← Chapters

ယန်ယဲ့နှင့်သဘောတူညီချက်ရခြင်း

Vol. 78 Ch. 1556

ယန်ယဲ့နှင့်သဘောတူညီချက်ရခြင်း

Vol. 78 Ch. 1556

“မင်းရဲ့ဝီရိယက တော်တော်ဇွဲနပဲကြီးတယ်၊ အနာဂတ်မှာကမ္ဘာကြီးရဲ့ သခင်ဖြစ်မလာနို်ငတာမဟုတ်ပါဘူး” နတ်မိစ္ဆာနတ်ဘုရားသည် ပြုံးသွားဟန် တူသည်။ သို့သော် သူ၏မျက်ခုံးများကို မည်သူမှရှင်းရှင်းလင်းလင်းမမြင်ရပေ။ “အတိဒုက္ခတွေ၊ ဘဝတိုင်းရဲ့ တည်ဆောက်မှုကတော့ အရမ်းခက်ခဲကြတာပဲ၊ ဒါပေမဲ့ နောက်ပိုင်းလူတွေက မောက်မာတယ်၊ ပျင်းရိတယ်၊ တီထွင်ကြံဆမှုမရှိ ကြတော့ဘူး၊ လောဘကြီးတယ် အဲတော့ သူတို့ရဲ့ဝိညာဉ်တွေက တဖြည်းဖြည်း နဲ့ စပြီးတော့ ဆုတ်ယုတ်လာခဲ့တယ်”

“စဉ်းစားကြည့်လိုက်တော့ အဲဒီဟာတွေပြောပြဖို့ ဒီကိုခေါ်လာခဲ့တာ မဟုတ်ဘူးမလား” ပေထင်းဟွမ်သည် အနည်းငယ်မျက်မှောင်ကြုတ်လေသည်။ သူမသည် မွေးပွလုံးလေး(ရှို့ဟွမ်)နှင့် အမှောင်မှော်ပုတီးစေ့ကြောင့် ရောက်လာ ခဲ့ခြင်းပင်။ သူတို့ စကားပြောနေသည်မှာ ထွက်သွားချိန်ရောက်လျှင် အပြင်မှ လူများသည် ရတနာများလုယူသွားလောက်ပြီဖြစ်သည်။

ပေထင်းဟွမ်၏ စိတ်ကိုထိုးဖောက်မြင်ရသဖြင့် နတ်မိစ္ဆာနတ်ဘုရားသည် ရယ်မောလေသည် “မင်း အဲဒီသက်တမ်းရှည်အလင်းကိုလိုချင်ရင် မင်းဘာသာ အရယူရမှာ၊ ငါ မင်းကိုဒီကိုခေါ်လာတာ သေချာပေါက် ဇာတ်လမ်းပြောပြဖို့ တော့မဟုတ်ဘူး၊ ငါ ဒီနေ့ကို စိတ်မရှည်လက်မရှည်နဲ့စောင့်ခဲ့ရတာ၊ ငါ့ရဲ့ အသိစိတ်အလင်းတန်းက ငါ့ကို ခေါ်သွားပြီး ဘဝအသစ်စတော့မှာ”

“ခင်ဗျားပြောတာက ထွက်သွားတော့မှာပေါ့၊ ဘယ်သွားမှာလဲ” ပေထင်းဟွမ်သည် အနည်းငယ်သိချင်မိသည်။ ဤလူသည် ကျူရှန့်တောင်မှ သတ္တဝါတစ်ကောင်ဖြစ်သည်။ သန်မာသောလူဖြစ်လာပြီးနောက် ဤကမ္ဘာကို ဖန်တီးခဲ့သည်။ ယခုအခါ သူ ထွက်သွားတော့မည်ဖြစ်ရာ မည်သည့်နေရာတွင် သွားဝင်စားမည်နည်း။ သိုးမွေးအဝတ်ကိုလား။

“ငါ့မှာက ငွေရောင်ဝိညာဉ်အသိစိတ်ပဲရှိတယ်၊ ဝိညာဉ်စွမ်းအားလည်း အရမ်းအားနည်းနေပြီ၊ စကြာဝဋာရဲ့စည်းမျဉ်း အရမ်းနိမ့်တဲ့ဘုံကိုပဲ ယူလာ နိုင်တယ်၊ ငါက ထပ်ခါထပ်ခါဝင်စားပြီးရင်တော့ ဝိညာဉ်စွမ်းအားကို လေ့ကျင့် လို့ရတယ်” နတ်မိစ္ဆာနတ်ဘုရားသည် ပြုံးပြီးပြောလေသည်။

“စကြာဝဋာရဲ့စည်းမျည်းဟုတ်လား၊ ဝိညာဉ်စွမ်းအား၊ ကျင့်ကြံဖို့” ပေထင်းဟွမ်သည် နားထောင်ရင်း ပိုပိုရှုပ်ထွေးလာသည်။

သို့သော် နတ်မိစ္ဆာနတ်ဘုရားသည် သူမအားထပ်ရှင်းမပြတော့ပေ။ ထိုအရာများသည် သူမ လက်ရှိတွင် နားလည်ရန်လိုအပ်သည့်အရာများမဟုတ် ပေ။ ပေထင်းဟွမ် သူ၏အဆင့်သို့သန်မာလာချိန်တွင် ကောင်းကင်နှင့်မြေကြီး စည်းမျဉ်းဘေးတွင် ပိုအားကောင်းသော စည်းမျဉ်းများရှိသည်ကို နားလည်လာ လိမ့်မည်။

နတ်မိစ္ဆာန်ဘုရားသည် ထိုမျှသာပြောလေသည် “ငါ ထွက်မဿွားခင် စီဖုန်းနတ်ဘုရားအကျဉ်းထောင်က အဲလူနဲ့ သဘောတူညီချက်ယူရမယ်၊ အဲတော့ မင်း အခုအိပ်သင့်ပြီ”

စီဖုန်းနတ်ဘုရားအကျဉ်းထောင်မှလူသည် ယန်ယဲ့မဟုတ်ပါလား။

ပေထင်းဟွမ် သတိပြန်ဝင်ချိန်မရလိုက်ခင်မှာပင် မျက်လုံးများ မှောင်မိုက် သွားပြီး ငိုက်မြည်းမှုရောက်လာပြီး ဘာမှမသိတော့ပေ။

မည်မျှကြာအောင်အိပ်သွားသည်မသိပေ ပေထင်းဟွမ်သည် အေးအေးလူ လူပင် နိုးထလာသည်။ ယန်ယဲ့သည် ပထမဆုံးအကြိမ်အနေနှင့် သူမ၏ အသိ စိတ်ပင်လယ်ထဲတွင် ပေါ်လာပြီး စီဖုန်းနတ်ဘုရားအကျဉ်းထောင်ထဲတွင် တင်ပျဉ်ခွေထိုင်နေကာ သည်တစ်ခေါက်တွင် နတ်ဘုရားအကျဉ်းထောင်သည် ပြောင်းလဲသွားပုံရသည်။ နံရံတစ်ခုသည် မီးခိုးရောင်ပြောင်းသွားကာ ပြတင်းပေါက်တစ်ခုပွင့်နေသလိုပင်။

“နိုးလာပြီလား”

ပေထင်းဟွမ် မပြောနိုင်ခင်မှာပင် ယန်ယဲ့သည် မျက်လုံးများကိုဖွင့်ကာ ပြုံးပြီးမေးလေသည်။

ပေထင်းဟွမ်သည် လျင်မြန်စွာထကာ လှည့်ကြည့်လေသည်။ သူသည် ထိုဝိညာဉ်နွယ်ပင်ပေါ်တွင်ရှိနေတုန်းပင်။ သို့သော်နတ်မိစ္ဆာနတ်ဘုရား မရှိတော့ပေ “နတ်မိစ္ဆာနတ်ဘုရားရော သူသွားလိုက်ပြီလား”

“ဟုတ်တယ်” ယန်ယဲ့ပြောလေသည် “သူက ငါ့ကိုအမှောင်မှော်ပုတီးစေ့ ပေးထားခဲ့ပြီး အခြေအနေတစ်ခုကို ကတိတောင်းတယ်”

“ဘာအခြေအနေလဲ” ပေထင်းဟွမ်သည် အနည်းငယ်စိတ်ပူပန်လာ သည်။ အမှောင်မှော်ပုတီးစေ့သည် သာမန်ပစ္စည်းမဟုတ်ပေ။ နတ်မိစ္ဆာနတ် ဘုရားသာ အခွင့်ကောင်းယူပြီး ယန်ယဲ့၏ အူတိုင်ကိုမခေါက်လျှင် နတ်မိစ္ဆာ နတ်ဘုရားမဖြစ်နိုင်တော့ပေ။

“တိုက်ကြီးလေးခုကို ပေါင်းပြီး ဒီနယ်ပယ်လိုမျိုး ကမ္ဘာကိုတည်ဆောက်ဖို့ ပဲ၊ မှော်စွမ်းအင်နဲ့ ဝိညာဉ်စွမ်းအင်တို့ကို ကမ္ဘာဆီကိုပြန်ပေးရမယ်၊ လူသားတွေ နဲ့ သားရဲတွေက အေးအေးချမ်းချမ်းပူးတွဲတည်ရှိရမယ်၊ အငြင်းပွားတာတွေ သတ်ဖြတ်တာတွေမရှိရဘူး” ယန်ယဲ့ပြောလေသည်။

ပေထင်းဟွမ်သည် ခေတ္တမျှနှုတ်ဆိတ်သွားလေသည်။ ပြောဖို့ရန်မလိုပေ။ ယန်ယဲ့ သဘောတူလိမ့်မည်။ သူသာဆိုလျှင် သဘောတူလိမ့်မည်။ သို့သော် ခက်ခဲလွန်းသည်။

“အဲဒါကို ဘယ်လို လုပ်မှာလဲ”

ဘုံများကိုခွဲပစ်ရန်လွယ်ကူသော်လည်း ပေါင်းစည်းရန်ခက်ခဲသည်။ ထို့အပြင် အမှောင်နတ်မိစ္ဆာဘုံနှင့် ပတ္တမြားကမ္ဘာတို့သည် အမှီခိုကင်းသော ကမ္ဘာနှစ်ခုဖြစ်သည်။

All Chapters