သူ့စွမ်းအားကို ပြသနေပြီ
Vol. 78 Ch. 1546
မင်စူးသည် ဝိညာဉ်ဘုံတွင် အရှင်အဆင့်ရောက်ခါနီး နောက်ဆုံးအဆင့် ဖြစ်သည်။ သူ၏ခွန်အားနှင့်ဆိုလျှင် ရှိနေသည့်နယ်ပယ်သုံးခုမှ အရှင်နှင့် နတ် ဘုရားများအားလုံးကို ချေမွှပစ်လိုက်နိုင်သည်။ သေချာပေါက်ပင် အမှောင်နတ် မိစ္ဆာဘုံနှင့် နတ်ဆိုးဘုံ ထိုနယ်ပယ်သခင်နှစ်ဦးမှလွဲ၍ပင်။
မင်စူးလှုပ်ရှားချေပြီ။ စီရင်ချက်လှံတံသည် ပေထင်းဟွမ်၏ ဦးခေါင်းကို ရိုက်ချလေသည်။ သူ၏အရှိန်သည် အားလုံးကို ကြောက်လန့်သွားစေသည်။ ထိုအချိန်တွင် နယ်ပယ်သုံးခုမှလူအားလုံးသည် လှုပ်ရှားမှုများကိုရပ်တန့်ကာ မင်စူးနှင့်ပေထင်းဟွမ်အား မတူညီသည့်မျက်နှာထားများဖြင့် ကြည့်ကြလေ သည်။
မင်စူးသည် သားရဲစိတ်ဝိညာဉ်မှ အသွင်ပြောင်းထားသည့် တိုက်ခိုက်ရေး ချပ်ဝတ်တန်ဆာကိုဝတ်ဆင်ထားကာ လက်ထဲမှ စီရင်ချက်လှံတံ၏ ကျပန်း လှုပ်ရှားမှုသည် ကြယ်တာရာစွမ်းအားတချို့ကို နှိုးဆော်လိုက်သည်။ သူသည် ထိုးထွင်းဘုံနောက်ဆုံးအဆင့် အရှင်ဖြစ်သည်။ ကောင်းကင်နှင့်မြေကြီး စည်းမျဉ်းကို သူနားလည်မှုသည် ထိုးထွင်းအဆင့်သို့ရောက်နေပြီဖြစ်ကာ ကောင်းကင်နှင့်မြေကြီးစွမ်းအားကို အလွယ်တကူ နှိုးဆော်နိုင်သည်။
ပေထင်းဟွမ်၏ဓားပျော့သည် အားကောင်းသောစွမ်းအားဖြင့် ပေါင်းစပ် ပြီးနောက် အနောက်တွင် မြောက်သွားလေသည်။ ထိုဓားထိပ်ဖျားမှ ထင်ရှား သော မုန်တိုင်းနဂါးပုံပေါ်လာကာ မင်စူး၏လက်ဆီသို့ ရွေ့လျားသွားပြီး စီရင်ချက်လှံတံအားရိုက်ချသည်ကို အားလုံး အထိတ်တလန့်ကြည့်နေကြ၏။
ဘုန်း...
ကောင်းကင်နှင့်မြေကြီးအကြားတွင် ပေါက်ကွဲသံထွက်လာပြီး ကြီးမား သောလှိုင်းဂယက်သည် ကောင်းကင်ကို ဖြိုခွဲလေသည်။ မြေပြင်ပေါ်တွင် မရေတွက်နိုင်သော အက်ကြောင်းများသည် ခက်ထန်သည့်မြေနဂါးကဲ့သို့ အဝေးထိကျယ်ပြန့်သွားလေသည်။ နှစ်ပေါင်းများစွာသက်တမ်းရှိသည့် ရှေးသစ်ပင်များ ပြိုလဲပြီး ကျောက်တုံးများအက်ကွဲလေသည်။ ဟာရီကိန်း မုန်တိုင်းသည် ထိုနေရာရှိ တောင်နှင့်တောများကိုဖြတ်တိုက်လိုက်သလို အဖြစ်ဆိုးကြီး ရုတ်တရက်ပေါ်လာလေသည်။
အားလုံးမှင်တက်သွားကြလေသည်။ ဤလူငယ်သည် ဤမျှအားကောင်း လိမ့််မည်ဟု မည်သူမှထင်မှတ်မထားကြပေ။
သူအသက်မည်မျှရှိသေးသနည်း။
၁၅ နှစ် သို့မဟုတ် ၁၆ နှစ်သာရှိဦးမည်။ သူသည် မင်စူးအား ထိုးစိုက်ကာ တစ်ချက်တည်းနှင့် မင်စူးအား ထိုးသတ်ခဲ့သည်။ တစ်ဖက်လူသာ အားနည်းပါ က မည်သို့ဖြစ်မည်မသိနိုင်ပေ။ ထိုမင်စူးသည် ထိုးထွင်းဘုံနောက်ဆုံးအဆင့် ထိပ်ဆုံးအရှင်ဖြစ်သည်။ သူသည် အမှောင်နတ်မိစ္ဆာဘုံတစ်ခုလုံးတွင် အားအကောင်းဆုံးလူဖြစ်သည်။
ဓားထိုးချက်သည် မင်စူးအား နောက်ပြန်လဲကျသွားစေသည်။
အမှောင်နတ်မိစ္ဆာဘုံမှလူများသည် ခေါင်းငုံ့ထားကြလေသည်။ သူတို့သည် ဤလူငယ်ကိုအထင်သေးကာ ထိကပါးရိကပါးနှင့် လှောင်ပြောင်ခဲ့ သည်။ သို့သော် သူတို့အသက်ကယ်ရန် ဤလူငယ်ကို လိုအပ်နေသည်။
“မင်း မင်းက ပေထင်းဟွမ်လား” မင်စူးသည် ပေထင်းဟွမ်၏ သရုပ်မှန်ကို မသိရလျှင် အသက်ပေးရသည်မှာ အလဟဿဖြစ်သွားလိမ့်မည်။
“မဆိုးဘူး” ပေထင်းဟွမ်သည် အန်းဒယ်လုအား လေးနက်စွာကြည့်လိုက် သည်။ သို့သော် အစောင့်အရှောက်လေးယောက်ကို သတ်ခဲ့သည်ကို မပြောပေ။ သူမသည် အန်းဒယ်လုနှင့်မင်စူးတို့ အဖွဲ့ဖွဲ့သည်ကို မကြောက်ပေ။ သူမသည် တစ်ယောက်ချင်းစီ အနိုင်ယူနိုင်သည်။ ထိုအင်အားစုနှစ်ခုပူးပေါင်းသည်ကို ခုခံရလောက်အောင် သူမ မမိုက်မဲပေ။
ထိုလူသည် သူ့ကို အချိန်တစ်ခုကြာအောင် အသက်ရှင်ခွင့်ပေးထားသည်။
“မင်းက ငါ့သားကိုသတ်ခဲ့တယ်၊ မင်းကို ဒီနေ့မသတ်ရရင် ငါ့ရဲ့မျိုးရိုးက မင်မဟုတ်တော့ဘူး” မင်စူးသည် ပေထင်းဟွမ်ကို မုန်းတီးလွန်းသဖြင့် အံကို တင်းတင်းကြိတ်လိုက်သည်။ ထိုအချိန်တွင် ပေထင်းဟွမ်ကို ဝိညာဉ်နတ်ဘုရား မျိုးနွယ်မှအလိုရှိသည်ကိုပင် ဂရုမစိုက်နိုင်တော့သလို ဘိုးဘေးကြီးသည် ပေထင်းဟွမ်၏အသက်ကို လိုချင်သည်ဟုပြောခဲ့သည်ကိုပင် ဂရုမစိုက်တော့ ပေ။ သူ့အတွက် ပေထင်းဟွမ်သည် သူ၏သားဖြစ်သူကို သတ်ခဲ့သည်။ ထိုအရာ ကပင် မင်စူး သူမနှင့်သီးသန့် တိုက်ခိုက်ရန်လုံလောက်သည်။
မင်စူး၏ရည်ရွယ်ချက်ကိုမြင်ရသဖြင့် ပေထင်းဟွမ်သည် ရှောင်ထန်းအား အသိစိတ်ပင်လယ်ထဲမှ အမိန့်ပေးလိုက်သည် “လုပ်လိုက်တော့”
ဝိညာဉ်ဘုံနှင့်နတ်ဆိုးဘုံမှလူများ ပေထင်းဟွမ်တစ်ယောက်တည်းကို တဖြည်းဖြည်းဝိုင်းလာသည်နှင့် မရေတွက်နိုင်သော နွယ်ပင်များသည် မြေပြင် အထက်တွင် ပေါ်ပေါက်လာကာ ဘုံနှစ်ခုမှလူများကို ချောင်ပိတ်လေသည်။ ပိုက်ကွန်သဖွယ်တည်ဆောက်လိုက်ကာ အားလုံးကိုဖမ်းထားလေသည်။
ပိုက်ကွန်ဖြစ်ပေါ်လာသည်နှင့် အားလုံးသည် ထိတ်လန့်သွားကာ စတင် ရုန်းကန်ကြလေသည်။ သို့သော် သူတို့၏စိတ်ဝိညာဉ်စွမ်းအားသုံးချိန်တွင် အကြောတစ်ခုလုံးတွင် အပေါက်တစ်ခုပေါက်သွားပြီး စိတ်ဝိညာဉ်စွမ်းအားများ လျှံထွက်လာပုံပင်။