← Chapters

အခန်း (၁၅၅၅)

Vol. 78 Ch. 1555

အခန်း (၁၅၅၅)

Vol. 78 Ch. 1555

ထိုအချိန်တွင် ပေထင်းဟွမ်သည်လည်း လေဟာနယ်ထဲမှ ကွဲပြားမှုကို ခံစားမိပြီး နောက်တစ်ခါ မျက်လုံးဖွင့်လိုက်ချိန်တွင် လေဟာနယ်နှစ်ခုကြားမှ ဆက်ထားသည့် လှိုင်းကိုဖြတ်နေသည်ကို တွေ့လိုက်ရသည်။

နတ်မိစ္ဆာနတ်ဘုရားပီသစွာပင် သူ၏ကိုယ်ပိုင်ဂူသင်္ချိုင်းကိုပင် သူကိုယ် တိုင် ဖန်တီးခဲ့သည်။ ထို့အပြင် ဤနေရာမှ အချိန်စီးဆင်းမှုသည် အပြင်ဘက် ထက် ပိုမြန်သည်မှာထင်ရှားသည်။ လေဟာနယ်ပိုမြင့်လေလေ အချိန်စီးဆင်းမှု မြန်လေဖြစ်သည်။

တောင်များအကြားတွင် အဖြူရောင်တိမ်တိုက်များ ဝဲနေပြီး ငှက်သံများ ကြားနေရသည်။ တောင်မှ နွေဦးရေများစီးကျလာပြီး ယုန်လေးတချို့သည် တောကိုဖြတ်သွားနေသည်။ နှာခေါင်းထဲတွင် နတ်မြက်နှင့် ဝိညာဉ်သစ်သီးတို့ ၏ ရနံ့တို့ဖြင့်ပြည့်နှက်နေသည်။ ဤလေဟာနယ်အတွင်းမှ ထိုသန်မာသော ဝိညာဉ်နှင့်နတ်မိစ္ဆာစွမ်းအင်တို့သည် နတ်မြက်နှင့်ဝိညာဉ်သစ်သီးတို့ကဲ့သို့ ရူးသွပ်လောက်စရာပင်။

ထူထဲသောအေးစိမ့်မှုသည် သူမ၏ခြေထောက်အောက်မှ ရောက်လာရာ ပေထင်းဟွမ် ငုံ့ကြည့်လိုက်ရာ ကန်အလယ်ရှိ ဝိညာဉ်နွယ်ပင်ပေါ်သို့ရောက်နေ သည်။ နတ်မိစ္ဆာနတ်ဘုရား၏ပုံရိပ်သည် ထိုဝိညာဉ်နွယ်ပင်အထက်တွင် မြောက်နေကာ အေးစက်သောနတ်မိစ္ဆာစွမ်းအင်သည် နတ်မိစ္ဆာနတ်ဘုရားကို အားဖြည့်ပေးနေသည်။ ဤနတ်မိစ္ဆာနတ်ဘုရား၏အသိစိတ်သည် အချိန်များစွာ ကြာပြီးသည့်တိုင် ကမ္ဘာပေါ်တွင် အသက်ရှင်နေနိုင်တုန်းပင်။

ပေထင်းဟွမ် သတိပြန်ဝင်လာသော်လည်း သူမ ရောက်နေသည့်နေရာကို သိသော်လည်း ပျာယာခတ်ခြင်းမရှိပေ။ နတ်ဘုရားသည် ခေါင်းညိတ်နေသည် “မင်း ဘာမှမဖြစ်ပါဘူး မင်းခန္ဓာကိုယ်ထဲမှာ မင်လင်းကျို့နဲ့ ကစဥ့်ကလျားနတ် အရင်းအမြစ်တို့ရှိတာပဲ၊ ကြည့်ရတာ အနာဂတ်မှာ မင်းက ပတ္တမြားကမ္ဘာတစ်ခု လုံးရဲ့ သခင်ဖြစ်လာလိမ့်မယ်”

ပေထင်းဟွမ်သည် ထိုကိစ္စကို သူနှင့်ဆွေးနွေးလိုစိတ်မရှိဘဲ ပြန်ဖြေရုံသာ ဖြေလေသည် “အဲဒီပုရပိုက်က ခင်ဗျားကို အချက်ပေးလိုက်တာလား”

ပေထင်းဟွမ်သည် နတ်မိစ္ဆာနတ်ဘုရားကို မကြောက်ဘဲ သာမန်လူတစ် ယောက်လိုပင် ကြည့်နေသည်။ ထိုအရာသည် နတ်မိစ္ဆာနတ်ဘုရားကို အံ့ဩ သွားစေကာ သူမအား မေးလေသည် “မင်း ငါ့ခွန်အားကိုမကြောက်ဘူးလား”

ပေထင်းဟွမ်သည် ခေါင်းခါလေသည် “ဘာလို့ကြောက်ရမှာလဲ၊ ကမ္ဘာပေါ်မှာ ကျွန်တော့်ထက်သန်မာတဲ့လူတွေ ကျွန်တော့်ကိုသတ်နိုင်တဲ့သူ တွေ အများကြီးရှိတယ်၊ သူတို့အကုန်လုံးကို ကြောက်နေရမှာလား”

“ငါက သူတို့နဲ့မတူဘူး၊ ငါက စစ်မှန်တဲ့နတ်ဘုရားပဲ ဒီကမ္ဘာကိုဖန်တီးခဲ့ တဲ့ နတ်ဘုရားပဲ”

“တစ်နေ့ကျ ကျွန်တော်လည်း ဖန်တီးရေးနတ်ဘုရားဖြစ်လာမှာ” ပေထင်းဟွမ်ပြောလေသည် “ဒါပေမဲ့ ကျွန်တော့်ကမ္ဘာကလူတွေ ကျွန်တော့်ကို မကြောက်စေရဘူး၊ အကုန်လုံးက နတ်ဘုရားဖြစ်လာနိုင်ရမယ်၊ အကုန်လုံးက ဖန်ဆင်းရေးနတ်ဘုရားဖြစ်လာနိုင်တယ်၊ ခင်ဗျားမှာ ယုံကြည်မှုနဲ့ ဝီရိယာရှိနေ သရွေ့ ကျရှုံးမှာကို မကြောက်သရွေ့ ဖြစ်နိုင်တယ်”

“ဟား ဟား ဟား” နတ်မိစ္ဆာနတ်ဘုရားသည် ခေတ္တမျှရယ်မောကာ ခေါင်း အသာအယာညိတ်လေသည် “မင်းက ကမ္ဘာမြေကြီးမိခင်ရဲ့နတ်သွေးဖြစ်နေလို့ ကစဥ့်ကလျားနတ်အရင်းအမြစ်က မင်းကိုရွေးတာမဟုတ်ဘူး၊ မင်းရဲ့ စိတ်ဝိညာဉ်ကြောင့်ပဲ၊ လူတိုင်းရဲ့ စိတ်ပိုင်းဆိုင်ရာက ကောင်းကင်နဲ့မြေကြီးရဲ့ ဝိညာဉ်နဲ့စုစည်းထားတဲ့ အဆီအနှစ်ပဲ၊ မင်းရဲ့ဝိညာဉ်က ဘိုးဘေးတောင်မှာ တစ်နှစ်ပတ်လုံး ဝဲနေတဲ့ဝက်ဝံပင်နက်အဆီအနှစ်အလင်းတန်းကနေ အသွင်ပြောင်းထားတာပဲ”

“ဝက်ဝံပင်နက်က မိုးကြိုးဒဏ်အခံရဆုံးပန်းပဲ၊ မိုးကြိုးပစ်တဲ့ အလင်းတန်းစွမ်းအင်ကို ဘယ်နခါခံထားရမှန်းမသိပေမဲ့ သူက လုံးဝလက်မလျော့ခဲ့ဘူး၊ ပြိုကွဲပြီးတဲ့နောက်မှာလည်း ထပ်ထပ်ပြီးပြန်စုစည်းခဲ့ တယ်၊ နောက်တော့ အဲဒါကို ကမ္ဘာမြေကြီးမိခင်က စုဆောင်းခဲ့တယ်၊ ကမ္ဘာကြီး ကို ဖန်တီးပြီးတဲ့နောက် အဲဒါက နောက်ဆုံးမှာ ပြီးမြောက်သွားတယ်၊ ဒါပေမဲ့ ပြန်မဝင်စားခင်မှာပဲ နတ်မိစ္ဆာစစ်ပွဲဖြစ်သွားခဲ့တာတော့ နှမြောစရာပဲ”

ပေထင်းဟွမ်သည် နတ်မိစ္ဆာနတ်ဘုရားပြောသမျှကို ကောင်းကင်မှ ကျမ်းစာ နားထောင်နေသကဲ့သို့ တိတ်ဆိတ်စွာနားထောင်လေသည်။ “အဲဒီ စွမ်းအင်အလင်းတန်းက နောက်ဆုံးတော့ မွေးပွလုံးလေး(ရှို့ဟွမ်)ဆီကို တွယ်ငြိသွား တာနဲ့ ငါက အမှောင်နတ်မိစ္ဆာဘုံကိုပို့ခဲ့တယ်၊ မွေးပွလုံးလေး (ရှို့ဟွမ်)က နောက်ဆုံးတော့ မင်း ပြန်ဝင်စားတာအောင်မြင်ဖို့ကို ကူညီခဲ့တယ်၊ နောက်တော့ သူမက အနောက်တောရိုင်းက မင်းသမီးဖြစ်လာတယ်၊ ဒါက မင်းရဲ့သုံးဘဝပဲ”

နောက်ပိုင်းတွင် သူမသည် ယန်ယဲ့နှင့်တွေ့ဆုံကာ စိတ်ဝိညာဉ်ကို ဆုံးရှုံး ခဲ့ပြီး ၂၁ ရာစု တရုတ်ပြည်တွင် ပြန်လည်ဝင်စားကာ အခက်အခဲများစွာကို ကြုံတွေ့ခဲ့ရပြီး နောက်ဆုံးတွင် ပတ္တမြားကမ္ဘာသို့ ပြန်လာခြင်းပင်။

All Chapters