေရာတွင် သာမန်လူတစ်ယောက်ဆိုပါက ဒီဆေးလုံးများက သူ့ကို ထိပ်တန်းဂိုဏ်းတစ်ဂိုဏ်း၏ ပါရမီရှင်တစ်ဦးဖြစ်လာစေရန် လုံလောက်နေပါပြီ။
လုချန်ရှန်း မိုးမခကိုင်းအားပွတ်သပ်သည်။
"လူတယောက်ရဲ့ပါရမီကိုတိုးစေတဲ့ နည်းလမ်းတွေနဲ့ ဆေးလုံးတွေကအရမ်းရှားတယ်ဆိုပေမယ့် နယ်နိမိတ်မဲ့နယ်မြေတခုလုံးမှာ နည်းလမ်းတွေအများကြီးရှိတယ်"
"အဲဒီဆေးလုံးတွေကလည်းအသုံးမ၀င်တော့ဘူး၊ ဖြစ်နိုင်တာက ရှီရှန်းက ပရမ်းပတာကြယ်မှတ်တမ်းကိုကျင့်ကြံပြီး ကြယ်တာယာကောင်းကင်ဒန်တျန်ကို ဖွင့်လှစ်ခဲ့လို့ဖြစ်မယ်"
ကြယ်တာယာကောင်းကင်ဒန်တျန်က ကြယ်တာယာကောင်းကင်စွမ်းအားများစွာကို လိုအပ်သလို အခြေအနေရပ်များကလည်း အရမ်းပြင်းထန်သည်။
အတိုင်းအတာတခုအထိ ဒါက ရှီရှန်း၏ ပါရမီတိုးတက်မှုကိုလည်းသက်ရောက်ခဲ့သည်။
လုချန်ရှန်းခေါင်းကိုက်လာသလိုပင်ခံစားရသည်။
"တခြားနည်းလမ်းတခုခုများရှိလား"
မိုးမခပင်ကတခဏမျှတွေးလိုက်မိသည်။
"ရှိတယ်၊ ဒဏ္ဍာရီထဲက ဗုဒ္ဓရုပ်ကြွင်းက ဗုဒ္ဓတထောင်နယ်မြေရဲ့အထွတ်အမြတ်ရတနာတခုပဲ၊ ဒါကိုစုပ်ယူပြီးတဲ့အခါကျရင် ရှီရှန်းရဲ့ပါရမီကို တိုးမြှင့်နိုင်လောက်တယ်"
လျိုကျိယု၏မျက်ခုံးများကတုန်ယင်သွား၏။
ဗုဒ္ဓနထောင်နယ်မြေက အဆင့်မြင့်ကြယ်နယ်မြေ၌ ထိပ်တန်းတည်ရှိမှုတခုဖြစ်သည်။
၎င်းတို့၏ရုပ်ကြွင်း(အကြွင်းအကျန်)ကို ဗုဒ္ဓတထောင်နယ်မြေက သက်ရှိပုံစံငယ်တခုဟုပင် မှတ်ယူထားသည်။
ထိုစကားကိုကြားသောအခါ လုချန်ရှန်းချက်ချင်းခေါင်းခါယမ်းသည်။
"မရဘူး၊ ဗုဒ္ဓပါ၀င်လာတာနဲ့ ကံအကျိုးဆက်တွေ အများကြီးကျဆင်းလာလိမ့်မယ်၊ တခြားနည်းလမ်းရှိလား"
မိုးမခပင်က လုချန်ရှန်းကိုကောင်းကောင်းသိသဖြင့် အန္တရာယ်ရှိသည့်နေရာများကို မပြောပြခဲ့ပေ။
"ကမ္ဘာ့အစက ကြယ်တသောင်းကျုံ့သွားတဲ့အခါ ထောင်ချီတဲ့ကြယ်နယ်မြေကနေ သိပ်သည်းထားတဲ့ ကြယ်အနှစ်သာရအမျှင်တန်းတွေက ရှီရှန်းအတွက် သင့်တော်လောက်တယ်"
"ဒီကြယ်ဝိဉာဉ်အနှစ်သာရက ကြယ်ထောင်ချီကြားမှာလှည့်ပတ်နေပေမယ့် ဘယ်မှာလဲဆိုတာကိုတော့မသိဘူး"
"ဒါပေမယ့်သူ့ကိုမေးရင်တော့ရလောက်တယ်"
လုချန်ရှန်းတခဏရပ်လိုက်ပြီးနောက် လျိုကျိယုကိုကြည့်လိုက်လေသည်။
အပိုင်း(573) coming။