အမှောင်နတ်မိစ္ဆာဘုံမှာ တစ်ခုခုဖြစ်နေပြီ
Vol. 78 Ch. 1543
ပေထင်းဟွမ် ရေခဲယုန်ကို ချက်ပြုတ်ပြီး သေရည်ကောင်းကောင်းဖြင့် စားတော့မည့်အချိန်တွင် အဝေးတစ်နေရာ၌ လှုပ်လှုပ်ရှားရှားဖြစ်လေသည်။ မီးပုံဘေးတွင် ထိုင်ကာစားသောက်နေကြသူများအားလုံး ရပ်တန့်သွားကြပြီး တချို့မှာ စခန်းကိုစောင့်ကျန်နေကြသလို တချို့မှာ အခင်းဖြစ်သည့်နေရာသို့ ပြေးသွားကြသည်။
တစ်ခါတစ်ခါတွင် ဝိညာဉ်ဘုံနှင့်အမှောင်နတ်မိစ္ဆာဘုံမှလူများ တိုက်ခိုက် နေကြသည်ဟုဆိုသည့်သတင်းထွက်လာပြီး နတ်ဆိုးဘုံမှလူများသည် အပျော် လာကြည့်ကြလေသည်။ ဝိညာဉ်ဘုံနှင့် အမှောင်နတ်မိစ္ဆာဘုံ နှစ်ဖက်မှလူများ ထိခိုက်ကြသည်။ ထိုသို့ဖြစ်အောင်လည်း နတ်ဆိုးဘုံမှပြုလုပ်ခြင်းပင်။
ပေထင်းဟွမ်သည် နားစွင့်ထားသည်။ အတန်ကြာပြီးနောက် ဝိညာဉ်ဘုံ နှင့် နတ်ဆိုးဘုံမှလူများ တိုက်ခိုက်ကြလေသည်။ အကြောင်းအရင်းမှ ကျို့ဟွာကို နတ်ဆိုးဘုံမှလူများ မြင်လိုက်ရခြင်းပင်။ ၎င်းသည် သဘောတူညီ ချက်တစ်ခုပင်။ အစောင့်အရှောက်လေးယောက်သည် အမှောင် နတ်မိစ္ဆာဘုံမှ သခင်လေးကိုသတ်နိုင်လျှင် အနာဂတ်တွင် ကျို့ဟွာသည် သခင်လေးဖြစ်လာ ကာ ကျန်းရှန့်တောင်နားမှဧရိယာတစ်ခုလုံးကို နတ်ဆိုးဘုံမှ အပိုင်ရမည် ဖြစ်သည်။
နောက်ဆုံးတွင် ကျို့ဟွာသည် လှည့်ကွက်သုံးလိုက်ခြင်းပင်။ သူမသည် နတ်ဆိုးဘုံမှ အစောင့်အရှောက်လေးယောက်ကို ချောင်းမြောင်းတိုက်ခိုက် သတ်ဖြတ်ခဲ့သည်ဟု သတင်းလွှင့်သည်။
ထိုသတင်းကိုကြားပြီးနောက် စခန်းဧရိယာတွင် ရုန်းရင်းဆန်ခတ်များ ဖြစ်ပေါ်ခဲ့သည်။ ထိုနေရာတွင်နေထိုင်ကြသူများအားလုံး ထိတ်လန့်သွားကြပြီး နတ်ဆိုးဘုံမှ အစောင့်အရှောက်လေးယောက်ကို သတ်ဖြတ်ရန် မည်သူ့တွင် ခွန်အားရှိသည်ကို မှန်းဆနေကြသည်။
“သခင်မလေးကျို့ဟွာက အမှောင်နတ်မိစ္ဆာဘုံအရှင်ရဲ့ သမီးပဲ၊ သူမက အမှောင်နတ်မိစ္ဆာဘုံကို သစ္စာဖောက်ပြီး ဒီလှည့်ကွက်သုံးဖို့ အမိန့်ရထားတာ ဖြစ်ရမယ်၊ အစောင့်အရှောက်လေးယောက်ကို အမှောင်နတ်မိစ္ဆာဘုံက အရှင် သတ်လိုက်တာပဲဖြစ်ရမယ်၊ အဲဒါကိုစဉ်းစားဖို့လိုသေးလို့လား”
“ဟုတ်တယ် သခင်မလေးကျို့ဟွာက ဒီလောက်အရှက်မဲ့လိမ့်မယ်လို့ ထင်မထားဘူး”
“အမှောင်နတ်မိစ္ဆာဘုံက နယ်ပယ်သခင်က အရမ်းအားကောင်းတယ်လို့ ပြောသင့်တာ၊ နတ်ဆိုးဘုံမှာ အစောင့်အရှောက်လေးဦးက ကောင်းကင် တစ်ဝက်ကိုသိမ်းပိုက်ထားတာ၊ အဲဒါကြောင့် နတ်ဆိုးဘုံက ဒီတစ်ခါ အလော တကြီးပြေးလာပြီး ဒီအခွင့်အရေးကိုယူ လက်စားချေချင်တာ”
အားဝေနှင့်ပေထင်းဟွမ်တို့သည် အံ့ဩစွာဖြင့် တစ်ယောက်နှင့်တစ် ယောက်ကြည့်မိကြသည်။ အားဝေသည် ပေထင်းဟွမ်၏မျက်လုံးထဲမှ အဓိပ္ပာယ်ကို နားလည်သဖြင့် တိတ်တိတ်လေးထွက်လာခဲ့သည်။
ထိုအချိန်တွင် နယ်ပယ်သုံးခုတွေ့ဆုံကာ လေထုသည် အလွန်တင်းမာနေ သည်။ ကျို့ရှို့ကို ကျို့ယင်းမှတားထားသဖြင့် သူ၏မျက်နှာသည် မည်းနက်နေ သည်။ ဤအချိန်တွင် သူ၏လိမ္မာသောသမီးသည် ရှုပ်ထွေးအောင်လုပ်ခဲ့သည် “ဒီကိစ္စကို ငါ့ခေါင်းပေါ်ပုံမချနဲ့လေ၊ ဒါတွေအကုန်လုံးက ငါ့အဖေအကြံတွေပဲ ဒီဟာလုပ်ပြီးရင် ငါ့အဖေက နှုတ်ပိတ်မယ်ဆိုတာသိတယ်၊ ငါသာ အပြေးမမြန် ရင် ဟူး...”
ဝမ်းနည်းပက်လက်ငိုကြွေးနေသော်လည်း သူမမျက်နှာမှအမူအရာများ နှင့် ပွဲကြည့်ပရိသတ်များ၏မျက်နှာများမှာ အလွန်စိတ်လှုပ်ရှားလျက်ရှိသည်။
ဤအချိန်တွင် အဓိကနယ်ပယ်၏ပိုင်ရှင်များ ကိုယ်တိုင်ရောက်ရှိလာခဲ့ကြ သည်။ ဝိညာဉ်ဘုံမှ သခင်မင်ရှို့သည် ရယ်မောလေသည် “ကျားအဆိပ်က ကလေးတွေကို မစားဘူးလို့ပြောတယ်၊ သခင်ကျို့ယင်းက အမှောင်နတ်မိစ္ဆာ ဘုံမှာ နာမည်ကောင်းရှိခဲ့တာ၊ သူ့ရဲ့ကလေးကို ဒီလိုမျိုးလုပ်ခိုင်းလိမ့်မယ်လို့ ထင်မထားဘူး”
“ဟုတ်တယ် မသန်စွမ်းသားကို ငါးစာအဖြစ်ချပြီး သမီးကို နယ်ပယ် သခင်နဲ့ရန်တိုက်ပေးတာ တကယ်ကောင်းတဲ့လှည့်ကွက်ပဲ” နတ်ဆိုးဘုံ၏သခင် သည် သက်လတ်ပိုင်းအရွယ် ရွှေရောင်ဆံပင်မျက်လုံးအပြာနှင့် အန်းဒယ်လုဖြစ် သည်။ သားရဲအရေခွံဖြင့်ပြုလုပ်ထားသော အဝတ်အစားကိုဝတ်ဆင်ထားကာ သူ၏အပြစ်ပြုမည့်မျက်လုံးများသည် ကျို့ဟွာ၏တစ်ကိုယ်လုံးကို အထက်အောက်ကြည့်လေသည် “ငါသိတယ်၊ စည်းကမ်းထိန်းသိမ်းရေးက ဒီကောင်မလေးကိုအရင်ဖမ်းသွားရမှာ”
ကျို့ယင်းသည် အပြစ်မတင်ပေ။ သူသည်လည်း ကျို့ဟွာမှာ သူ၏သမီး ဖြစ်သည့်အတွက် ကျေးဇူးတင်မိသည်။ သည်အမေမှတော့ သည်သမီးပင်ဖြစ် လိမ့်မည်။ ကျို့ယင်းသည် ကျို့ဟွာအား စိုက်ကြည့်လိုက်ကာ နယ်ပယ်သခင် နှစ်ဦးနှင့် မရှုပ်ထွေးချင်သဖြင့် ပြောလိုက်သည် “မဟုတ်တာတွေမပြောနဲ့တော့ တိုက်ခိုက်ချင်လည်း တိုက်ခိုက်တာပေါ့”
ဤနေရာသည် အမှောင်နတ်မိစ္ဆာမြို့မဟုတ်သော်ငြား အမှောင်နတ်မိစ္ဆာ ဘုံဖြစ်သည်။ ဤနေရာတွင် နတ်ဆိုးဘုံနှင့် ဝိညာဉ်ဘုံတို့ အနိုင်ရရန် အခွင့်အရေးမများလှပေ။