← Chapters

အမှောင်နတ်မိစ္ဆာဘုံရဲ့ အချိန်ပြန်ရောက်လာပြီ

Vol. 78 Ch. 1551

အမှောင်နတ်မိစ္ဆာဘုံရဲ့ အချိန်ပြန်ရောက်လာပြီ

Vol. 78 Ch. 1551

သခင်ဟွမ်ကျို့မပါလျှင် သူတို့သည် တခြားနယ်ပယ်နှစ်ခု၏ ဝိညာဉ်ဖြစ် သွားနိုင်သည်။

မင်ရှို့အား တစ်ချက်တည်းနှင့်သတ်လိုက်ခြင်းသည် ဟွမ်ကျို့၏ခွန်အား မှာ သူတို့လိုက်မယှဉ်နိုင်သည့်အရာပင်ဖြစ်သည်။

အကြောင်းအရင်း မည်သို့ပင်ဖြစ်စေကာမူ အမှောင်နတ်မိစ္ဆာဘုံမှလူများ သည် ကျို့ယင်း၏အမိန့်ကို ဆန့်ကျင်ရမည့်အနေအထားမဟုတ်ပေ။ ဆန့်ကျင် ဘက်အနေနှင့် အားလုံးသည် ပေထင်းဟွမ်အပေါ်အရင်ကရှိခဲ့သည့် အကဲဖြတ် မှုများ ပြောင်းလဲသွားကာ တစ်ယောက်ပြီးတစ်ယောက် သူတို့၏ထင်မြင်ချက် များကို ဖော်ပြကြလေသည်။ သူတို့သည် ပေထင်းဟွမ်အား အကောင်းဆုံး ကူညီသွားမည်ဖြစ်ကာ အဝတ်ဂူသင်္ချိုင်းထဲမှ သူမ လိုချင်သည့်ရတနာများကို ကူရှာပေးမည်။

“သခင်ဟွမ်ကျို့ရဲ့ ညွှန်ကြားချက်တွေကို နားထောင်လိုက်ရင် ကောင်း မယ်” သူတို့ထဲမှတစ်ယောက်သည် စိတ်ရင်းဖြင့်ပြောလေသည်။

“သခင်ဟွမ်ကျို့ စုစည်းလိုက်တဲ့ တိုက်ခိုက်ရေးဝိညာဉ်က တကယ် အားကောင်းတယ်၊ ငါ သူ့အကြံကိုမယူရင် သေသွားမှာပဲ” နောက်အရှင်တစ်ဦး သည် ပေထင်းဟွမ်အား လေးစားလာသည်။

ကျို့ယင်းသည် ဘာမှမပြောပေ။ ထိုလူငယ်သည် ထိုကဲ့သို့လူမျိုးမဟုတ် ပေ။ မင်ရှို့နှင့် သားဖြစ်သူကို သတ်သည်ကိုကြည့်လျှင် သူ့အသက်အရွယ်နှင့် လိုက်ဖက်သည့်ရက်စက်မှုမျိုးမဟုတ်ပေ။ ကံကောင်းစွာပင် သူ၏သားဖြစ်သူ သည် ထိုကောင်လေး၏မျက်နှာသာပေးခြင်းကိုခံရသည်။ ထိုအရာသည် ကောင်းချီးလား ကျိန်စာလားဆိုသည်ကို သူ မသိတော့ပေ။

ကျို့ရှို့သည် ဖခင်ဖြစ်သူကို အဖွဲ့အားဦးဆောင်စေသည်။ ပေထင်းဟွမ် ရှိသည့်နေရာနှင့် မနီးမဝေးတွင် စခန်းတစ်ခုရှိသည်။ သူတို့၏စားသောက် ပွဲတွင် လူဒါဇင်မျှသာပါဝင်သည်။ သူတို့သည် နောက်စခန်းတစ်ခုတည်ဆောက် ရန် မသင့်တော်ပေ။ မဟုတ်လျှင် သားရဲအုပ်၊ တခြားလူများ၏ ပစ်မှတ်ဖြစ်လာ နိုင်သည်။

ဤဘက်မှတိုက်ပွဲအခြေအနေကို စခန်းမှတခြားအဖွဲ့များမြင်ပြီးသားဖြစ် သည်။ ပေထင်းဟွမ်ပြန်လာချိန်တွင် ထိုလူများ၏မျက်လုံးများမှာ ကြောက်ရွံ့ သည့်အကြည့်များနှင့်ပင်။

အမှောင်နတ်မိစ္ဆာဘုံမှလူများ ရောက်လာသောအခါ နဂိုက အနည်းငယ် အထင်သေးခဲ့ကြသော လူအားလုံးသည် အမှောင်နတ်မိစ္ဆာဘုံအား ပို၍ အာရုံစိုက်လာကြသည်။ ထိုလူများသည် ပိုရှင်းလင်းလာကြသည်။ ယခုချိန်မှစ ပြီး အမှောင်နတ်မိစ္ဆာမြို့သည် အမှောင်နတ်မိစ္ဆာဘုံ၏ခေါင်းဆောင်နေရာနှင့် ကောင်းစွာထိုက်တန်သည်။

သူတို့လွန်စွာကြောက်လန့်၍သည့်ဤလူငယ်သည် အမှောင်နတ်မိစ္ဆာဘုံ နှင့်နီးစပ်နေကာ ဤလူငယ် လှုပ်ရှားသည်မှာလည်း ကျို့ရှို့ကြောင့်ဖြစ်သည်ကို အားလုံးသိကြသည်။

“အမှောင်နတ်မိစ္ဆာဘုံရဲ့ အသုံးမကျတဲ့သခင်လေးက တစ်နေ့ ဒီလိုမျိုး ပြောင်းပြန်ဖြစ်သွားလိမ့်မယ်လို့မထင်ထားဘူး၊ ဒီလိုမျိုးအားကောင်းတဲ့လူနဲ့ ကပ်ထားနိုင်တာ တကယ်ကံကောင်းတာပဲ” အားလုံးသည် ထိုသို့တွေးကြ၏။

နောက်နေ့မနက်အစောတွင် များစွာသောအဖွဲ့များ ရောက်လာကြသည်။ ထိုအထဲတွင် အားအးကောင်းဆုံးအဖွဲ့နှစ်ခုမှာ အမှောင်နတ်မိစ္ဆာဘုံတွင် ရှိလာ သည်မှာ နှစ်ပေါင်းများစွာကြာပြီဖြစ်ကာ ဝိညာဉ်ဘုံနှင့် နတ်ဆိုးဘုံတို့ပင် သူတို့ ၏ အစွန်ကိုမကပ်ရဲကြပေ။ ထိုအဖွဲ့နှစ်ဖွဲ့အကြောင်းပြောရလျှင် သူတို့၏ ဘိုးဘေးများသည် အလွန်အားကောင်းသည့် သားရဲများဖြစ်ကြသည်ဟု ဆိုကြ သည်။ လူသားများနှင့် ပေါင်းစပ်ပြီးနောက် ဆက်ခံသူများသည် အလွန် အရည်အချင်းရှိပြီး အားကောင်းကြသည်။

ထိုအဖွဲ့နှစ်ဖွဲ့သည် ယင်းလုံနှင့် လန်ဖုန်းတို့ဖြစ်ကြသည်။ သို့သော် ထို အဖွဲ့နှစ်ဖွဲ့သည် မနေ့ညက နယ်ပယ်သုံးခုတိုက်ပွဲကို စုံစမ်းရန် လူလွှတ်ခဲ့ကြ သည်။ စခန်းသို့ရောက်ပြီးနောက် သူတို့သည် ပေထင်းဟွမ်အား ကြောက်လန့် သဖြင့် ဇာတ်မြှုပ်နေခဲ့ကာ အမှောင်နတ်မိစ္ဆာနယ်ပယ်နှင့် ယှဉ်ပြိုင်ရန် ရည်ရွယ် ချက်မရှိကြပေ။

အဖွဲ့များစွာရောက်နေကြပီဲဖြစ်သည်။ အားလုံးသည် မနက်ခင်းတွင် ဗိုက်ပြည့်ရုံသာဖြည့်ကြသည်။ ဓားဝိညာဉ်ချောက်အတွင်းနက်ပိုင်းသို့ ဦးတည် ချိန်တွင် ချောက်တစ်ခုလုံးသည် လူပြည့်သွားသည်။ ဤအရာသည် လူများလို ချင်သည့်အရာပင်။ ဤနေရာတွင် မည်သည့်အဖွဲ့ဖြစ်စေ ဓားဝိညာဉ်ချောက် အတွင်းနက်ပိုင်းသို့ တစ်ဖွဲ့တည်းဝင်ရန်မဖြစ်နိုင်ပေ။

အကြောင်းမှာ အကြောင်းမှာ နတ်မိစ္ဆာဝိညာဉ်ခေတ်တွင် အားမကောင်း လျှင် သားရဲများသည် သေကြေကြကာ တချို့သော အားကောင်းသောသားရဲ များသည် ဓားဝိညာဉ်ချောက်အတွင်းနက်ထဲတွင် ရှင်သန်နေကြသည်ဟု အမှောင်နတ်မိစ္ဆာဘုံတွင် အဆိုရှိသည်။

ထိုအထဲတွင် ငှက်ပြာသည် ကိုယ်စားပြုထဲမှတစ်ကောင်ဖြစ်သည်။

ကောင်းကင်ပေါ်တွင် မရေတွက်နိုင်သောပုံရိပ်များသည် ဓားဝိညာဉ် ချောက်အတွင်းနက်ထဲသို့ ဦးတည်နေကာ ပေထင်းဟွမ်သည် သူတို့ထဲမှ တစ် ယောက်အပါအဝင်ဖြစ်သည်။

All Chapters