Chapters

လုယူခြင်း

Vol. 78 Ch. 1558

လုယူခြင်း

Vol. 78 Ch. 1558

ထိုနေရာတွင် သုံးလေးရက်ကုန်ဆုံးပြီးနောက် ရုတ်တရက်ပင် မှန်ကဲ့သို့ ရောင်စုံအလင်းတန်းပေါ်လာလေသည်။

နောက်ထပ်မြင်ကွင်းတစ်ခုပင်။ လူအားလုံးမမြင်လိုက်ရသော်လည်း မကြာခင်တွင် သိသွားကြပြီး ထိုနေရာသို့ အတူပြေးကြလေသည်။

ပေထင်းဟွမ်ရောက်ရှိချိန်တွင် မနက်ခင်းဖြစ်ကာ နှင်းစက်များသည် သစ်ရွက်နှင့် မြက်ပင်များတွင် တွဲလောင်းခိုလျက်ရှိသည်။ ကျယ်ပြန့်သော ရွက်ဖျင်တဲကို ကန်ဘေးရှိ မြက်ခင်းပေါ်တွင် ဆောက်ထားသည်။ ထိုအချိန်တွင် လူအများသည် တဲများကိုဖျက်သိမ်းကာ မနက်စာစားကြလေသည်။ တချို့ စိတ်အားထက်သန်သူများသည် ကန်ထဲသို့ခုန်ဆင်းကြသည်။

ကန်ဘေးတစ်ခုလုံးတွင် လူသားများ ဆော်ဩသံများမှလွဲ၍ တခြားအသံ မရှိပေ။ လေဟာနယ်နှစ်ခုထပ်သွားချိန်တွင် ဤနေရာရှိသတ္တဝါများ တိတ်ဆိတ် နေခဲ့သည်။ နှင်းစက်များပင် သစ်ရွက်မျက်နှာပြင်မှ လျှောကျတော့မည့်အတိုင်း တွဲလွဲခိုလျက်ရှိသည်။ မြေကြီးပေါ်ရှိ မြက်ပင်အထက်တွင် အချိန်နှင့်နေရာသည် ရပ်တန့်နေသလိုပင်။

ပေထင်းဟွမ်သည် ရှေ့သို့တိုးတော့မည့်အချိန်တွင် ရပ်တန့်လိုက်သည်။ သူမသည် ကန်ထဲသို့ ခုန်ချတော့မည့်လူကို တားမြစ်လိုက်သည် “ရပ်လိုက်”

ပေထင်းဟွမ်၏ စိတ်မှာ မည်သို့ဖြစ်နေသည်မသိပေ။ သို့သော် ဤလေထု အရ အကြောက်တရားသည် သူမ၏အရိုးထဲသို့ တိုးဝင်လာခဲ့သည်။ သူမကို မသက်မသာဖြ်စစေသည်။ သူမ မအော်လိုက်လျှင် စိတ်ဓာတ်ကျ၍သေသွား နိုင်သည်။

ကံကောင်းစွာပင် သူမ အော်လိုက်ပြီးနောက် နေရာတစ်ခုလုံးရှိ ထိုင်းနေသောလေထုသည် ပေါက်ကွဲတော့မည့် ပူဖောင်းကဲ့သို့ ဖောင်းလာ သည်။ အပ်နှင့်သာထိုးလိုက်ပါက ပြားသွားနိုင်သည်။ ပေထင်းဟွမ်ကိုယ်တိုင်ပင် စိတ်အေးသွားလေသည်။

ကန်မျက်နှာပြင်သည် မှန်တစ်ချပ်ကဲ့သို့ အမြဲတမ်းငြိမ်သက်လျက်ရှိ၏။ သို့သော် ထိုအချိန်တွင် လှိုင်းဂယက်များထလာရာ ထူးဆန်းသော တိတ်ဆိတ်မှု ပြိုကွဲသွားလေသည်။

ကန်ထဲသို့ခုန်ဆင်းပြီး ရတနာရှာမည့်သူများသည် ပေထင်းဟွမ်၏ အော်သံကိုကြားပြီးနောက် ခေါင်းလှည့်ကာ ပေထင်းဟွမ်ရှိရာဘက်သို့ ကြည့်လေသည်။ သူတို့နှစ်ယောက်သည် အမှောင်နတ်မိစ္ဆာဘုံ၏ လျှို့ဝှက် မိသားစုနှစ်ခုမှဖြစ်သည်။ ထိုအချိန်တွင် ထိုလူများ၏မျက်နှာထားများသည် အကျည်းတန်လျက်ရှိသည်။

သူတို့ထဲမှ တစ်ယောက်သည်ဝင်လာပြီးသည်နှင့် လတ်ဆတ်သော ဝိညာဉ်သစ်သီးကို စားသုံးပြီးနောက်တွင် ကစဥ့်ကလျားဘုံအစောပိုင်းအဆင့်သို့ တက်သွားခဲ့သည်။ သို့သော် သူတို့သည် ပေထင်းဟွမ်၏ခွန်အားကို သံသယရှိ သဖြင့်မဲ့ပြုံးပြုံးလိုက်သည် “အရှင် မင်းက နတ်မိစ္ဆာနတ်ဘုရားက ကန်ထဲမှာ ရတနာချန်ထားခဲ့တာကို သိလို့ဖြစ်မယ်၊ မင်းက မင်းဘာသာယူချင်လို့မလား”

ပေထင်းဟွမ် လာနေသည်ကိုကြည့်ပြီး ကျို့ရှို့သည် ပျော်သွားသည်။ သူသည် ပေထင်းဟွမ်ကိုရှာနေသည်မှာကြာပြီဖြစ်သည်။ ပေထင်းဟွမ် တစ်စုံတစ်ရာဖြစ်မည်ကို ကြောက်ပြီး စိုးရိမ်ခဲ့သည်။ သို့သော်ကံကောင်းစွာပင် ပေထင်းဟွမ် ထွက်ပေါ်လာသည်။ ကျို့ရှို့သည် ပေထင်းဟွမ်ဆီသို့ ပြေးသွား မည်အပြုတွင် ထိုလူများ၏စကားကိုကြားပြီးနောက် ဒေါသထွက်သွားလေ သည် “မင်းကရော၊ ကန်ထဲကို ဒီလောက်အလောတကြီး ဆင်းသွားတာ မင်းက အရင်ယူဖို့စဉ်းစားနေတာလား”

“ဟား ဟား” အဆင့်တက်ခါစအရှင်သည် ဆိုးယုတ်စွာရယ်မောလေသည် “သခင်လေးကျို့ရှို့က ဒီကန်ထဲက ရတနာအတွက် ကျုပ်နဲ့ပြိုင်ချင်တယ်ဆိုရင် ကျုပ် အဖော်ပြုပေးပါမယ်”

ကျို့ရှို့သည် အရင်ကအမှိုက်တစ်စဖြစ်သည်ကို အားလုံးသိကြသည်။ ယနေ့ သူ မည်သည့်ကံကောင်းမှုမျိုးရနိုင်သည်ကို မည်သူသိမည်နည်း။ နတ်ဆိုး နတ်ဘုရားကပင် သူ့ကိုကူညီခဲ့သည်။ သူသည် ခြေတစ်လှမ်းတည်းနှင့် မိုးပေါ် သို့မတက်နိုင်ပေ။

ကန်ဘေးတွင် အားလုံးနီးပါးရယ်မောကြသည်။

ကျို့ရှို့သည် တစ်ကိုယ်လုံးတုန်ခါသွားသည်အထိ ဒေါသထွက်လေသည်။ ပေထင်းဟွမ်သည် မြေကြီးပေါ်သို့ဆင်းသက်လိုက်ပြီး ကျို့ရှို့ဆီသို့လျှောက် သွားလေသည်။ စူးရှပြီးအေးစက်သောမျက်လုံးများဖြင့် လူအုပ်ကိုကြည့်လိုက် ရာရယ်သံများသည် ချက်ချင်းပင် ပျောက်ကွယ်သွားလေသည်။

ထိုအရာကိုကြည့်ပြီး အစကဒေါသထွက်နေသော ကျို့ယင်းသည် သက်ပြင်းချမိသည်။ ပေထင်းဟွမ် ကျို့ရှို့အား ကာကွယ်နေပုံကိုကြည့်ပြီး တဖြည်းဖြည်းမျက်လွှာချပြီး ရင်ထဲတွင် စိတ်ပိုင်းဖြတ်မိလေသည်။