← Chapters

ဒါကဘယ်လိုသားရဲလဲ

Vol. 78 Ch. 1560

ဒါကဘယ်လိုသားရဲလဲ

Vol. 78 Ch. 1560

“ဒါ ဘယ်လိုသတ္တဝါမျိုးလဲ” တစ်စုံတစ်ယောက်သည် ကြောက်လန့်တကြား မေးလေသည်။

မည်သူမျ သူ့ကိုပြန်မဖြေကြပေ။ အကြောင်းမှာ မည်သူမှ မသိကြခြင်း ကြောင့်ပင်။ သို့သော် ဤအချိန်တွင် တစ်စုံတစ်ယောက် သက်ပြင်းချကာ တုန်ယင်သောအသံဖြင့် ပြောလေသည် “ကံကောင်းလို့ ကံကောင်းလို့ သခင် ဟွမ်ကျို့က စောစောသတိပေးလိုက်တာ”

ထိုအခိုက်အတန့်တွင် အားလုံးသည် သတိပြန်ဝင်လာကြသည်။ သခင်ဟွမ်ကျို့ တားမြစ်ချိန်က မရပ်ခဲ့သောလူများသည် ရတနာရှာရန် ကန်ထဲ သို့ ခုန်ဆင်းခဲ့သည်။ သို့သော် လက်ရှိတွင် မည်သူယုံမည်နည်း။ သို့သော် နောက်မေးခွန်းတစ်ခု စိတ်ထဲရောက်လာပြန်သည်။ ကန်ထဲတွင် သားရဲရှိ သည်ကို သခင်ဟွမ်ကျို့ မည်သို့သိသနည်း။

ထိုအရာသည် မည်သည့်သားရဲမျိုးနည်း။

ကျို့ရှို့သည် ထိုအကြောက်တရားကို ကြုံတွေ့ပြီးနောက် ဘာကိုမှ မတွေး နိုင်တော့ပေ။ သူသည် ဖခင်အား ပြောလေသည် “အဖေ ကန်ထဲက အဲဒီရတနာ ကိုမလိုချင်ဘူးမလား၊ တခြားဘေးကင်းတဲ့နေရာကို ရှာကြတာပေါ့၊ နတ်မြက်၊ ဝိညာဉ်သစ်သီးနဲ့ သာမန်ရတနာတွေတွေ့ရင်တောင် အမှောင်နတ်မိစ္ဆာဘုံမှာ ထက်စာရင်တော့ ပိုသာတယ်မလား အဲလောက်ဆိုလုံလောက်တယ်မလား”

သူတို့ဝင်လာချိန်တွင် ဤနေရာ၏ဝင်ပေါက်တွင် ဝိညာဉ်လေဟာနယ်ဟု ခေါ်သည့်နေရာကိုမြင်ခဲ့သည်။ ဝင်လာပြီးနောက်တွင် ဤနေရာသည် အလွန် အန္တရာယ်များသည်ကိုတွေ့လိုက်ရသည်။ အထူးသဖြင့် ဤမှော်သားရဲကိုမြင်ပြီး နောက် ကျို့ယင်းသည် ကန်ထဲမှရတနာရှာရန် ရည်ရွယ်ချက်မရှိတော့ပေ။ သားဖြစ်သူ၏စကားကိုကြားပြီးနောက် သူ့နောက်မှလိုက်လာသော သန်မာ သောလူများကိုမေးလိုက်သည် “ဘယ်လိုထင်ကြလဲ”

“အဲဒီကိုမသွားသင့်ဘူး၊ လေဟာနယ်ဝင်ပေါက်ကိုသွားပြီး အဲဒီကနေ ရှာလို့ရသမျှကို ယူပြီးတော့ အတွင်းနက်ပိုင်းထိ မသွားတာကောင်းမယ်”

အသံတစ်ခုသည် အားပါပါဝင်လာသည်။ အားလုံးသည် အနည်းငယ် မကျေနပ်သလိုခံစားရသည်။ သူတို့သည် အသံလာရာကိုကြည့်ရာ ပေထင်းဟွမ် ရောက်လာပြီး သူတို့နှင့်မလှမ်းမကမ်းတွင် ဆင်းသက်လိုက်သည်ကိုမြင်လိုက်ရ သည်။ ရုတ်တရက်ပင် မကျေနပ်မှုများ ပျောက်ကွယ်သွားလေသည်။

ဤကောင်လေးသည် သူတို့အား နှစ်ကြိမ်တိုင်တိုင်ကယ်တင်ခဲ့သည်။

သည်တစ်ခေါက်တွင် တလေးတစားလျှောက်လာသူမှာ ကျို့ယင်းဖြစ် သည်။ ပေထင်းဟွမ်အား အရိုအသေပြုလိုက်သည် “သခင်ဟွမ်ကျို့ ကျုပ် အသက်ကို ထပ်ကယ်ပေးဖို့ ကျေးဇူးတင်ပါတယ်”

ပထမဆုံးအကြိမ်အနေနှင့် ပေထင်းဟွမ်သည် ခေါင်းလှည့်ပြီးထွက်သွား လေသည်။ သူမသည် ယဉ်ကျေးမှုအရ ကျေးဇူးတင်စကားတချို့အတွက် အပြေးလာမည်မဟုတ်ပေ။ အသက်ကယ်တင်ပေးသည့် ကျေးဇူးသည် မည်သို့ များ စကားလုံးအနည်းငယ်ဖြင့် ပြန်ဆပ်နိုင်မည်နည်း။

ယခုတစ်ခေါက်တွင် ပေထင်းဟွမ်သည် သူတို့အားထပ်မံကယ်တင်ခဲ့ သည်။ ဤကြင်နာမှုကို တစ်သက်လုံးဆပ်မရသည်ကို ကျို့ယင်းသည်လည်း သိသည်။ အခြေအနေမ‌ရှင်းလင်းသေး၍သာ စကားနှင့်ကျေးဇူးတင်ကြောင်း ပြောရသည်။

ပေထင်းဟွမ်သည် ကျို့ယင်းအား သဲ့သဲ့ကြည့်ပြီး ခေါင်းပင်မညိတ်ဘဲ ကျို့ရှို့အား ပြောလိုက်သည် “အရင်ထွက်သွားလိုက်ပါ၊ ဒီမှာမနေနဲ့ အထဲမှာ အရမ်းအန္တရာယ်များတယ်၊ အရှင်အဆင့်သားရဲကြီးမပြောနဲ့ အထွတ်အထိပ် အဆင့်သားရဲနဲ့ အထွတ်အထိပ်ကြီးအဆင့်သားရဲတွေတောင်ရှိတယ်၊ ဒီမှာနေရင် အဲဒီသားရဲတွေရဲ့ သွားကြားတောင်ညပ်မှာမဟုတ်ဘူး”

ထိုစကားများသည် နာကျင်စရာကောင်းသည်။ သို့သော် ပေထင်းဟွမ်တွင် ရက်စက်သော ရည်ရွယ်ချက်မရှိကြောင်းကို ကျို့ရှို့သိသည်။ သူမသည် သူ့ကိုထပ်ခါထပ်ခါ ကယ်တင်ခဲ့သည်။ ဖခင်ဖြစ်သူက သူ့ကို မွေးဖွား ပေးခဲ့သည်ဆိုလျှင် ပေထင်းဟွမ်သည် သူ့အား ဒုတိယအသက်ကို ပေးခဲ့ခြင်းဖြစ် သည်။

“ဟုတ်ကဲ့ ချက်ချင်းပဲထွက်သွားပါ့မယ်” ကျို့ရှို့သည် တလေးတစားပြော လေသည်။

ပေထင်းဟွမ် ခေါင်းညိတ်ပြီး ဘာမှမပြောဘဲ ကျို့ယင်းနှင့်တခြားသူများ ကို ကြည့်ပင်မကြည့်ဘဲ ကန်ရှိရာသို့ ထပ်မံပျံသွားလေသည်။

“ဟွမ်ကျို့”

သူမအနောက်တွင် ကျို့ရှို့၏အသံပါလာပြီး ကျို့ယင်းရောက်လာသည်။ သူသည် ပေထင်းဟွမ်ဆီသို့ လက်အုပ်ချီပြီး အနည်းငယ်ရှက်ရွံ့စွာဖြင့် သတ္တိမွေး ကာပြောလေသည် “သခင်ဟွမ်ကျို့ ရဲတင်းမိသွားပါတယ်၊ ဒါပေမဲ့ ကျုပ်တို့ သရုပ်မှန်က နတ်မိစ္ဆာနတ်ဘုရားရဲ့ ဆက်ခံသူတွေပါ၊ ကျုပ်မေးချင်တာက အရှင်နတ်မိစ္ဆာနတ်ဘုရား... သူရှိသေးလား”

“အဲဒါကိုမေးသင့်တာမဟုတ်ဘူး” ပေထင်းဟွမ်၏အသံသည် ကြည်လင် ပြီးအေးစက်သည် “ကိုယ့်ကိုယ်ကိုယ်ထပ်ပြီး နတ်မိစ္ဆာနတ်ဘုရားရဲ့ ဆက်ခံသူ လို့မပြောနဲ့တော့”

ပေထင်းဟွမ်သည် ကျို့ရှို့အား ပြောလိုက်သည် “မင်းတို့ရဲ့ဘိုးဘေးတွေ ဘယ်လောက်ပဲအားကောင်းပါစေ သူတို့က မင်းတို့ကို တစ်သက်လုံး မကာကွယ်ပေးနိုင်ဘူး၊ နောက်ဆုံးကျ မင်းတို့ဘာသာပဲ အားကိုးရလိမ့်မယ်”

All Chapters