#အမှောင်သခင်#
Vol. 40 Ch. 574
အဆင့်မြင့်ကြယ်နယ်မြေက ကောင်းကင်သခင်အဆင့်အင်အားစုများပင်လျှင် အမှောင်နယ်မြေကို လေးစားရသည်။
ဒီဂိုဏ်းက အတော်လေးထူးခြားဆန်းကြယ်သည်။
သတင်းအချက်အလက်များကို စုဆောင်းနိုင်သည့် သူတို့၏စွမ်းရည်က အတော်လေးအစွမ်းထက်ပြီး အမှောင်နယ်မြေက သိမ်းသွင်းစုရုံးထားသည့် ကျွမ်းကျင်သူများပင်လျှင် အဆင့်မြင့်ကြယ်နယ်မြေတခုလုံးတွင် ပျံ့နေသည်။
ခြုံငုံကြည့်ရမည်ဆိုပါက အမှောင်နယ်မြေကို ဂိုဏ်းတစ်ဂိုဏ်းဟုမသတ်မှတ်နိုင်ပေ။ ဒါကို အဖွဲ့အစည်းတခုနှင့်ဆင်တူသော တည်ရှိမှုတခုဟုသာ သတ်မှတ်နိုင်သည်။
ထို့ကြောင့် တခြားဂိုဏ်းနှင့်အင်အားစုများတွင် ၀င်ထားပြီးပြီဖြစ်သည့် ကျွမ်းကျင်သူများပင်လျှင် သူတို့ကိုအမှောင်နယ်မြေက ဖိတ်ခေါ်နေသရွေ့၀င်နိုင်သည်။
လိုအပ်ချက်က သူက အမှောင်နယ်မြေ၏ မည်သည့်လျှို့ဝှက်ချက်ကိုမှ မထုတ်ဖော်ဘူးဆို၍ ကောင်းကင်ဘုံတာအိုကျမ်းကျိန်ချက်ကို လုပ်ဆောင်ရခြင်းသာ။
ဒါကတနည်းအားဖြင့် ကန့်သတ်ပိတ်ပင်ထားသလိုဖြစ်နေသော်လည်း အမှောင်နယ်မြေရှိ မတူညီသောအရင်းအမြစ်များနှင့် ဆက်နွှယ်မှုများစွာက ထိုထိပ်တန်းကျွမ်းကျင်သူများကို ဆွဲဆောင်သွားခဲ့သည်။
ဒီဆက်ဆံမှုအားလုံးရှေ့မှောက်တွင် ကန့်သတ်ချက်အနည်းငယ်ကို လက်ခံ၍ရပါသည်။
ဥပမာအားဖြင့် လျိုကျိယုဖြစ်သည်။
အဆင့်မြင့်ကြယ်နယ်မြေ အလယ်အလတ်တန်းစားမိသားစုဖြစ်သည့် လျိုမိသားစု၏ ပါရမီရှင့်သခင်လေးတဖြစ်လဲ သူကအမှောင်နယ်မြေကို၀င်ပြီး ကြယ်ငါးပွင့်သင်းအုပ်ဆရာဖြစ်လာခဲ့သည်။
အမှောင်နယ်မြေကအရမ်းလျှို့ဝှက်လွန်းသည်။
ထို့ကြောင့် အမှောင်နယ်မြေ၏ အထက်အဆင့်လူများမှလွဲ၍ အမှောင်နယ်မြေဌာနချုပ်က ဘယ်မှာတည်ရှိသလဲဆိုတာ မည်သူမှမသိကြပါ။
အပြင်လူများကို ဒီနေရာသို့ အမှောင်နယ်မြေကအဆင့်မြင့်လူများခေါ်လာတတ်သလို အမှောင်နယ်မြေက ဘယ်နေရာမှာ ရှိသလဲဆိုတာကို သိရန်အတွက် ဖိတ်ကြားလေ့ရှိသည်။
သို့စေကာမူ လုချန်ရှန်းကနှစ်ခုစလုံးကို ရရှိခဲ့သည်။
ဟင်းလင်းပြင်သားရဲက အာကာအလွှာများစွာကိုဖြတ်သန်းသွားသော်လည်း ဒီဖြစ်စဉ်၌ မည်သည့်အလင်းမှရှိမနေပါ။
သူတို့က အသူရာချောက်နက်တခုထဲတွင် သွားနေသည့်အလားပင်ထင်ရသည်။
အမည်မသိအချိန်တခုကြာပြီးနောက် လျိုကျိယု၏ညွှန်ကြားချက်နှင့်အတူ ဟင်းလင်းပြင်သားရဲက ရုတ်တရက်ရပ်လိုက်၏။
ပတ်၀န်းကျင်က အတိမှောင်မိုက်ကာ တိတ်ဆိတ်နေသည်။
တခုတည်းသောအသံက ဟင်းလင်းပြင်သားရဲ၏ အသက်ရှုသံဖြစ်ပြီး ၎င်းက ၀န်းကျင်က အာကာသမုန်တိုင်းကိုစုပ်ယူနေသည်။
လုချန်ရှန်းပတ်ပတ်လည်သို့တချက်ကြည့်ရင်း ခေါင်းညိတ်သည်။
"ကြည့်ရတာအမှောင်နယ်မြေက အတော်လေးအစွမ်းထက်ပုံပဲ၊ ဒီနေရာမှာ ကမ္ဘာတစင်းတောင်ဖန်တီးထားတာလား၊ အမှောင်နယ်မြေထဲမှာ တခြားဘယ်သူကမှ မရှာနိုင်ဘူးလို့ မင်းပြောတာ အံ့ဩသင့်စရာမရှိတော့ပါဘူးလေ"
လုချန်ရှန်း၏စကားလုံးများကို ကြားသောအခါ လျိုကျိယုတုန်လှုပ်သွား၏။
"ဒီနေရာမှာ နေရာလပ်တခုရှိတာ စီနီယာဘယ်လိုသိတာလဲ"
လုချန်ရှန်းသိချင်စိတ်ဖြင့်မေးသည်။
"ဒါကအရမ်းခက်ခဲလို့လား၊ ဒီနေရာက အာကာသဆိုင်ရာအရှုပ်အထွေးတွေက တခြားနေရာတွေနဲ့ကွဲပြားတယ်၊ ပြီးတော့ အတော်လေးသိပ်သည်းတဲ့ဝိဉာဉ်ချီကလည်း စီးဆင်းနေတယ်"
လျိုကျိယု "....."
ထို့နောက် ခါးသီးသောအပြုံးဖြင့် သူခေါင်းခါယမ်းသည်။
ဒါကအရမ်းခက်ခဲတာလား၊ သေချာပေါက် ခက်ခဲတာပေါ့!
လုချန်ရှန်းပြောတာကမှန်သည်။ဒီနေရာက အာကာသအရှုပ်အထွေးများနှင့် ဝိဉာဉ်ချီက တခြားနေရာများနှင့် တကယ်ပင်ကွဲပြားသော်လည်း အထူးလမ်းညွှန်မှုသာမရှိပါက သူပင်လျှင် ဒီနေရာကိုရှာဖွေနိုင်မည်မဟုတ်။
သို့သော်လုချန်ရှန်း၏ နက်နဲလှသည့်နတ်စွမ်းအားကိုတွေးမိသောအခါတွင်မူ သူဘာတခုမှမရှာနိုင်ပါက ထူးဆန်းရာရောက်သွားပေလိမ့်မည်။
"ကြည့်ရတာ စီနီယာရဲ့ခွန်အားအပေါ် အမှောင်အဆင့်ရဲ့ထင်မြင်ယူဆချက်က အရမ်းနိမ့်ကျသေးပုံပဲ" လျိုကျိယုခါးသီးစွာပြုံးရင်း လေဟာနယ်ကိုဖွင့်လိုက်သည်။
"စီနီယာကအဆင့်တစ်ဖြစ်သင့်တာ၊ ဒါက ပထမဆုံးအကြိမ် အမှောင်အဆင့်က မှားယွင်းနိုင်တာကို ကျွန်တော်သိလိုက်ရတာပါပဲ"
လုချန်ရှန်းပခုံးတွန့်သည်။
"ကမ္ဘာကြီးကအရမ်းကြီးတယ်၊ ငါ့ထက်အားကောင်းတဲ့လူတွေအများကြီးရှိသေးတယ်၊ အမှောင်အဆင့်က လုံလောက်အောင် မကောင်းသေးတာဖြစ်မှာပါ"
လျိုကျိယုရေရွတ်လိုက်သည်။
"အမှောင်အဆင့်ကအားမကောင်းတာလား၊ စီနီယာတယောက်တည်းပဲဒါကိုပြောရဲတယ်"
"စီနီယာရဲ့ခွန်အားအပေါ် အာရုံခံစားမှုတချို့ရှိရဲ့လား...."
လေဟာနယ်ပွင့်သွားစဉ် နှစ်ဦးစလုံးက ဟင်းလင်းပြင်သားရဲကျောပေါ်ကနေဆင်းကာ အထဲသို့၀င်လိုက်ကြသည်။
ကြောက်ခမန်းလိလိဝိဉာဉ်ချီက သူ့မျက်နှာသို့၀င်လာစဉ် လုချန်ရှန်းမနှစ်မြို့သည့်အသွင်ပြောသည်။
"အမှောင်နယ်မြေက အရမ်းကြွယ်၀ချမ်းသာတယ်မလား၊ ဘာလို့ဝိဉာဉ်ချီက အရမ်းပါးလွှာရတာလဲ"
လျိုကျိယုအကူအညီမဲ့စွာပြောသည်။
"စီနီယာလု၊ အရာအားလုံးက ခင်ဗျားရဲ့ ထာ၀ရသက်တမ်းကမ္ဘာနဲ့တော့ ယှဉ်၍မရဘူးလေ"
"ပြီးတော့ ဒါကအဆင့်မြင့်ကြယ်နယ်မြေဖြစ်ပြီး ဒီနေရာကအမှောင်နယ်မြေပဲ၊ အလယ်အလတ်အဆင့်ကြယ်နယ်မြေ၊ အဆင့်နိမ့်ကြယ်နယ်မြေတွေနဲ့ ယှဉ်မယ်ဆိုရင် ဒီနေရာကဝိဉာဉ်ချီသိပ်သည်းမှုက အဆရာပေါင်းများစွာကိုမြင့်တယ်"
လုချန်ရှန်းပြန်မပြောဘဲ ဘေးဘီဝဲယာသို့သာကြည့်လိုက်သည်။
အမှောင်နယ်မြေက နာမည်ကဲ့သို့ အရမ်းမှောင်မိုက်ခြင်းမရှိပါ။
ဆန့်ကျင်ဘက်ပင် နေရောင်ခြည်က ကြီးမားသည့်အစိမ်းရောင်မြက်ခင်းပေါ်၌ ဖြာကျလင်း၀င်းနေသည်။ မြက်ခင်းပြင်၌ ကျောက်အုတ်ခဲများနှင့်တူသည့် ပစ္စည်းများစွာရှိသည်။
ကျောက်အိမ်ငယ်လေးများပမာဖြစ်နေသည့် ကျောက်အုတ်ခဲတိုင်အစုအဝေး၏ အလယ်တွင် ကောင်းကင်နှင့်မြေကြီးကို ထိုးဖောက်နေသည့် အမှောင်နက်ကျောက်တိုင်တခုရှိသည်။
ကျောက်တိုင်ပေါ်၌ နာမည်နှစ်ဆယ်ပါရှိသည်။
ထိုစာရင်းမှ ဒုတိယနာမည်က ကောင်းကင်က မိုးတိမ်များ၏ တ၀က်ဖုံးအုပ်ထားခြင်းကိုခံရသော်လည်း မှိန်ဖျော့နေပါသေးသည်။
ထိုထဲတွင် လုချန်ရှန်းနာမည်ကို သူမြင်နိုင်ပါသေးသည်။
ပထမဆုံးအနေဖြင့် ၎င်းက တိမ်များ၏ လုံး၀ဖုံးအုပ်ထားခြင်းကိုခံရသည်။
ပတ်ပတ်လည်သို့ကြည့်နေရင်း လုချန်ရှန်း နတ်အသိကိုထုတ်ကာ အမှောင်နယ်မြေတခုလုံးကို လွှမ်းခြုံပစ်သည်။
ပတ်ပတ်လည်လေဟာနယ်၌ လူလေးယောက်ပုန်းနေသည်။
ကျောက်အိမ်လေးများထဲက လူများစွာက သူ့အပေါ်အာရုံစိုက်နေကြ၏။
ထိုအချိန်တွင် လျိုကျိယုက လုချန်ရှန်းကို ကျောက်တိုင်နှင့်အနီးဆုံးတွင်ရှိသည့် ကျောက်အိမ်လေးထဲသို့ခေါ်သွားသည်။
လျိုကျိယုလေးစားစွာဦးညွတ်ရင်း လက်နှစ်ဖက်ဆုပ်သည်။
"အမှောင်သခင်၊ စီနီယာလုရောက်ပါပြီ"
ထိုအချိန်တွင် ကျောက်အိမ်လေး၏ တံခါးက ပွင့်လာသည်။
အလွန်အမင်းငယ်ရွယ်ပုံရသည့်လူငယ်တစ်ယောက်လျှောက်လာသည်။
လုချန်ရှန်း သူ့ကိုစိုက်ကြည့်လိုက်စဉ် အသွင်အပြင်ပြောင်းထားတာကိုသိလိုက်၏။
အမှောင်သခင်ကပြုံးသည်။
"တာအိုမိတ်ဆွေလေးလု၊ ငါမင်းနဲ့တွေ့ရဖို့အတွက်စောင့်ဆိုင်းနေတာပါ"
"မင်းကွေ့ဝိုက်ပြောနေရတာကို မကြိုက်တာကိုငါသိပါတယ်၊ ဒီတော့တည့်တည့်ပဲပြောကြတာပေါ့၊ မင်းလိုချင်တဲ့ကြယ်အနှစ်သာရက ကမ္ဘာအစကတည်းက ပေါက်ဖွားလာခဲ့တဲ့ နတ်ပစ္စည်းတခုပဲ၊ အမှောင်နယ်မြေက ကံကောင်းအားလျော်စွာ ဒါရဲ့သဲလွန်စတွေကို တွေ့ခဲ့တယ်"
"ဒီသဲလွန်စက ငါတို့အမှောင်နယ်မြေရဲ့ Sအဆင့်လျှို့ဝှက်ချက်တခုပဲ၊ ဒါကိုရယူချင်တယ်ဆိုရင် မင်းအမှောင်နယ်မြေကို၀င်ရမယ်"
လုချန်ရှန်းပြုံးရင်း ခေါင်းခါယမ်းသည်။
"ကျုပ်ထပ်ပြီးပြောရတော့မှာပဲ၊ ကျုပ်ချည်နှောင်ခံထားရတာကိုမကြိုက်သလို တခြားအင်အားစုတွေမှာလည်း မပါ၀င်ချင်ဘူး"
ထိုစကားကိုကြားသောအခါ အမှောင်သခင်ကပြုံးသည်။
"အမှောင်နယ်မြေက တခြားသူတွေအတွက် ကန့်သတ်ထားတယ်ဆိုပေမယ့် မင်း၀င်မယ်ဆိုရင်တော့ အမှောင်သခင်နာမည်ကိုကိုင်တွယ်ပြီးငါကတိပေးတယ်၊ မင်းတခုခုလုပ်ဖို့ဆန္ဒမရှိရင် အမှောင်နယ်မြေက မင်းကိုတွန်းအားပေးမှာမဟုတ်ဘူး၊ မင်းလွတ်လွတ်လပ်လပ်နေနိုင်ပါတယ်"
"ဒါ့အပြင် မင်းမထုတ်ဖော်နေသရွေ့ အမှောင်နယ်မြေက Sအဆင့်လျှို့ဝှက်ချက်အားလုံးကို ဖတ်ရှုနိုင်တယ်"
လျိုကျိယုအနည်းငယ်ကြက်သေသေသွားသည်။
ဘယ်လိုတောင်ရက်ရောလိုက်တဲ့ကမ်းလှမ်းမှုလဲ!
ကြယ်ငါးပွင့်သင်းအုပ်ဆရာဖြစ်သည့်တိုင် သူက Aအဆင့်ပစ္စည်းများကိုသာဖတ်ရန်အတွက် လျှောက်နိုင်ခဲ့သည်။
သူ့အတွက် Sအဆင့်ကပင် အတော်လေးခက်ခဲနေလေပြီ။
ဒါ့အပြင် အကြွင်းမဲ့လွတ်လပ်မှုလည်းရဦးမည်။
လျိုကျိယု ဘေးကနေ အလျင်အမြန် တိုးတိုးလေးပြောသည်။
"စီနီယာလု၊ ခင်ဗျားသာသဘောတူမယ်ဆိုရင် ဒါက သတင်းအချက်အလက်တွေအတွက် အရင်းအမြစ်အခမဲ့ရလိုက်တာနဲ့ အတူတူပဲ"
"ဒါ့အပြင် အဆက်အသွယ်တွေကိုလည်း လွတ်လွတ်လပ်လပ်သုံးနိုင်တယ်၊ ဘယ်တောင်းဆိုချက်မှရှိမှာမဟုတ်ဘူး"
လုချန်ရှန်းပြုံးရင်း ခေါင်းခါယမ်းပြန်သည်။
"ငါထပ်ပြီးပြောရတော့မှာပဲ၊ အရင်းအမြစ်တွေကဘယ်လောက်ပဲ ကြွယ်၀နေပါစေ ငါတခြားဂိုဏ်းတွေမှာ မပါ၀င်ချင်သေးဘူး"
ထိုစကားကိုကြားသောအခါ လျိုကျိယု နဖူးရိုက်လိုက်မိသည်။
အမှောင်သခင်က လက်နှစ်ဖက်ကို ဖြန့်လိုက်သည်။
"ဒီလိုဆိုမှတော့ ဆွေးနွေးဖို့အတွက် အကြောင်းရင်းမရှိတော့ဘူး၊ ငါ့အမြင်အရတော့ မင်းကြယ်အနှစ်သာရဲ့ သဲလွန်စကို ရချင်ရင် အမှောင်နယ်မြေကို၀င်ခြင်းနဲ့ပဲ ဖလှယ်လို့ရနိုင်မယ်"
"မင်းငါ့ကိုငြင်းလိုက်ပြီဆိုမှတော့ အမှောင်နယ်မြေကို တချက်လှည့်ပတ်ကြည့်လိုက်ပါဦး"
ထို့နောက် သူလျိုကျိယုအားကြည့်လိုက်၏။
"ငါဒီကိစ္စကိုမင်းကိုလက်လွှဲထားခဲ့မယ်၊ မိတ်ဆွေလေးလုကို ပြလိုက်ဦး"
ထို့နောက်သူတဘက်လှည့်ကာ ကျောက်အိမ်လေးထဲသို့၀င်သွားသည်။
သို့စေကာမူ လုချန်ရှန်း၏နှုတ်ခမ်းအစုံက အနည်းငယ်လှုပ်ရှားသွား၏။ အမှောင်သခင်၏ကိုယ်က ရပ်သွားသည်။
မူလက ကျောက်တံခါးကိုဖွင့်နေသည့်လက်ကလည်း လေထဲတွင် ရပ်သွားခဲ့သည်။
အပိုင်း(575) coming။