← Chapters

သခင်ဟွမ်ကျို့ကို အရှင်နတ်မိစ္ဆာနတ်ဘုရားဖမ်းသွား ပြီ

Vol. 78 Ch. 1554

သခင်ဟွမ်ကျို့ကို အရှင်နတ်မိစ္ဆာနတ်ဘုရားဖမ်းသွား ပြီ

Vol. 78 Ch. 1554

၎င်းသည် စစ်မှန်သောနတ်ဘုရားပင်။

မင်ဟုန်းသည် နတ်ဘုရားအတုအယောင်ဟုပင် သတ်မှတ်နိုင်သည်။

၎င်းသည် နတ်မိစ္ဆာနတ်ဘုရား၏ ကျန်ရှိသောအတွေးတစ်ခုသာဖြစ် သည်။ နတ်မိစ္ဆာနတ်ဘုရား၏ စစ်မှန်သောခန္ဓာကိုယ်သည် မည်မျှအားကောင်း သည်ကို မသိနိုင်တော့ပေ။ ထိုအရာကိုကြည့်ပြီး ပေထင်းဟွမ်သည် အသက်ကို တည်ငြိမ်စွာပင်မရှူနိုင်တော့ပေ။ သူမသည် ဤကဲ့သို့စွမ်းအားမျိုးကို တောင့်တ သည်။

သူမတွင် ဤကဲ့သို့စွမ်းအားမျိုးရှိလျှင် မည်သူ့ကိုမှ ကြောက်ဖို့မလိုတော့ ပေ။ သူမ ကာကွယ်ချင်သူများကို ကာကွယ်နိုင်သည်။ ကမ္ဘာကြီး၏စည်းမျဉ်းကို ပြောင်းလဲနိုင်ပြီး ယန်ယဲ့ကို အပြင်သို့ခေါ်ထုတ်နိုင်မည်။

ပေထင်းဟွမ် နတ်မိစ္ဆာနတ်ဘုရားသို့ တည့်တည့်စိုက်ကြည့်နေချိန်တွင် နတ်မိစ္ဆာနတ်ဘုရားသည်လည်း သူမကို စိုက်ကြည့်နေသလိုပင်။ ခဏကြာ သော် နတ်မိစ္ဆာနတ်ဘုရားသည် ရယ်မောလေသည် “စိတ်ဝင်စားစရာပဲ တကယ် စိတ်ဝင်စားစရာပဲ”

မည်သူမှ ထိုစကား၏အဓိပ္ပာယ်ကို နားမလည်ကြပေ။

ထိုအခိုက်အတန့်တွင် နတ်မိစ္ဆာနတ်ဘုရားသည် လက်မြှောက်လိုက်သည် နှင့် ခန္ဓာကိုယ်မှ ရောင်စုံအလင်းများရှင်သန်လာပြီး လျှပ်စီးနှင့်မိုးကြိုးအသံများ၊ သားရဲနှင့်ငှက်များ၏အော်သံများနှင့်အတူ မရေတွက်နိုင်သော အလင်းတန်း များထွက်ပေါ်လာသည်ကို အားလုံးမြင်လိုက်ရသည်။

ထိုအလင်းသည် ချိုင့်ဝှမ်းအလယ်တွင် မရေတွက်နိုင်သော တန်အားဖြင့် ပေါက်ကွဲတော့မည့်အတိုင်းပင်။ ထိုအလင်းတန်းများသည် အဘက်ဘက်မှ ထိုးထွက်လာသည်။ သူတို့သည် မြင့်မားသောတောင်ကိုးလုံးကိုပင် ဖျက်ဆီး လေသည်။ ရုတ်တရက်ပင် ကောင်းကင်တစ်ခုလုံး ကပြောင်းကပြန်ဖြစ်သွား လေသည်။ ကျောက်တုံးကြီးများသည် တစ်လုံးပြီးတစ်လုံးစတင်လိမ့်ကျလာ ကာ တောင်ထိပ်များ ကွဲသွားသည့်အချိန်တွင် အနက်ရောင်အလင်းတန်းကိုးခု သည် ချိုင့်ဝှမ်းတစ်ခုလုံးဆီသို့ ပြန့်သွားလေသည်။

အလင်းအထက်တွင် ကောင်းကင်နှင့်မြေကြီးစည်းမျည်းသည် လျှို့ဝှက် ဆန်းကြယ်ပြီး နားလည်ရခက်သကဲ့သို့ ရှေးကျပြီး မှေးမှိန်သောသစ်ထွင်းစာ များပေါ်လာလေသည်။ ထိုသစ်ထွင်းစာကိုးလုံးသည် အရာအားလုံးကို ဝါးမျိုနိုင် သည့်အတိုင်း မည်းနက်ကာ တဖြည်းဖြည်းနှင့်ပူးပေါင်းသွားပြီး နတ်မိစ္ဆာနတ် ဘုရား၏ပုံရိပ်အနားတွင် စတင်ကြီးထွားလာသည်။ တဖြည်းဖြည်းနှင့် ထိုနေရာ မှ လေဟာနယ်သည် စတင်ရွဲ့စောင်းကာ နောက်ဆုံးတါင် ကြီးမားသော အနက် ရောင်ဝဲအဖြစ်ပြောင်းလေသည်။

ဘုန်း..

မည်းနက်သော ဝဲကြားတွင် လေဟာနယ်တံခါးပေါက်တစ်ခုပေါ်ပေါက် လာကာ နတ်မိစ္ဆာနတ်ဘုရားသည် လက်ဆန့်ထုတ်ကာ ပေထင်းဟွမ်အား မ,ပြီး သူ၏ပုံရိပ်သည် လေဟာနယ်တံခါးပေါက်မှ ပျောက်ကွယ်သွားလေသည်။ ရှေး အငွေ့အသက်ရောက်လာပြီး အားလုံးသည် လွန်ခဲ့သည့်နှစ်ထောင်ချီက နတ်မိစ္ဆာနတ်ဘုရားခေတ်ကို ရောက်သွားသလိုပင်။

ရှေးအကျဆုံးသစ်တော၊ အားအကောင်းဆုံးသားရဲ၊ အရည်အချင်းရှိသော ကျင့်ကြံသူများ...

အားလုံးသည် ထိုမြင်ကွင်းကိုကြည့်ပြီး သူတို့၏ရင်တစ်ခုလုံးသည် အထိန်းအကွပ်မဲ့စွာဖြင့် ခုန်ပေါက်နေကြသည်။ ထို့နောက် ဤမြေပေါ်တွင် နှစ် ပေါင်းများစွာ ဖွက်ထားခဲ့သော ရတနာများသည် နောက်ဆုံးတွင် ပေါ်လာတော့ မည်လား။

“ဝင်တော့”

မည်သူပြောလိုက်သည်တော့မသိပေ။ အသံတစ်ခုထွက်လာသည်။ ချက်ချင်းပင် ကမ္ဘာကြီးသည် စတင်တုန်ခါသွားပြီး မရေတွက်နိုင်သောပုံရိပ်များ သည် လေဟာနယ်တံခါးပေါက်ဆီသို့ အလုအယက်ပြေးသွားကြလေသည်။ ကောင်းကင်တစ်ခွင်လုံးတွင် ပိုးဖလံများကဲ့သို့ ပြည့်နှက်သွားကာ လေဟာနယ် တံခါးပေါက်အနောက်တွင် မည်သည့်အရာရှိသည်ကို မည်သူမှမသိကြပေ။ သို့သော် ခွန်အားကိုတပ်မက်မှုသည် သူတို့၏အသက်ကိုပင် ပေးရလောက် သည်အထိပင်။

“သခင်ဟွမ်ကျို့က ဘယ်မှာလဲ၊ သခင်ဟွမ်ကျို့ကို နတ်မိစ္ဆာနတ်ဘုရား ဖမ်းသွားလိုက်ပြီ”

ကျို့ယင်း ကျို့ရှို့ကိုတွဲပြီး လေဟာနယ်တံခါးပေါက်ဆီသို့ ပျံသွားချိန်တွင် ကျို့ရှို့သည် ရုတ်တရက် ပူပန်စွာဖြင့် ထအော်လေသည်။ အရှင်နတ်မိစ္ဆာနတ် ဘုရားက သခင်ပေထင်းဟွမ်ကို ဘာမှမလုပ်လောက်ပါဘူးနော်။ ကျို့ယင်းသည် ပူပန်ခြင်းမရှိလှပေ “သခင်ဟွမ်ကျို့က ငါတို့နဲ့မတူဘူး၊ သူက သူ့ကံတရားကိုတွေ့မှာပဲ”

အရှင်နတ်မိစ္ဆာနတ်ဘုရားသည် အသိစိတ်တစ်စိတ်တစ်ပိုင်းသာဆိုသော် ငြား ကောင်းကင်နှင့်မြေကြီးကို ဖျက်ဆီးနိုင်သည့်စွမ်းအားရှိသည်။ သူသာ သခင်ပေထင်းဟွမ်အား တိုက်ခိုက်ချင်ပါက လက်ချောင်းတစ်ချောင်းတည်းနှင့် ချေမွှပစ်လိုက်နိုင်သည်။ ဘာကြောင့် ခေါ်သွားဦးမည်နည်း။

ကျို့ယင်းနှင့်တခြားသူများ လေဟာနယ်တံခါးပေါက်ကို ဖြတ်ချိန်တွင် သူတို့အနားတွင် တက်လာသော လေဟာနယ်စီးဆင်းမှု အတက်အကျကို ခံစား မိကြသည်။ ကံကောင်းစွာပင် ၎င်းသည်တဒင်္ဂမျှသာဖြစ်ကာ သူတို့၏မျက်လုံး များမှောင်မိုက်သွားပြီး ပြန်လင်းလာသည်ကို ခံစားမိလိုက်ကြသည်။ အမှောင် နတ်မိစ္ဆာဘုံ၏ လတ်ဆတ်သောလေသည် သူတို့ဆီသို့ တိုးဝင်လာသည်။

ဤသည် အမှောင်နတ်မိစ္ဆာဘုံနှင့် လုံးဝကွဲပြားသည်။ ကောင်းကင်သည် ပြာလဲ့နေပြီး တိမ်တိုက်ဖြူများနှင့် မြေကြီးမှာအစိမ်းရောင်မြက်ခင်းများနှင့် သန်မာသောဝိညာဉ်နှင့် နတ်မိစ္ဆာဝိညာည်တို့သည် ကမ္ဘာကြီးကို ဖြည့်ဆည်း လိုက်သလိုပင်။ အားလုံး၏မျက်စိရှေ့တွင် အဆုံးမရှိကျယ်ပြန့်သောမြက်ခင်း တောတွင် မရေတွက်နိုင်သောသားရဲများ ပြေးလွှားပြီး ခိုနေကြသည်။ မရေတွက်နိုင်သော မြက်ပင်များ ဝိညာဉ်သစ်သီးများသည် အားလုံးကို ဆွဲဆောင်လျက်ရှိပြီး အရူးတစ်ပိုင်းပြေးသွားလောက်စရာပင်။

All Chapters