← Chapters

အခုကစပြီး ငါလိုချင်တာ သန်မာဖို့ပဲ ပိုသန်မာဖို့ပဲ

Vol. 78 Ch. 1550

အခုကစပြီး ငါလိုချင်တာ သန်မာဖို့ပဲ ပိုသန်မာဖို့ပဲ

Vol. 78 Ch. 1550

ထိုအချိန်တွင် ရှောင်ထန်းသည် နွယ်ပင်များဆန့်ထုတ်ကာ မြေပေါ်တွင် လဲနေသော အသက်မျှင်းမျှင်းသာရှိတော့သည့်မင်ရှို့အား ရိုက်ချလေသည်။

ပေထင်းဟွမ်ပြောပြီးနောက်တွင် အားလုံးကိုမကြည့်တော့ဘဲ ကျို့ရှို့၏ ဘေးသို့လျှောက်သွားလေသည် “နောက်ဆိုရင် ဘယ်လိုပြိုင်ဘက်မျိုးပဲတွေ့ပါ စေ၊ ဘယ်လောက်ပဲခက်ခဲပါစေ အကောင်းဆုံးနည်းလမ်းက တိုက်ခိုက်ဖို့ပဲ၊ နတ်ဘုရားက သူ့တို့ကိုယ်သူတို့ကူညီတဲ့သူတွေကို ကူညီပေးပါတယ်”

ကျို့ရှို့သည် သူ၏စိတ်ဝိညာဉ် ထိတ်လန့်သွားသည်ကို ရုတ်တရက်ခံစား မိလေသည်။ သူ၏တစ်ကိုယ်လုံး တုန်ယင်သွားကာ ပေထင်းဟွမ်အား လေးနက် စွာပြောလေသည် “အင်း ငါ မှတ်ထားပါမယ်”

၎င်းသည် သခင်များကို လက်အောက်ငယ်သားများက ပြုမူသည့် လောကဝတ်ဖြစ်သည်။ သို့သော် ဤအချိန်တွင် အမှောင်နတ်မိစ္ဆာဘုံမှ မည်သူ မှသတိမထားမိပေ။ နတ်ဆိုးဘုံခသင်ပင်လျှင် ရှုပ်ထွေးလျက်ရှိသည်။ အားလုံး သည် ပေထင်းဟွမ်၏စကားများအကြောင်း တွေးနေကြသည်မှာ ထင်ရှား၏။ နတ်အဆင့်ကိုဝင်ပြီးနောက် ကျင့်ကြံသူများရင်ဆိုင်ရသည့် အကြီးမားဆုံးသော အခက်အခဲမှာ စွမ်းအင်စုပ်ယူခြင်းမဟုတ်ဘဲ နားလည်ခြင်းပင်။

ပေထင်းဟွမ် ရှောင်ထန်းနျင့်ထွက်သွားပြီးနောက် ကျို့ယင်းအပါအဝင် ကျန်သည့် အမှောင်နတ်မိစ္ဆာဘုံမှလူများသည် ငေးငိုင်စွာရပ်နေသော အန်းဒယ်လုအား သတိရှိရှိကြည့်နေတုန်းပင်။ နတ်ဆိုးဘုံမှသခင်များအားလုံး သည် ရှောင်ထန်းကြောင့် သေကြေသွားကြပြီဖြစ်သည်။ ရှောင်ထန်း၏အဆိပ် သည် အားကောင်းလွန်းကာ နွယ်ပင်များအကြားတွင် ပိတ်မိသည့်လူများ အားလုံး မည်သူမှအသက်မရှင်ကြပေ။ အန်းဒယ်လုသည် ထိုရိုက်ခတ်မှုကို မခံ နိုင်သဖြင့် လက်စားချေလိမ့်မည်ကို သူတို့ စိုးရိမ်ကြသည်။

ထိုသို့ဆိုလျှင် အမှောင်နတ်မိစ္ဆာဘုံသည် အတူတကွလုပ်ဆောင်ပြီး အကောင်းဆုံးကြိုးစားလျှင် ဤနယ်ပယ်သခင်ကို သတ်ရင်သတ်နိုင်လိမ့်မည်။

မည်သူသိမည်နည်း။ မည်မျှကြာမည်ကိုလည်း မသိပေ။ အားလုံးသည် စိတ်မရှည်စွာစောင့်ဆိုင်းနေချိန်တွင် လက်ဦးမှုရယူရန် အသင့်ဖြစ်နေချိန်တွင် အန်းဒယ်လုသည် ရယ်မောကာ ကျို့ယင်းအား အထင်သေးသောမျက်လုံးများ ဖြင့်ကြည့်လေသည် “ကျို့ယင်း အမှောင်နတ်မိစ္ဆာဘုံတစ်ခုလုံးက မင်းဆီကို ပို့ လိုက်တာဖြစ်မယ်၊ ဒီမှာ အခုကစပြီး ငါ အန်းဒယ်လုက ကြွယ်ဝမှုနဲ့ စွမ်းအားကို မရှာတော့ဘဲ ခွန်အားကိုရှာမယ် ပိုသန်မာလာမယ်”

“ငါက ကျင့်ကြံသူပဲ ဒါပေမဲ့ စွမ်းအားနဲ့ကြွယ်ဝမှုကိုပဲ ဦးတည်နေခဲ့တယ်၊ အဲဒါကြောင့် ငါ အခုထိနားမလည်သေးတာပဲ၊ ငါနားမလည်နိုင်သေးတာ”

အန်းဒယ်လုသည် လျှပ်တပြက်အတွင်းပျောက်သွားလေသည်။ သို့သော် အဝတ်ဂူသင်္ချိုင်းရှိရာဘက်သို့မဟုတ်ဘဲ သတ်ဖြတ်ဝိညာဉ်တောင်အတွင်းနက် ပိုင်းသို့ဖြစ်သည်။ ထိုအရာကိုကြည့်ပြီး အမှောင်နတ်မိစ္ဆာဘုံမျလူများသည် မယုံ နိုင်လောက်အောင်ဖြစ်မိလေသည် “အရှင် ဒီအန်းဒယ်လုက ရူးသွားတာလား၊ သူက ဂူသင်္ချိုင်းထဲက အကုန်ကိုလိုချင်ခဲ့တာမဟုတ်ဘူးလား”

ကျို့ယင်းသည် မတည်ငြိမ်နိုင်တော့ပေ။ သူသည် အန်းဒယ်လုထွက်သွား ရာဘက်သို့စိုက်ကြည့်ပြီး အတန်ကြာသော် ပြောလေသည် “သူက အမှောင် နတ်မိစ္ဆာဘုံကနေ ထွက်သွားပြီ၊ ဘယ်နေရာလဲဆိုတာတော့ ငါလည်းမသိဘူး၊ သူက သခင်ဟွမ်ကျို့စကားထဲကနေ တချို့စည်းမျဉ်းကို သင်နိုင်သွားတာပဲ အံ့ဩဖို့ကောင်းတဲ့ ကျွမ်းကျင်သူပဲ”

“သူက သခင်ဟွမ်ကျို့နဲ့ မတိုက်ခိုက်ချင်လို့ ရှောင်သွားတာပဲဖြစ်မယ်” ကျို့ရှို့သည် လျှောက်သွားပြီး ဖခင်ဖြစ်သူ၏ဒဏ်ရာအတွက် စိတ်မကောင်းဖြစ် သွားပြီးဆုတောင်းပေးလေသည် “အဖေ ဝိညာဉ်ဘုံ ပျက်စီးသွားပြီ ပြီးတော့ နတ်ဆိုးဘုံလည်းမရှိတော့ဘူး၊ အခုကစပြီး အမှောင်နတ်မိစ္ဆာဘုံက လွှမ်းမိုး တော့မယ်၊ အဖေ သခင်ဟွမ်ကျို့က အဝတ်ဂူသင်္ချိုင်းက ပစ္စည်းလိုချင်ရင် သူ့ကို ပေးလိုက်တာပေါ့”

ထိုစကားကိုကြားပြီးနောက် ကျို့ယင်းသည် မျက်ရည်များထွက်သည် အထိ ရယ်မောလေသည်။ သူသည် သားဖြစ်သူ၏ဦးခေါင်းကိုပွတ်သပ်လိုက် သည် “သခင်ဟွမ်ကျို့က လွှတ်ပေးဖို့ အကူအညီလိုသေးလို့လား၊ မင်း အပြောရင်တောင် အဖေလည်းသိပါတယ်၊ ဒီတစ်ခါ ငါတို့တွေ သခင်ဟွမ်ကျို့ကို အကောင်းဆုံးကူညီကြတာပေါ့၊ သူလိုချင်တာကို ပေးမယ် မလိုချင်တာကို ငါတို့ ယူမယ်”

ထိုစကားကိုကြားပြီးနောက် ကျို့ရှို့သည် စိတ်အေးသွားလေသည်။ ကျို့ယင်းပြောသလိုပင် အမှောင်နတ်မိစ္ဆာဘုံတစ်ခုလုံးတွင် မည်သူမှမငြင်းဆန် ကြပေ။ အားလုံးသည် ပူးပေါင်းပါဝင်ကြသည်။ ကံကောင်းစွာပင် အပင်သားရဲ သည် လက်လွတ်စပယ်မတိုက်ခိုက်ခဲ့ပေ။ မဟုတ်လျှင် သူတို့လည်း ဝိညာဉ်ဘုံ သို့မဟုတ် နတ်ဆိုးဘုံမှလူများကဲ့သို့ သည်တစ်ကြိမ်တွင် မံမီဖြစ်သွားနိုင်သည်။

All Chapters