အဆုံးစီရင်ခြင်း မင်းရဲ့ဂုဏ်ကို နည်းနည်းလောက် ကယ်လို့ရသေးတယ်
Vol. 78 Ch. 1544
ကံကောင်းစွာပင် အမှောင်နတ်မိစ္ဆာဘုံမှလူများသည် သွေးဆာလောင် ခြင်း မရှိလှပေ။ သို့သော် သူတို့၏နယ်ပယ်သခင်မှာဤကဲ့သို့ နှိပ်ကွပ်ခံရသဖြင့် ဒေါသထွက်ကြသည်။ 'တိုက်ခိုက်ချင်ရင် တိုက်ခိုက်လေ' ဟု ကျို့ယင်းပြော လိုက်သည့်စကားကိုကြားသည်နှင့် အသီးသီး ဓားထုတ်ကြသည်။
မင်ရှို့နှင့် အန်းဒယ်လုတို့သည် တစ်ယောက်နှင့်တစ်ယောက်ကြည့်ကာ မျက်လုံးမှတစ်ဆင့် သဘောတူညီမှုရလိုက်ကြသည်။ ဤအချိန်တွင် နယ်ပယ် နှစ်ခု၏စွမ်းအားကို ပူးပေါင်းလိုက်လျှင် အမှောင်နတ်မိစ္ဆာဘုံကို ဖြိုခွင်းရန် အကောင်းဆုံးအခွင့်အရေးဖြစ်လိမ့်မည်။ အမှောင်နတ်မိစ္ဆာနယ်နမိတ်မရှိတော့ သည်နှင့် နတ်မိစ္ဆာနတ်ဘုရား၏အဝတ်ဂူသင်္ချိုင်းကိုသွားလျှင် နယ်ပယ်နှစ်ခု သည် အကျိုးအမြတ်ပိုရနိုင်သည်။
အမှောင်နတ်မိစ္ဆာမြို့သည် အမှောင်နတ်မိစ္ဆာဘုံ၏ ပင်တိုင်အုပ်ချုပ်သူ ဖြစ်သည်။ နတ်မိစ္ဆာတန်ဘုရားသည် အမှောင်နတ်မိစ္ဆာမြို့ကို မျက်နှာသာပေး မည်ဟု အာမမခံနိုင်ပေ။ ကျို့ယင်းသာ နတ်မိစ္ဆာနတ်ဘုရား၏ အမွေကိုရမည် ဆိုပါက ဝိညာဉ်ဘုံနှင့် နတ်ဆိုးဘုံတို့ သေသွားနိုင်သည်။
မင်ရှို့နှင့် အန်ဒယ်လုတို့၏ လက်မြှောက်လိုက်ကာ ကြမ်းတမ်းစွာ လွှဲရိုက်ချလိုက်သည်။ အမှောင်နတ်မိစ္ဆာဘုံအား ဝိုင်းကာဖိနှိပ်မည့် စစ်ဆင်ရေး စတင်ပြီဖြစ်သည်။
ဝိညာဉ်ဘုံတွင်လည်း အရှင်အဆင့် သခင် အယောက် ၂၀ ကျော်၊ နတ် ဘုရားအဆင့်သခင် တစ်ရာနီးပါးပါဝင်သည်။ နတ်ဆိုးဘုံတွင် အစောင့်အရှောက် လေးဦးပျောက်ဆုံးသွားသော်လည်း အရှင်အဆင့် ၂၀ နီးပါး၊ နတ်ဘုရားအဆင့်အရေအတွက်မှာလည်း များပြားသည်။ ရလဒ်အနေနှင့် အမှောင်နတ်မိစ္ဆာဘုံရင်ဆိုင်နေရသည့် တိုက်ခိုက်ရေးစွမ်းအားသည် သူတို့ ထက်ပင် နှစ်ဆများလေသည်။
အမှောင်နတ်မိစ္ဆာဘုံမှလူအားလုံးကို နှစ်ဖက်လုံးမှဝိုင်းထားသည်။ သို့သော် ကျို့ယင်းသည် မင်ရှို့နှင့် အန်ဒယ်လုတို့၏ဖိအားဖြင့် နှစ်ဖက်တစ်ဖက် တိုက်ခိုက်ရတော့မည်။
ထိုအချိန်တွင် တိတ်တိတ်လေးနောက်ဆုတ်ပြီး ထွက်ပြေးရန် အခွင့်အရေးယူနေသည့် ကျို့ရှို့ကို ကျို့ဟွာမြင်လိုက်သည်။ သူမသည် နဂါးမြင်းပျံကိုမောင်းသွားပြီး လက်ထဲမှ ဓားရှည်ကိုမြှောက်ကာ ကျို့ရှို့ဆီသို့ ပြေးသွားလေသည်။ ကျို့ယင်းသည် အော်လိုက်လေသည် “ အမှောင်နတ်မိစ္ဆာ ဘုံသခင်လေးကို ကာကွယ်ကြ”
ထိုအသံကိုကြားပြီး ဖခင်၏အမိန့်ကိုရသည်နှင့် မြို့ဆီသို့ထွက်ပြေးတော့ မည့်ကျို့ရှို့သည် ကြောက်လန့်၍သေတော့မလိုပင်။ ကျို့ဟွာသည် ဓားရှည်ကို ကိုင်ကာ ကျို့ရှို့အား ထိုးစိုက်တော့မည်ကိုကြည့်ပြီး ဝိညာဉ်ဘုံနှင့် နတ်ဆိုးဘုံ တို့မှ သခင်များသည်လည်း ကျို့ရှို့ထွက်ပြေးမည်ကို စိုးသဖြင့် လက်နက်များ မြောက်ကာ ကျို့ရှို့ဆီသို့ပြေးလေသည်။
ထိုမြင်ကွင်းအားကြည့်ပြီး ကျို့ယင်းသည် အလွန်စိတ်ပူပန်သွားသည်။ ထိုအချိန်တွင် သူသည် မင်ရှို့နှင့် အန်ဒယ်လုတို့နှင့်တိုက်ခိုက်နေရာ လက်လွှတ် ၍မရပေ။ လျင်မြန်စွာပင် သူသည် စိတ်လွတ်သွားသည်။ အန်းဒယ်လုသည် ထိုအခွင့်အရေးကိုယူကာ ကျို့ယင်းဆီသို့ ဝိညာဉ်ခွန်အားပစ်လွှတ်လိုက်ရာ ရှေးသစ်ပင်ကိုထိမှန်ပြီး ပြိုလဲလေသည်။
ရှေးသစ်ပင်၏ပင်စည်သည် လူအနည်းငယ် ဝိုင်းခြင်းခံရပြီးနောက် ကျိုးပဲ့ ကာ တစ်ဖက်သို့လဲကျလေသည်။
“အဟွတ် အဟွတ် အဟွတ်”
ကျို့ယင်းသည် တက်လာသောသွေးများကို မျိုချလိုက်သည်။ သူ၏ ကိုယ်တွင်းအင်္ဂါများ ပျက်စီးသွားပုံရကာ ထရပ်ကိုပင် ရုန်းကန်နေရသည်။ ထို့နောက် သူ့ကိုဖိနှိပ်ထားသည့် မင်ရှို့နှင့် အန်းဒယ်လုတို့ကိုကြည့်လိုက်သည်။ အန်းဒယ်လုသည် မဲ့ပြုံးပြုံးကာ ပြောလိုက်သည် “မင်း ငါတို့ကိုမနိုင်ပါဘူး၊ နှစ်တွေအများကြီးတိုက်ခိုက်ခဲ့တာကိုထောက်ပြီး အခွင့်အရေးပေးတဲ့အနေနဲ့ ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ခွင့်ပြုလိုက်မယ်”
အဆုံးစီရင်ခြင်းသည် မိမိ၏ ဂုဏ်ကိုအနည်းငယ်ထိန်းရာရောက်သည်။
သူသည် သူတို့နှစ်ယောက်ပေါင်းလိုက်လျှင် သူတို့၏ပြိုင်ဘက်မဟုတ် သည်ကို ကျို့ယင်းလည်းသိသည်။ သို့သော် သူ ကျို့ရှို့ကို ကြည့်လိုက်သည်။ ထိုအချိန်တွင် သူ၏စာချုပ်သားရဲသည် ကျို့ဟွာကိုရိုက်ချလေသည်။ နတ်ဘုရားအဆင့်သားရဲသည် အားကုန်သုံးပြီးရိုက်ချလိုက်ရာ ကောင်းကင် အဆင့် ၁ သာရှိသေးသည့် ကျို့ဟွာသည် အဝတ်စုတ်တစ်စကဲ့သို့ မြေပြင်ပေါ် သို့ကျသွားကာ အသက်မဲ့သွားပြီဖြစ်သည်။
၎င်းသည် သန့်စင်သောသွေး ၆၀ ရာခိုင်နှုန်းရှိသည့် ခရမ်းရွှေရောင်နဂါး ဖြစ်သည်။ ၎င်းတွင် အားကောင်းသော ခုခံမှုနှင့် အလွန်ထိတ်လန့်ဖွယ်ရာ တိုက်ခိုက်ရေးစွမ်းအားရှိသည်။ ၎င်းသည် သားဖြစ်သူအတွက် ထိုကောင်လေး ရွေးချယ်ပေးထားသည့် မှော်သားရဲဖြစ်သည်။ ထိုကောင်လေးသာ ဤနေရာ တွင်ရှိပါက... နတ်ဆိုးဘုံမှ အစောင့်အရှောက်လေးဦးကို ထိုလူငယ်လေး သတ် လိုက်ခြင်းဖြစ်ကြောင်းကို ကျို့ယင်းသည် ကျို့ရှို့ဆီမှကြားထားခြင်းဖြစ်သည်။
ချွင်း
အမှောင်နတ်မိစ္ဆာဘုံမှ နောက်အသက်တစ်ချောင်း ရိတ်သိမ်းခံလိုက်ရ သည်။ ဝိညာဉ်ဘုံနှင့်နတ်ဆိုးဘုံမှလူများအကြားတွင် ဒဏ်ရာရသူများရှိ သော်လည်း အမှောင်နတ်မိစ္ဆာဘုံမှလူများသည် သတ်ဖြတ်ခံနေရသည်။ ထို မြင်ကွင်းကိုကြည့်ပြီး အမှောင်နတ်မိစ္ဆာဘုံမှလူများသည် တိုက်ခိုက်ရန်ပင် ကြောက်ရွံ့နေကြသည်။ သူတို့ သေရမည်ဆိုပါက သူတို့နှင့်အတူသဂြိုဟ်ရန် တစ်စုံတစ်ယောက်ကိုတော့ ခေါ်သွားရမည်။