ရှို့ဟွမ် စတုတ္ထမြောက်ရှို့ဟွမ်
Vol. 78 Ch. 1557
ယန်ယဲ့သည် ခေတ္တမျှစဉ်းစားပြီး ပေထင်းဟွမ်၏လက်ရှိအသက်ကို တွေးတောပြီးနောက် မပြောသင့်သေးသည်ကို မပြောသေးပေ။ “ဒါက အနာဂတ်အတွက် အကုန် အခု ငါတို့တွေ ငါတို့လုပ်ရမယ့်ဟာကို အရင်လုပ်သင့် တယ်၊ ဟွမ်အာ၊ မင်း မလှုပ်ရှားရင် အဲဒီရှို့ဟွမ်ကို ရမှာမဟုတ်ဘူး”
ပေထင်းဟွမ်သည် လက်ရှိတွင် အလွန်စိုးရိမ်လျက်ရှိသည်။ သူမသည် လေပေါ်တွင်ဝဲကာ လှည့်ပတ်ကြည့်ပြီး အနည်းငယ် ငေးငိုင်လျက်ရှိသည် “ဒီလေဟာနယ် ဧရိယာကမသဘးဘူး၊ ရှို့ဟွမ်ကို ဘယ်မှာသွားရှာကြမှာလဲ”
“မင်းရဲ့ခန္ဓာကိုယ်ထဲက ရှို့ဟွမ်ကိုလှုံ့ဆော်ရမယ် တစ်ခုနဲ့တစ်ခုကြားမှာ တုံ့ပြန်မှုတော့ရှိမှာပဲ”
ဒုတိယမြောက် ရှို့ဟွမ်သည် အလွယ်တကူရောက်လာပြီး သူမ၏အဒေါ်မှ ပေးခဲ့ခြင်းပင်။ ရလဒ်အနေနှင့် ရှို့ဟွမ်လေးခုအကြားတွင် ဆက်သွယ်ချက်ရှိနေ လိမ့်မည်ဟု သူမ မသိသေးပေ။
စဉ်းစားကြည့်လိုက်လျှင် နားလည်လွယ်သည်။ ရှို့ဟွမ်လေးခုသည် မူလ က တစ်သားတည်းဖြစ်ကာ အလွန်အသိဉာဏ်ရှိသောအရာများဖြစ်သည်။
ယန်ယဲ့၏လမ်းညွှန်မှုအောက်တွင် ပေထင်းဟွမ်သည် ဝိညာဉ်စွမ်းအားကို ကစဥ့်ကလျားနတ်အရင်းအမြစ်နှင့် ကိုးရောင်နိဗ္ဗာန်မီးတို့ဖြင့် ရစ်ပတ်ကာ ရှို့ဟွမ်ထဲသို့ ထည့်လိုက်သည်။ ထိုအချိန်တွင် သူမကို တစ်စုံတစ်ခုက ဆွဲယူ လိုက်သကဲ့သို့ သူမ၏စိတ်ထဲတွင် ခံစားချက် ခပ်ရေးရေးရောက်လာသည်။
ထိုအခိုက်အတန့်တွင် သူမသည် ခြေဖျားထောက်ပြီး ထိုဘက်သို့ ပျံတော့ မည်အပြုတွင် အတားခံလိုက်ရသည်။ သူမ ခေါင်းလှည့်ပြီး အစောကရှိခဲ့သည့် ဝိညာဉ်နွယ်ပင်အားကြည့်လိုက်သည်။
သူမသာ ဤဝိညာဉ်နွယ်ပင်ကိုတူးလိုက်လျှင် ကမ္ဘာကြီးသည် ပန်းတစ်ပွင့် ကဲ့သို့ တဖြည်းဖြည်းညှိုးသွားပြီး ကျရှုံးသွားလိမ့်မည်။ ဤကမ္ဘာသည် ရောင်ဝါ နှင့် မှော်စွမ်းအားတို့ပြည့်နှက်နေပြီး အရာအားလုံးသည် အလွန်ပင် စိတ်ဝိညာဉ် ဆန်သည်။ ပေထင်းဟွမ်သည် ထိုအရာကိုမဖျက်ဆီးချင်ပေ။ စဉ်းစားကြည့်ပြီး နောက် သူမသည် တွေဝေခြင်းမရှိ အဝေးသို့ထွက်သွားလေသည်။
ဤလေဟာနယ်သည် အမှောင်နတ်မိစ္ဆာဘုံ၏ ၁၀ ပုံ ၁ ပုံခန့်ရှိသည်။ လေဟာနယ်ထဲတွင် နတ်မြက်ပင်နှင့် ဝိညာဉ်ပန်းများစွာ ပေါက်ရောက်လျက်ရှိ သည်။ သားရဲများစွာလည်းရှိသေးသည်။ ဤလေဟာနယ်သည် အမှောင်နတ် မိစ္ဆာဘုံနှင့် တူလှသည်တော့မဟုတ်ပေ။ အမှောင်နတ်မိစ္ဆာဘုံသည် နတ်မိစ္ဆာ နတ်ဘုရားမကျဆုံးခင်က ဖန်တီးခဲ့ခြင်းဖြစ်သည်။ ဤလေဟာနယ်သည် ပေထင်းဟွမ်၏ လက်ပတ်လေဟာနယ်ကဲ့သို့ နတ်မိစ္ဆာနတ်ဘုရား၏ ကောင်းစားချိန်က သန့်စင်ခဲ့ခြင်းဖြစ်မည်။
ထို့ကြောင့် လေဟာနယ်သည် ဒုတိယ ၃၃ ကောင်းကင်ဘုံဖြစ်သည်။ ထိုနေရာတွင် အထွတ်အထိပ်နှင့် အထွတ်အထိပ်ကြီးအဆင့် သားရဲများသာရှိ သည်။
အမှောင်နတ်မိစ္ဆာဘုံမှသန်မာသောလူများသည် ချုပ်တည်းခြင်းမရှိ ပြေး လာခဲ့ကြသည်။ ဝင်ပေါက်တွင် သူတို့သည် အရှင်ကြီးအဆင့်သားရဲများ၏ လိုက်ခြင်းကိုခံခဲ့ရပြီး လူအများအပြားဒဏ်ရာရခဲ့ကြသည်။ တခြားသူများသည် လက်လွတ်စပွယ် မလှုပ်ရှားရဲပေ။ အမှောင်နတ်မိစ္ဆာဘုံမှလူများအကြားတွင် အားအကောင်းဆုံးမှာ တာ့ဖန်းနှင့် ဟေးညိုတို့ဖြစ်သည်။ ဤလေဟာနယ်သို့ ဝင်ပြီးနောက် မထင်မှတ်စွာပင် ရတနာများမရှာဘဲ တောင်ထိပ်တစ်ခုကို အသီးသီးရှာကြကာ တိုးတိုးတိတ်တိတ်ပင် အခြေချကြသည်။
ထိုနတ်မိစ္ဆာသားရဲနှစ်ကောင်သည် နတ်မိစ္ဆာနတ်ဘုရား၏ ဂူသင်္ချိုင်းသို့ မဝင်ဘဲ နေရာတွင်စခန်းချနေကြသည်။
ထိုအရာကပင် လူအများကို စဉ်းစားစရာဖြစ်ခဲ့သည်။ ဤနေရာတွင် လေဟာနယ် ဖိနှိပ်မှုမရှိပေ။ ဤနေရာတွင် စခန်းချမည်ဆိုပါက အထွတ်အထိပ် ကြီးအဆင့်သို့ တက်နိုင်လိမ့်မည်။ လူသားများအတွက် သားရဲနှင့် အကြီးမားဆုံး ကွာခြားချက်မှာ လူသားများသည် အမြဲတမ်းစိုးရိမ်ပူပန်တတ်ပြီး တွက်ချက် တတ်သည်။
ဝင်လာသည့်လူသားများအကြားတွင် ဝိညာဉ်ဘုံနှင့် နတ်မိစ္ဆာဘုံမှလူများ မပါဝင်ပေ။ အားအကောင်းဆုံးသားရဲနှစ်ကောင်သည် ဤနေရာတွင် အခြေချ ကြသည်။ အမှောင်နတ်မိစ္ဆာဘုံခေါင်းဆောင်သည် ဝင်လာပြီးနောက် ပေထင်းဟွမ်ကိုမတွေ့ရပေ။ ထို့ကြောင့် ကျို့ရှို့သည် အနည်းငယ် စိတ်ပူလာ သည်။ ထို့နည်းလည်းကောင်းပင် ကျို့ယင်းသည်လည်း စိတ်မအေးနိုင်တော့ ပေ။ တခြားအင်အားစုများသည် အမှောင်နတ်မိစ္ဆာဘုံနှင့်အတူ ဤနေရာသို့ ကံစမ်းရန်ရောက်လာခြင်းဖြစ်သည်။ သို့သော် အမှောင်နတ်မိစ္ဆာဘုံသည် ပေထင်းဟွမ်အား ရှာရန်ကိုသာ စိုးရိမ်လျက်ရှိသည်ကိုမြင်လိုက်ရသဖြင့် တစ်ဖွဲ့ ပြီးတစ်ဖွဲ့ခွဲထွက်ကာ ဤနေရာတွင် ကံစမ်းရန်ပြင်ဆင်ကြလေသည်။
ကံကောင်းစွာပင် ထိုအားကောင်းသောမှော်သားရဲများသည် အသိဉာဏ် တွင် လူသားများထက်မလျော့ပေ။ နတ်မိစ္ဆာနတ်ဘုရားသာ အလိုမရှိလျှင် လူသားများကို အဝင်ခံမည်မဟုတ်သည်ကို သူတို့ နားလည်ဟန်တူသည်။ ထို့ကြောင့် လူသားများ သူတို့ကိုရန်မစသရွေ့ သူတို့သည် လူသားများကို မတိုက်ခိုက်ပေ။