ပါရမီရှင်များ ... ။
Vol. 170 Ch. 2368
“ မင်း ဘာကို ဆိုလိုတာလဲ။ ”
ရှန်းထျန်းနန်က မေးသည်။ လင်းယွန်က ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ ကောင်းကင် အပေါ် အလင်းတန်းများစွာ လွင့်နေသည်ကို မြင်လိုက်ရ၏။
“ ငွေမျက်လုံး ဝိညာဉ် နတ်မိစ္ဆာရဲ့ အသွင်အပြင်က ရုတ်ခြည်း ရောက်လာတာမို့ တစ်စုံတစ်ယောက်ရဲ့ ပုတ်နိုးတာကို ခံလိုက်ရ ပုံပဲ ... ဒီတောအုပ်ထဲမှာ လူတိုင်း ငွေမျက်လုံး ဝိညာဉ် နတ်မိစ္ဆာနဲ့ ဆုံနေပုံရတယ် ...
... ဒီကိစ္စ နောက်ကွယ်မှာ တစ်စုံ တစ်ယောက် ရှိနေတယ် ... သူက ငါတို့ကို တားဆီးဖို့ ကြိုးစားနေတာ။ ”
-ဟု ရှင်းပြလိုက်၏။
“ မင်း ဆိုလိုတာက ငါတို့ ဒီထက်ပိုပြီး တိုးဝင်သွားရင် အန္တရာယ်တွေ ကျရောက်လာမှာ မဟုတ်လား ... ငွေမျက်လုံးတွေနဲ့ ရင်ဆိုင်ရတာ ငါတို့တစ်ဖွဲ့တည်း မဟုတ်ဘူး။ ”
ရှန်းထျန်းနန်က နားလည်သွားသည်။
“ မှန်တယ် ... ။ ”
“ ဒါဆို ရှန်းထျန်းနန်နဲ့ ... ငါ ဒီမှာပဲ ရပ်လိုက်တော့မယ်။ ”
အောင်းကြွယ်က ပြောသည်။
“ ဒီမိစ္ဆာတွေက ငါအရင်က ဆုံဖူးတဲ့ အလောင်းကောင်တွေနဲ့ မတူဘူး ... သူတို့မှာ အကာအကွယ် အဖြစ် နတ်ဆိုးရူရ်တွေ ပါနေတယ်။ ”
ဤမျှ ကြောက်စရာ ကောင်းသော ခုခံကာကွယ်မှု အလွှာမျိုး ရှိနေသည်မှာ ထူးခြား နေ၏။
လင်းယွန်အတွက်မူ ယင်းမြစ်ဘုရင်ကို ပြန်သတိရသွားသည်။ ထိုလူသည် သူ့ဝှက်ဖဲများ အားလုံးကို ထုတ်၍ အသုံးပြုရန် ဖိအားပေး လုနီးပါး ဖြစ်ခဲ့သည်။
သို့တိုင် ဤနေရာရှိ ဝိညာဉ် နတ်မိစ္ဆာ မျိုးရိုးလောက် ကြောက်စရာ မကောင်းနိုင် သေးခေျ။ ခွန်လွန် ပြင်ပရှိ ဝိညာဉ် နတ်မိစ္ဆာ များမှာ ပို၍ သန်မာနေကြသည်။
ရှန်ထျန်းနန်က မျက်မှောင်ကြုတ်ပြီး၊
“ ငွေမျက်လုံး ဝိညာဉ် နတ်မိစ္ဆာတွေကို နိုးထဖို့အတွက် နတ်သွေး သုံးခဲ့တာလို့ ငါ ခံစား ရတယ် ပြီးတော့ နတ်ဆိုးရူရ်တွေက သူတို့ အားနည်းချက်ကို ကာကွယ်ပေးနေတဲ့ အစီရင်တစ်ခုပဲ။ ”
လင်းယွန်သည် သူတို့ထက် များစွာ သန်မာသဖြင့် ဝန်ထုပ်ဝန်ပိုး မဖြစ်စေလိုတော့ ချေ။ ထို့ကြောင့် သူလည်း ပြန်လိုက်သွားရန် ဆုံးဖြတ်လိုက်၏။
“ ငါ ပြန်လိုက်မယ် ... ခွဲတမ်း မပြည့်သေးပေမယ့် ဘဝလောက် ဘယ်အရာမှ အရေးမကြီးပါဘူး။ ”
ထို့နောက် နှစ်ယောက်သား ဝိညာဉ် အမြုတေများအားလုံး လွှဲပေးကာ တံဆိပ်ကို အသက်သွင်းလျက် ပြန်သွားကြသည်။
လင်းကျန်းရှန့်နှင့် ကျိကျစ်ရှီက လင်းယွန်နှင့် အတူရပ်နေခဲ့၏။
“ ကျစ်ရှီကို ကူညီဖို့ ငါနေမယ် ... ငါ့ဓားကလည်း နင့်အတွက် အထောက်အကူ ဖြစ်ပါလိမ့်မယ်။ ”
လင်းကျန်းရှန့် စကားကို လင်းယွန်မှ ခေါင်းညိတ်လိုက်သည်။ သူမ ခွန်အားအပေါ် ယုံကြည်၏။ ဤနည်းဖြင့် တိုက်ပွဲများ ကြုံချိန်၌ ကျစ်ကျိရှီအပေါ် အာရုံစိုက်စရာ မလိုတော့ချေ။
“ အခု ငါတို့မှာ ဝိညာဉ် အမြုတေတွေ ဘယ်လောက် ရှိနေပြီလဲ။ ”
“ ရှစ်ဆယ့်သုံး ... ။ ”
ကျိကျစ်ရှီက ပြန်ဖြေ၏။
“ မလုံလောက်သေးဘူး ... ငါတို့ တောအုပ်ထဲကို ထပ်ဝင်ရမယ်။ ”
လင်းကျန်းရှန့်က ကျိကျစ်ရှီကို ကာကွယ်မည် ဖြစ်သောကြောင့် စိတ်ပူနေစရာ မလိုတော့ချေ။ ဝိညာဉ် အမြုတေအပေါ် လုံးလုံး အာရုံစိုက်နိုင်၏။
ထိုအချိန်တွင် ဓားသမားခုနစ်ဦးသည် တောအုပ်အတွင်း တစ်နေရာတွင် ငွေမျက်လုံး ဝိညာဉ် နတ်မိစ္ဆာ တစ်ယောက်နှင့် တိုက်ခိုက် နေသည်။
၎င်းတို့အားလုံးသည် ပူးတွဲတိုက်ပွဲများ ဆင်နွှဲထားဖူးပုံရကာ သတ္တမအဆင့် သူတော်စင် သခင်များ ဖြစ်ကြ၏။
ငွေမျက်လုံး ဝိညာဉ် နတ်မိစ္ဆာသည် နတ်ဆိုးရူရ်များဖြင့် ဖုံးအုပ်ထားပြီး အားကောင်း လှလေသည်။
နတ်အလင်းဓား ရည်ရွယ်ချက်ဖြင့်ပင် ပြင်းထန်သော ဒဏ်ရာများပေးရန် ခက်ခဲနေ၏။ သို့သော် ၎င်းတို့ ခုနစ်ဦးသည် အစီရင် တစ်ခု အဖြစ် ဖွဲ့စည်းလိုက်သဖြင့် ကောင်းစွာ ထိန်းထား နိုင်ခဲ့သည်။
ဒေါင်လိုက်မျက်လုံး ပွင့်လာလျှင်ပင် ငွေမျက်လုံးဝိညာဉ် နတ်မိစ္ဆာအတွက် သူတို့ထံမှ ထွက်ပြေးနိုင်မည် မဟုတ်ချေ။
လွတ်မြောက်ခါနီး အချိန်တိုင်း ဓားရောင်ခြည်က ကောင်းကင်မှ ဆင်းသက်ကာ ပိတ်ဆို့ပေလိမ့်မည်။
အဘယ့်ကြောင့် ဆိုသော် သူတို့ (၇)အပြင် ကောင်းကင်၌ လူတစ်ယောက် လေထဲ ရပ်ကာ စောင့်ကြည့် နေသေးကြောင့် ဖြစ်၏။
ထိုလူသည် ကောင်းကင်ဓားခန်းမ၏ တပည့်ကြီး ဖြစ်ကာ လက်ရှိ သူတို့သုံးထားသည့် အစီရင်မှာ ကောင်းကင် ဘုရင် ဓားအစီရင် ဖြစ်ချေပြီ။
“ ဒီနတ်ဆိုးက ... တကယ့်ကို ကိုင်တွယ်ရခက်ခဲတာပဲ အားနည်းချက် ရှာ မတွေ့နိုင်သေးဘူး … ။ ”
ကျန်းဇီဟွာက ညည်းတွားလိုက်သည်။ အကယ်၍သာ ၎င်းသည် သာမန် ငွေမျက်လုံး နတ်ဆိုး တစ်ကောင် ဖြစ်ခဲ့ပါက သတ်ပြီး ဖြစ်ပေလိမ့်မည်။
“ ဒါဆို အားနည်းချက် ရှာမတွေ့ရင် ဘာဖြစ်မလဲ၊ သူ့ကို အပိုင်းပိုင်းခွဲပစ်လိုက်မယ်။ ”
ရေရွတ်သံ ဆုံးသည်နှင့် ဓားရောင်ဝါများ မြင့်တက်လာပြီး ငွေမျက်လုံး ဝိညာဉ် နတ်မိစ္ဆာ ပေါ်သို့ ပြုတ်ကျ သွားလေသည်။
ကောင်းကင်ဘုရင် ဓားသုတ္တန်ကို အသက်သွင်းထားသဖြင့် ကျောက်စိမ်းနန်းတော် တစ်လုံး လေထဲပေါ်လာ၏။
“ နေရာပြောင်း ... ။ ”
သူ့အောက်ရှိ ဓားသမား ခုနစ်ယောက် ကလည်း ပုံစံများ ပြောင်းလဲကာ အလင်းတန်း ခုနစ်စင်းကို ပစ်ထုတ်လိုက်သည်။
“ ကောင်းကင် ဘုရင် ဓား။ ”
“ ရွှပ် ... ။ ”
“ ခရစ် ... ။ ”
ဓားအလင်းများ စုစည်းသွားပြီး ငွေမျက်လုံး နတ်မိစ္ဆာ ရင်ဘတ်ထံ ဖောက်ဝင်ကာ ရူရ်များကို ကွဲအက်သွားစေ၏။
“ သတ် ... ။ ”
ဓားသမား ခုနစ်ယောက်က ရှေ့တိုး လိုက်သည်။ ထိုနောက် အကာအကွယ် မရှိ တော့သည့် ရန်သူကို အပိုင်းပိုင်း ခုတ်ချ ပစ်လိုက်၏။
လျှပ်စီး တစ်ချက် လက်သွားပြီး ကျန်းဇီဟွာက အပြုံးတစ်ပွင့်ဖြင့် ငွေရောင် ဝိညာဉ် အမြုတေကို ဖမ်းဆုပ်၏။
“ ဂုဏ်ယူပါတယ် ခေါင်းဆောင်။ ”
ဓားသမား ခုနစ်ယောက်သည် နတ်တပည့် များဖြစ်ကြပြီး ပြုံးရွှင်စွာဖြင့် ဂုဏ်ပြုစကား ဆို လိုက်ကြသည်။
ကျန်းဇီဟွာက လက်ကို ပေါ့ပေါ့ဆဆ ဝှေ့ယမ်းလိုက်ပြီး၊
“ ဒီငွေမျက်လုံး ဝိညာဉ် နတ်မိစ္ဆာက ထူးဆန်းတယ် နတ်အလင်းဓားတောင် သူ့ကို မဖြေရှင်းနိုင်ဘူး ... လင်းကျန်းရှန့် အတွက် အဆင်ပြေပေမယ့် ပန်းသင်္ချိုင်းတော့ ထွက်သွားလောက်ပြီ။ ”
-ဟု ထင်ကြေး ပေးလိုက်သည်။
“ ခေါင်းဆောင်က ပြိုင်ဘက်ကင်းပါပဲ။ ”
“ ဓားရည်ရွယ်ချက်က အသုံးမ၀င်ရင် ပန်းသင်္ချိုင်းအတွက် ... စိတ်မကောင်း စရာပါ၊ လင်းကျန်းရှန့်သာ ငါ့ကို ခေါင်းဆောင်လို့ ခေါ်ချင်ရင် သူ့ကို ကာကွယ်မိလိမ့်မယ်။ ”
ကျန်းဇီဟွာက နတ်တပည့်များ မြှောက်ပင့် စကားကြောင့် သွေးနထင်ရောက်ကာ ပြုံးရယ် လိုက်တော့သည်။
ထိုအချိန်တွင် အရိပ် နတ်ဘုရား နန်းတော်၏ တပည့်ကြီး ကောင်းကင်စာအုပ် သည်လည်း ငွေမျက်လုံး ဝိညာဉ်နတ်မိစ္ဆာ တစ်ကောင်နှင့် ရင်ဆိုင် နေရ၏။
သူသည် မဟာ နေမင်း တာအိုကို ကျွမ်းကျင်ပြီး မဟာနေမင်း ဒိုမိန်းအပေါ် နားလည် ထားသည်။
ထို့ကြောင့် မဟာ နေမင်း တာအိုကို အားကိုးပြီး ငွေမျက်လုံး ဝိညာဉ် နတ်မိစ္ဆာအပေါ် ပြာအဖြစ် မီးရှို့ပစ်လိုက်၏။
“ သူတို့ကို ကိုင်တွယ်ရ ခက်ခဲတာ ... အံ့သြစရာ မရှိတော့ပါဘူး ... ဒါက နတ်မိစ္ဆာ အစီရင် ရူရ်တွေကြောင့်ပဲ ... ။ ”
ရှန့်ကွမ်ကြွယ်နှင့် ကျောက်ကျန်းလီက သက်ပြင်းချကာ မှတ်ချက်ပေးလိုက်လေသည်။
“ မင်းတို့နှစ်ယောက် ... ငါနဲ့ နေခဲ့၊ ကျန်တဲ့လူတွေ အကုန်လုံး ထွက်သွားပါ။ ”
ကောင်းကင် စာအုပ်က အမိန့်ပေး လိုက်သည်။ အရိပ်နတ်ဘုရား နန်းတော်၏ တပည့်များအားလုံး ချက်ချင်း ထွက်ခွာလိုက် တော့၏။
“ စီနီယာ အစ်ကို ... လင်းယွန်ရဲ့ ဓားက ဒီငွေမျက်လုံး ဝိညာဉ် နတ်မိစ္ဆာအပေါ် အသုံး ဝင်နိုင်လား။ ”
ရှန့်ကွမ်ကြွယ်က မေးသည်။
“ သက်ရောက်မှု မရှိဘူး။ ”
ကောင်းကင် စာအုပ်က ခေါင်းယမ်း၏။ လင်းယွန်၏ စွမ်းရည်သည် မယုံနိုင်စရာကောင်း သော်လည်း ကျန်းဇီဟွာကို မမီချေ။
“ ငရဲသစ်တောက ငါတို့လို ပါရမီရှင်တွေ အတွက် အမဲလိုက်ရာ ဒေသပဲ ... သူ့အတွက် ကောင်းကင် လွင်ပြင် ခရီးစဉ်က ... ဒီမှာပဲ ပြီးဆုံးသွားပါပြီ။ ”
ကောင်းကင်စာအုပ်က အထင်အမြင် သေးသော အပြုံးဖြင့် မှတ်ချက်ပေး လိုက်သည်။ ငရဲသစ်တောသည် အန္တရာယ်များ သော်လည်း အခွင့်အလမ်းများနှင့် ပြည့်နှက်နေ၏။
တာအို ဂိုဏ်းမှ ချင်းယွင်၊ မြကျောက်စိမ်း စံအိမ်မှ မုချင်းရွယ်၊ သွေးတံခါးမှ စန်းကျွယ်နှင့် ထုံပါ့ဟုန်တို့သည်လည်း ၎င်းတို့ ပြိုင်ဘက်များ အပေါ် အောင်မြင်စွာ အနိုင်ယူခဲ့သည်။
ဤတောအုပ်သည် အားနည်းသူများ အတွက် ငရဲဖြစ်သော်လည်း သန်မာသူများ အတွက် ဇာတ်စင် ဖြစ်သည်။
တစ်ဖက်တွင် ကောင်းကင် လွင်ပြင်သို့ ပြန်ရောက်လာ သူများမှာ ထိတ်လန့်နေဆဲ ဖြစ်ကြ၏။
“ ကြောက်စရာ ကောင်းလွန်းပါတယ် ... ဒီလောက် မာကျောတဲ့ ငွေမျက်လုံး ဝိညာဉ် နတ်မိစ္ဆာမျိုး မမြင်ဖူးသေးဘူး ... ။ ”
“ ဒီအဆင့်က တကယ်ကို အန္တရာယ်များတယ်။ ”
လူတိုင်း မျက်နှာများ ပျက်ယွင်းလျက် သုံးသပ်ချက်များ ထွက်ပေါ်နေသည်။ ထိုအချိန်၌ တော်ဝင် ကောင်းကင် သခင်က လက်ယမ်းကာ စွမ်းအင်ရေစက် တစ်စက် ဖန်တီးလိုက်၏။
ထိုရေစက် အတွင်း ငရဲတောအုပ်၏ မြင်ကွင်းများ ပေါ်လာတော့သည်။
“ ဟမ့် ... အဲဒါ ကောင်းကင် စာအုပ် မဟုတ်လား ... ငွေမျက်လုံး ဝိညာဉ် နတ်မိစ္ဆာကို ပြာချလိုက်ပြီ။ ”
“ ထုံပါ့ဟုန်လည်း ကျန်သေးတယ်။ ”
“ အဲဒါ ကျန်းဇီဟွာပဲ။ ”
“ ဒီမှာ ချင်းယွင် ... ။ ”
ပုံရိပ်များ မြင်ရုံဖြင့် မည်သူ ဖြစ်သည်ကို လူတိုင်းသိနိုင်၏။ လင်းယွန်ကို မမြင်သေးသဖြင့် အောင်းကြွယ်နှင့် ရှန်းထျန်းနန်က စိတ်လှုပ်ရှား လာတော့သည်။
ရုတ်တရက် အပြာဝတ် ဓားသမား တစ်ယောက် တောအုပ်အတွင်း လျှောက်လှမ်း နေသည်ကို မြင်လိုက်ရ၏။
“ ဒါ ... ပန်းသင်္ချိုင်း မဟုတ်လား ... ငေွေမျက်လုံး ဝိညာဉ် နတ်မိစ္ဆာကို အနိုင်ယူ နိုင်ခဲ့တာလား ... မယုံနိုင်စရာ ပါပဲ။ ”
“ တကယ်တော့ ဓားရည်ရွယ်ချက်က ငွေမျက်လုံး ဝိညာဉ် နတ်မိစ္ဆာအပေါ် အကျိုး သက်ရောက်မှု မရှိပါဘူး ... သူဘယ်လို လုပ်လိုက်တာလဲ။ ”
ထိုအချိန်တွင် လင်းယွန်က မျက်မှောင်ကြုတ်လျက် ရပ်သွားသောကြောင့် တော်ဝင် ကောင်းကင် သခင်က အံ့ဩသွား တော့သည်။
“ စိတ်စားစရာပဲ ... ဒီကလေး သိနေတာလား။ ”
***