← Chapters

တောင်ထိပ်ကိုးလုံး၊ ဖန်ဆင်းရေးနတ်ဘုရားရဲ့ ဂူသင်္ချိုင်း

Vol. 78 Ch. 1552

တောင်ထိပ်ကိုးလုံး၊ ဖန်ဆင်းရေးနတ်ဘုရားရဲ့ ဂူသင်္ချိုင်း

Vol. 78 Ch. 1552

တောင်ထိပ်ကိုးလုံးသည် မြင့်မားစွာဖြင့်ဝန်းရံနေရာ ချိုင့်ဝှမ်းပေါ်လာ သည်။ တောင်ထိပ်ပေါ်တွင် သက်တန့်ကိုးစင်းသည် တောင်ထိပ်မှ ချိုင့်ဝှမ်း ဆီသို့ ဆက်နေပုံပေါက်ပြီး ကောင်းကင်ဘုံကိုးလွှာမှ တံတားတစ်စင်း ဆောက်ထားသလိုပင်။ အနီးသို့ပျံသွားသည်နှင့် ထိုသက်တန့်များမှာ ရောင်ဝါနှင့် မှော်စွမ်းအားတို့ ရောနှောနေပြီး ကောင်းကင်မှနေရောင်ကြောင့် အလင်းယိုင်ကာ အလင်းရောင်စုံစည်းကြိုးအဖြစ် ဖြစ်ပေါ်နေသည်ကို မြင်ရ သည်။

ချိုင့်ဝှမ်းထဲတွင် နှစ်ပေါင်းတစ်သောင်းသက်တမ်းရှိ သစ်ပင်များသာရှိပြီး မရေတွက်နိုင်သော နွယ်ပင်များသည် တောင်ထိပ်ဆီသို့ ဦးတည်တက်နေကြ သည်။ အရင်ကဖြစ်ပေါ်ခဲ့သောမြင်ကွင်းသည် ဤနေရာမှဖြစ်ပေါ်ခဲ့ဟန်မတူ သည်မှာ ရှုပ်ထွေးစရာဖြစ်နေသည်။

ပေထင်းဟွမ် စိုက်ကြည့်နေသည်ကိုကြည့်ပြီး ကျို့ယင်းသည် ပျံလာကာ သူမဘေးတွင် ရစ်ဝဲလာသည် “နတ်မိစ္ဆာနတ်ဘုရားရဲ့ အဝတ်ဂူသင်္ချိုင်းကို နတ်မိစ္ဆာဘိုးဘေးကိုယ်တိုင် တည်ဆောက်ခဲ့တာ၊ အထဲမှာ သူ့ရဲ့အသိစိတ် ရောင်ခြည်ရှိတယ်လို့ပြောကြတယ်၊ သူကလည်း ဖန်ဆင်းရေးနတ်ဘုရား ဘိုးဘေးပဲလေ၊ သူ့ဂူသင်္ချိုင်းကို ဝင်ခွင့်မပြုရင် ဘယ်သူမှရှာတွေ့မှာမဟုတ်ဘူး”

အဓိပ္ပာယ်ရှိသည်။ ပေထင်းဟွမ်သည် ထိုစကားကိုကြားပြီးနောက် ခေါင်းညိတ်လေသည်။ ကမ္ဘာကြီးကို ဖန်ဆင်းခဲ့သည့် နတ်မိစ္ဆာနတ်ဘုရားကဲ့သို့ တည်ရှိမှုမျိုးသည် စစ်မှန်သည့်နတ်ဘုရားဖြစ်သည်။ ပင်မတိုက်ကြီးမှ ဖန်ဆင်းရေးနတ်ဘုရား၏ ဂူသင်္ချိုင်းကဲ့သို့ပင် ယန်ယဲ့ကဲ့သို့လူပင်လျှင် ၎င်း၏ စွမ်းအားကို မချိုးဖောက်ရဲပေ။

“ကျွန်တော်တို့တွေ ဒီမှာပဲစောင့်ရမယ်နဲ့တူတယ်” ပေထင်းဟွမ် ပြောပြီး နောက်တွင် သူမသည် တောင်တစ်လုံးဆီသို့ ဆင်းသက်ကာ တောင်ကိုးလုံးထဲမှ အလယ်ကျသောတောင်တစ်လုံးပေါ်တွင် တင်ပျဉ်ခွေထိုင်လိုက်သည်။

ထိုအချိန်တွင် ပေထင်းဟွမ်နောက်လိုက်လာသော ငှက်ပြာသည် ပျံလာ ပြီး သူမ၏ပခုံးပေါ်တွင်နားကာ နှုတ်မဆက်ဘာမဆက်နှင့် မျက်လုံးများဖြင့် ပစ်လွှတ်လေသည်။

ကောင်းကင်သည် တောက်ပလာကာ သန်မာသောလူများရောက်လာပြီး အဘက်ဘက်မှ တခြားခွန်အားရှိသူများလည်း ရောက်လာကြသည်။ နဂိုက လူသူကင်းရှင်းသော ဓားဝိညာဉ်ချောက်သည် ဤအချိန်တွင် လှုပ်လှုပ်ရှားရှား ဖြစ်လာသည်။

ပေထင်းဟွမ်သည် ခေါင်းဆတ်လိုက်ကာ ပခုံးပေါ်တွင်နားနေသော ငှက်ပြာကိုကြည့်ပြီး နှင်မထုတ်သော်လည်း ဒေါသဖြင့်ပြောလိုက်သည် “ငါ့ပခုံး ပေါ်မှာ ချီးမပါတာကောင်းမယ်”

ငှက်ပြာသည် အနည်းငယ် ဂနာမငြိမ်ဖြစ်နေသလိုပင်။ သူသည် လက်သည်းများကို ဆက်တိုက်ပြောင်းနေကာ ပေထင်းဟွမ်၏ ပခုံးပေါ်တွင် ရပ်ကာ ရေရွတ်နေသည် “ဒီမှာဘာလို့ လူတွေ ဒီလောက်များနေတာလဲ၊ သခင်က ဘာလုပ်ဖို့ကြိုးစားနေတာလဲ၊ ဘာလို့ သဘာဝလွန်စွမ်အားတွေကို ပြနေတာလဲ၊ နောက်ဆုံးအသိစိတ်ကိုတောင် မလိုချင်ဘူးလား”

ထိုအချိန် စီဖုန်းနတ်ဘုရားအကျဉ်းထောင်ထဲတွင် သံကြိုးလေးခုကို သန့်စင်ပြီးသောယန်ယဲ့သည် စီဖုန်းနတ်ဘုရားအကျဉ်းတောင်ကို စတင်သန့်စင် လေသည်။ သူသည် ဖောက်ဖျက်ရန်ရှာမတွေ့သေးရုံသာဖြစ်သည်။ နတ်အကျဉ်းထောင်သည် ခရမ်းမိုးကြိုးသွားကိုးခုကြောင့် လျော့ရဲသွားသည် ဆိုသော်ငြား နတ်အကျဉ်းထောင်သည် နတ်အကျဉ်းထောင်ပီသတုန်းပင်။ ၎င်းသည် ကောင်းကင်နှင့်မြေကြီးစည်းမျဉ်းဖြင့် အသွင်ပြောင်းထားခြင်းဖြစ်ရာ သန့်စင်ရန်မလွယ်ကူလှပေ။

ချိုးဖောက်ရန်မဖြစ်နိုင်သဖြင့် ယန်ယဲ့သည် ရပ်တန့်ကာ မွေးပွလုံးလေး နှစ်ခုမှတစ်ဆင့် အပြင်မှမြင်ကွင်းကို စတင်ကြည့်လေသည်။ သူ ငှက်ပြာကို မြင်သောအခါ ငှက်ပြာသည် ပေထင်းဟွမ်၏မျက်လုံးထဲကို ကြည့်ကာ အော် လေသည် “ဒီလူက ဘာလို့နတ်ဘုရားအကျဉ်းထောင်မှာ အကျဉ်းကျနေတာလဲ၊ မင်းတို့တွေ နတ်ဘုရားကို ဘာအပြစ်လုပ်မိတာလဲ”

ပေထင်းဟွမ်သည် လျစ်လျူရှုနေလိုက်သည်။ ထိုအချိန်တွင် ကြီးမား သော ငှက်တော်တစ်ကောင်ပျံလာသည်။ ၎င်း၏အရွယ်အစားမှာ ဖော်မပြနိုင် လောက်အောင်ကြီးမားကာ တောင်ပံကိုညင်သာစွာဖြန့်လိုက်သည်မှာ ကောင်းကင်တစ်ခု ပြိုကျလာသလိုပင်။ ပေထင်းဟွမ်ပင်လျှင် ၎င်း၏ခွန်အားကို မမြင်နိုင်ပေ။ နာမည်မတပ်နိုင်သည့် နောက်ထပ်ကျီးကန်းတစ်ကောင်သည် မြေပြင်၏အေးချမ်းမှုကို ဖြိုခွဲရန်ရောက်လာပြန်သည်။ သူသည် ဖြည်းဖြည်းချင်း လာပုံပေါက်သော်လည်း ကောင်းကင်မှ တစ်လှမ်းတည်းနှင့်ရောက်လာခဲ့သည်။

“အဲဒီအမှောင်နတ်မိစ္ဆာဘုံက အပြင်ပန်းလိုမျိုး မအေးချမ်းဘူးထင်တယ်၊ ဒီကအားကောင်းတဲ့သူတွေက ၃၃ ကောင်းကင်ဘုံမှာ အထွတ်အထိပ်ကြီးဖြစ် ရတာ ခေါင်းကိုက်စရာများလား” ပေထင်းဟွမ်သည် သူမဘာသာတွေးမိလေ သည်။

ထိုငှက်ကြီးနှစ်ကောင်ကိုမြင်ပြီး စောင့်ဆိုင်းနေကြသောလူများသည် ပင့်သက်ရှိုက်မိကြသည်။ ဤမျှအားကောင်းသောသားရဲနှင့်ဆိုလျှင် ပစ္စည်း ကောင်းများရနိုင်မည်လား။ နောက်ပိုင်းတွင် များစွာသောသားရဲများ တစ်ကောင်ပြီးတစ်ကောင် ရောက်လာလေသည်။ သူတို့၏ခွန်အားသည် ထို သားရဲနှစ်ကောင်ကဲ့သို့ မသန်မာသော်လည်း အထင်သေးရမရပေ။

All Chapters