ရွှေဝိညာဉ် အမြုတေ။
Vol. 170 Ch. 2372
“ ပန်းသင်္ချိုင်း ... မင်း ပင်ပန်းနေပြီ ငါတို့ဆီထားခဲ့ပါ။ ”
ကောင်းကင် စာအုပ်က ထပ်လောင်း ပြောကြားခဲ့သည်။ အခြားသော ပါရမီရှင်များ ကလည်း လင်းယွန်ကို စောင့်ကြည့်နေ၏။
ဤမြင်ကွင်းက ကောင်းကင် သူတော်စင်တောင်ပေါ်ရှိ လူအုပ်ကို ရုတ်ရုတ်သဲသဲ ဖြစ်စေခဲ့သည်။
“ လင်းယွန်ကို ဖယ်ထုတ်နေပြီ ဒီလူတွေ အရှက်ကင်းမဲ့ လွန်းတယ် ... သူတို့ ကြည့်ရတာ ကြိုပြီး တိုင်ပင်ထားပုံပဲ။ ”
လင်းယွန်၏ စွမ်းဆောင်ရည်သည် လူအများ၏ အသိအမှတ်ပြုမှုကို ရရှိထားသည်။ ထို့ကြောင့် သဘာဝ အတိုင်း စာနာမိ ကြ၏။
“ ဒီလူတွေ အရမ်းလွန်တယ် ... တစ်ချိန်က ခွန်လွန်ဟာ စကြဝဠာတစ်ခွင်မှာ နာမည်ကြီးပဲ။ ”
ထိုအချိန်တွင် လင်းယွန်က လူ(၆)ယောက်ကို ပြန်ကြည့်ကာ၊
“ မင်းတို့ ဘာတွေ ပြောနေတာလဲ ငါ နားမလည်ဘူး။ ”
-ဟု တုန့်ပြန်လိုက်သည်။
ဤလူများတွင် အစီစဉ်ရှိသည်ကို သူ သိထားသည်။ ထို့ကြောင့်တည်ငြိမ်စွာ မေးခွန်း ထုတ်နိုင်ခြင်း ဖြစ်၏။
“ မင်း နားမလည်ဘူးလား ... ကောင်းပြီ အခုချက်ချင်း ထွက်သွားပါ ... ငါတို့အားလုံးက နဂါးသတ်အဆင့် ထူးချွန်သူတွေပဲ ... မင်းလို အရည်အချင်းနဲ့ တန်းတူ ရပ်လို့ရမယ် ထင်နေလား။ ”
“ ဟုတ်တယ် ... ထွက်သွားပြီး မင်းရဲ့ ခွန်လွန်ကို ပြန်ပါ စကြဝဠာကြီးက မင်းကို ကြိုဆိုမှာ မဟုတ်ဘူး။ ”
ထုံပါ့ဟုန်က ဆံပင်ဖြူများ တဖျပ်ဖျပ် လွင့်နေလျက်မှ ရင့်သီးစွာ ပြောကြားလာ၏။ သူ့နဖူးရှိ ကောင်းကင် လမင်း ဝံပုလွေ သင်္ကေတက လင်းလက် လာသည်။
ကျန်(၅)ယောက်မှလည်း ၎င်းတို့၏ သဘောထားကို ထုတ်ဖော် ပြသသည့် အနေဖြင့် အေးစက်စွာ စိုက်ကြည့်နေသည်။
သူတို့ကိုယ်တိုင် လှုပ်ရှားရန် အစီအစဉ် မရှိသော်လည်း တစ်စုံတစ်ယောက်က ဦးဆောင် လိုသော် အသင့်ရှိချေပြီ။
“ ငါ့ကန့်သတ်ချက် ပြည့်သွားပြီလို့ ... မင်းတို့တွေ ထင်နေတာလား ... သွေးဘုရင်ကို ဖြေရှင်းပြီး ထွက်သွားရအောင် ... ငါသဘော မကောင်းနိုင်သေးဘူး။ ”
လင်းယွန်က လှောင်ပြုံးဖြင့် တုန့်ပြန်၏။
“ ဟမ့် ... မင်းကိုယ်မင်း ဘယ်သူများ ထင်နေလဲ အရိုင်းမြေကလာတဲ့ ဓားသမားက ငါတို့ကောင်းကင်ဓားခန်းမကို ရင်ဆိုင်ဖို့ သတ္တိ ရှိသလား ... ငါ့မှာ ဒေါသ မရှိဘူးလို့ မင်း တကယ်ထင်နေလား။ ”
ကျန်းဇီဟွာက ပြန်လည် အော်ငေါက်လေသည်။
“ အခုချိန် ထွက်သွားရင် ရွှေဝိညာဉ် အမြုတေ ရရှိတဲ့လူက မင်းကို အကျိုးကျေးဇူး အချို့ ပေးလိမ့်မယ်။ ”
ချင်းယွင်က နှစ်သိမ့်၏။ သူ့စကားကို လျစ်လျူရှုကာ လင်းယွန်က ပလွေတစ်လက် ထုတ်ယူလိုက်သည်။ ထို့နောက်၊
“ ချင်းယွင် ... အခု ငါတို့ဘယ်မှာ ရှိနေတယ်ဆိုတာ မင်းသိတယ် မဟုတ်လား။ ”
-ဟု ရုတ်တရက် မေးလိုက်၏။
“ သိတယ်လေ ဒါက ငရဲတောအုပ်ပဲ ... မင်းအချိန်ဆွဲနေတာလား အကြွင်းမဲ့ ခွန်အား မရှိရင် ဒါက အလုပ်ဖြစ်မှာ မဟုတ်ဘူး။ ”
“ မင်း ပြောတာမှန်တယ် ... ပိုပြီး တိတိကျကျ ပြောရရင် ... ငါတို့ရောက်နေတာ သွေးဘုရင်ရဲ့ စစ်တလင်းပဲ ဒီမြေပြင်အောက်မှာ ဘာတွေရှိမယ် မင်းထင်လဲ။ ”
လင်းယွန်က ပြုံးလျက် ပလွေကို စတင်တီးမှုတ်တော့၏။ မြေပြင်မှ အနက်ရောင် အခိုးအငွေ့များ ထွက်လာသည်။
“ ဘာတွေ ဖြစ်နေတာလဲ။ ”
ခြောက်ယောက်သား မြေပြင်ထံ ငုံကြည့်လျက် အနည်းငယ် ဆုတ်ခွာလိုက်မိ၏။ များမကြာခင် မြေအောက်ထဲ နစ်မြုပ်နေသော အလောင်းများ တိုးထွက်လာသည်။
ချက်ချင်းပင် အလောင်းကောင် စစ်တပ်ကြီးကဲ့သို့ ကောင်းကင်ပေါ် ပျံတက်လာ တော့။ မျက်စိတစ်ဆုံး အလောင်ကောင် များဖြင့် ပြည့်နှက်သွားသည်။
အဝတ်အစားနှင့် ဆံပင်များ တဖျပ်ဖျပ် ခတ်လာကာ မရဏ အငွေအသက်များ ထုံမွှန်း နေချေ၏။
“ မကောင်းတော့ဘူး။ ”
“ မြန်မြန် ... ။ ”
မျက်နှာများ ပြောင်းကုန်ပြီး ချက်ချင်း ဆုတ်ခွာလိုက်တော့သည်။ နတ်ဆိုး အလောင်း များမှာ ဤပမာဏမျှသာ ဖြစ်သော် ကိုင်တွယ် ဖြေရှင်းနိုင်၏။
ယခုမူ အဝေးမှ ပျံသန်းလာသော ငွေရောင် ခေါင်းတလားများကို ခံစားမိသည်။ အနည်းငယ် နှေးကွေးနေသော ထုံပါ့ဟုန်မှာ အလောင်းများ ပိတ်ဆို့ခြင်း ခံလိုက်ရ၏။
“ ဗြိ ... ။ ”
လက်သည်း ကုပ်ချက် ဒဏ်ရာကြောင့် ညည်းတွားသံပြုပြီး သူ့ပုံစံအစစ်အမှန် ဖြစ်သော ဝံပုလွေ ခန္ဓာကို ပြန်ယူလုနီးပါး ဖြစ်သွားသည်။
လင်းယွန်က လရောင်များ ခြုံလျက် ဖီးနစ်နှလုံးသားသီးချင်းကို တီးမှုတ်နေခဲ့သည်။ အလောင်းကောင်များက ထူးဆန်းစွာပင် သူ့ကို လျစ်လျူရှု ထား၏။
“ ဒီကောင် ... ။ ”
“ ကောက်ကျစ်တဲ့ ဓားသမား။ ”
ဤဒေသတွင် အကန့်အသတ်မဲ့ မရဏ ရောင်ဝါများကို စုစည်းရန် လူသေ အလောင်း အများအပြားနှင့် အစီရင်အရင် တစ်ခု ခင်းကျင်းထားသည်။
မည်သူမဆို သတိထားမိ သော်လည်း လင်းယွန်မှ ပြန်လည် အသက်သွင်းပြီး ဤသို့ အသုံးချနိုင်လိမ့်မည်ဟု မထင်ခဲ့ကြချေ။
လင်းယွန်က ပြုံးလျက် ဆုတ်ခွာမိသည်။ သူသည်ပင် အလောင်းများ ဤမျှ များပြားနေ လိမ့်မည်ဟု မမျှော်လင့် ထားချေ။
မြေပေါ်မြေအောက် ပေါင်းစုံကာ မျက်စိတစ်ဆုံး အလောင်းများဖြင့် ပြည့်နှက် သွားတော့သည်။
“ ဟမ့် ... ။ ”
ရွှေဝိညာဉ် အမြုတေက အလင်းတန်း အဖြစ်သို့ ပြောင်းလဲကာ ထွက်ပြေးရန် ပြင်၏။ လင်းယွန်က ပြုံးလျက်၊
“ မင်း မသေသေးဘူးဆိုတာ ငါသိတယ်။ ”
-ဟု ဆိုလိုက် တော့သည်။
ရွှေဝိညာဉ် အမြုတေတွင် သွေးဘုရင်၏ ဝိညာဉ် အကြွင်းအကျန် ကပ်ညှိနေခြင်း ဖြစ်သည်။
ပလွေသံ ရပ်တန့်သွားသော်လည်း နတ်ဆိုး အလောင်းကောင်များမှာ မရပ်ခဲ့ချေ။ ထို့ကြောင့် ရွှေဝိညာဉ် အမြုတေကို လင်းယွန်က လိုက်ဖမ်းနိုင်တော့သည်။
“ သူ့နောက်ကို လိုက် ... ။ ”
ကျန်းဇီဟွာနှင့် မုချင်းရွယ်က အလောင်း ပင်လယ်ကို ဖြတ်ကာ အမြန်ပြေး လိုက်လာ၏။ လျင်မြန်ပြီး သန်မာသောကြောင့် နတ်ဆိုး အလောင်းများက ပိတ်ဆို့နိုင်ခြင်း မရှိချေ။
“ ပန်းသင်္ချိုင်း အထင်ကြီးစရာပဲ။ ”
မုချင်းရွယ်က ပြုံးလိုက်သည်။ တစ်ဖက်လူတွင် ဂီတအပေါ် ဤမျှ ကျွမ်းကျင် နေလိမ့်မည်ဟု သူ မထင်ခဲ့ချေ။
သူနှင့် ကျန်းဇီဟွာသည် အဋ္ဌမအဆင့် သူတော်စင်သခင်များ ဖြစ်သောကြောင့် ခရမ်းရောင် နန်းတော် အတွင်း၌ ကြယ်ပွင့်များ ဖန်တီးထားနိုင်သည်။
“ ဟား ဟား ဟား ... ငါပိုင်ပြီ။ ”
ရယ်မောလျက် ထိုကြယ်များကို အသက်သွင်းကာ လင်းယွန်ထက် မြန်သော အဟုန်ဖြင့် ဖမ်းကိုင်လိုက်၏။
ဤမြင်ကွင်းသည် သဘာဝအတိုင်း ကျန်းဇီဟွာကို စိတ်ပူစေသည်။ မုချင်းရွယ်မှာ သူ့ထက် နှာတဖျား သာနေ၏။
သို့သော် လင်းယွန်က မုချင်းရွယ်ကို လှည့်ကြည့်လိုက်ရာ ထူးခြားသော ဖြစ်စဉ်များ ဖြစ်ပေါ်လာခဲ့သည်။
“ အနီရောင် ပင့်ကူ လီလီ ... ။ ”
“ ဝှစ် ... ။ ”
“ ဘုန်း ... ။ ”
လင်းယွန် ပခုံးပေါ်၌ ပန်းနီ တစ်ပွင့် ပေါ်လာပြီး လက်သီးတစ်လုံးက သူ့ရင်ဘတ်ကို ထိမှန်လာသည်။
“ မင်း ... ။ ”
ညည်းတွားလျက် အဝေးသို့ လွင့်စဉ် သွားသည့်တိုင် ပန်းရနံ့က အာရုံထဲ စွဲနေခဲ့၏။ နှုတ်ခမ်းမှ သွေးကို သုတ်လိုက်ပြီး ဒေါသတကြီး ကျိန်ဆဲလိုက်မိသည်။
“ ပန်းလေး တစ်ပွင့်ကိုတောင် မခံနိုင်ဘူးလား ... မုချင်းရွယ် မင်းအရမ်း အားနည်းသေးတယ် ဟား ဟား ဟား ။ ”
ကျန်းဇီဟွာက စိုးရိမ်စိတ်များ လျော့ပါးသွားပြီး ရယ်မောလျက် လင်းယွန် နောက်သို့ ဆက်လိုက်သွားသည်။
“ လခွမ်း ... ။ ”
သို့သော် ရောင်စုံ အလင်းတန်း ငါးခု ကောင်းကင်မှ ရုတ်တရက် ဆင်းသက်လာရာ ချက်ချင်း ရပ်လိုက်ရသည်။
“ ကောင်းကင်ဘုံ နတ်ဓား ... ။ ”
ဤသည်မှာ ဒြပ်စင်ငါးပါး တာအိုကို ဆုပ်ကိုင် ထားသည့် လင်းကျန်းရှန့် ဖြစ်သည်။ ဒြပ်ငါးပါး တာအိုသည် မပြည့်စုံသေးသော်လည်း ကောင်းကင်ဘုံ နတ်ဓားကို ကန့်သတ်ချက် အထိ တွန်းပို့ပေးနိုင်၏။
ဤအရာက သူ့ကို မျက်နှာ မည်းမှောင် သွားစေသည်။ လင်းကျန်းရှန့်သည် လင်းယွန် အနားတွင် ရပ်နေသည်သာမက သူ့ကို တိုက်ခိုက်လာ၏။
“ ဝှစ် ... ။ ”
ထိုစဉ် မီးလူသား တစ်ယောက် ပျံသန်း လာပြီး သူမဘေးတွင် ဝင်ရပ်သည်။ ဤသည်မှာ ကျိကျစ်ရှီ ဖြစ်၏။ နတ်ဖီးနစ်သွေးကို လောင်ကျွမ်းလျက် တောင်ပံများ ဆင့်ခေါ်ထားချေပြီ။
“ နတ်ဖီးနစ် မီးတောက် ... ။ ”
ဤအရာက ကျန်းဇီဟွာနှင့် နောက်ပါးမှ ထပ်မံ လိုက်ပါလာ သူတိုင်းကို ရပ်တန့်သွားစေ တော့၏။
နတ်ဖီးနစ် မီးတောက်သည် ငြိမ်းသတ်ရ ခက်ကာ ကူးစက်ခံရပါက ကပ်ပါးကောင်ကဲ့သို့ သူတော်စင်စွမ်းအင်ကို ဝါးမြိုပေလိမ့်မည်။
လင်းကျန်းရှန့်က ဒြပ်ငါးပါး တာအိုကို နတ်ဖီးနစ် မီးတောက် အတွင်း ပေါင်းစပ်လျက် အကာအကွယ် အလွှာတစ်ခု ဖန်တီးကာ လင်းယွန်ထံသို့ ဆုတ်ခွာသွားတော့၏။
***