အောင်နိုင်ခြင်းနှင့် သေဆုံးခြင်း
Vol. 78 Ch. 1549
ထိုအချိန်တွင် ကျို့ယင်းနှင့်အန်းဒယ်လုတို့လည်း တိုက်ခိုက်ရာမှရပ်တန့် ကာ နှစ်ယောက်လုံးသည် ပေထင်းဟွမ်စုစည်းလိုက်သည့် ကြီးမားသောလေ နဂါးကြောင့် ထိတ်လန့်နေကြသည်။ သူတို့သည် ဤမျှအားကောင်းသော တိုက်ခိုက်ရေးဝိညာဉ်ကို မမြင်ဖူးကြပေ။
“အိုး အဲဒါကြောင့် နယ်ပယ်သခင်ကျို့ယင်းက အဲလောက်ထောက်ပံ့နေ တာကိုး သူ့လက်ထဲမှာ ဒီလောက်အားကောင်းတဲ့စစ်သူကြီးရှိနေတာပဲ” အန်းဒယ်လုသည် အံကိုတင်းတင်းကြိတ်ကာ ပြောလေသည်။ သူသည် အဖွဲ့ကို ဦးဆောင်လာခဲ့သော်လည်း ဂူသင်္ချိုင်းကိုပင် မထိလိုက်ရသေးခင်မှာပင် တပ်ဖွဲ့ တစ်ခုလုံး ရှင်းထုတ်ခံရတော့မည်။
ကံကောင်းစွာပင် မုန်တိုင်းနဂါးသည် ကြယ်တာရာတန်းသို့ဝင်သွားရာ ကြယ်တာရာစွမ်းအားအတွေ့အကြုံရှိသည့် အန်းဒယ်လုသည် ရယ်မောလေ သည် “ဟား ဟား ဟား တုံးလိုက်တာ”
ကျို့ယင်းသည် မျက်မှောင်ကြုတ်လေသည်။ ကျို့ရှို့သည် ပေထင်းဟွမ်ကို ယုံကြည်နေတုန်းပင်။ သူသည် ကြယ်တာရာတန်းကို မျှော်လင့် သောမျက်လုံးများဖြင့် ကြည့်နေသည်။
မင်ရှို့သည် ဤလေနဂါးကို ညှစ်သတ်ရန်အခွင့်အရေးကို လက်လွှတ်မခံ ပေ။ သူသည် ခန္ဓာကိုယ်ထဲမှ နောက်ဆုံးကျန်သည့်စိတ်ဝိညာဉ်စွမ်းအားကို လှုံ့ဆော်လိုက်ရာ ကြယ်တာရာတန်းတစ်ခုလုံး၏အရောင်သည် ဟင်္သပဒါး ရောင်အဖြစ်ပြောင်းသွားပြီး ကောင်းကင်တစ်ခွင်တွင်သွေးများစီးဆင်းနေသလို ထင်ရသည်။ ထိုအထဲတွင် သွေးမှထွက်လာသည့် ညှီစို့စို့အနံ့သည် အရည်မပျော် တော့မည့်အတိုင်း ပျစ်နှစ်လှသည်။
“ကြယ်တာရာတန်းဖျက်ဆီး၊ ကြယ်တာရာတန်း ပြောင်းပြန်”
ကြယ်တာရာတန်းတစ်ခုလုံးသည် မင်ရှို့၏စီရင်ချက်လှံတံအောက်တွင် လှည့်ပတ်နေသည်။ ထိုအခိုက်အတန့်တွင် နဂါးအော်သံသည် ခမ်းနားစွာ ထွက်ပေါ်လာပြန်သည်။ ကြယ်တာရာတန်းထဲတွင် သံမဏိနှင့်တူပြီး ကြီးမားသောနဂါး၏ဦးခေါင်းထွက်လာပြီး ချက်ချင်းပင် ခန္ဓာကိုယ်ကို ရုတ်တရက် လှည့်လိုက်ကာ အားလုံး၏ကြောက်လန့်နေသည့် မျက်လုံးအောက် တွင် ကြီးမားသောနဂါးအမြီးဖြင့် ကြယ်တာရာတန်းကို ရိုက်ချလေသည်။
“ဖြန်း”
နဂါးအမြီးသည် မင်ရှို့၏ခန္ဓာကိုယ်ကို ရိုက်ချလိုက်သည့်အတိုင်း ခန္ဓာကိုယ်သည် အထက်အောက်လွင့်ပျံသွားကာ ခြေထောက်များသည် လေထဲ တွင် စွဲစွဲမြဲမြဲပင် အရိပ်အယောင်ကျန်ခဲ့လေသည်။ နောက်ဆုံးတွင် သူ၏ခန္ဓာ ကိုယ်သည် မြေကြီးပေါ်သို့ကျသွားကာ ရှေးသစ်ပင်နှင့် ပြင်းထန်စွာရိုက်မိလေ သည်။ သစ်ပင်ပင်စည်ပေါ်တွင် လူများဝိုင်းထားသည့် ထူထဲသောပင်စည်မှာ ကျိုးသွားလေသည်။
နယ်ပယ်သခင်မင်ရှို့သည် မြေကြီးပေါ်တွင် ခွေးသေတစ်ကောင်ကဲ့သို့ ပင်။ သူ၏အသက်သွေးကြောသည် တဖြည်းဖြည်းပျောက်ကွယ်သွားလေပြီ။
ကြယ်တာရာတန်း ပျက်စီးသွားကာ ကောင်းကင်မှဆင်းသက်လာသည့် ကြယ်တာရာစွမ်းအားသည် ကြီးမားသောမုန်တိုင်းနဂါး၏ အမြီးအောက်တွင် ပြန့်ကျဲသွားပြီး ကြယ်တာရာစွမ်းအားသည် လေထဲတွင်ပျောက်ကွယ်သွားလေ သည်။ နောက်ဆုံးတွင် တောက်ပသောပိုးစုန်းကြူးများကဲ့သို့ ကောင်းကင်ကို ဦးတည်ကာ ပျံသွားကြလေသည်။
တောထဲတွင် အပ်ကျသံမကြားရလောက်အောင် တိတ်ဆိတ်နေသည်။ အန်းဒယ်လုပင် တိုက်ခိုက်ရန် မေ့လျော့နေလေသည်။ သူသည် နွယ်ပင်များ အောက်တွင် အသက်သွေးကြောပျောက်ကွယ်သည့် မြေပေါ်မှလူများကို ကြည့်လိုက်သည်။ မင်ရှို့သည် လေကိုမနည်းရှူနေရသည်။ သူ၏မျက်လုံးများ သည် အနက်ရောင်ဝတ်ကောင်လေး၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားလေ သည်။
လူငယ် လက်မြှောက်လိုက်ချိန်တွင် ကြီးမားသောမုန်တိုင်းနဂါးသည် မီးခိုးရောင်မြူခိုးအဖြစ်ပြောင်းသွားပြီး လက်ဝါးထဲသို့ ဝင်သွားလေသည်။ တိုက်ခိုက်ရေးဝိညာဉ်သည် နတ်အသိစိတ်ပိုင်ဆိုင်နေပြီဖြစ်သည်။ ယခုအချိန်မှ စပြီး ၎င်းသည် သခင်နှင့်သေသေရှင်ရှင်အတူရှိသွားမည်ဖြစ်ပြီး တိုက်ခိုက်ရေး ဝိညာဉ်ပုံစံသာမဟုတ်တော့ပေ။ တိုက်ပွဲပြီးလျှင် လာရာလမ်းအတိုင်းပြန်မည်။
ဤကဲ့သို့နည်းလမ်းသည် အမှောင်နတ်မိစ္ဆာဘုံမှလူများအတွက် ဆန်းကြယ်နေသည်။
ထိပ်ဆုံးအရှင်အဆင့်ရောက်နေသော အန်းဒယ်လုနှင့်ကျို့ယင်းတို့ နှစ်ယောက်သာလျှင် ဘုံ၏စည်းမျဉ်းဖိနှိပ်မှုကိုကြောက်ပြီး အဆင့်မတက်ရဲကြ ပေ။ ပေထင်းဟွမ်၏ခွန်အားသည် မည်သည့်အမျိုးအစားဖြစ်သည်ကို သူတို့ နှစ် ယောက်သာသိကြသည်။
ဤလူငယ်၏ခွန်အားသည် သာမန်အာရုံတွင်အခြေခံထားပုံမရပေ။ သူမ ရွှေ့ပြောင်းလိုက်သည့် ကောင်းကင်နှင့်မြေကြီးစွမ်းအားသည် ကစဥ့်ကလျား အစောပိုင်းအဆင့် အရှင်တစ်ယောက်တွင်သာရှိနိုင်သည်။ သို့သော် သူမ စုစည်း လိုက်သည့်တိုက်ခိုက်ရေးဝိညာဉ်သည် အရှင်အဆင့်ကျွမ်းကျင်သူမဟုတ်ပေ။
“ရှောင်ထန်း သူတို့အသက်တွေကို ယူလိုက်တော့” ပေထင်းဟွမ်သည် ဘာမှမဟုတ်သလိုပြောလေသည်။ ထို့နောက် အန်းဒယ်လုကိုကြည့်လိုက်သည် “မင်းကိုပြောဖို့မေ့သွားတာ သူတို့အသက်ကို ခေါင်းမပါအောင်ယူလာခဲ့”
အန်းဒယ်လုသည် ချက်ချင်းပင် ဒေါသထွက်လေသည်။ သို့သော် သူသည် လက်ထဲမှလက်နက်ကိုသာ တင်းကြပ်စွာဆုပ်ကိုင်ထားပြီး ပေထင်းဟွမ်အား အလွယ်တကူမတိုက်ခိုက်ရဲပေ။