လင်းယွန်၏ ဓား။
Vol. 170 Ch. 2367
လင်းယွန်က လူသတ်လိုသော ဆန္ဒကို စွန့်ထုတ်လျက် ငွေမျက်လုံး ဝိညာဉ် နတ်မိစ္ဆာ အာရုံကို ချက်ချင်းဖမ်းစားလိုက်သည်။
“ မင်း ငါ့ကို ရန်စဖို့ သတ္တိရှိလား။ ”
ငွေမျက်လုံး ဝိညာဉ် နတ်မိစ္ဆာက အော်ငေါက်လျက် လက်နှစ်ဖက် ဖြန့်ကာ သူ့ကို ဆွဲယူလိုက်သည်။
ပြင်းထန်သော စုပ်ယူမှုစွမ်းအားက ရွေ့လျားမှု ပညာရပ်ကို အဟန့်အတား ဖြစ်စေ တော့၏။
လေဟာနယ်အတွင်း အက်ကြောင်းများ ဖြစ်ပေါ်လာကာ ဓားရည်ရွယ်ချက် ချိုးနှိမ်ခံထား ရသည်။
“ မိုးပြာနဂါး ဓားဒိုမိန်း။ ”
ငွေဓားရောင်ဝါများ ထွက်လာပြီး ဝတ်ဝန်းကျင်တစ်ခုလုံး ဓားရည်ရွယ်ချက်များ ပြည့်နှက်လာ၏။
အာကာသ စုပ်ဝဲနှစ်ခု ချက်ချင်း ပျက်စီးသွားကာ ကန့်သတ်ချက်များ ပျောက်ကွယ် သွားတော့သည်။
“ ဝှစ် ... ။ ”
ထို့နောက် ကောင်းကင်ပေါ် ခုန်တက်ကာ ငွေမျက်လုံး ဝိညာဉ် နတ်မိစ္ဆာဖြင့် ရင်ဆိုင်ခဲ့၏။
“ မိုးပြာနဂါး ချုပ်နှောင်မှု။ ”
မိုးကြိုးမုန်တိုင်းများ သူ့လက်ဖဝါး၌ ရစ်သိုင်းလှည့်ပတ်လာကာ ငွေမျက်လုံး ဝိညာဉ် နတ်မိစ္ဆာကို လှမ်းဆွဲလိုက်သည်။
“ ဝုန်း ... ။ ”
တုန်လှုပ်ချောက်ချားဖွယ် ကောင်းသော ပေါက်ကွဲမှုတစ်ခု ဖြစ်ပေါ်လာ၏။ ပေါက်ကွဲမှု လှိုင်းကြောင့် လင်းယွန်ခမျာ နောက်ပြန် ဆုတ်လိုက်ရသည်။
ငွေမျက်လုံး ဝိညာဉ် နတ်မိစ္ဆာ အတွက်မူ ခန္ဓာကိုယ်ကို အနည်းငယ် စောင်းငဲ့လျက် ခြေ တစ်လှမ်းပင် မဆုတ်ခဲ့ချေ။
ခဏအကြာတွင် နှစ်ယောက်သား ထိပ်တိုက်တွေ့ဆုံကြပြီး စက္ကန့်ပိုင်းအတွင်း လှုပ်ရှားမှု ဆယ်ကြိမ် ပြည့်သွား၏။
လင်းယွန်က လက်ချောင်းများကို ဓားတစ်လက် အဖြစ် အသုံးပြုခဲ့ သကဲ့သို့ ပြိုင်ဘက်မှလည်း လက်သည်းများဖြင့် ပြန်လည် တိုက်ခိုက်လာ၏။
“ ထန် ... ထန် ... ။ ”
ငွေမျက်လုံး ဝိညာဉ် နတ်မိစ္ဆာ၏ ခန္ဓာကိုယ်ပေါ်ရှိ ငွေရောင် ရူရ်များမှာ မာကျော လှပြီး မီးပွားများသာ ထင်ကျန်ရစ်ခဲ့သည်။
နှစ်ယောက်သား ခြေလှမ်းဆယ်လှမ်း ပြန်ဆုတ် လိုက်ကြပြီး ငွေမျက်လုံး ဝိညာဉ် နတ်မိစ္ဆာကို ကြည့်ကာ တုန်လှုပ်သွားသည်။
“ ငါမင်းကို လျှော့တွက်ထားမိပုံရတယ်။ ”
လင်းယွန်က ရေရွတ်၏။ ပြိုင်ဘက်သည် သတ္တမအဆင့် သူတော်စင်သခင်မျှသာ ဖြစ်ခဲ့ သဖြင့် ကံကောင်းချေပြီ။
၎င်းသည် ပြန်လည်နိုးထလာသည်မှာ မကြာသေးဖြင့် ဉာဏ်ရည် အပြည့်အဝ ပြန်မရ သေးချေ။
အသက်ပြင်းပြင်း ရှူလျက် နဂါး-ဖီးနစ် ကမ္ဘာဖျက် ဓားကျမ်းကို ဖြန့်ကျက်ကာ မြန်မြန် လက်စသပ်ရန် ပြင်မိ၏။
“ ဝှစ် ... ။ ”
ဓားဝိညာဉ် နှစ်ပါးက သူ့ခန္ဓာကိုယ်မှ ထွက်ကျလာပြီး ပန်းသင်္ချိုင်းကို ဆွဲထုတ်သည်။ နဂါးနှင့်ဖီးနစ် သူ့နောက်၌ ပေါ်လာ၏။
အငွေ့အသက်များ ပြောင်းသွားကာ ငွေရောင် ဝိညာဉ် နတ်မိစ္ဆာခမျာ အန္တရာယ်ပေး နိုင်သည့် လေထုကို ခံစားလိုက်ရသည်။
“ ယင်ကောင် တစ်ကောင်က သတ္တိရှိတာလား။ ”
ငွေရောင် ဝိညာဉ် နတ်မိစ္ဆာက အေးစက်စွာ မေးခွန်းထုတ်သည်။ လင်းယွန်မှ ပိုးစုန်းကြူး နတ်ဓားကို ထုတ်ဖော်လိုက်၏။
ပန်း(၁၈)ပွင့် ပေါ်လာပြီး စူးရှသော ဓားရောင်ခြည်များ ထုတ်လွှတ်ကာ ဒဏ်ရာ အချို့ ပေးလိုက်နိုင်ခဲ့သည်။
“ သနားစရာ ကောင်းတဲ့ လှည့်ကွက်လေးတွေ။ ”
သို့သော် ငွေမျက်လုံး ဝိညာဉ် နတ်မိစ္ဆာက ဒဏ်ရာကို လျစ်လျူရှုလျက် လက်ဝှေ့ယမ်းကာ တုန့်ပြန်လာ၏။
ပိုးစုန်းကြူး နတ်ဓား၏ ဖြစ်စဉ်များ ချက်ချင်းပျက်စီးသွားပြီး ပန်းသင်္ချိုင်းဓားကို ဖမ်းယူခြင်း ခံလိုက်ရသည်။
ပန်းများသည်လည်း ပွင့်ချပ်များ အဖြစ် ပြိုကျကုန်ကာ အကြွင်းအကျံ စွမ်းအားများက ရှေ့သို့ ဆက်လက် ရွေ့လျားသွား၏။
လင်းယွန်နောက်ရှိ သစ်ပင်များ အားလုံးကြေမွှလျက် တောင်ကုန်ငယ် တစ်ခုလုံး အစိတ်စိတ် အမွှာမွှာ ဖြစ်ကုန်သည်။
“ မြန်မြန် ... ။ ”
ကျိကျစ်ရှီနှင့် အခြားသူများက အန္တရာယ်နီးကပ်လာသည်ကို သတိပြုမိသော အခါတွင် အမြန် ရှောင်တိမ်းလိုက်၏။
စွမ်းအင်လှိုင်းများက ၎င်းတို့ဘေးမှ ဖြတ်ကျော်သွားကာ အဝေးသို့ ဆက်လက် ဦးတည် သွားလေသည်။
သူ့ဓားကို ဖမ်းနိုင်သည့် ပြိုင်ဘက်ကို ပထမဆုံးအကြိမ် တွေ့ရှိလိုက်ရခြင်း ဖြစ်သဖြင့် လင်းယွန်တစ်ယောက် အံ့သြသွားသည်။
တစ်ချိန်တည်းမှာပင် ငွေမျက်လုံး ဝိညာဉ်နတ်မိစ္ဆာများ၏ အန္တရာယ်ကြောင့် တံဆိပ်များ အသက်သွင်းကာ ထွက်ခွာ ကုန်သည့် အလင်းတန်းများ ပို၍ များပြားလာသည်။
“ ဘာတွေ ဖြစ်နေတာလဲ။ ”
ရှန်းထျန်းနန်က အံ့သြသွားသည်။
“ သူတို့လည်း ... ငွေမျက်လုံး ဝိညာဉ် နတ်မိစ္ဆာတွေနဲ့ ဆုံသွားတာ နေမယ်။ ”
အောင်းကြွယ်က သုံးသပ်၏။ ထို့နောက် ကျိကျစ်ရှိနှင့် လင်းကျန်းရှန့်ကို လှည့်ကြည့်ပြီး၊
“ ငါနဲ့ ရှန်းထျန်းနန်က ဒီနတ်ဆိုး အလောင်းတွေကို ရှင်းပေးမယ် မင်းတို့တွေ လင်းယွန်ဆီ သွားလိုက်။ ”
-ဟု ပြောကြားလိုက်သည်။
“ ကောင်းပြီ ... ။ ”
အမျိုးသမီးနှစ်ယောက်က လင်းယွန်သည် သူတို့အတွက် အရေးပါလှသဖြင့် ခေါင်းညိတ်ပြ လိုက်သည်။
“ သူတော်စင် တာအိုမှာ မင်းရဲ့ အောင်မြင်မှုဟာ သာမာန်ပဲ။ ”
ငွေမျက်ဝန်း ဝိညာဉ် နတ်မိစ္ဆာက ပန်းသင်္ချိုင်းကို လက်ညိုးနှင့် ညှပ်ဖမ်းလိုက်ပြီး ပြုံးလျက် မှတ်ချက်ပေးလိုက်သည်။
ပန်းသင်္ချိုင်းကို ပြန်ဆွဲလိုသော်လည်း မအောင်မြင်သောကြောင့် လင်းယွန်က မျက်ဝန်းများ မှေးစင်းသွား မိသည်။
“ မင်းက အရမ်းငယ်သေးတယ် ... အသက်နှစ်ရာကျော် လောက်သာ ဆိုရင် မင်းရဲ့ အမည်ခံ တောက်ပသော ရောင်ခြည်တော် ဓားတောင် မလိုဘူး နတ်အလင်းဓားနဲ့တင် ငါ့ကို နှိမ်နင်းဖို့ လုံလောက်ပါလိမ့်မယ်။ ”
ငွေရောင် မျက်လုံး ဝိညာဉ် နတ်မိစ္ဆာက မောက်မာစွာ ပြုံးပြီး၊
“ မင်းကို ဓားကိုင်နည်း သင်ပေးပါရစေ။ ”
-ဟု ပြောကြားလာ၏။
ရုတ်တရက် ပန်းသင်္ချိုင်း အထက်တွင် အနက်ရောင်မြူများ ရစ်သိုင်းလာသဖြင့် ဓားက မြည်သံပေးလာသည်။
“ ဟမ့် ... ဒီဓားက အုပ်စိုးရှင် အဆင့်ကို ရောက်တော့မယ် မဆိုးပါဘူး ရုန်းကန်နိုင်တယ် ဒါပေမယ့် အခု ငါပိုင်သွားပြီ။ ”
စကားဆုံးသည်နှင့် တန်ခိုးကြီးသည့် နတ်ဆိုးအငွေ့အသက်ကို ထုတ်လွှတ်လိုက်ပြီး လင်းယွန်အပေါ် ကြီးမားသော ဖိအားများ ပေးဆောင်ခဲ့သည်။
သို့သော် လင်းယွန်က မျက်နှာ အပြောင်းအလဲမရှိဘဲ၊
“ ငါ့ဓားကို ယူဖို့ မလွယ်သေးပါဘူး။ ”
-ဟု ပြန်ပြောလိုက်၏။
“ ဟား ဟား ဟား ... ကောင်လေး၊ မင်းကငါ့ကို ခုခံနိုင်မယ်လို့များ ထင်နေတာလား၊ ဓားသမား တစ်ယောက်အနေနဲ့ ပြိုင်ဘက်က မင်းရဲ့ဓားကို ဖမ်းထားတာ မရှက်ဘူးလား။ ”
ငွေမျက်လုံး ဝိညာဉ် နတ်မိစ္ဆာက ပန်းသင်္ချိုင်းကို ဆွဲထုတ်လိုစိတ်ဖြင့် ခွန်အားများ တိုးမြှင့်လိုက်၏။
“ ဝှစ် ... ။ ”
လင်းယွန်က မျှော်လင့်ပြီး ဖြစ်သဖြင့် ငွေမျက်လုံး ဝိညာဉ် နတ်မိစ္ဆာ ရင်ဘတ်ဆီသို့ လက်ဓားဖြင့် လှမ်းထိုးလေသည်။
အစောပိုင်းတွင် ၎င်းတို့သည် ရှေ့မတိုး နောက်မဆုတ် ဖြစ်နေသောအခါ မိစ္ဆာအစီရင် တစ်ခုကို သတိ ပြုမိခဲ့၏။
ငွေမျက်ဝန်း ဝိညာဉ် နတ်မိစ္ဆာ၏ ကိုယ်လုံးကိုယ်ပေါက်သည် ပြိုင်ဘက်ကင်း နေခြင်းမှာ ထိုအစီရင်မှ စွမ်းအား ဖြည့်ပေးနေခြင်းဖြစ်နိုင်သည်။
အစီရင်သည် အဆက်မပြတ် လည်ပတ် နေသဖြင့် အားနည်းချက်ကို ရှာဖွေရ ခက်စေ၏။ ၎င်းက ပန်းသင်္ချိုင်းအပေါ် အာရုံရောက်နေ သောကြောင့် အငိုက်ဖမ်း နိုင်ခြင်း ပေပင်။
လက်ထိပ်မှ ဓားရောင်ဝါ ထွက်လာပြီး ငွေမျက်လုံး ဝိညာဉ် နတ်မိစ္ဆာ၏ ရင်ဘတ်ကို ထိမှန်သွား၏။
“ ဝေါ့ ... ။ ”
သွေးတစ်လုတ် အန်လျက် ဓားကို လွှတ်လိုက်သည်။ နဖူးရှိ တတိယ မျက်ဝန်းကို ဖွင့်ကာ ဒေါသတကြီး ဖြစ်လာ၏။
အနက်ရောင် မြူများက ချက်ချင်း ပတ်ဝန်းကျင်အနှံ့ ပျံ့ကားလာပြီး ကျိကျစ်ရှီနှင့် လင်းကျန်းရှန့်ကို ဟန့်တားလိုက်တော့၏။
“ ကြည့်ရတာ ငါမှန်တယ် ထင်တယ်။ ”
လင်းယွန်က ပန်းသင်္ချိုင်းဓားကို ပြန်လည်ဆွဲယူကာ ပြုံးလိုက်သည်။ ထိုအချိန်၌ ငွေမျက်ဝန်း ဝိညာဉ် နတ်မိစ္ဆာက လက်ဖဝါး တစ်ဖက်ဖြင့် ရိုက်ချလာသည်။
ကောင်းကင်နှင့်မြေကြီး တုန်ယင်လျက် ထိမှန်ခံရပါက ဒဏ်ရာကြီးကြီးမားမား ရရှိပေ လိမ့်မည်။ သို့သော် လက်ဖဝါးက ပစ်မှတ်ကို လွဲချော်သွား၏။
“ ဝှစ် ... ။ ”
လင်းယွန်နှစ်ယောက် ကွဲထွက်သွား ပြီးနောက် တစ်ယောက်စီသည် ပန်းသင်္ချိုင်းကို လွှဲချလိုက်လေသည်။
ဤသည်မှာ နဂါး ဖီးနစ် ကမ္ဘာဖျက် ဓားကျမ်း၏ ကိုယ်ပွား နည်းပညာ ဖြစ်ချေသည်။ နှစ်ယောက်လုံးက ထက်ရှသော ဓားအလင်းကို လွှတ်ထုတ်လာ၏။
ပန်းသင်္ချိုင်းပေါ်၌ ချက်ချင်း မီးစွဲလောင်လာပြီး ဓားအလင်းနှစ်လက်ကို တစ်လက်တည်း အဖြစ် ပေါင်းစည်းသည်။
“ ရွှပ် ... ။ ”
၎င်းဓားအလင်း ဦးတည်ရာ အရပ်သည် ငွေမျက်လုံး ဝိညာဉ် နတ်မိစ္ဆာ၏ ဦးခေါင်းထံ ဖြစ်ချေ၏။
“ ငါ့ဓားကို ယူဖို့ မလွယ်ဘူး ဆိုတာ ယုံပြီလား။ ”
လင်းယွန်က လှောင်ပြောင်လိုက်သည်။ ဓားအလင်းက လည်ပင်းကို ဖြတ်သွားသည့်တိုင် မရပ်ခဲ့ချေ။
နောက်ထပ် ဓားအလင်းများက ပိုက်ကွန်သဖွယ် ယှက်လာပြီး ထိမှန်သွားသည်။ ပစ်မှတ်ခမျာ အစိတ်စိတ် အမြွှာမြွှာ ဖြစ်သွား၏။
အဖြစ်အပျက်များ အားလုံး နိဂုံးချုပ် လိုက်သောအခါတွင် လင်းယွန်လက်၌ ငွေရောင် ဝိညာဉ် အမြုတေ တစ်လုံး ရှိနေခဲ့သည်။
ရုတ်တရက် အနက်ရောင်မြူ အတားအဆီးကြီး ပျောက်ကွယ် သွားသဖြင့် အမျိုးသမီး နှစ်ယောက်က လင်းယွန်ကို ကူရန် အရှိန်မြှင့် ပျံသန်းလိုက်၏။
“ ငွေမျက်လုံး ဝိညာဉ် နတ်မိစ္ဆာ ဘယ်ရောက်သွားလဲ။ ”
သို့သော် သူတို့ မြင်လိုက်ရသည်မှာ တစ်ယောက်တည်း ရပ်နေသော လင်းယွန် ဖြစ်နေသည်။ ကျိကျစ်ရှီက လှည့်ပတ် ကြည့်တော့၏။
“ ဒီမှာ ... ။ ”
လင်းယွန်က သူ့လက်ထဲမှ ငွေရောင် ဝိညာဉ်အမြုတေကို မြှောက်ကာ ပြုံးပြလိုက် လေသည်။
“ မဖြစ်နိုင်တာ ... ။ ”
လင်းကျန်းရှန့် တစ်ယောက် မျက်လုံးပြူးသွားစဉ် အောင်းကြွယ်နှင့် ရှန့်ထျန်းနန်တို့လည်း ရောက်ရှိလာ၏။
“ ငွေဝိညာဉ် အမြုတေ ... ”
နှစ်ယောက်သား လင်းယွန် လက်ထဲရှိ ငွေရောင် ဝိညာဉ် အမြုတေကို မြင်သောအခါ ပါးစပ် အဟောင်းသား ဖြစ်ကုန်သည်။
“ ဒါကို သိမ်းထားလိုက် ... တောထဲမှာ တစ်ခုခုဖြစ်နေပြီ။ ”
လင်းယွန်က ငွေဝိညာဉ် အမြုတေကို ကျိကျစ်ရှီထံ ကမ်းပေးကာ ပြောကြားလိုက် တော့၏။
***