← Chapters

နတ်မိစ္ဆာန်ဘုရားပုံရိပ်ယောင်

Vol. 78 Ch. 1553

နတ်မိစ္ဆာန်ဘုရားပုံရိပ်ယောင်

Vol. 78 Ch. 1553

ကံကောင်းစွာပင် ထိုသားရဲများရောက်လာပြီးနောက် သူတို့သည် လူသားများနှင့်အတူ စိတ်ရှည်လက်ရှည်စောင့်စားပြီး မည်သည့်လှုပ်ရှားမှုမှ မလုပ်သဖြင့် လူများကို ပို၍စိတ်အေးသွားစေသည်။

ဤအခိုက်အတန့်တွင် ကိုးရောင်သက်တန့်ကဲ့သို့ အလင်းတန်းသည် စတင်အတက်အကျဖြစ်ကာ လေသည် အလင်းတန်းကပို တိုက်ခတ်လိုက် သကဲ့သို့ လှိုင်းတွန့်အလွှာများဖြစ်ပေါ်လာသည်။ ပေထင်းဟွမ်၏ မျက်လုံးများ သည် တည်ငြိမ်စွာဖြင့် ချိုင့်ဝှမ်းအားရောင်စုံဖြင့် ရောင်ပြန်ဟပ်နေသော ထိုအလင်းတန်းကိုစောင့်ကြည့်နေသည်။ ထိုအခိုက်အတန့်တွင် နေရောင်နီနီရဲ ရဲသည် လှိုင်းများအကြားတွင် ရုတ်တရက် ပေါ်လာလေသည်။

ပေထင်းဟွမ် ရုတ်တရက်ကြည့်လိုက်ရာ မွန်းတည့်အချိန်ရောက်နေပြီ ဖြစ်သဖြင့် နေလုံးသည် တည့်တည့်ရောက်နေလေပြီ။ နဂိုကအဝါရင့်ရောင် ကောင်းကင်ပေါ်မှ တိမ်တိုက်များလွင့်ပါသွားသည့်ပုံပင်။ နေရောင်အထက်တွင် အလင်းတန်းသည် လွှမ်းခြုံနေရာ နေရောင်၏ အလင်းလှိုင်းများဖြင့် ဆက်စပ် နေလေသည်။

“လှုပ်ရှားမှုရှိတယ်”

တောင်ထိပ်ကိုးလုံးပေါ်တွင် မရေတွက်နိုင်သောလူများ စိတ်လှုပ်ရှားလာ ကြသည်။ သူတို့အားလုံးသည် မတ်တပ်ထကာ အလင်းတန်းအား စိုက်ကြည့်ကြ သည်။ ထိုအခိုက်အတန့်တွင် ရောင်စုံအရောင်များသည် ကောင်းကင်တစ်ခုလုံး ဆီသို့ ပြန့်သွားကာ ဤကဲ့သို့မြင်ကွင်းသည် အားလုံးရှေ့တွင် ထပ်မံပေါ်လာပြန် သည်။

ထိုအားကောင်းသောသားရဲများသည် စတင် ဂနာမငြိမ်ဖြစ်လာကြသည်။

ထိုအခိုက်အတန့်တွင် အားကောင်းသောမှော်စွမ်းအားနှင့် ရောင်ဝါသည် တောင်ထိပ်ကိုးလံဒးအကြားတွင် စတင်တုန်ယင် စီးဆင်းလာသည်။ နေ၏ အလင်းယိုင်မှုအောက်တွင် ရောင်စုံမြူခိုးဖြစ်ပေါ်လာပြီး အပေါ်သို့စတင်ဖောင်း တက်လာကာ တဖြည်းဖြည်းနှင့် ပန်းပုကျောက်ရုပ်ကဲ့သို့ စုစည်းလာလေ၏။

မရေတွက်နိုင်သောအကြည့်များသည် ထိုအချိန်တွင် ထိုအရိပ်ပမာပုံတူ ကို စိုက်ကြည့်နေကြသည်။ သူတို့သည် ထိုလူ၏မျက်နှာအသွင်အပြင်ကိုမမြင် နိုင်ကြပေ။ ထိုလူသည် အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားကာ ချိုင့်ဝှမ်း အထက်တွင် တင်ပျဉ်ခွေထိုင်နေသည်ကိုသာ ရှင်းလင်းစွာမြင်လိုက်ရသည်။ တောင်ကိုးလုံးထိပ်မှလူများသည် ယေဘုယျအားဖြင့် အဆင့်တူကြသည်။

အားလုံး၏မျက်လုံးထဲတွင် အဆုံးမရှိသောအံ့အားသင့်မှုများရှိနေသည်။ မည်သူမှ မထိန်းချုပ်နိုင်ကြပေ။ နောက်ဆုံးတွင် အားလုံးသည် တိုးညင်းသော အသံဖြင့် အော်မိကြလေသည် “မှော်ဘိုးဘေးလား”

အားလုံးသည် တညီတညာတည်း ဒူးထောက်လိုက်သည်။ ကြီးမားသော ငှက်တော်သည် တောင်ပံခတ်ကာ ကောင်းကင်ပေါ်မှဆင်းလာသည်။ တောင်ဆီမှရောက်လာသော ကျီးကန်းသည် ထိုပုံရိပ်အား ဒူးထောက်လေ၏။

သို့သော် မည်သူမှ ပီတဖြာခြင်းမရှိဘဲ အားလုံးသည် အသက်ကိုလေးလံ စွာရှူနေကြသည်။ ဤနေရာသည် နတ်မိစ္ဆာနတ်ဘုရား၏ အဝတ်ဂူသင်္ချိုင်းဖြစ် သည့်အချက်မှာ အငြင်းပွားစရာမရှိတော့ပေ။ သူတို့၏ခရီးမှာလည်း အလကား မဖြစ်ကြောင်း အဓိပ္ပာယ်ပင်။

ပေထင်းဟွမ်သည် တောင်ထိပ်တွင်ရပ်ကာ ထိုပုံတူကိုငုံ့ကြည့်လိုက် သည်။ ထိုအချိန်တွင် ပုံရိပ်သည် အနည်းငယ်မျက်လုံးပင့်ကြည့်လိုက်ရာ ပေထင်းဟွမ်သည် နှိုင်းယှဉ်မရသောအကျပ်ကိုင်မှုကိုခံစားလိုက်ရပြီး ခြေထောက်များရပ်မရလောက်အောင်ဖြစ်စေသည်။ သူမ၏ အကြောများ ကိုက်ခဲလာပြီး ခန္ဓာကိုယ်ထဲတွင်ဖြစ်ပေါ်လာသော မိုးကြိုးအလွှာသည် ဤကို ချေဖျက်လေသည်။

ထိုအရာကိုကြည့်ပြီး ပုံတူသည် 'ဟင်း' ခနဲသက်ပြင်းချလိုက်သည်။ သူ သည် ပေထင်းဟွမ်၏ပခုံးပေါ်မှ ငှက်ပြာကိုမြင်သောအခါ နတ်မိစ္ဆာနတ်ဘုရား ၏ မျက်လုံးမှအကျပ်ကိုင်မှုသည် တဖြည်းဖြည်းပျောက်ကွယ်သွားကာ မေးလေ သည် “ရှောင်ချင်း ဒါကဘာလဲ၊ မင်းက ပိုင်ရှင်အသစ်ရှာတွေ့သွားတာလား”

ငှက်ပြာသည် ထိုပုံရိပ်ယောင်ကို ငေးငိုင်စွာစိုက်ကြည့်ပြီးမှ မျက်ရည်များ ကို သုတ်လိုက်သည့်အလား ဦးခေါင်းကိုတောင်ပံများအကြားကွယ်ဝှက်လိုက် သည်။ ထို့နောက် ကျီကျီကျာကျာအသံဖြင့်ပြောလိုက်သည် “ဘယ်လိုလုပ်ဖြစ် နိုင်မှာလဲ၊ သူက အရမ်းအားနည်းတယ်၊ ဘယ်လိုလုပ် ငါ့သခင်ဖြစ်မှာလဲ”

ပေထင်းဟွမ်သည် ခေါင်းလှည့်ပြီး ထိုငှက်ပြာကိုကြည့်လိုက်သည်။ လက် တစ်ချက်ဝေ့လိုက်ကာ သူမသည် ပခုံးပေါ်တွင်နားနေသည့် ငှက်ပြာကို ရိုက်ချ လိုက်သည်။ ငှက်ပြာသည် သတိလက်လွတ်ဖြစ်သွားကာ အရိုက်ခံလိုက်ရ သဖြင့် နတ်မိစ္ဆာနတ်ဘုရားပုံရိပ်ရှိရာသို့ လိမ့်သွားလေသည် “ငါက အားနည်း တယ်ဆိုလည်း ငါနဲ့ဝေးဝေးနေလေ”

၎င်းသည် နတ်မိစ္ဆာနတ်ဘုရား၏ စာချုပ်သားရဲဖြစ်သည်။

နတ်မိစ္ဆာနတ်ဘုရားရှေ့တွင် လူငယ်သည် ဤငှက်ပြာကို ယခုလို အနိုင်ကျင့်ရန်ဖြစ်နိုင်သည်လား။

ချိုင့်ဝှမ်းတွင် အရောင်စုံသောအလင်းသည် နတ်မိစ္ဆာနတ်ဘုရား၏ လက် ချောင်းတစ်ခုကဲ့သို့ လေဖြင့်ဝေ့သွားကာ ငှက်ပြာအား မ,တင်ပေးလေသည်။ လေညင်းတိုက်ခတ်သကဲ့သို့သာဖြစ်သော်လည်း ကမ္ဘာကြီးကို ထိတ်လန့်စေ သည့် ကြောက်မက်ဖွယ်ရာရောင်ဝါရှိနေတုန်းမှာ အထင်ကြီးလောက်စရာပင်။

All Chapters