← Chapters

အပိုင်း (၄၉၄) – အလွန်နှစ်မြို့ဖွယ်မကောင်းသော

Vol. 005 Ch. 494

အပိုင်း (၄၉၄) – အလွန်နှစ်မြို့ဖွယ်မကောင်းသော

Vol. 005 Ch. 494

သူ ဒီနေ့ ကျောက်စိမ်းနဂါးဂျင်ဆင်းအား ထုတ်ရသည့်အကြောင်းမှာ ရှီမာယူယူသည် အလယ်ပိုင်းဒေသ မှ ဖြစ်သည်ကို စမ်းသပ်ချင်သောကြောင့်ဖြစ်သည်။ သူမသာ အလယ်ပိုင်း ဒေသမှဖြစ်ပါက ဒီအကြောာင်းကို မသိ နိုင်စရာမရှိပေ။

“သခင်လေးရှီ မင်းကငယ်သေးပုံပဲ ဘယ်နနှစ်ရှိပြီလဲဆိုတာ သိပါရစေ”

ရှီမာယူယူသည် ခေါင်းငုံ့ထားကာ သူမမျက်လုံးများ အရောင်လက်လာသည်။ သူက သူမကို အသက်ကို  မေးတာလား။ ဒီလူကြီးက ဘာလုပ်မလို့လဲ။ သူက သူမကို သူ့သမီးနဲ့ လက်ထပ် ပေးမလို့တော့ မဟုတ်ဘူးမလား။

သူမ ပြောခဲ့သော “ဝိုင်ကကောင်းလား ကျွန်မကကောင်းလား” ဆိုသည့်စကားကို တွေးမိလျှင် သူမသည် ချွေးအေးများထွက်လာသည်။

“၂၅ရှိပါပြီ”

“၂၅နှစ်လား” ဘေဂုံအောင်သည် ရှီမာယူယူအား ကြည့်လိုက်သည်။ သူမသည် လှည့်ပတ်သွားလာရဲ သည်ကိုကြည့်ကာ သေချာပေါက် မခေသူဟု တွေးမိကာ “ဦးသမီးက ဒီနှစ်မှ ၂၃နှစ်ရှိသေးတာ မင်းတို့ နှစ် ယောက်က မတိမ်းမယိမ်းပဲ ဟုတ်တယ်မလား”

“ဟားဟား” သူမသည် စကားကိုဆက်မပြောချင်တော့သောကြောင့် ယဉ်ကျေးစွာ ရယ်မောလိုက်သည်။

“သခင်လေးရှီက လက်ထပ်ပြီးပြီလားဆိုတာ မေးချင်ပါတယ်” ဘေဂုံအောင်သည် စကားနှိုက် လေသည်။

ရှီမာယူယူသည် အလွန်အော့အန်ချင်လကာ ဘေဂုံထန်နှင့် တခြားသူများ ဘာလို့ဒီကိုလာဖို့ တွန့်ဆုတ် နေလဲဆိုတာသိသွားပြီ။

“လက်မထပ်ရသေးပါဘူး” ရှီမာယူယူ ပြောလိုက်သည် “ကျွန်တော်ကငယ်သေးတော့ အတည်တကျဖြစ် ဖို့လိုသေးတယ်လို့ ကျွန်တော့်မိဘတွေကပြောပါတယ် လက်ထက်ဖို့က စောလွန်းပါသေးတယ်… ပြီးတော့ ကျွန်တော်က ကျင့်ကြံသူဖြစ်နေတော့ အသက် ၁၀၀ဖြစ် ရင်တောင် လက်ထပ်ဖို့စောပါသေးတယ်… ကျွန်တော်က မိန်းမတစ်ယောက်ရဲ့ လွှမ်းမိုးတာကို ခံရဖို့ စိတ်ကူးမရှိသေးပါဘူး လွတ်လပ်တာကောင်းပါတယ်”

ဘေဂုံအောင်သည် မတုံးပေ။ ရှီမာယူယူ ငြင်းနေသည်ကို သူသိသည်။ သို့သော် ဘေဂုံအာ အပေါ်ထပ် တွင်ရှိနေသည်ကို တွေ့သောကြောင့် ပြုံးပြီးပြောလေသည် “မိသားစုရှိရင် အလုပ်ဖြစ်တယ်လို့ ပြောကြတယ် မလား အရင်ဆုံး မိသားစုတစ်ခုတည်ထောင်မှ အလုပ်ကို လုပ်ကြတာပဲ အဲဒါပြောတဲ့သူက အမှန်တွေပြောခဲ့တာ ပဲ”

“ကျွန်တော့် မိသားစုမှာက တခြားအစ်ကိုကြီးတွေလည်းရှိသေးတယ် သူတို့ကမလော ကြတော့ ကျွန်တော်လည်း အေးဆေးပါပဲ ကျွန်တော်က ငယ်ရွယ်မှုကို တန်ဖိုးထားပြီး ဒီနယ်မြေနဲ့ အဝေးကို သွားချင်သေး တယ်” ရှီမာယူယူ ပြောလိုက်သည်။

“ဟားဟား” ဘေဂုံအောင်သည် ရှီမာယူယူနှင့် စကားကို မည်ကဲ့သို့ ဆက်ပြောရမည်ကို မသိတော့ပေ။ တဖက်လူသည် ရှင်းလင်းစွာပြောပြီးဖြစ်၍ သူဘာဆက်ပြောရမှာလဲ။

သူ့သမီး၏ အမူအရာအားကြည့်ပြီး တိတ်တဆိတ် သက်ပြင်းချကာ အပြုံးဖြင့် ဆက်ပြောလေသည် “တကယ်တော့ ဦးဒီနေ့လာကာ မင်းနဲ့ ဆွေးနွေးစရာလေးရှိလို့ပါ”

ရှီမာယူယူသည် ပဟေဋ္ဌိဆန်စွာ မျက်ခုံးပင့်လိုက်သည် “ဆေးဖော်စပ်မှုမှာ တစ်ခုခုများဖြစ်လို့လား”

“မဟုတ်ပါဘူး” ဘေဂုံအောင်သည် ခေါင်းထောင်လာကာ ပြောလေသည် “ဒီလိုပါ ဦးသမီးက သခင်လေး ရှီကို မျက်စိကျနေတာပါ သခင်လေး ဘယ်လိုစိတ်ရှိလဲ ဦးက မျက်နှာပြောင်ပြောင် နဲ့ပဲမေးရတော့မှာပဲ”

ရှီမာယူယူ မျက်လုံးများပြူးသွားလေသည်။ သူသည် တကယ်ပဲ သူမကို သူ့သမီးနဲ့ လက်ထပ်စေချင်တာ လား။ တကယ့်ကို မနှစ်မြို့စရာပဲ။

“အဟွတ် အဟွတ် သခင်ကြီးဘေဂုံမှာ သမီးနှစ်ယောက်ရှိတယ်လို့ကြားတယ် ဘေဂုံထန်လို့ ခေါ်တဲ့ တစ်ယောက်ရယ် နောက်တစ်ယောက်က ဘေဂုံအာရယ်လေ၊ ဘယ်တစ်ယောက်က ကျွန်တော့်ကို သဘောကျ တာလဲဆိုတာ သိချင်ပါတယ်”

ဘေဂုံထန်၏ နာမည်ပြောလိုက်သည်ကို ကြားသောအခါ ဘေဂုံအောင်သည် မှင်တက်သွားလေ သည်။ သူ့မျက်ခုံးများသည် အံ့သြသဖြင့် မြင့်တက်သွားလေသည်။ သူက အတင်းအဖျင်းစကားတွေ ကြားလာတာဖြစ် မယ်။ သူ အစေခံတချို့ကို ထုတ်ပစ်မှ ဖြစ်တော့မယ်ထင်တယ်။

သူပြန်ဖြေသည်ကို မစောင့်ပဲ ရှီမာယူယူ ဆက်ပြောလေသည် “ဘယ်သူပဲဖြစ်ဖြစ်ပါ ကျွန်တော့် ဇနီးအဖြစ် တစ်ယောက်မှမလိုချင်ပါဘူး မိန်းကလေးတွေရဲ့ အချစ်က ကျွန်တော့် အပေါ်မှာ အသုံးမဝင်ဖြစ်သွားပါတယ်”

“ဦးသမီးက…” ဘေဂုံအောင်သည် သူ့သမီး၏ အရည်အချင်းကောင်းများကို ပြောပြရန် ကြိုးစား  သော်လည်း သူမ မပြောခင်တွင် အစောင့်တစ်ယောက်သည် အလောတကြီးပြေး လာကာ သူ့နားနားသို့ စကား များတီးတိုးပြောလေသည်။

“ဘာ မင်းတကယ်ပြောနေတာလား” ဘေဂုံအောင်သည် အစောင့်အား အံ့သြစွာကြည့် လေသည်။

“ဟုတ်တယ် သူတို့တံခါးမှာ စောင့်နေကြပါတယ် မျိုးနွယ်ခေါင်းဆောင်က သခင်လေးကို မြန်မြန်လာ ခိုင်းနေတယ်” အစောင့်သည် ပြန်ဖြေလေသည်။

“သခင်လေးရှီ…”

“သခင်ကြီးဘေဂုံက အရေးကြီးကိစ္စပေါ်လာမှတော့ ကျွန်တော်အရင်သွားနှင့်ပါမယ်” ရှီမာယူယူ သည် မတ်တတ်ရပ်ရင်းပြောလေသည်။

“ကောင်းပါပြီ လူလွှတ်ပြီး သခင်လေးကိုပြန်ပို့ခိုင်းလိုက်ပါမယ်” ဘေဂုံအောင်သည် အစေခံမိန်းကလေး အားလက်ယက်ခေါ်ကာ ရှီမာယူယူအား ပို့ိခိုင်းလေသည်။

အပေါ်ထပ်မှ ဘေဂုံအာသည် ရှီမာယူယူ၏ ငြင်းဆိုချက်ကိုကြားသောအခါ ဒေါသများ ထွက်လေသည်။ သူမသည် မနေ့က အစေခံမိန်းကလေးကို ယူခိုင်လိုက်သော ဆေးကို တွေးလိုက်လျှင် သူမ ပြောလိုက်သည် “အစက ဒီဟာကို လုပ်ဖို့အတွေးမရှိဘူး ဒါပေမဲ့ ရှင်က ကျွန်မကို ဖိအားပေးလိုက်တာပဲ”

“သခင်မလေး ပြဿနာတက်ပြီ” ဘေဂုံအာ၏ အစေခံသည် အပေါ်ထပ်သို့ လျင်မြန်စွာ ပြေးတက်လာ ကာ စိတ်ပူပန်စွာ အော်လိုက်လေသည်။

“တော်တော့ ပြဿနာတက်နေတယ်ဆိုတာ ငါသိပြီးသွားပြီ” ဘေဂုံအာသည် သူမ အစေခံအား အော် လိုက်လေသည်။

အစေခံမိန်းကလေးသည် ခေတ္တမျှ မှင်တက်သွားလေသည်။ သူမ သခင်မလေးက အဖြစ်အပျက်ကို ဘယ်လိုသိလိုက်တာလဲ။ သူမသည် တစ်ချိန်လုံး အနောက်ဘက်ခြံဝန်းတွင် ရှိနေခဲ့တာကို ဘယ်လိုလုပ် အရှေ့ ဘက်က ဖြစ်တာတွေကို သိတာလဲ။

ဘေဂုံအာသည် အစေခံမိန်းကလေး တိတ်ဆိတ်နေသည်ကို တွေ့သောအခါ အော်လေသည် “ဘာတွေ စိတ်ကူးယဉ်နေတာလဲ၊ ငါ့ကို ရေထည့်မပေးတော့ဘူးလား သေချင်ပြီလား”

“ဟုတ် ဟုတ် ဟုတ် အခုပဲ သွားလိုက်ပါမယ်” အစေခံမိန်းကလေးသည် လက်ဖက်ရည်ဖျော်ရန် ထွက်သွားလေသည်။

ဘေဂုံအာသည် လက်ဖက်ရည်ခွက်ကို ကိုင်ကာ အဖုံးဖုံးကာ ပြောလေသည် “အဖေ  ဘာလို့အဲလောက် အလောတကြီးထွက်သွားတာလဲ”

“ဘာတွေဖြစ်နေလဲဆိုတာ သခင်မလေးမသိသေးဘူးလား”

“ငါမှ အပြင်မထွက်ရသေးတာ ဘယ်လိုလုပ်သိမှာလဲ” ဘေဂုံအာသည် ပြန်ပြောလေ သည်။

“ဒါပေမဲ့ သခင်မလေးကို သတင်းလာပြောတေ့ သခင်မလေးက ပြဿနာတက်တယ်ဆို တာ သိပြီးပြီဆို” အစေခံမိန်းကလေးသည် မဝံမရဲပြောလေသည်။

“နင်ပြန်ပြောရဲသေးတယ်နော်” ဘေဂုံထန်သည် အစေခံမိန်းကလေး၏ လက်မောင်းအား အားဖြင့် ဆွဲဆိတ်ကာ ပြောလေသည် “ပြော ဘာတွေဖြစ်နေတာလဲ”

“အဲဒါက အဲဒါက ဘေဂုံထန် ပြန်လာတယ် သူမရဲ့ အမေနဲ့ မောင်လေးကို ကယ်ဖို့လာခဲ့တာလို့ ပြော တယ် သူမက တံခါးဝမှာ ပြဿနာရှာနေတယ်” အစေခံမိန်းကလေး သည် ပြောလေသည်။

“ခွမ်း” ဘေဂုံအာသည် လက်ဖက်ရည်ပူကို အစေခံမိန်းကလေးဆီသို့ ပစ်လိုက်ပြီး ကျိန်ဆဲလေသည် “အသုံးမကျတဲ့ဟာ နင်အဲလောက်အရေးကြီးတာကို ငါ့ကိုမပြောဘူး”

သူမသည် ပြောပြီးနောက် အလောတကြီးထွက်သွားလေသည်။

အစေခံမိန်းကလေးသည် အင်္ကျိလဲရန်အချိန်မရှိတော့ပဲ သူမဝိညာဉ်စွမ်းအင်သုံးကာ အင်္ကျိ ခြောက်အောင် လုပ်ပြီး သူမနောက်သို့ ပြေးလိုက်သွားလေသည်။

အားလုံးသည် အတွင်းအားကျင့်ကြံသူများဖြစ်လို့ တော်သေးသည်။ ထို့ကြောင့် သူမသည် ရေနွေးပူ မလောင်ခဲ့ပေ။

ရှီမာယူယူသည် အစေခံမိန်းကလေးနောက်လိုက်ကာ အိမ်သို့လာလိုက်သည်။ သူမ စွန့်ပစ်ထားသော  ခြံဝန်းနားဖြတ်သွားသောအခါ အစေခံမိန်းကလေးအနောက်တွင် ချန်ခဲ့ကာ ဆေးပုလင်းထုတ်လိုက်လေသည်။ သူမသည် အစေခံမိန်းကလေးအား ထိုဆေးအနံ့ရှုခိုင်းကာ သတိမေ့အောင်လုပ်လိုက်လေသည်။

ရှီမာယူယူသည် အစေခံမိန်းကလေးအား ဝိညာဉ်စေတီအတွင်းထားကာ မိခင်ကျောက်တုံး ထုတ်ပြီး ဝူလင်းယူနှင့် ဆက်သွယ်လိုက်လေသည်။ သူမသည် ဟိန်းသံလေး အား ခေါ်ပြီး ပေါင်းစပ်ပြီးနောက် ခြံဝန်း အတွင်းသို့ ဖျတ်လတ်စွာ ဝင်သွားလေသည်။

သူမ ခြံဝန်းအတွင်းဝင်သည်နှင့် နီရဲပျားများကို ပတ်ဝန်းကျင် စောင့်ပေးရန် ထားခဲ့လေသည်။ သူမ အိမ်သို့ ဝင်သွားပြီးနောက်တွင် မြေအောက်ခန်းလမ်းကို တွေ့ပြီး လျင်မြန်စွာ ဝင်လိုက်လေသည်။

လမ်းမှာ မှောင်မိုက်သောကြောင့် သူမ မီးလုံးဖန်တီးလိုက်သည်။ သူမသည် အလင်းသုံးပြီး သွားရာ အကျဉ်းထောင်နှစ်ခုသို့ရောက်လေသည်။

ရင်လန်နှင့် ဘေဂုံဟောင်တို့သည် လှုပ်ရှားမှုအသံကို ကြားသောအခါ မတ်တတ်ရပ် လိုက်ချိန်တွင် ရှီမာယူယူသည် မီးအလင်းရောင်နှင့်အတူဝင်လာသည်ကို တွေ့လိုက်ရသည်။

“အဒေါ် ကျွန်တော် နှစ်ယောက်လုံးကို ကယ်ပေးပါမယ် ဒီသံကြိုးတွေကို ဖြတ်ပေးမယ် နောက်ဆုတ်  နေ” ရှီမာယူယူသည် ဝိညာဉ်စွမ်းအင်ဖြင့် လက်ထိပ်များအား ပစ်လွှတ်လိုက်လေ သည်။ သို့သော် ပွန်းပဲ့ရာမှ လွဲပြီး သံကြိုးများသည် ဘာမှမဖြစ်ပေ။

“ဒီထောင်က ထူးဆန်းတဲ့ နှစ်တစ်ထောင်သံမဏိရေခဲကို သုံးပြီးလုပ်ထားတာ၊ သာမန်လူက မဖျက်နိုင် ဘူး အဒေါ်တောင်မှမရဘူး” ရင်လန် ပြောလေသည် “ဘယ်လိုလုပ် မေ့နိုင်မလဲ ဒီသံကြိုးတွေကို မဖျက်နိုင်ဘူး ဆိုရင် ငါတို့ထွက်လို့မရဘူး”

“ကိစ္စမရှိပါဘူး” ရှီမာယူယူသည် ပြောပြီးသည်နှင့် ကြက်သွေးရောင်မီးတောက်ထုတ်ကာ သံကြိုးများကို  တိုက်ခိုက်လေသည်။ တစ်ခဏအတွင်းတွင် သံကြိုးသည် အရည်ပျော်သွား လေသည်။

“ချွင် ချွင်”

သူမသည် သံကြိုးများကို ဖြတ်ပြီးနောက်တံခါးကို ဖွင့်ကာ ပြောလိုက်သည် “အဒေါ်အရင် ထွက်လိုက်ပါ”  ပြောပြီးနောက်တွင် သူမသည် ဘေဂုံဟောင်၏ သံကြိုးကို ဖျက်လေသည်။

ရှီမာယူယူ မည်သည့်မီးတောက် အမျိုးအစားသုံးလိုက်သည်ကို ရင်လန်မသိပေ။ သူမ သတိပြန်ဝင်လာ ချိန်တွင် အပြင်သို့ရောက်နေပြီဖြစ်သည်။

သူတို့နှစ်ယောက်လွတ်သွားပြီးချိန်တွင် သူမသည် သူတို့အား အရှေ့တံခါးသို့ ခေါ်သွားလေသည်။

All Chapters