သွေးဘုရင်။
Vol. 170 Ch. 2369
“ ဘာဖြစ်လို့လဲ။ ”
လင်းကျန်းရှန့်က မေးသည်။
“ တစ်ယောက်ယောက်က ငါတို့ကို ကြည့်နေတယ် ... ဒါပေမယ့် မကောင်းတဲ့ ရည်ရွယ်ချက်တော့ မပါပါဘူး ... ဟိုးအဝေးကြီး ကနေ ကြည့်နေတာ။ ”
ဓားရည်ရွယ်ချက်သည် အရိယာဓား အဆင့်သို့ ရောက်ရှိပြီးနောက် အန္တရာယ်များ အပေါ် ခံစားသိရှိနိုင်သည်။
ထိုကြောင့် တောက်ပသော ရောင်ခြည်တော်ဓားသည် အကွာအဝေးနှင့် ရည်ရွယ်ချက်ကိုပင် ဆုံးဖြတ်နိုင်စွမ်း ရှိလာ ချေ၏။
“ ဒါဟာ ... ကောင်းကင် တော်ဝင် သူတော်စင် သခင် ဖြစ်ရမယ်။ ”
လင်းကျန်းရှန့်မှ ပြောသည်။ လင်းယွန်က ခေါင်းညိတ်ပြီး၊
“ သွားရအောင် ... ။ ”
-ဟု ပြောကြားလိုက်သည်။
ဝိညာဉ် အမြုတေများ စုဆောင်းလိုပါက တောအုပ်အတွင်းသို့ ပိုမို နက်ရှိုင်းစွာ ဝင်ရောက် ရပေမည်။
သုံးရက်ကြာပြီးနောက် တောင်ကုန်း တစ်ခုသို့ သုံးယောက်သား ရောက်ရှိလာကြ၏။ တောင်ကုန်းအောက်တွင် မရေမတွက်နိုင်သော အလောင်း ပင်လယ်ကြီးကို မြင်လိုက်ရသည်။
ရှေးဟောင်း စစ်မြေပြင် တစ်ခု ဖြစ်ပုံရ၏။ စစ်မြေပြင် အလယ်တွင် တောင်ကုန်း အရွယ်ရှိ သင်္ချိုင်းဂူတစ်လုံး ရှိသည်။
ထိုအုတ်ဂူကြီးသည် တောက်ပသော ရွှေရောင် အဆင်း သဏ္ဍာန်များ ဖြာထွက်လျက် တတိယ မျက်လုံး တစ်လုံးဖြစ်သော ရွှေဝိညာဉ် အမြုတေကို လေထဲ မှုန်ဝါးဝါး မြင်ရသည်။
“ ဝှစ် ... ။ ”
လေတိုးသံများနှင့်အတူ လူအများအပြား အပြေးအလွှားရောက်ရှိလာ၏။ ဤနေရာတွင် လူတိုင်းသည် ပါရမီရှင်များ ဖြစ်ကြသည်။
ထို့ကြောင့် လွန်ခဲ့သော သုံးရက်အတွင်း ဝိညာဉ်အမြုတေ တစ်ရာကို စုဆောင်းထားပြီး ဖြစ်ကြ၏။ ၎င်းတို့က ရွှေဝိညာဉ် အမြုတေကို စိတ်လှုပ်ရှားစွာဖြင့် ကြည့်လိုက်ကြသည်။
လင်းယွန် သည်ပင် နတ်ဆိုး အမြုတေ (၂၇၀)နှင့် ငွေဝိညာဉ် အမြုတေ များစွာ ရရှိထား လေသည်။
“ ရွှေဝိညာဉ် အမြုတေ ... ။ ”
သင်္ချိုင်းဂူ အတွင်းမှ ရောင်ဝါသည် ရွှေဝိညာဉ်အမြုတေ ရှိကြောင်း ငြင်းမရချေ။
“ ရွှေဝိညာဉ် အမြုတေထဲမှာ ... သူတော်စင် ဝိညာဉ် ရှိနိုင်တယ် ပြီးတော့ ငွေမျက်လုံး ဝိညာဉ် နတ်မိစ္ဆာတွေကို ... သူပဲ စေလွှတ်တာ နေမယ်။”
အဖြစ်အပျက်များသည် တိုက်ဆိုင်မှု မဟုတ်မှန်း သိလိုက်သည်နှင့် အရာအားလုံးကို လူတိုင်း ချိတ်ဆက် မိသွားသည်။
အုတ်ဂူကို ကြည့်လျက် ကျိကျစ်ရှီ မျက်ဝန်းများ တောက်ပလာ၏။
“ တော်ဝင် ကောင်းကင် သခင် စကားအရဆိုရင် ... ဒီရွှေဝိညာဉ် အမြုတေကို ရတာနဲ့ ဧည့်ခံပွဲတက်ခွင့် တိုက်ရိုက်ရမယ် မဟုတ်လား။ ”
ဝိညာဉ် အမြုတေတစ်ရာ ရရှိ သူတိုင်းသည် ခွဲတမ်း(၁၀)နေရာအတွက် တိုက်ပွဲဝင်ရပေမည်။ ရွှေဝိညာဉ် အမြုတေသည် ထိုတိုက်ပွဲကို ကျော်လွှားနိုင်၏။ ယင်းကြောင့် လူတိုင်း စိတ်လှုပ်ရှားနေခြင်း ဖြစ်သည်။
လင်းယွန်က စိတ်လှုပ်ရှားခြင်း မရှိချေ။ အတိတ်က ယင်းမြစ်ဘုရင်နှင့် တိုက်ပွဲအပေါ် အခြေခံပြီး ရွှေမျက်လုံး ဝိညာဉ် နတ်မိစ္ဆာများ မည်မျှ ကြောက်စရာ ကောင်းသည်ကို သိ၏။
ဤအဆင့် ဝိညာဉ် နတ်မိစ္ဆာများသည် တော်ဝင်သွေးများ ပိုင်ဆိုင်ထားပြီး သူတော်စင် ခန္ဓာသို့မဟုတ် နတ်ခန္ဓာမျိုး ပိုင်ဆိုင်ချေပြီ။
ရွှေမျက်လုံး ဝိညာဉ် နတ်မိစ္ဆာ အဆင့်သည် ခွန်လွန်တွင် အလွန် ကြောက်စရာ ကောင်းနေပြီ ဖြစ်၏။
အလောင်းများထံမှ သတ်ဖြတ်ခြင်း ရည်ရွယ်ချက်များက ရစ်သိုင်းနေဆဲဖြစ်ရာ ဤနေရာတွင် အစီရင်ဖြင့် ချုပ်နှောင်ထား ပုံရကြောင်း သတိထားမိသည်။
“ စလိုက်ရအောင်။ ”
လင်းယွန်က ကောင်းကင်ပေါ် ခုန်တက်လိုက်ကာ ရှေးဟောင်း စစ်မြေပြင်သို့ ဦးတည်တော့သည်။
သူတော်စင်များအတွက် မိုင်တစ်ထောင် ခရီးအကွာအဝေးသည် မဝေးလှ သော်လည်း လူတိုင်းက အစီရင်ကို သတိထားမိပြီး ကြောက်ရွံ့ကာ မဝင်ရဲကြချေ။
“ လင်းယွန် ... ။ ”
ရှန့်ကွမ်ကြွယ်က အံ့သြသွားသည်။ အထူးသဖြင့် ကောင်းကင်စာအုပ် ဖြစ်၏။
“ ဒီအလောင်းကောင်တွေ အပေါ် ဓားရည်ရွယ်ချက်က ... ထိရောက်မှု မရှိပါဘူး၊ သူ ဘယ်လိုလုပ် ရောက်လာတာလဲ။ ”
အခြားလူများကလည်း လင်းယွန်နှင့်အဖွဲ့ကို သတိထားမိလာ၏။
“ ခေါင်းဆောင် လင်းကျန်းရှန့်က လင်းယွန်နဲ့ အတူ ရှိနေတယ် ... ။ ”
အမျိုးသမီး နှစ်ယောက်နှင့်အတူ ပျံသန်းလာသော လင်းယွန်ကို တွေ့လိုက်ရ သဖြင့် ကောင်းကင်ဓား ခန်းမ တစ်ခုလုံး အံ့အားသင့်သွားသည်။
“ တကယ် ရဲရင့်တယ်။ ”
ထိုအချိန်တွင် လင်းယွန်က သစ်ပင်တစ်ပင်ပေါ် ဆင်းသက်လျက်၊
“ အခင်းအကျင်းက တဖြည်းဖြည်း အားနည်းလာပြီး ... ဒါက အဲဒီ အုတ်ဂူနဲ့ ဆက်နွယ်နေပုံရတယ်။ ”
-ဟု သုံးသပ် ပြောကြား လိုက်သည်။
ရွှေဝိညာဉ် အမြုတေသည် အစီရင် တစ်ခုလုံးကို စွမ်းအင်ပေးနေသည်။ သို့သော် ငွေမျက်လုံး ဝိညာဉ် နတ်မိစ္ဆာ များကို ဆင့်ခေါ် လိုက်ရသဖြင့် ပင်ပန်းနေခဲ့၏။
“ အုတ်ဂူ ပေါက်ကွဲတော့မယ် … ။ ”
လင်းကျန်းရှန့်က စိတ်လှုပ်ရှားစွာ ပြောကြားလိုက်သည်။ တစ်ဖက်တွင် ရွှေဝိညာဉ် အမြုတေကို ရယူရန် လင်းယွန်က စိတ်ပိုင်းဖြတ် ထားသဖြင့် သတိအနေအထား ဖြစ်လာ၏။
ကြည့်နေဆဲမှာပင် ရွှေရောင် အဆင်းသဏ္ဍာန်များ ပိုမို စိမ့်ထွက်လာပြီး သင်္ချိုင်းဂူ တစ်ခုလုံး တုန်ခါလာသည်။
မျက်နှာပြင်၌ အက်ကြောင်းများ များပြားလာပြီး ရွှေရောင် ဝိညာဉ် အမြုတေထဲ ဝိညာဉ်စွမ်းအင်များ ပို၍ တိုးဝင်သွား၏။
၎င်းနှင့်အတူ သတ်ဖြတ်လိုသော ရောင်ဝါများလည်း စီးဝင်ကုန်သည်။ ယင်းသည် ရှေးဦး အငွေ့အသက်နှင့် ယှဉ်နိုင်သော အမှောင်စွမ်းအင် ဖြစ်၏။
ပတ်ဝန်းကျင်ရှိ ပါရမီရှင်များ၏ အာရုံစူးစိုက်မှုသည် ရွှေဝိညာဉ် အမြုတေရှိရာ အုတ်ဂူပေါ်တွင် ရှိနေခဲ့သည်။
“ ဝှစ် ... ။ ”
များမကြာခင် အက်ကြောင်းများ ပို၌ များလာပြီး အဆုံးတွင် တစ်စုံတစ်ယောက်က သည်းမခံနိုင်တော့ဘဲ အုတ်ဂူထံ ပျံသန်း သွားတော့သည်။
“ မြန်မြန် ... ။ ”
“ သူ့နောက်ကို လိုက် ... ။ ”
တစ်ယောက် တစ်ပေါက် အော်ဟစ်လျက် ထိုလူငယ်နောက်သို့ အများအပြား လိုက်ပါသွား တော့သည်။
“ မင်းတို့က ငါ အိပ်နေတာကို နှောင့်ယှက်ရဲလား ... ။ ”
ပတ်ဝန်းကျင် တစ်ခုလုံး ဝရုန်းသုံးကား ဖြစ်လာစဉ် မြေပြင်မှ ဧရာမ အလောင်းကောင် တစ်ကောင် တိုးထွက်လာ၏။
၎င်းသည် ခန္ဓာကိုယ် အပေါ်ပိုင်းသာ ထွက်ပေါ်လာသေးသော်လည်း အမြင့်ပေ (၃၀၀)ခန့် ရှိလေသည်။
ကြက်သွေးရောင် မျက်လုံးနှင့် သရဖူကို ဆောင်းထားပြီး လက်နှစ်ဖက်၌ သံကြိုးများ ကိုင်ဆွဲထား၏။
“ ချွင် ... ချွင် ... ။ ”
သံကြိုးများကို ဝှေ့ယမ်းလိုက်ရာ လေဟာနယ် ကမောက်ကမ ဖြစ်လာပြီး ပျံသန်း နေသော လူအချို့ကို လွင့်စဉ်သွားစေသည်။
သွေးနှင့် လူသေ အလောင်းများ ပလူပျံကုန်၏။ သံကြိုးသွားရာ လမ်းကြောင်း တစ်လျှောက် သွေးမိုးရွာလာသည်။
ဧရာမ အလောင်းကောင်က ထိုသွေးနှင့် အလောင်းများကို ဝါးမျိုလျက် သူ့ခန္ဓာကိုယ်ကို တဖြည်းဖြည်း တည်ဆောက်ယူတော့၏။
အဆုံးတွင် ရွှေချပ်ဝတ်နှင့် ရွှေသရဖူ ဆောင်းထားသော စစ်ဘုရင်တစ်ပါး အဖြစ် ထွက်ပေါ်လာသည်။
ထိုမြင်ကွင်းကြောင့် ကျန်းဇီဟွာနှင့် ကောင်းကင် စာအုပ်က မျက်မှောင်ကြုတ်ကာ တွေးတော နေ၏။ ချင်းယွင်နှင့် ထုံပါ့ဟုန် ကဲ့သို့သော လူရမ်းကားများ သည်ပင် မလှုပ်ရှားဝံ့ချေ။
“ ငါက သွေးဘုရင်ပဲ ... မင်းတို့ အားလုံး အခုဒီကနေ ထွက်သွားကြစမ်း ... မဟုတ်လို့ မင်းတို့ကို ငါသတ်မိရင် အပြစ်မတင်နဲ့။ ”
ရွှေရောင် စစ်ဘုရင်က အေးစက်စွာဖြင့် သူတော်စင်ဘုရင် ရောင်ဝါများ ထုတ်လွှတ်ကာ ခြိမ်းခြောက် စကားပြောကြားလာ၏။
“ ဒီမိစ္ဆာကောင်က သူတော်စင်ဝိညာဉ်၊ သူတော်စင်သွေးနဲ့ သူတော်စင် မူလကို စားပြီး သူ့ကိုယ်သူ ပြန်လည် တည်ဆောက်ထားတာပဲ၊ သူ့ရဲ့ ကျင့်ကြံမှုအဆင့် အမှန်က သူတော်စင် ဘုရင် အဆင့်ထက် ပိုနိုင်တယ်။ ”
ကောင်းကင်စာအုပ်က မှတ်ချက်ပေး လိုက်၏။ ဤသွေးဘုရင် ပေးနိုင်သည့် အန္တရာယ် အပေါ် လူတိုင်း သတိထားမိသည်။
၎င်းရုပ်ခန္ဓာကို ပြန်၍ တည်ဆောက်ထား သော်မှ ထုတ်လွှတ်လိုက်သော ရောင်ဝါသည် ကြောက်စရာ ကောင်းလှ၏။
“ ရွှေဝိဉာဉ် အမြုတေက ငါ့ပစ္စည်းပဲ မင်းတို့ မစဉ်းစားနဲ့။ ”
သွေးဘုရင်၏ မျက်လုံးများအတွင်း ကြက်သွေးရောင် မီးလျှံများ တောက်လောင် လာ၏။ သူ့အကြည့် တစ်ချက်တည်းကပင် လူတိုင်းကို ငရဲသို့ ကျရောက်စေသည်။
“ ဒါက ဒုက္ခပဲ … ။ ”
အုတ်ဂူကို လက်ဖြင့်နှိုက်ကာ ရွှေဝိညာဉ် အမြုတေယူနေသော သွေးဘုရင်ထံ ကြည့်ပြီး လင်းယွန်က သက်ပြင်းချ လိုက်၏။
“ ဘာဖြစ်လို့လဲ။ ”
ကျိကျစ်ရှီနှင့် လင်းကျန်းရှန်ကမေးသည်။
“ ရွှေဝိညာဉ် အမြုတေ ဖြစ်လာဖို့ နှစ်ပေါင်းတစ်ထောင်လောက် စုစည်းရတယ် သွေးဘုရင်သာ အဲဒါကို သန့်စင်နိုင်ရင် သူ ပြန်ရှင်လာလိမ့်မယ် ...
... ကောင်းကင် တံခါးက ဒီသွေးဘုရင်ကို ဖယ်ရှားဖို့ ငါတို့လက်တွေကို အသုံးပြုချင်နေပုံ ရတယ်။ ”
ကောင်းကင်တံခါး ကဲ့သို့ပင် ဝိညာဉ် နတ်မိစ္ဆာ မိသားစု သည်လည်း ဤစမ်းသပ်မှု အပေါ် စောင့်ကြည့်ရပေမည်။
နှစ်ဦးနှစ်ဖက် ဂျူနီယာများကို အလောင်းအစား အဖြစ် အသုံးပြုထားခြင်း ဖြစ်ချေ၏။ သူတို့ မတားနိုင်သော် သွေးဘုရင် အသက် ပြန်ရှင်မည်။
၎င်းသည် သူတော်စင် ဘုရင်မျှသာ မဟုတ်နိုင်ချေ။ ထို့ကြောင့် ရွှေဝိညာဉ်အမြုတေ သန့်စင်ခွင့် ရသွားပါက အကျိုးဆက်များ ခံစားရပေမည်။
“ ဘာလို့ ... ငါတို့ မပူးပေါင်းရတာလဲ။ ”
ရုတ်တရက် ချင်းယွင်က လင်းယွန်ကဲ့သို့ တွေးမိလာပြီး အချင်းချင်း ပူးပေါင်းဖြေရှင်းရန် အကြံပြုလိုက်တော့သည်။
***