← Chapters

အပိုင်း (၄၉၃) – သူမအား သတို့သမီးအဖြစ်ခေါ်သွားခြင်း

Vol. 005 Ch. 493

အပိုင်း (၄၉၃) – သူမအား သတို့သမီးအဖြစ်ခေါ်သွားခြင်း

Vol. 005 Ch. 493

ဘေဂုံအောင်၏ အမူအရာပြောင်းသွားသည်။ ရှီမာယူယူသည်လည်း အဂ္ဂိရတ်ပညာရှင် ဖြစ်သည်ကို သူ  မေ့သွားခဲ့သည်။ သူသည် ရှက်ပြုံးပြုံးကာ ပြောလေသည် “ခြံဝန်း ပတ်ဝန်းကျင်မှာ ဆေးဖော်တဲ့သူရှိလို့ ဖြစ်မယ်”

“ဟုတ်မယ် ဒီကအဂ္ဂိရတ်ပညာရှင်မျိုးနွယ်ခွဲ တွေကလည်း ဆေးဖော်နိုင်ကြ တယ်ဆိုတော့လေ” ရှီမာယူယူ ပြုံးကာ ဆက်လျှောက်သွားလေသည်။ သူမသည် ရပ်ပြီး မေးခွန်းမေးရာ ဘေဂုံအောင်သည် အသက်ရှု  အောင့်ထားရလေသည်။

သူတို့သည် ရှီမာယူယူ ယာယီနေသော နေရာသို့ရောက်သောအခါ ဘေဂုံအောင်သည် မြန်မြန်ထွက်ခွာ ရန် ဟန်ပြင်လေသည်။ ရှီမာယူယူ သာမန်ပြောလိုက်သောစကားသည် ဘေဂုံအောင် အား မလုံမလဲဖြစ်စေသည်။ သူမ တစ်စုံတစ်ခုကို သတိထားမိသည်ဟု သူတွေးသော်လည်း အေးဆေးတည်ငြိမ်သော အမူအရာကို မပျက်  အောင် ထိန်းထား လေသည်။

ရှီမာယူယူသည် ဘေဂုံအောင် နောက်ပြန်လှည့်သွားသည်ကို ကြည့်ကာ သူပြောခဲ့သော စကားများကို ပြန်တွေးမိလေသည်။ သူမ စိတ်တွင် မုန်းတီးစိတ်များပြည့်လာသည်။ သူမသည် ဘေဂုံအာကိုလည်း ထိုနည်း အတိုင်းပင်ခံစားရလေသည်။

ဒီလိုမျိုးလူက ဒီလိုမျိုးသမီးမွေးမှာတော့ အမှန်ပဲလေ။

ခြံဝန်းအတွင်းဝင်ပြီးနောက်တွင် သူမသည် သိမ်းငှက်ဘုရင်အားရှာပြီးနောက် လူတစ်ယောက်ကို တစ်ဦးတည်း ဗုဒ္ဓရွှေကြာသွားယူသလို ပြန်ရန် ဟန်ဆောင်ခိုင်းလေသည်။

သိမ်းငှက်ဘုရင်သည် အပြင်သွားမည့်လူကို ရွေးထုတ်လေသည်။ ထိုလူသည် မူလပုံ အတိုင်းပြောင်းသွား ကာ ပျံထွက်သွားလေသည်။ ဘေဂုံမျိုးနွယ်ဝင်များသည် ပျံထွက်သွားသော သိမ်းငှက်အားမြင်သည်နှင့် သေချာ  ပေါက် ဗုဒ္ဓရွှေကြာသွားယူသည်ဟု ထင်လိုက်ကြသည်။ ထို့ကြောင့်ပင် သူတို့သည် ဆေးဖော်ရန်နည်းကို ပို၍ အားစိုက်ကာ လေ့လာကြလေသည်။

ရှီမာယူယူသည် ဝူလင်းယူအား သိမ်းငှက်ဘုရင်နှင့် မိတ်ဆက်ပေးပြီးနောက် ထိုင်ခုံတွင်ထိုင်ကာ ဝိညာဉ် အသီးစားကြလေသည်။

သိမ်းငှက်ဘုရင်သည် သူမ၏ အေးဆေးတည်ငြိမ်သော အမူအရာအား မြင်သောအခါ မေးလေသည် “မင်း ဘေဂုံမျိုးနွယ်ကို တကယ်ပဲ ဆေးနည်းပေးလိုက်တာလား”

“ဟုတ်တယ်” ရှီမာယူယူ ခေါင်းညိမ့်လေသည်။

“မင်းတကယ်ပဲ သူတို့ကို အားကိုးတာလား”

“သူတို့ကို အစစ်ပေးတယ်လို့ မပြောပါဘူး”

“သူတို့ကို အတုပေးလိုက်တာလား” သိမ်းငှက်ဘုရင်သည် သူမအား သံသယဖြင့် ကြည့်လေသည် “မင်း သူတို့ကို ဆေးနည်းပေးတော့ ငါရှိပါတယ် စာရွက်တွေက လက်ရှိ ပုံစံမျိုးမဟုတ်ဘူး ကြည့်တာနဲ့ ရှေးဟောင်း ပစ္စည်းဆိုတာ ပြောလို့ရတယ်”

“အဲအပြင်ပိုင်းပုံစံကိုပါ အတုလုပ်လို့ရတယ်လေ” ရှီမာယူယူ ပြောလိုက်လေသည် “ဒါပေမဲ့ အဲဆေးနည်း ကလည်း ၈၀ ၉၀ ရာခိုင်နှုန်းလောက်တော့ မှန်ပါတယ် မဟုတ်ရင် အဲအဘိုးကြီး သတိထားမိသွားမှာပေါ့ ကျွန်တော်နည်းနည်းလောက်ပြောင်းလိုက်တော့ နောက်ဆုံးရလဒ်ကတော့ လုံးဝကွဲသွားမှာပဲ သူတို့ကသာ  ဆေးနည်းကို စိတ်ပူပြီးကြည့် နေကြတာပါ”

သိမ်းငှက်ဘုရင်သည် ရှီမာယူယူအား အကူအညီမဲ့စွာ ကြည့်ပြီးနောက် အချိန်အတော်ကြာမှပင် ပြော  လေသည် “လူသားတွေက ကောက်ကျစ်တယ်လို့ပြောကြတာ အမှန်ပဲထင်တယ်”

“မှားတယ်” ရှီမာယူယူသည် လက်ဖြင့် ဝိညာဉ်အသီးအား ကိုင်ကာ သူမလက်ချောင်း များဖြင့် လိမ်ကာ “အကုန်လုံးတော့ ကောက်ကျစ်တာမဟုတ်ဘူး တချို့ကကောက်ကျစ်တာပဲ တချို့က ရိုးသားတယ် တချို့က တစ်ခါတစ်လေရိုးသားပေမယ့် တစ်ခါတစ်လေ ကောက်ကျစ် တယ်”

သိမ်းငှက်ဘုရင်သည် ခေါင်းရမ်းလိုက်သည် “လူသားတွေက တကယ်ကို ရှုပ်ထွေးတာပဲ”

“အဲဒါမှန်တယ်” ရှီမာယူယူသည် ဝိညာဉ်အသီးအား ကိုက်လိုက်သည် “အားကောင်းပြီး ရိုးရှင်းတဲ ဝိညာဉ် သားရဲတွေနဲ့ ယှဉ်ရင် လူသားတွေက တကယ်ကိုရှုပ်ထွေးတာ ဒါပေမဲ့ ခင်ဗျား လူသားတွေနဲ့ ပိုပြီးအချိန်ပေးပြီး  နေကြည့်ရင် လူသားတွေက စိတ်ဝင်စားစရာ ကောင်းတာလည်း သိလာလိမ့်မယ်”

သိမ်းငှက်ဘုရင်သည် ခေါင်းရမ်းမိလေသည်။ သူသည် ရှီမာယူယူပြောသော စကားကို စိတ်ထဲမှ မှတ်ယူ ခြင်းမရှိပေ။ သူသည် သူမပြောသော လူသားများသည် ကောက်ကျစ်သော သတ္တဝါများဖြစ်သည်ဆိုသည့် အချက်ကို တုန့်ပြန်ခြင်းသာဖြစ်သည်။ သူသည် လူသားများနှင့် ပတ်သတ်သော အတွေးများကိုစွန့်ပစ်ကာ ကိစ္စ များဖြေရှင်းပြီးသည်နှင့် သူ့လူများကို ပြန်ခေါ်သွား ရန်သာ အစီအစဉ်ရှိလေသည်။

သိမ်းငှက်ဘုရင်၏ အပြုအမူကို ရှီမာယူယူတွေ့သောအခါ သူ့တွင် မည်သည့် အစီအစဉ်မှမရှိသည်ကို သိလိုက်ရလေသည်။ သို့သော် သူမသည် သူ့အားအကူအညီ လာတောင်းကာ သူသည် ငှက်လေးကြောင့် ကူညီ  ပေးခဲ့သော်လည်း ကျေနပ်စရာဖြစ်သည်။ သူမသည် သူ့အား ဖိအားမပေးနိုင်ပေ။

“ဟုတ်သားပဲ ကျွန်တော်တို့ ပြီးတာနဲ့ ချက်ချင်းမပြန်သေးဘူ ဒီမှာခဏနေဦးမယ်” သူမ ပြောလေသည်။

သိမ်းငှက်ဘုရင် ခေါင်းညိမ့်လေသည်။ သူသည် ရှီမာယူယူ၏ စမ်းစစ်ချက်ကို ကြားပြီးသားဖြစ်လေသည်။ ထိုအခြေအနေသည် ဆောင်းဦးလမြို့တော်မှ အင်အားကြီး၃ခု ပါဝင်အဆုံးသတ်မည်ဖြစ်သည်။ တိုက်ပွဲဖြစ်လာ ပါက သူသည် သူတို့အား ကာကွယ်ရန်သာ ဖြစ်သည်။

ညရောက်သောအခါ ရှီမာယူယူသည် ဟိန်းသံလေးအား ရင်လန်နှင့် ဘေဂုံဟောင်တို့ ချုပ်ထားသော  နေရာသို့သွားခိုင်းကာ အခြေအနေအား စုံစမ်းခိုင်းလေသည်။ ဘေဂုံထန်သည် နောက်နေ့တွင် သူတို့အား ထို နေရာမှထုတ်ပေးမည်ဖြစ်ကြောင်း သတင်းကို အကြောင်းကြား ခိုင်းလေသည်။ သူမသည် သူတို့အား ပြင်ဆင် ထားစေချင်သည်။

ဟုတ်သည်။ အမှန်တကယ်တော့ သူတို့ပြင်ဆင်ထားရန် မလိုပေ။ သူတို့သည် စိတ်ကိုသာ ပြင်ဆင် ထားရန်လိုသည်။

ဟိန်းသံလေးသည် ပြောပြီးနောက် ထွက်သွားချိန်တွင် ထိုသားအမိနှစ်ယောက်သည် အလွန်စိတ် လှုပ်ရှားသော အမူအရာဖြင့် ကျန်ခဲ့လေသည်။

ထိုအချိန်တွင် ဘေဂုံမျိုးနွယ်၏ ခြံဝန်းတစ်နေရာတွင် ဘေဂုံအာသည် သူမမိဘများနှင့် ဆွေးနွေးနေလေ သည်။

ဂူယွန်အာသည် မျက်မှောင်ကြုတ်ကာ သူမသမီးအား ကြည့်ကာပြောလေသည် “သမီးတကယ်ပဲ သူနဲ့ အတူနေချင်တာလား”

ဘေဂုံအာသည် သေချာစွာ ခေါင်းညိမ့်ကာ “အမေ စဉ်းစားကြည့်လေ သူက အလယ်ပိုင်း ဒေသကလူ သမီးသာ သူ့နောက်လိုက်သွားရင် အလယ်ပိုင်းဒေသကို သမီးသွားလို့ရ မယ်မလား… ပြီးတော့ သူ့ရာထူးကလည်း  မြင့်တယ် အမေ ဒါကအခွင့်အရေးကောင်းပဲ သူက ကြော့မော့ပြီး ဉာဏ်ထက်တယ် ကိုယ်ကျင့်တရားလည်း  ကောင်းတယ် သူ့လိုလူနဲ့တွေ့တာက အိပ်မက်တွေ ပြည့်သွားတာ မဟုတ်ဘူးလား”

“ဒါပေမဲ့ သမီးအဝေးကြီးသွားရင် အမေလာလည်ဖို့ခက်တယ်လေ” ဂူယွန်အာသည် သူမသမီးအား စိတ် မကောင်းစွာ ကြည့်လေသည်။

ဘေဂုံအာသည်လည်း ဝမ်းနည်းစွာကြည့်ကာ ပြောလေသည် “အမေ သမီးကို ခဏခဏတွေ့ဖို့နဲ့  ကောင်းစားဖို့က ဘယ်ဟာကအရေးကြီးလဲ အမေ သမီးကိုမလွှတ်နိုင်တာနဲ့ သမီးရဲ့ပျော်ရွှင်မှုတွေကို ယူသွား လို့မရဘူး သမီးကိုလွှတ်လိုကရင်တောင် အမေ့မှာ သမီးတို့မောင်လေးရှိသေးတယ်လေ၊ သူကအမေနဲ့ ရှိရင် အတူတူပဲမဟုတ်ဘူးလား”

“သမီးကသွားချင်နေမှတော့ သူမကိုလွှတ်ပေးလိုက်ကြတာပေါ့” ဘေဂုံအောင်သည် သူမဘက်မှ ပြော ပေးလေသည် “သူမ ပျော်ရွှင်မယ်ဆိုရင် လွှတ်ပေးတာပေါ့ ပြီးရင် ရှီယူကလည်း မဆိုးလှပါဘူး သူက ငါတို့ အာလေးနဲ့ ထိုက်တန်ပါတယ် အဲလိုဆိုရင် ငါတို့ဘေဂုံမျိုးနွယ်နဲ့ အလယ်ပိုင်းဒေသနဲ့ ဆက်ဆံရေးလည်း ကောင်း သွားစေတာပဲ ကြည့် ရိချုံနန်းတော်နဲ့ ငါတို့လက်တွဲလာတာ ကြာပြီ အဲဒါတောင် ရင်မျိုးနွယ်ကိုမတိုက်နိုင်သေး ဘူး အဲဒါဘာလို့လဲသိလား.. သူတို့က အလယ်ပိုင်းဒေသနဲ့ ဆက်ဆံရေးကောင်းတယ် ငါတို့လည်း အလယ်ပိုင်း  ဒေသနဲ့ အဆက်အသွယ်ရှိမယ်ဆိုရင် ရင်မျိုးနွယ်ကို ရှင်းလို့ရမှာပဲ အဲဒါ မင်းရဲ့ ဆန္ဒမဟုတ်ဘူးလား”

“ဟုတ်တယ် အမေ အဖေဘယ်လောက် နားလည်ပေးလဲကြည့်” ဘေဂုံအာသည် ဘေဂုံအောင်ပြော သည့်စကားများကို ကြားသည့်အခါ ပြုံးပြီးပြောလေသည်။

“ဟူး သမီးအဖေက အဲလိုစဉ်းစားမှတော့ အလိုရှိသလိုသာလုပ်တော့” ဂူယွန်အာသည် အကူအညီမဲ့စွာ  ပြောလေသည်။

“ဒါဆိုရင် အဖေက မနက်ဖြန်ကို ရှီယူဆီသွားပြီး လေသံပစ်ကြည့်မယ် သူလည်းအဲလို စိတ်ရှိမလားလို့” ဘေဂုံအောင်ပြောလေသည်။

“ကျေးဇူးပဲ အဖေ ဒါဆိုရင် သမီးအရင်သွားနှင့်မယ်” ဘေဂုံအာသည် ပျော်ရွှင်စွာ ထွက်သွား

လေသည်။

ရှီယူ စိတ်ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ သူမသည် သူ၏ မိန်းကလေးဖြစ်ရမည်။ သူသာ အလိုရှိပါက အကောင်းဆုံးဖြစ်မည်။ မဟုတ်လျှင် သူသည် သူမအား လက်မထပ်ချင်ပါက သူမအခွင့်အရေးရအောင် ယူမည် ဖြစ်သည်။

“ကိုယ့်လူတွေ လာကြဦး”

“သခင်မလေး”

“အဘွားဆွန်းကိုသွားရှာပြီး  ငါဒီလိုဆေးလိုတယ်ပြောပြီး နှစ်စုံစာပြင်ခိုင်းထားပေးပါ”

နောက်နေ့မနက်တါင် ဘေဂုံအောင်သည် ရှီမာယူယူအား လူလွှတ်ကာ လက်ဖက်ရည်သောက် ဖိတ် ကြားလေသည်။

ဘေဂုံအောင် အတွေးကို ရှီမာယူယူ မသိသဖြင့် လွှတ်လိုက်သော လူများ နောက်လိုက်ခဲ့လေသည်။

“သခင်လေးရှီ ကျေးဇူးပြုပြီးထိုင်ပါ” ဘေဂုံအောင်သည် လက်ဝေ့ကာ ရှီမာယူယူအား သူ့မျက်နှာချင်း ဆိုင်တွင် ထိုင်ရန်ဖိတ်ကြားလေသည်။

ရှီမာယူယူသည် ထိုင်ကာ ပြောလေသည် “သခင်ကြီးဘေဂုံဘာလို့ခေါ်တာလဲဆိုတာ သိပါရစေ”

“ဟားဟား ဘာမှတော့မဟုတ်ပါဘူး ဦးအဖေနဲ့ အဘိုးက ဦးပဲလုပ်တာ ကောင်းမယ်ပြောလို့ပါ သခင်လေး ရှီယူ ပျင်းနေမှာစိုးလို့ လက်ဖက်ရည်သောက်ဖိတ်တာပါ” ဘေဂုံအောင်ပြုံးပြီး ပြောလေသည် “ဒါက အလယ်ပိုင်း  ဒေသကနေ ဝယ်ထားတဲ့ ကျောက်စိမ်း နဂါးဂျင်ဆင်းပါ သခင်လေးရှီ သောက်ကြည့်ပါ”

“သခင်ကြီးဘေဂုံက ကြင်နာလွန်းနေပါပြီ ကျောက်စိမ်းနဂါးဂျင်ဆင်းက တကယ့် ဂျင်ဆင်း အစစ်တော့ မဟုတ်ပေမယ့် ဂျင်ဆင်းအနားမှာပေါက်လို့ နာမည်ကြီးတာပါ၊ သူတို့က တောင်တွေမှာ တစ်နှစ်တစ်ခါ နည်းနည်း ပဲပေါက်ကြတာ ဒီဟာကို သောက်ရမယ်လို့ ထင်မထားဘူး” သူမသည် တစ်ကျိုက်သောက်ကာ “အရသာရှိ တယ်”

ထိုစကားကြားသောအခါ ဘေဂုံအောင်သည် သဘောကျစွာ ပြုံးလေသည်။ ဒီကျောက်စိမ်းနဂါးဂျင်ဆင်း သည် ဂျင်ဆင်းနှင့်ပြုလုပ်ထားသည်ဟု အများကထင်ကြသည်။ အတွင်းပိုင်းဒေသမှ လူများသာ အမှန်ကိုသိကြ ခြင်းဖြစ်သည်။ သူမသည်ထိုသို့ ပြောနိုင်သည်မှာ အမှန်တကယ်ပင် အလယ်ပိုင်းဒေသမှဖြစ်သည်ကို သက်သေ  ပြနေသည်။

All Chapters