မင်းက တကယ်ကြီး ငါ့သားကိုသတ်တာပဲ
Vol. 78 Ch. 1545
ကံကောင်းစွာပင် နယ်ပယ်နှစ်ခုမှလူများသည် ကျို့ရှို့အား ဝိုင်းကြလေ သည်။ ကျို့ရှို့၏သားရဲသည် ကျို့ဟွာကို သတ်လိုက်ပြီဖြစ်ရာ ကျို့ရှို့၏သားရဲ ကို အားလုံး သတိပြုမိလိုက်ကြသည်။ ၎င်းသည် နတ်ဘုရားအဆင့်သားရဲဖြစ် သည်။
“ကောင်လေး နတ်ဘုရားအဆင့်သားရဲက မင်းအသက်ကိုကယ်နိုင်မယ် လို့ ထင်လို့လား”
မင်စူးသည် လူများကိုဦးဆောင်ကာ ကျို့ရှို့အား ဝိုင်းလိုက်သည် “မင်းကို ချင်းရှန့်ရွာသားတွေ ကယ်လိုက်တယ်လို့ကြားတယ်၊ အဲကောင်လေး... သူ အခု ဘယ်မှာလဲ”
ထိုအရာကိုကြည့်ပြီး အားဝေသည် စိတ်ဝိညာဉ်ကူးပြောင်းနည်းကို သုံးပြီး ပေထင်းဟွမ်အား အဖြစ်အပျက်များကိုပြောပြလေသည် “သခင် တစ်ခုခုလုပ် ချင်လား၊ မင်းရဲ့လက်အောက်ငယ်သားက မင်စူးရဲ့လက်ထဲကိုရောက်တော့မယ် အဲဒီလူညစ်လူရမ်းကားက သူ့ကိုဖိနှိပ်နေပြီ”
ကျို့ယင်းသည် ကျို့ရှို့ဆီသို့ အနားကပ်သွားချင်သော်လည်း မင်စူးနှင့် အန်ဒယ်လုတို့နှင့် တင်းကြပ်စွာရှုပ်ထွေးနေသည်။ သူသည် အကြိမ်ပေါင်း များစွာဒဏ်ရာရထားပြီးဖြစ်ကာ သားရဲစိတ်ဝိညာဉ်မှာ တစ်စတစ်စနှင့် ပြိုလဲ နေပြီဖြစ်သည်။
အမှောင်နတ်မိစ္ဆာဘုံမှ တခြားသန်မာသောလူများအားလုံး စုဝေးကာ နောက်ဆုတ်ပြီး ရှင်သန်နေသည့်လူအနည်းငယ်သည် ကျို့ရှို့အား ကာကွယ်ရန် ဆုံးဖြတ်ထားကြသည်။
ကျို့ရှို့သည် သားရဲအနောက်တွင် ပုန်းလိုက်သည်။ မင်စူးမှ ခရမ်းရွှေရောင်နဂါးကို အကြိမ်အနည်းငယ်တိုက်ခိုက်ပြီးချိန်တွင် ခရမ်းရွှေ ရောင်ကြေးခွံများကွာကျကာ နဂါးသွေးများထွက်လာသည်။ ကျို့ရှို့သည် အဆင့် ၃ ကျွမ်းကျင်သူဖြစ်သည်။ ဤနတ်ဘုရားအုပ်စုရှေ့တွင် ပြန်တိုက်ခိုက် ရန် စွမ်းအားမရှိပေ။
“အဲကောင်ရှိတဲ့နေရာကို ပြောပြရင် မင်းကို ခြေလက်အင်္ဂါစုံအောင် ထား ပေးမယ်” မင်စူးသည် မှောင်မိုက်စွာပြုံးကာ ကျို့ရှို့ဆီသို့ တစ်လှမ်းချင်း ချည်းကပ်လာလေသည်။
ဤအခိုက်အတန့်တွင် ပုံရိပ်တစ်ခုသည် ကောင်းကင်ပေါ်မှဆင်းလာ၏။ ချက်ချင်းပင် အားလုံးသည် လုပ်လက်စများကိုရပ်တန့်ကာ ထိုပုံရိပ်လာရာသို့ ကြည့်လိုက်ကြသည်။ သို့သော် ထိုပုံရိပ်သည် လျှပ်စီးကဲ့သို့မြန်ဆန်ပြီး လက်ထဲ တွင် ဓားပျော့ကိုကိုင်ဆောင်ကာ မင်စူးအား တိုက်ရိုက်ပင် အားပါပါထိုးစိုက် လိုက်သည်။
သူမ၏ပုံရိပ်သည် လေထဲတွင်ရပ်နေကာ လက်ထဲမှဓားပျော့သည် မင်စူး ၏ ခန္ဓာကိုယ်ကို ထိုးစိုက်သွားသည်။ မင်စူးသည် ဓားပျော့တွင် တွဲလောင်းကျ ကာ လူငယ်အား မယုံနိုင်သောအကြည့်များဖြင့် ကြည့်လေသည်။
သူ တစ်ချိန်လုံးရှာနေသူ၊ အရိုးထဲမှမုန်းတီးသူ၊ အကြောများကို ဆွဲထုတ်ပြီး အရေခွံစုတ်ချင်သည့်သူ။ သို့သော် မင်စူးသည် သူမ၏လက်ထဲတွင် ဤကဲ့သို့ သေဆုံးခဲ့သည်။
“မဖြစ်နိုင်ဘူး... ဘယ်လိုမျိုးလဲ”
မင်စူး၏ပါးစပ်မှ သွေးများထွက်လာပြီး ရင်ဘတ်ပေါ်မှ ပေထင်းဟွမ်၏ ဓားပျော့ကို လက်နှစ်ဖက်ဖြင့်ဆုပ်ကိုင်ကာ ပေထင်းဟွမ်အား ငေးငိုင်စွာ စိုက်ကြည့်လေသည်။ သူတို့ ပထမဆုံးအကြိမ် တိုက်ခိုက်စဉ်က ပေထင်းဟွမ် သည် နတ်ဘုရားဧကရာဇ်အနိမ့်ဆုံးအဆင့်ပင်မရှိသေးပေ။ သူတို့ပြန်တွေ့ချိန် တွင် ပေထင်းဟွမ်သည် သူ့ကို ဓားဖြင့်ထိုးစိုက်ခဲ့သည်။ သို့သော် သူ သတိပင် မထားမိလိုက်ပေ။
ထိုပြဿနာ၏ အဖြေမှာတစ်ခုတည်းသာရှိသည်။ ပေထင်းဟွမ်၏ ခွန်အားသည် သူ့ထက် မြင့်နေလောက်ပြီဖြစ်သည်။
ထိုမြင်ကွင်းအားကြည့်ပြီး အားလုံးနီးပါးသည် မှင်တက်နေကြသည်။ အမှောင်နတ်မိစ္ဆာဘုံမှလူများမှလွဲပြီး ဝိညာဉ်ဘုံနှင့် နတ်ဆိုးဘုံမှလူအားလုံး နီးပါးသည် ပေထင်းဟွမ်အားမသိကြပေ။ သို့သော် သူမသည် အမှောင်နတ်မိစ္ဆာ ဘုံမှ ကူညီပေးသူဖြစ်သည်မှာ သံသယဝင်ဖွယ်ရာမရှိပေ။
အမှောင်နတ်မိစ္ဆာဘုံမှ ပေထင်းဟွမ်အား ရိုင်းပြစွာထေ့ငေါ့ခဲ့သည့်လူများ သည် အပြစ်မကင်းစိတ်ခံစားမိကြလေသည်။ ခွန်အားအရာတွင် မည်သူမှ ပေထင်းဟွမ်အား မယှဉ်နိုင်ကြပေ။ မင်စူးသည် နတ်ဘုရားဧကရာဇ် ထိပ်ဆုံး ရောက်နေသူဖြစ်သည်။ အရှင်ကြီးအဆင့်နှစ် တစ်ဆင့်သာလိုတော့သည်။ ပေထင်းဟွမ်သည် ကောင်းကင်မှဆင်းသက်လာသော်လည်း ရုတ်တရက် ချောင်းမြောင်းတိုက်ခိုက်ခဲ့သည်။ ပေထင်းဟွမ် မည်သည့်အရာများလုပ်နိုင် သည်ကို မည်သူမှ အာမမခံနိုင်ပေ။
“သောက်ကောင်စုတ်”
ထိုအချိန်တွင် မင်စူးသည် ကျို့ရှို့ကိုပင် ဂရုမစိုက်နိုင်တော့ဘဲ မျက်လုံးများနီရဲလျက်ရှိကာ ပေထင်းဟွမ်ဆီသို့ စီရင်ချက်လှံတံဖြင့် ပြေးလေ သည် “မင်းက ငါ့သားကိုသတ်ခဲ့တယ်၊ ငါ့သားကိုသတ်ရဲတယ်ပေါ့ မင်းအသက် ကို ငါယူမယ်”
မင်စူးသည် အနီရဲရဲဘရိုကိတ်ဝတ်ရုံကိုဝတ်ဆင်ထားကာ မျက်နှာမှာ ပန်း တစ်ပွင့်ကဲ့သို့ လှပသည်။ ထိုအချိန်တွင် သူသည် ပေထင်းဟွမ်အား မလိုလား သောမျက်လုံးများဖြင့် ကြည့်လေသည်။ သူသည် နတ်ဘုရားဘုရင် ထိပ်ဆုံး အဆင့်လောက်သာရှိသည့် ပေထင်းဟွမ်၏လက်ထဲတွင် သေသွားနိုင်သည်ကို မယုံနိုင်ပေ။
ပေထင်းဟွမ်သည် ရက်အနည်းငယ်အတွင်းမျာပင် နတ်ဘုရားဘုရင်မှ အရှင်အဆင့်ထိ တက်သွားသည်ကို သူ မယုံချင်ပေ။