← Chapters

အခန်း (၁၅၄၇)

Vol. 78 Ch. 1547

အခန်း (၁၅၄၇)

Vol. 78 Ch. 1547

ထိုအခိုက်အတန့်တွင် အမှောင်နတ်မိစ္ဆာဘုံမှလူများပင် မှင်တက်နေကြ သည်။ ဤလူငယ်သည် ဤမျှရက်စက်လိမ့်မည်ဟု မည်သူမှ ထင်မထားကြပေ။ သို့သော်ထိုလူများသည် တိုက်ပွဲများစွာကို ကြုံတွေ့ဖူးပြီးသားဖြစ်သဖြင့် အသက်တစ်ရှိုက်တစ်ဝက်မျှ မှင်တက်သွားလျှင်တောင် လက်ထဲမှဓားများကို မြှောက်ကာ ဝိညာဉ်ဘုံနှင့် နတ်ဆိုးဘုံမှလူများကို ခုတ်ကြလေသည်။

အန်းဒယ်လုသည် အရှင်ခွန်အားထိပ်ဆုံးအဆင့်ဖြစ်သည်။ ရှောင်ထန်း သည် နတ်ဘုရားအဆင့်သားရဲဖြစ်လျှင်တောင် သူသည် သန်မာသော အရှင်အဆင့်ကို ပျက်စီးအောင်လုပ်နိုင်သည်။ သို့သော် သူမသည် ပြိုင်ဘက်ကို ချုပ်နှောင်ရုံသာတတ်နိုင်လေသည်။

အန်းဒယ်လုသည် ဒေါသထွက်သွားသည်။ ပေထင်းဟွမ်အား အမှောင် နတ်မိစ္ဆာဘုံအဖွဲ့ဝင်အဖြစ် မသတ်မှတ်လျှင် သူ ငတုံးဖြစ်လိမ့်မည်။ အကြောင်းအရင်းကိုမေးရန်မလိုပေ။ အစောကပင် အမှောင်နတ်မိစ္ဆာဘုံအား သုတ်သင်ရန် နတ်ဆိုးဘုံနှင့် ဝိညာဉ်ဘုံတို့ ပူးပေါင်းခဲ့ကြသည်။ ယခုအခါ အမှောင်နတ်မိစ္ဆာဘုံတွင် အားကောင်းသော ကူညီသူပေါ်လာချိန်တွင် သူသည် နတ်ဆိုးဘုံကို သွားခွင့်ပြုလိုက်ပါက ကျို့ယင်းသည် ငမိုက်သားဖြစ်လိမ့်မည်။

မင်စူး ပေထင်းဟွမ်အား ပစ်လွှတ်ချိန်တွင် အန်းဒယ်လုသည်လည်း ပေထင်းဟွမ်ဆီသို့ ပြေးလာခဲ့သည်။ ဤကောင်လေးသည် နယ်ပယ်နှစ်ခုကို တစ်ယောက်တည်း ဖျက်ဆီးနိုင်သည်ဟု တွေးပါက သူမသည် အလွန်ရက်စက် သည်။

ဤလူငယ်၏ခွန်အားသည် အမှန်တကယ်ပင်ကောင်းသည်။ သို့သော် ဤလူငယ်သည် မသိမသာ ကောက်ကျစ်ပြီး ရက်စက်သည်။ သူသာ ယနေ့ အောင်မြင်မည်ဆိုပါက နတ်ဆိုးဘုံနှင့်ဝိညာဉ်ဘုံတို့၏ခွန်အားသည် များစွာ လျော့ကျသွားမည်ဖြစ်ကာ အနာဂတ်တွင် အင်အားပူးပေါင်းလျှင်တောင် အမှောင်နတ်မိစ္ဆာဘုံကို တိုက်ခိုက်နိုင်တော့မည်မဟုတ်ပေ။

ပေထင်းဟွမ်ကို သတ်လိုက်မှပင် အပင်သားရဲအကြားတွင် ပိတ်မိနေ သည့် နယ်ပယ်နှစ်ခုမှလူများကို ကယ်တင်ရန်ဖြစ်နိုင်မည်။

ပေထင်းဟွမ် အန်းဒယ်လုကို သတ်ဖြတ်နေချိန်တွင် ကျို့ယင်းသည် အန်းဒယ်လုအား လိုက်နေပြီဖြစ်သည်။ အမှောင်နတ်မိစ္ဆာဘုံ၏ နှစ်ပေါင်း များစွာသက်တမ်းရှိ နောက်ခံနှင့်ဆိုလျှင် ကျို့ယင်းတွင် ဝှက်ဖဲတချို့ရှိနေတုန်း ပင်။ သူ၏ခန္ဓာကိုယ်လှုပ်ရှားလိုက်သည်နှင့် အရှိန်သည် အန်းဒယ်လုထက် အနည်းငယ်မြန်ဆန်ပြီး လက်ထဲမှဓားပျော့ဖြင့် အန်းဒယ်လုအား ခုတ်ချလိုက် လေသည်။ စူးရှသောလေသည် အန်းဒယ်အလုအား နောက်ပြန်လှည့်ရန် ဖိအားပေးပြီး ကျို့ယင်းနှင့်တိုက်ခိုက်လေသည်။

ရလဒ်အနေနှင့် ပေထင်းဟွမ်၏ဖိအား ရုတ်တရက်လျော့ကျသွားကာ ဓားပျော့သည် စီရင်ချက်လှံတံလှုပ်ခါသွားပြီး မင်စူးအသတ်ခံလိုက်ရလေသည်။ မီးပွားကြောင်းထွက်ပေါ်လာပြီး ပုံရိပ်နှစ်ခုသည်လည်း တညီတညာတည်း နောက်ပြန်လဲကျလေသည်။

“ပေထင်းဟွမ် မင်းက ငါ့သားကိုသတ်ခဲ့တာ ဒီနေ့ သေကိုသေရမယ်”

ထိုအချိန်တွင် ကောင်းကင်သည် မှောင်မည်းနေပြီဖြစ်သည်။ ကောင်းကင် ပေါ်တွင် ခပ်မှိန်မှိန်လပြည့်ပေါ်လာကာ ကြယ်အနည်းငယ်လည်း လင်းလက် နေပြီဖြစ်သည်။

ထိုအချိန်တွင် မင်စူးသည် လက်ထဲမှစီရင်ချက်လှံတံကို မြှောက်ကာ စီရင် ချက်လှံတံသို့ စိတ်ဝိညာဉ်စွမ်းအားထည့်လိုက်ရာ စီရင်ချက်လှံတံမှ အလင်း တန်းထွက်ပြီး ကောင်းကင်ဆီသို့ ထိုးတက်သွားလေသည်။ ၎င်းကောင်းကင် ပေါ်သို့ ပျံသွားသည်နှင့် ရုတ်တရက်ပင် နဂိုကမှေးမှိန်နေသောလပြည့်သည် နီရဲသွားလေသည်။

ကမ္ဘာမြေကြီးကွဲသွားကာ လေနှင့်တိမ်တိုက်များသည် အရိုင်းဆန်စွာ လူးလှိမ့်နေကြသည်။

သဲနှင့်ကျောက်တုံးများသည် မြေကြီးပေါ်တွင် ပျံနေကာ တစ္ဆေငိုသံသည် ရှေးသစ်တောထဲမှထွက်လာသဖြင့် မွေးညင်းများထောင်သွားစေလေသည်။ သက်တမ်းထောင်ချီသစ်ပင်အိုများသည် တစ်ပင်ပြီးတစ်ပင်အမြစ်ပြုတ်ကြ သည်။ စီရင်ချက်လှံတံလှုံ့ဆော်လိုက်သည့် ကြယ်တာရာ၏စွမ်းအားသည် မည်မျှအားကောင်းသည်ကိုမြင်နိုင်သည်။

အမှောင်နတ်မိစ္ဆာဘုံမှလူများသည် ပေထင်းဟွမ်အတွက် ချွေးပြန်မိကြ လေသည်။

မင်စူးမည်မျှအားကောင်းသည်ကို အမှောင်နတ်မိစ္ဆာဘုံမှ လူအနည်းငယ် သာသိကြလေသည်။ ဤဧရိယာမှလူအနည်းငယ်သည် ပေထင်းဟွမ်လက်ထဲ တွင် အစောင့်အရှောက်လေးယောက်သေသွားခဲ့သည်ကို သိထားကြသည်။ ကျန်လူများသည် နတ်ဆိုးဘုံနှင့် ဝိညာဉ်ဘုံတို့ အမှောင်နတ်မိစ္ဆာဘုံ၏သခင်ကို တိုက်ခိုက်နေကြသည်ကိုသာ မြင်ကြသည်။

ပေထင်းဟွမ်သည် ၁၅ နှစ် သို့မဟုတ် ၁၆ နှစ်သာရှိသေးသည်။

မင်စူးသည် ကြယ်တာရာစွမ်းအားကို ဆွဲဆောင်ရန် သူ၏ခွန်အားအားလုံး နီးပါးထည့်လိုက်သည်။ ထိုအချိန်တွင် သူသည် ပေထင်းဟွမ်အားသေစေချင်နေ ပြီဖြစ်သည်။ ဝိညာဉ်နတ်ဘုရားမျိုးနွယ်၏အမိန့်ကြောင့်ဖြစ်စေ ပေထင်းဟွမ် သည် သူ့သားကိုသတ်ခဲ့သည့်အကြောင်းအရင်းကြောင့်ဖြစ်စေ ပေထင်းဟွမ် သေချာပေါက်သေရမည်။

ကောင်စုတ်လေးတစ်ကောင်သည် သူနှင့်လာယှဉ်ပြိုင်ရဲသည်။

All Chapters