Chapters

ဝေးဝေးပြေးလေ ကောင်းလေ

Vol. 78 Ch. 1559

ဝေးဝေးပြေးလေ ကောင်းလေ

Vol. 78 Ch. 1559

ာလူများကိုကြည့်လိုက်သည်။ သို့သော် မလိုလားသော်လည်း သူမနှင့် တိုက်ခိုက်ချင်သည်မှာ ထင်ရှားလှသည်။ သူမ သည် သဲ့သဲ့ပြုံးလိုက်သည် “အားလုံးပဲ သွားလိုက်ကြပါ၊ ခုနက မင်းတို့ကို မတားဘူးရယ်”

ပြောပြီးနောက် သူမသည် လက်ကိုဖြည်းဖြည်းခါယမ်းကာ ထိုလူများကို မတားတေဆာ့ပေ။

ထိုလူများသည် ဒေါသထွက်သွားလေသည်။ သူတို့သည် ပေထင်းဟွမ်၏ ငေါက်ငမ်းခြင်းခံရသည်ဟု ခံစားရသည်။ သို့သော် မတတ်နိုင်ပေ။ ပေထင်းဟွမ်သည် သူတို့ရန်စနိုင်သည့်လူမျိုးမဟုတ်ပေ။ ထိုလူသည် နယ်ပယ် နှစ်ခုမှ ကျွမ်းကျင်သူများကို ကိုယ်တိုင်သတ်ဖြတ်ခဲ့သည်။ သူတို့ မည်မျှပင် ဒေါသဖြစ်စေကာမူ ပေထင်းဟွမ်သည် သူတို့နှင့် ရတနာလာမလုလျှင်တောင် ကျေးဇူးတင်စရာဖြစ်မည်။

သို့သော် ထိုလူများသည် ထိုသို့မတွေးပေ။ နောက်သို့တဖြည်းဖြည်း ဆုတ် သွားပြီး ကန်နှင့် အနည်းငယ်ဝေးသောနေရာတွင် ရပ်နေကြလေသည်။

ပေထင်းဟွမ်အား အော်သည့် အရှင်သည် အေးစက်စွာနှာမှုတ်ပြီး ပေထင်းဟွမ်အား 'အထိမခံဖြစ်နေသည်' ဆိုသည့်အကြည့်ဖြင့် ကြည့်ပြီး ခန္ဓာ ကိုယ်မှဝတ်ရုံကို ဆွဲချွတ်ကာ မြက်ခင်းပေါ်သို့ပစ်တင်ပြီး ကန်ထဲသို့ဆင်းသွား လေသည်။

တခြားသူများသည် ထိုအရှင်မှ လက်ဦးမှုရယူမည်စိုးသဖြင့် အလုအယက် တက်ကြသည်။

ထိုခံစားချက် ပြန်ရောက်လာပြန်သည်။ ပေထင်းဟွမ် ငေးငိုင်နေသည်။ သူမသည် မတော်တဆနှင့် ကျို့ရှို့၏ခြေထောက်ကို တက်နင်းပြီး ခေါင်းလှည့် ကြည့်လိုက်လေသည်။ ကျို့ရှို့သည် သူမအား အပြစ်ကင်းသောမျက်လုံးများဖြင့် ပြန်ကြည့်လေသည်။ သည်တစ်ခေါက်တွင် ပေထင်းဟွမ်၏အသံသည် အနည်းငယ် အက်ကွဲလျက်ရှိသည်။ သူမသည် စကားပင်မပြောနိုင်ဘဲ ခက်ခက် ခဲခဲပြောနေရသည် “ပြေးတော့ ဝေးဝေးပြေးလေကောင်းလေပဲ”

ကျို့ရှို့သည် ခေတ္တမျှမှင်တက်သွားသည်။ ပေထင်းဟွမ်သည် သူ့ကို ကန် ချလိုက်ရာ ကျို့ရှို့သည် ချက်ချင်းပင် တုံ့ပြန်ပြီး သားရဲကိုဆင့်ခေါ်ကာ ခုန်တက် လိုက်ပြီး အဝေးသို့ပျံသန်းသွားလိုက်သည်။

တခြားသူများသည် မည်သို့ဖြစ်သည်ကိုမသိပေ။ သို့သော် ထိုအခိုက်အတန့်တွင် နဂိုကမှန်တစ်ချပ်ကဲ့သို့ ငြိမ်သက်နေသော ကန်မျက်နှာပြင်သည် ရုတ်တရက် အော်သံထွက်ပေါ်လာသည်။ အားလုံးသည် ချက်ချင်းပင်ကြည့်လိုက်ရာ အရွယ်အစားမသိနိုင်သည့် ပါးစပ်ကြီးတစ်ခု ပွင့်ဟ လာသည်။ ထို့နောက် ရတနာရှာရန် ကန်ထဲသို့ခုန်ချကြသော သန်မာသည့် လူများသည် တစ်ယောက်ပြီးတစ်ယောက် ထိုပါးစပ်ကြီးထဲသို့ ကျသွားလေ သည်။

ဟူး

နှာခေါင်းမှ လေထုတ်လိုက်သည်။ ဟာရီကိန်းမုန်တိုင်းရောက်လာ သကဲ့သို့ ချက်ချင်းပင် ကန်ဘောင်ပေါ်မှ သန်မာသောလူများသည် လွင့်သွားကြ လေသည်။ ထိတ်လန့်နေသော ပေထင်းဟွမ်သည် အသက်အောင့်ထားကာ အဝေးရှိတောင်ဆီသို့ လေကြောင့်လွင့်သွားလေသည်။

သူမ၏ခန္ဓာကိုယ် လွတ်လပ်မှဒရသည်နှင့် ပေထင်းဟွမ်သည် ဖုန်းယင်း အရည်အချင်းဖြင့် ပိုဝေးအောင်ပြေးလေသည်။ ကောင်းကင်ပေါ်တွင် ပုံရိပ်များ သာ ကျန်ခဲ့ကာ မကြာခင်တွင် ကောင်းကင်ပေါ်၌ ပျောက်ကွယ်သွားလေသည်။

ဂူနှင့်တူသော နှာခေါင်းပေါက်နှစ်ခုမှ ရှူသွင်းလိုက်သည်နှင့် ကန်ဘောင်မှ မရေနိုင်သောလူများသည် ထိုစုပ်ခွက်အတွင်းသို့ ရောက်သွားသည်။ ပါးစပ်ကြီး မှာ ပိတ်လိုက်ဖွင့်လိုက်နှင့် အသက်တစ်ရှိုက်အတွင်းမှာပင် ကန်ဘောင်ပေါ်မှ လူ ၃ ပုံ ၁ ပုံပျောက်ကွယ်သွားလေသည်။

ကံကောင်းစွာပင် ကျို့ယင်းသည် သားဖြစ်သူ၏လှုပ်ရှားမှုများကို အာရုံ စိုက်ထားသည်။ ပေထင်းဟွမ် သားဖြစ်သူကို ပြေးရန်တိုက်တွန်းချိန်တွင် ကျို့ယင်းသည် အမှောင်နတ်မိစ္ဆာဘုံမှလူများကို ဦးဆောင်ကာ အဝေးသို့ ရောက်သွားပြီဖြစ်သည်။ သားဖြစ်သူကို ခေါ်ကာ အဝေးထိ စိတ်အားထက်သန် စွာပြေးပြီး အနီးဆုံးတောင်အနောက်တွင်ပုန်းနေလိုက်သည်။

ထိုမြင်ကွင်းအားမြင်ပြီး ထွက်ပြေးလာကြသည့် အမှောင်နတ်မိစ္ဆာဘုံမှလူ များသည် အသက်ရှူရန်ပင်မေ့လျော့နေခဲ့ကြသည်။ သူတို့သည် ပါးစပ်ပင် မပိတ်နိုင်လောက်အောင် ထိတ်လန့်နေကာ အတန်ကြာသည်အထိ စကားမပြောနိုင်ကြပေ။

အမှောင်နတ်မိစ္ဆာဘုံမှ အသက်ရှင်ကျန်နေသူများသည် သခင်များဖြစ်ကြ သည်။ သို့သော် ဤအချိန်တွင် ထိုသားရဲနှင့်သာ ထိပ်တိုက်တွေ့လိုက်ပါက မြင်ကွင်းကိုပင် ရှင်းလင်းစွာမမြင်နိုင်ဘဲ စွမ်းအားမရှိသည့် ၃ နှစ်သားကလေးက တုတ်ခိုင်သန်မာလေသာလူနှင့် တိုက်ခိုက်သလိုဖြစ်နေမည်။