ထွက်သွားပါ။
Vol. 170 Ch. 2371
“ မင်းတို့ လူတွေ ငါ့ရတနာကို လုယက်ရဲတယ်လား။ ”
လင်းယွန်ကို မျက်နှာချင်းဆိုင်လျက် သွေးဘုရင်က ဒေါသတကြီး တိုက်ခိုက်တော့၏။ သူ့လက်ထဲမှ သံကြိုးများ မီးတောက်လောင် လာလေသည်။
“ ချွင် ... ချွင် ... ။ ”
သံကြိုး နှစ်ချောင်း လွင့်ထွက် လာချိန်၌ ပတ်ဝန်းကျင် တစ်ခုလုံး ကြီးမားသော ဖိအားကို ခံစားလာရသည်။
လင်းယွန်က ဒေါသကို ထိန်းလျက် ဝင်လာသော သံကြိုးများကို ဦးစွာ ရှောင်ရှား နေရ၏။
ရွေ့လျားမှု အဟုန်ကို ကန့်သတ်ချက်အထိ တွန်းပို့ထားရာ ရွှေကျီးကန်း တစ်ကောင်အလား ထင်မှားစေသည်။
သွားရာ လမ်းတစ်လျှောက် အလင်းနှင့် အမှောင်ကြား တစ်လှည့်စီ ပြောင်းလဲလာပြီး မြင်ရသူများကို စိတ်မသက်မသာ ဖြစ်စေ၏။
ယင်းကြောင့် သွေးဘုရင်မှာ ရူးသွပ် သွားလေသည်။ သူ့ခန္ဓာကိုယ် အပေါ်ရှိ ရွှေရောင် နတ်ဆိုးရူရ်များ တဖြည်းဖြည်း ပြန်လည် ကောင်းမွန်လာ၏။
တစ်ချိန်တည်းမှာပင် သူတော်စင် ဘုရင် ရောင်ဝါများ ထုတ်လွှတ်ကာ ဓားရည်ရွယ်ချက် အပေါ် ချိုးနှိမ်လိုက်လေသည်။ ။
“ မဆိုးပါဘူး … ဒီကောင်က မျောက်တစ်ကောင်လို ခုန်နေတယ်၊ ဒါပေမယ့် တကယ်မြန်တယ်။ ”
ကောင်းကင် စာအုပ်က ပြုံးကာ မှတ်ချက်ပေး၏။
“ ဒီလိုမျိုးသာ ဆက်လုပ်နေရင် ... သွေးဘုရင်က သူ့ကို ဘာမှ လုပ်မရတော့မှာ ကြောက်မိတယ်။ ”
ကျန်းဇီဟွာက အားမလို အားမရ ဖြစ်လာသည်။ လင်းယွင်နှင့် သွေးဘုရင်ကို အတူတကွ သေစေလိုသည်။
သွေးဘုရင်သည် ကြာရှည်ခံနိုင်မည် မဟုတ်ကြောင်း သိရှိထားပြီး တတ်နိုင်သမျှ မြန်မြန် လင်းယွန်ကို သတ်စေလို၏။
“ မင်းရဲ့ အစီအစဉ်က ညံ့ဖျင်းလိုက်တာ။ ”
ချင်းယွင်က ဝေဖန်၏။
“ ဒီနည်းလမ်းက မကောင်းဘူးလား ... ဒါဆို မင်းဘာလို့ ကိုယ်တိုင်သွားပြီး သွေးဘုရင်ကို မကူညီ ရတာလဲ။ ”
ကျန်းဇီဟွာ စကားကြောင့် ချင်းယွင် တစ်ယောက် ပါးစပ်ပိတ်သွား၏။ သွေးဘုရင် မျက်လုံးတွင် လူသတ်ရန် ရည်ရွယ်ချက်များ တောက်ပနေသည်။
ဤအစီစဉ်ကို ချမှတ်ပြီးသည်နှင့် လင်းယွန်အပေါ် သူတို့ စော်ကားမှန်း သိထားရာ ၎င်းကို သေစေလို၏။
နောက်ဆုံးတွင် ခွန်လွန် နယ်မြေမှ တစ်စုံတစ်ယောက်သည် ၎င်းတို့နှင့် တူညီသော လမ်းကြောင်းပေါ် ရှိနေရန် အရည်အချင်း မပြည့်မီချေ။
“ ငါတို့ ဘာလုပ်သင့်လဲ ... ။ ”
တစ်ဖက်တွင် ကျိကျစ်ရှီက စိတ်ပူသွား၏။ သူမသည် ငယ်ရွယ်လွန်းသောကြောင့် ဒေါသ ထွက်လာမိသည်။
“ စိတ်မပူနဲ့ ... လင်းယွန်က ဒါကို ကိုင်တွယ်နိုင်လိမ့်မယ် ... ငါတို့ လွတ်ရာကို နည်းနည်း ဆုတ်ခွာရအောင်။ ”
လင်းကျန့်ရှန့် စကားကို ကျိကျစ်ရှီက ခေါင်းညိတ်ပြလိုက်သည်။
“ ဟမ့် ... ။ ”
လင်းယွန်က သွေးဘုရင်၏ ရောင်ဝါ ကျဆင်းလာသည်ကို သတိပြုမိသောကြောင့် မျက်မှောင်ကြုတ် လိုက်၏။
“ ဒါဆို ပြီးပြီ။ ”
ထို့နောက် ရုတ်တရက် ရပ်တန့်ကာ အမည်ခံတောက်ပသော ရောင်ခြည်တော် ဓားကို ထုတ်လိုက်သည်။
မိုးပြာနဂါး ဓားဒိုမိန်း အသက်ဝင်လာပြီး ရွှေရောင်လှိုင်းကြီးတစ်လုံး ပျံ့ကားလာတော့၏။ ဓားဒိုမိန်းအတွင်း ရွှေလူသား အဖြစ် ပြောင်းလဲ သွားကာ သွေးဘုရင်ကို ရင်ဆိုင်လေသည်။
“ ဘာတွေ ဖြစ်နေတာလဲ ... ။ ”
လင်းယွန်က ထွက်ပြေးမည့် အစား သွေးဘုရင်ကို ပြန်လည် ရင်ဆိုင်နေခဲ့ သဖြင့် လူတိုင်း အံ့သြကုန်၏။
ငရဲတောအုပ်ကို စောင့်ကြည့်နေသော ကောင်းကင် လွင်ပြင်မှ လူများသည်လည်း စိတ်လှုပ်ရှား လာသည်။
“ ဟိတ် ... ။ ”
“ ချွင် ... ။ ”
ဓားရောင်ဝါအားလုံး ပန်းသင်္ချိုင်း အတွင်း လောင်းထည့်ကာ သံကြိုးများကို ခုတ်ချပစ် လိုက်၏။
အာကာပြင်တွင် အက်ကြောင်းများ ပေါ်လာပြီး ဓားက သံကြိုးများကို ဖြတ်လျက် သွေးဘုရင်ပေါ်သို့ ကျရောက်သွားသည်။ မယုံနိုင်စရာ မြင်ကွင်း ဖြစ်၏။
တစ်ဖက်တွင် လင်းယွန် သည်လည်း မသက်သာလှချေ။ နတ်ဆိုး ရူရ်များ၏ တုံ့ပြန်မှု ဒဏ်ကြောင့် ခရမ်းရောင် နန်းတော် တစ်ခုလုံး တုန်ဟည်းသွားကာ သူတော်စင် စွမ်းအင် ပင်လယ်၌ လှိုင်းထန်သွားခဲ့သည်။
“ မင်း ... သေပြီ။ ”
သွေးဘုရင်က နတ်ဆိုး ရူရ်များပေါ် ကျရောက်နေသည့် ပန်းသင်္ချိုင်းကို လျစ်လျူရှု ထားပြီး လက်သည်းဖြင့် ပြန်ကုပ်၏။
“ ဝှစ် ... ။ ”
လင်းယွန်ခမျာ ချက်ချင်း ရှောင်ထွက် လိုက်ရသည်။ ထိုအချိန်တွင် သံကြိုးများကို ညာလက်ဖြင့် စုကိုင်ပြီး ပိုက်ကွန် သဖွယ် ဝှေ့ယမ်းကာ သူ့ထံ ပစ်ချလာ၏။
“ ကောင်းလိုက်တာ ... ။ ”
ကျန်းဇီဟွာနှင့် ကောင်းကင်စာအုပ်က ဝမ်းသာသွားသည်။
“ သေချာပေါက် သေပြီ။ ”
ကျန်လူများကလည်း ပြုံးရယ်လာ၏။ ပန်းသင်္ချိုင်းက အန္တရာယ်ကို သတိပြုမိသော အခါ တုန်ခါလျက် သတိပေးသည်။
“ စိတ်အေးအေးထား ... ။ ”
လင်းယွန်က ပြန်လည် နှစ်သိမ့် ပေးလိုက်သည်။ သူတို့ နှစ်ဦးသည် အသက်နှင့် သေခြင်းကို များစွာ တွေ့ကြုံခဲ့ရဖူး၏။
“ ဒါက ဘာမှ မဟုတ်သေးပါဘူး … ။ ”
ထို့ကြောင့် ပြုံးလျက် ဆိုလိုက်ရာ ပန်းသင်္ချိုင်းက ငြိမ်သက်သွားပြီး တိုက်ပွဲဝင် ဆန္ဒများ ပြန်၍ ပြသလာသည်။ လင်းယွန်က ဓားကို လွှဲချလိုက်၏။
“ ကြယ်တွေ ပွင့်နေပြီ။ ”
“ ပန်းကောက်တဲ့ လမင်း ... ။ ”
“ သွေးဓား ... ။ ”
“ ကောင်းကင် မြစ်ကြီး လှိုင်းထန်နေပြီ။ ”
“ ပိုးစုန်းကြူး ရောင်ခြည်တော်။ ”
အမျိုးမျိုးသော ဖြစ်စဉ်များ ထွက်ပေါ်လာသည်။ ဓားရေး ကျွမ်းကျင်မှုသည် ကန့်သတ်ချက် ရောက်ရှိသွားသဖြင့် လူတိုင်း မျက်လုံးပြူး မှင်တတ်သွားခဲ့သည်။
“ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ”
ဤမျှ ထူးချွန်သော ဓားသမားကို သူတို့ တစ်ကြိမ်မျှ မမြင်ဖူးချေ။
“ ဒါ ... ပိုးစုန်းကြူး နတ်ဓားပဲ ... ဒီဓားက နာမည်ကြီးပေမယ့် ပျောက်နေတာ ကြာပြီ ... မဟုတ်လား။ ”
“ မှတ်တမ်းတွေမှာ ... ပိုးစုန်းကြူး နတ်ဓားက ဒီလောက်လည်း အစွမ်းမထက် ပါဘူး၊ သူဘယ်လို လုပ်လိုက်တာလဲ။ ”
ကောင်းကင် သူတော်စင် တောင်ပေါ်မှ ကျင့်ကြံသူ အများအပြားက သို့သော်-သို့လော ဖြစ်လာကုန်၏။
“ ဘာလဲ ... ။ ”
ကျန်းဇီဟွာနှင့် အဖွဲ့မှာ လင်းယွန်၏ စွမ်းဆောင်ရည်ကို မြင်သောအခါ မျက်လုံးပြူး သွားကြသည်။
တစ်ဖက်လူ၏ ဓားသည် သွေးဘုရင် ခန္ဓာကိုယ်ရှိ ရွှေရောင် နတ်ဆိုးရူရ်များ အားလုံး အပေါ် ဖြတ်တောက်သွား၏။
“ အား ... ။ ”
သွေးဘုရင် ခန္ဓာကိုယ်မှ နတ်ဆိုး ရောင်ခြည်များ ထွက်လာကာ နာကျင်ဖွယ် အော်ဟစ်တော့သည်။
များမကြာခင် လင်းယွန်ကို ကြည့်သော သွေးဘုရင်၏ မျက်ဝန်းများ၌ ထိတ်လန့်မှုများ ပါဝင်လာ၏။
“ ဒီဓားရေးရဲ့ နာမည်ကို ဘယ်လိုခေါ်လဲ။ ”
ဤဒဏ်ရာများအရ မကြာခင် သူ့ဘဝ ပြီးဆုံးတော့မည်ကို သိလိုက်ရာ ရူးသွပ်မှုများ ပျောက်ကွယ်သွားသည်။
“ ပိုးစုန်းကြူး နတ်ဓား ... ။ ”
“ ဟမ့် ... ငါသိပြီ ကောင်းကင်လမ်းကို မဖြတ်မီက စကြာဝဠာတစ်ခွင် ကျော်ကြားခဲ့တဲ့ ဓားရေးတစ်ရပ်ပဲ၊ ဒီလောက် အစွမ်းထက် လိမ့်မယ်လို့ မထင်ထားဘူး၊ အခုတော့ ...
... အချိန် အတော်ကြာအောင် ပြင်ဆင်ထားပေမယ့် ငါ သေရတော့မယ် ... ဒီဓားနဲ့ သေရတာ ထိုက်တန်ပါတယ်။ ”
လင်းယွန်က တိတ်ဆိတ်နေ၏။
“ မင်းက ခွန်လွန်ကလား ... ငါ့ရဲ့ မြင့်မြတ်သော ဝိညာဉ် မျိုးနွယ်စုဟာ ခွန်လွန်မှာ ပြိုင်ဘက်ကင်းပဲ ... မင်းဘယ်လိုများ လွတ်လာ တာလဲ၊ အဲဒီမှာ ရှိတဲ့ လူတိုင်းကို တိရစ္ဆာန် တွေလို ကျွန်ပြုနေပြီ မဟုတ်လား။ ”
သွေးဘုရင်၏ မေးခွန်းကြောင့် လင်းယွန်က မျက်ခုံးပင့်ကာ၊
“ မင်းကို စိတ်ပျက်စေမိလို့ ... တောင်းပန်ပါတယ် ... မင်းရဲ့ မျိုးနွယ်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးထောင်တည်းက အသတ်ခံခဲ့ရတယ် ...
... အသက် ရှင်နေတဲ့ ... လူအချို့ ကျန်ရှိခဲ့ပေမယ့် တောင်တန်း တစ်ခုအတွင်းမှာ ကြွက်တေွလို ပိတ်လှောင်ခံထားရတယ် ...
... အသက်ရှင်သန်ဖို့ အတွက် ရုန်းကန်နေတယ် ဒါက မြောင်းထဲက ကြွက်တွေ ထက်တောင် သနားစရာ ပိုကောင်းပါတယ်။ ”
-ဟု ရှင်းပြ လိုက်သည်။
“ မဖြစ်နိုင်ဘူး … ။ ”
သွေးဘုရင်က ဒေါသတကြီးနှင့်၊
“ ငါ့ကို အထင်သေး လှောင်ပြောင်နေစရာ မလိုပါဘူး ... မင်းလည်း အကြာကြီး အသက်ရှင် နိုင်မှာ မဟုတ်လို့ ... မကြာခင် ငါ့နောက် လိုက်လာရလိမ့်မယ်... ဟား ဟား ဟား။ ”
-ဟု အော်ဟစ် ကျိန်ဆဲ တော့သည်။
ရယ်မောနေစဉ် ခန္ဓာကိုယ် ပေါက်ကွဲကာ ရွှေဝိညာဉ်အမြုတေ ပြန်လည် ထွက်ပေါ်လာ၏။ ၎င်းကို သန့်စင်ရန် အချိန် မလုံလောက်ခဲ့ချေ။
“ ဝှစ် ... ။ ”
ကျန်းဇီဟွာနှင့် အဖွဲ့က ချက်ချင်း ပျံတက်လာပြီး လင်းယွန်ရှေ့ ရောက်ရှိလာ၏။ ခြောက်ယောက်သား ကြယ်ပွင့်များ ကဲ့သို့ တဖျပ်ဖျပ် ရွေ့လျားလျက်၊
“ အထင်ကြီးစရာပဲ ဒါပေမယ့် ... မင်း အခုတော့ ထွက်သွားနိုင်ပြီ ရွှေဝိညာဉ် အမြုတေ ထားခဲ့ပါ။ ”
-ဟု ကြီးစိုးစွာ ခြိမ်းခြောက် လာတော့သည်။
***