← Chapters

ခွဲခွာခြင်း၊ တစ်ယောက်တည်းလှုပ်ရှားခြင်း

Vol. 78 Ch. 1541

ခွဲခွာခြင်း၊ တစ်ယောက်တည်းလှုပ်ရှားခြင်း

Vol. 78 Ch. 1541

“ဟင်” ပေထင်းဟွမ် လျှောက်သွားပြီးနောက်တွင် အမှောင်နတ်မိစ္ဆာဘုံမှ လူများသည် စတင်၍ ကျယ်လောင်စွာဆွေးနွေးကြလေသည်။ သူတို့ထဲမှ တစ် ယောက်သည် အေးစက်စွာနှာမှဒတ်လေသည် “ကလေးတစ်ယောက်လောက် ကများ ငါတို့ရှေ့မှာ ဂုဏ်လာမောက်နေသေးတယ်၊ ဘယ်မိသားစုကလေးလဲ မသိဘူး၊ သူ့မိသားစုစွမ်းအားကိုမှီခိုပြီးတော့ နတ်ဘုရားအဆင့်သားရဲရထားတာ အံ့အားသင့်စရာတော့ကောင်းသားပဲ”

“ဟုတ်တယ် ဒါပေမဲ့ ဒီအချိန်မှာတော့ သတ်ဖြတ်ဝိညာဉ်တောင်ကို မဝင် ပါနဲ့၊ အထဲက သားရဲတွေလိုက်တာခံရလိမ့်မယ်၊ ငါတို့ကိုလာပြီးကူညီလိုက်”

“ဘာသားရဲတွေလဲ၊ ဒီတစ်ခါ ဝိညာဉ်ဘုံနဲ့နတ်ဆိုးဘုံတို့ နှစ်ခုလုံးသွားကြ မှာ အဲဒီဘုံနှစ်ခုက အသက်မပါတဲ့လူတွေနဲ့တွေ့ရင် သူ့ကိုယ်သူ ဘယ်လို ထိန်းချုပ်ရမလဲဆိုတာ မသိရင် ငါတို့ကိုလာကူညီနိုင်ပါ့မလားဆိုတာတောင် မသိဘူး”

“နတ်ဆိုးဘုံက အစောင့်အရှောက်လေးဦးပျောက်သွားတယ်လို့ကြား တယ်၊ သူတို့က ဒီစစ်ဆင်ရေးမှာ ပါဝင်မှာမဟုတ်ဘူး၊ ဒီသခင်းသာမှန်ရင် ဒီတစ်ခေါက် နတ်ဆိုးဘုံ အနိုင်ရဖို့အခွင့်အရေးသိပ်မကောင်းဘူးပဲ”

ကျို့ရှို့သည် ပေထင်းဟွမ်ဘက်မှ ခုခံချင်သည်။ နယ်နိမိတ်အပင်တွင် အစောင့်အရှောက်လေးယောက် ဘာကြောင့်ပျောက်ကွယ်သွားသည် မည်သည့် နေရာသွားသည်ကို သူ့ထက် မည်သူမှ ကောင်းကောင်းမသိနိုင်ပေ။ သို့သော် ကျို့ယင်းသည် သူ့အား တားဆီးရန် အကြိမ်အနည်းငယ် မျက်တောင်ခတ်ပြ လေသည်။ ပေထင်းဟွမ်သည် ထွက်သွားပြီဖြစ်သည်။ သခင်ဟွမ်ကျို့သည် သူ၏ကိစ္စများကို နေရာတိုင်းတွင် လျှောက်ပြောသည်ကို မနှစ်သက်သူဖြစ် ကြောင်း ကျို့ရှို့သိသည်။

အရင်ကလိုသာဆိုလျှင် ကျို့ရှို့သည် အမှောင်နတ်မိစ္ဆာဘုံ၏ စစ်ဆင်ရေး များတွင် ပါဝင်ရန်အရည်အချင်းရှိမည်မဟုတ်ပေ။ သို့သော် လက်ရှိတွင် သူ၏ ခြေထောက်များပျောက်ကင်းသွားပြီဖြစ်သလို ပေထင်းဟွမ်သည် သူ့အား နတ် ဘုရားအဆင့်သားရဲကိုပေးခဲ့သည်။ သူ၏ခွန်အားသည် ကောင်းကင်အဆင့် မရောက်သေးသော်လည်း အားလုံးနှင့်အတူလှုပ်ရှားရန် အရည်အချင်းရှိနေပြီ ဖြစ်သည်။

အမှောင်နတ်မိစ္ဆာဘုံမှလူများ စထွက်ချိန်တွင် ပေထင်းဟွမ်သည် မြို့မှ ထွက်ခွာသွားပြီဖြစ်သည်။ မြင်ကွင်းပေါ်သည့်နေရာသည် သတ်ဖြတ်ဝိညာဉ် တောင်နှင့်ဆက်နွှယ်သည့် ကျန်းရှန့်တောင်နှင့် ချင်းရှန့်တောင်ဆက်နေသည့် နေရာဖြစ်သည်။ အမှောင်နတ်မိစ္ဆာဘုံပိုင်ဆိုင်သည့်နယ်နမိတ်သည် အမှောင် နတ်မိစ္ဆာမြို့နှင့် အလွန်နီးကပ်သည်။

ထိုနေရာတွင် သွေးပူသည့်သားရဲများစုဝေးနေကာ သတ်ဖြတ်ဝိညာဉ် တောင်တစ်ခုလုံးတွင် အန္တရာယ်အရှိဆုံးဧရိယာလည်းဖြစ်ပြီး လူအနည်းငယ် သာ ဝင်လေ့ရှိသည်။ အရင်ကဆိုလျှင် အမှောင်နတ်မိစ္ဆာမြို့သို့ ဝင်ရန် ဖိအား ပေးခံရသူများသည် အမှောင်နတ်မိစ္ဆာဘုံမှ နတ်မိစ္ဆာနတ်ဘုရားချန်ထားခဲ့သည့် မည်သည့်ရတနာကိုမှ ရှာမတွေ့ကြပေ။

သည်တစ်ခေါက်တွင် နတ်မိစ္ဆာနတ်ဘုရားသည် ဦးစွာထွက်ပေါ်လာ သဖြင့် အမှောင်နတ်မိစ္ဆာဘုံတစ်ခုလုံးမှ ခွန်အားနည်းပါးသည့်လူများပင် ထွက် လာကြသ်ည။ မသန်မာသောလူများသည် အဝတ်ဂူသင်္ချိုင်းသို့ဝင်ပြီး နတ်မိစ္ဆာ နတ်ဘုရား၏အမွေကိုမရလျှင်တောင် အနည်းဆုံးတော့ သူတို့သည် အကျိုးအမြတ်တချို့ကို ရရန်လိုက်လာခြင်းပင်။

လျိုဟွမ်သည် သူမကိုသယ်ဆောင်ကာ မိုးပေါ်တွင်ပျံရင်း ကောင်းကင် တွင် ဖြတ်သန်းသွားကြသောပုံရိပ်များကိုမြင်ရသည်။ ဦးတည်ရာမှာ အားလုံး သတ်ဖြတ်ဝိညာဉ်တောင်ကိုသာဖြစ်သည်။ မြေပြင်ပေါ်တွင် သတ်ဖြတ်ဝိညာဉ် တောင်သို့ဦးတည်သည့် လမ်းမှာ မရေမတွက်နိုင်သောအဖွဲ့များမှာ ခမ်းခမ်းနား နားဖြင့် လမ်းကိုသိမ်းပိုက်ထားကာ သတ်ဖြတ်ဝိညာဉ်တောင်ရှိရာသို့ ချည်းကပ် လေသည်။

ထိုမြင်ကွင်းကိုကြည်ပြီး ပေထင်းဟွမ်သည် အနည်းငယ်ကူကယ်ရာမဲ့မိ သည်။ သူမသည် စိတ်ထဲမှ နတ်မိစ္ဆာနတ်ဘုရားကို အနည်းငယ်အပြစ်တင်မိ သည်။ သူမသည် ပုရပိုက်ရထားသဖြင့် သူမဘာသာ တိတ်တိတ်လေး ရတနာ ရှာနိုင်သည်။ စသို့သော် နတ်မိစ္ဆာနတ်ဘုရားအရှင်သည် ပေါ်လာပြီး ဤကဲ့သို့ ရတနာရှာသူများကို ဆွဲဆောင်ခဲ့သည်။

“မမှောင်ခင် အဲဒီဧရိယာကိုသွားကြတာပေါ့” ပေထင်းဟွမ်သည် လျိုဟွမ် ၏ခန္ဓာကိုယ်ပေါ်တွင်ထိုင်နေသည်။ အဂူးသ်ည သွေးကျောက်စိမ်းလက်ပတ် အဖြစ်ပြောင်းကာ သူမ၏ လက်ကောက်ဝတ်တွင်ရစ်ပတ်နေပြီး ကျင်းထျန်း မြောင်သည် သူမ၏လက်မောင်းတွင်အသိုက်ဖွဲ့နေသည်။ အဂူးနှင့်အာဝေတို့၏ ခပ်ဖျော့ဖျော့ဖိနှိပ်မှု လွှတ်လိုက်သည်နှင့် အားနည်းသောသားရဲများသည် အစွန်ကိုပင် မကပ်ရဲဘဲ တိုက်ရိုက်ပင်ရှောင်ရှားကြလေသည်။

သို့သော် ပေထင်းဟွမ် သတ်ဖြတ်ဝိညာဉ်တောင်ဆီသို့ ကပ်သွားချိန်တွင် သူမကိုမြင်သည်နှင့် တခြားဦးတည်ဘက်နှစ်ခုမှရောက်လာသော အဖွဲ့နှစ်ဖွဲ့၏ အေးစက်သောအကြည့်များကို သတိမထားမိပေ။

All Chapters