← Chapters

သူ့ကိုလုယက်ချင်လိုက်တာ

Vol. 78 Ch. 1542

သူ့ကိုလုယက်ချင်လိုက်တာ

Vol. 78 Ch. 1542

လမ်းတစ်လျှောက်တွင် ပေထင်းဟွမ်သည် မနားပေ။ မှောင်စပျိုးချိန်တွင် ကျန်းရှန့်တောင်နှင့် ချင်းရှန့်တောင်ကြားမှ ချောက်ကိုမြင်နေရပြီဖြစ်သည်။ ထို ချောက်သည် သတ်ဖြတ်ဝိညာည်တောင်အတွင်းပိုင်းထိရှည်ကာ ဓားဝိညာဉ် ချောက်ဟု ခေါ်ကြသည်။

ဘေးနှစ်ဖက်မှတောင်များကို တစ်ချက်တည်းကြည့်ရုံနှင့်မမြင်ရဘဲ မရေတွက်နိုင်သော တောင်ထိပ်များသည် ကောင်းကင်ပေါ်သို့ ထိုးတက်နေကာ ကောင်းကင်ကိုဖြတ်နေသည်။ အ‌ဝါရောင်ခပ်ဖျော့ဖျော့ကောင်းကင်အောက် တွင် ဝိုးတိုးဝါးတားတိမ်တိုက်မည်းနှင့် မြူခိုးများ တွဲလဲခိုလျက်ရှိပြီး ကြောက်မက်ဖွယ် သားရဲဟိန်းသံများသည် တစ်ခါတစ်ခါ ထွက်လာပြီး ကောင်းကင်နှင့်မြေကြီးကြားမှ ဝိညာဉ်နှင့်နတ်မိစ္ဆာများကို မွှေနှောက်လေ သည်။

ထိုနေရာတွင် သားရဲများ စုဝေးလျက်ရှိပြီး မရေတွက်နိုင်သော နိုင်ထက် စီးနင်းရောင်ဝါများ ရံဖန်ရံခါထွက်လာရာ မွှေးညင်းများအားလုံး ထောင်သွားစေ လောက်သည်။ နှစ်ပေါင်းသန်းချီအတွင်းတွင် ဤနေရာတွင် သားရဲမည်မျှ ရှင်သန်ကာ ဤနယ်မြေကို စောင့်ရှောက်နေခဲ့ကြသည်ကိုမသိနိုင်ပေ။

သို့သော် ကြောက်စရာအကောင်းဆုံးအရာမှာ သားရဲများမဟုတ်ဘဲ လူ များဖြစ်သည်ကို ပေထင်းဟွမ် ရှင်းလင်းစွာသိသည်။

ဓားဝိညာဉ်တောင်တန်းသို့ ဝင်ထွက်နေကျသူများသည် တိုက်ခိုက်ရေး သက်ရောက်မှု မသန်မာလျှင်တောင် အားကောင်းရမည်။ သူတို့ထဲတွင် ဝိညာဉ် ဘုံမှလူနှင့် နတ်ဆိုးဘုံမှလူများကို ပေထင်းဟွမ်၏နိုးကြားစွာ ကြည့်ရမည်ဖြစ် သည်။

ပေထင်းဟွမ် ဓားဝိညာဉ်ချောက်အတွင်းထဲသို့ ရောက်လေလေ လေအေး လာလေဖြစ်သည်။ နတ်မိစ္ဆာနတ်ဘုရား၏ အဝတ်ဂူသင်္ချိုင်းမှလာသော လေသည် မည်သို့ပင်ဖြစ်စေကာ အဝတ်ဂူသင်္ချိုင်းလည်း ဂူသင်္ချိုင်းတစ်ခုသာ ဖြစ်သည်။ သို့သော် နတ်မိစ္ဆာနတ်ဘုရား ဤကဲ့သို့အခြေအနေအောက်တွင် ကျဆုံးခဲ့စဉ်က သူသည် ရင်ထဲတွင် နာကြည်းချက်ရှိမည်မဟုတ်ပေ။ အချိန်များ ကြာမြင့်ပြီးနောက်တွင် တဖြည်းဖြည်းနှင့် နတ်ဆိုးဝိညာဉ်များ ဝန်းရံနေမည်မှာ တော့ သေချာသလောက်ပင်။

ဤကဲ့သို့နတ်ဆိုးဝိညာဉ်သည် လူများကို အလွယ်တကူ ယိုယွင်းစေ၏။ သို့သော် ထိုထဲတွင် ပေထင်းဟွမ်မပါဝင်ပေ။ သူမ၏ခန္ဓာကိုယ်သည် မိုးကြိုးနှင့် လျှပ်စီး၏စွမ်းအားဖြင့် သန့်စင်ထားသည်။ ထိုနတ်ဆိုးဝိညာဉ်သည် သူမ၏ ခန္ဓာကိုယ်ထဲသို့ စိမ့်မဝင်နိုင်ပေ။ သို့သော် သားရဲများ ထိခိုက်အောင်လုပ်ခြင်းမှ ကာကွယ်ရန် ပေထင်းဟွမ်သည် ကိုးရောင်နိဗ္ဗာန်မီးဖြင့် သူမ၏သားရဲများကို ရစ်ပတ်ထားသည်။

မြေအနေအထားကြောင့်လားမသိပေ အကွာအဝေးတစ်ခုထိ ပျံသန်း ပြီးနောက် နတ်ဆိုးဝိညာဉ်သည် တဖြည်းဖြည်းပျောက်ကွယ်သွားလေသည်။ ထိုအချိန်တွင် သူမသည် ဓားဝိညာဉ်ချောက်အတွင်းပိုင်းသို့ ရောက်နေပြီဖြစ်ကာ အဝတ်ဂူသင်္ချိုင်းနှင့် အလွန်နီးနေပြီဖြစ်သည်။ စောစီးစွာရောက်နှင့်နေသော အဖွဲ့များသည် တဲများဆောက်ကာ မီးပုံများဖိုထားပြီဖြစ်သည်။ မီးရောင် အလင်းခပ်ဖျော့ဖျော့သည် ထူးဆန်းသည့်လေထုကို အနည်းငယ် ဖြေဖျောက် ပေးလေသည်။

ကြည့်လိုက်သည်နှင့် ထိုလူများသည် လူရမ်းကားများဖြစ်သည်ကို သိနိုင် သည်။ ဓားသွားပေါ်တွင် အသက်ပေးကာ လျှောက်နေသူများဖြစ်ကြသည်။ ပေထင်းဟွမ် တစ်ယောက်တည်းလာသည်ကိုကြည့်ပြီး ကြမ်းကြုတ်သည့် အကြည့်တချို့ရောက်လာသည်။ ထို့အပြင် သူမသည် လူငယ်တစ်ယောက်ဖြစ် ကာ ကောင်းမွန်စွာဝတ်စားထားသည်။ သို့သော် လျိုဟွမ်နှင့် ပခုံးပေါ်တွင် ထိုင်လာသောမျက်လုံးစိမ်းနှင့် ကြောင်နက်ကိုမြင်ပြီးနောက် ထိုလူများသည် သူတို့၏အတွေးများကိုလက်လျော့လိုက်ကြသည်။

အခြေအနေကိုအကဲခတ်ရသည်မှာ ထိုလူများသည် ရှင်သန်ရေးကိုသာ အဓိကထားပုံပင်။

ပေထင်းဟါမ်သည် တစ်ယောက်တည်းဖြစ်သော်လည်း သူမအနားမှ သားရဲများသည် အလွန်ပင်ထူးခြားသည်။ သိသည့်အတိုင်းပင် အမှောင်နတ် မိစ္ဆာဘုံတွင် သားရဲထိန်းများသည် အမှောင်နတ်မိစ္ဆာဘုံ၏ကောင်းကင်မှ ကြယ်များထက်ပင် ပိုရှားပါးလေသည်။ အလွန်အားကောင်းသော နောက်ခံ ကြောင့်သာမဟုတ်လျှင် ဤကဲ့သို့ထောက်ပံ့မှုမျိုးရရန် မဖြစ်နိုင်ပေ။

သူတို့ ပေထင်းဟွမ်ကို တိတ်တိတ်လေးမသတ်နိုင်လျှင် ရှက်စရာဖြစ် မည်။

ပေထင်းဟွမ်သည် လူသူရှင်းသောနေရာတွင် အနားယူရန်နေရာရှာလိုက် သည်။ သူမသည် သတ်ဖြတ်ဝိညာဉ်တောင်တွင် ၁၀ ရက်ကျော်ကြာအောင် ငှက်ကျိုးအမဲလိုက်ခြင်းကိုခံရဖူးသည်။ သတ်ဖြတ်ဝိညာဉ်တောင်တွင် ပုန်းကွယ် နေသောအန္တရာယ်များရှိသည်ကို သူမ သိသည်။ သူမဘေးတွင် ကြီးမားသော သားရဲရှိလျှင်တောင် ညအခါတွင် သတ်ဖြတ်ဝိညာဉ်တောင်တွင် လျှောက်မသွား ရဲပေ။

ပေထင်းဟွမ်သည် တောင်နှင့်ရေတို့ မျှတသောနေရာတွင် ရွက်ဖျင်တဲ တည်ဆောက်သည်ကိုကြည့်ပြီး အနားမှအဖွဲ့များသည် အံ့ဩမိကြသည်။ ဤ ကောင်လေးသည် အလွန်ငယ်ရွယ်ပြီး အပြင်ဘက် ခရီးသွားသည့် အတွေ့အကြုံမရှိနိုင်ပေ။

သူတို့ထဲမှတစ်ဖွဲ့သည် ငါးမန်းဖြူအဖွဲ့ဖြစ်သည်။ ခေါင်းဆောင် ပိုင်ရှား သည် သူ့ကိုမှတ်မိမည်ကို ကြောက်သဖြင့် ပေထင်းဟွမ်ကိုရှောင်နေသစူပင်။ သူသည် ပေထင်းဟွမ်နှင့် မင်စူးတို့တိုက်ခိုက်သည်ကို ကိုယ်တိုင်မြင်တွေ့ခဲ့ရ သဖြင့် သူမသည် ပေါ့သေးသေးမဟုတ်သည်ကို သိထားသည်။

“သူ့ကိုလုချင်လို့လား” ငါးမန်းဖြူသည် တခြားအဖွဲ့များ၏အတွေးကို သိ ပြီးနောက် ဟာသတစ်ခုလို ထင်မိသည် “အသက်ရှင်ရတာ စိတ်မရှည်တော့ဘူး အဲတော့ ဒီကောင်လေးကို ရန်စမယ်၊ သူတို့က ကျားအဖွဲ့လောက် သန်မာလို့ လား”

All Chapters