မုန်တိုင်း လာနေပြီ ... ။
Vol. 170 Ch. 2373
အမျိုးသမီး နှစ်ယောက်က လင်းယွန်အနား ဆုတ်ခွာလာ၏။ ဒြပ်ငါးပါး တာအိုနှင့် နတ်ဖီးနစ် မီးလျှံများသည် အကာအကွယ်တစ်ခုလို သူ့တို့ဝန်းကျင်အပေါ် စီးမိုးထားသည်။
“ မင်းတို့ နှစ်ယောက် အဆင်ပြေရဲ့လား။ ”
“ ဟဲဟဲ ... အဆင်ပြေပါတယ် ... အစ်ကိုကြီးလင်း အခုသွားလို့ ရပြီလား။ ”
ကျိကျစ်ရှီက ပြန်ဖြေသည်။ သူမ မျက်နှာပြင်၌ နီရဲနေပြီး ပြောသလောက် အခြေအနေ မကောင်းချေ။
“ ဝိညာဉ် အမှတ်အသားကို အရင် ဖျက်ရမယ်။ ”
ရွှေဝိညာဉ် အမြုတေတွင် ရစ်ဝဲနေသော သွေးဘုရင်၏ ဝိညာဉ်ကို ဦးစွာ ဖယ်ထုတ်လိုက် မိသည်။
“ ငါတို့ ဖြတ်ကျော်လို့ မရဘူး ... ။ ”
ချင်းယွင်က မျက်နှာပျက်သွားသည်။ နတ်ဖီးနစ် မီးတောက်ကို အတင်းအကြပ်တိုးဝင် ပါက ဒုက္ခဖြစ်ပေလိမ့်မည်။
ကောင်းကင် စာအုပ် သည်လည်း ပြန်ကောင်းလာခြင်း မရှိသေးသည့် အတွက် နတ်ဖီးနစ် မီးလျှံကို မစမ်းရဲချေ။
“ ကောင်းကင်ဘုံ ဖီးနစ် သမီးတော်ပဲ။ ”
ထုံပါ့ဟုန်က မျက်မှောင်ကြုတ်လျက် ရေရွတ်သည်။ နတ်ဖီးနစ် မီးလျှံအတွက် သူမ၏ သွေးသားကို အတင်းအဓမ္မ လောက်ကျွမ်း ထားပုံ ရ၏။
“ သူတို့ ထွက်သွားတော့မယ်။ ”
ကြည့်နေဆဲမှာပင် လင်းယွန်နှင့် အမျိုးသမီးနှစ်ယောက်က တံဆိပ်များ ထုတ်ယူ လိုက်လေသည်။
အဆုံးတွင် လင်းယွန်တစ်ယောက် ရွှေဝိညာဉ် အမြုတေဖြင့် ထွက်ခွာသွားသည်ကို ရပ်ကြည့် နေလိုက်ရ၏။
“ လင်းယွန် ငါတို့ မပြီးသေးဘူး။ ”
ကျန်းဇီဟွာက အေးစက်စွာ အော်ဟစ်လိုက်၏။ သို့သော် လင်းယွန်တို့မှာ ပျောက်ကွယ်သွားပြီ ဖြစ်သည်။
“ ပန်းသင်္ချိုင်း ပြန်လာပြီ။ ”
လူအုပ်ကြီးက လင်းယွန်ကို မြင်ချိန်၌ စိတ်လှုပ်ရှားသွားသည်။ စွမ်းအင် ရေစက်ထံမှ လင်းယွန်၏ တိုက်ပွဲကို မြင်ခဲ့ရ၏။
ဤဓားသမားသည် နဂါးသတ် အဆင့်မှ ပါရမီရှင် (၆)ပါးကို လှည့်ပတ် ကစားနေခဲ့သည်။
“ ဟား ဟား ဟား ... ဒါက ကျေနပ်စရာပဲ။ ”
အထူးသဖြင့် ဓားသမားများ ပေပင်။
“ လင်းယွန် ... ။ ”
အောင်းကြွယ်နှင့် ရှန်းထျန်းနန်က စိတ်လှုပ်ရှားစွာ ချက်ချင်း ရောက်ရှိလာသည်။
“ ဟား ဟား ဟား အဲဒီကောင်တွေ ဘယ်လောက်တောင် ရုပ်ဆိုးနေလဲ ဆိုတာ မင်း ကြည့်လိုက်စမ်း။ ”
ရှန်းထျန်းနန်က စွမ်းအင် ရေစက်ကို ညွှန်ပြသည်။ လင်းယွန်က လည်ပြန်မော့ကြည့် လိုက်သောအခါ အလောင်း ပင်လယ်ကြီးကို ဦးစွာ မြင်ရ၏။
ပါရမီရှင် (၆)ပါးမှာ တံဆိပ်များကို အသက်သွင်းလိုသော်လည်း အလောင်းကောင် များက ခွင့်မပြုချေ။
“ အခု ငါတို့မှာ ဝိညာဉ် အမြုတေတွေ ဘယ်လောက် ရှိနေပြီလဲ။ ”
လင်းယွန်က စိတ်မဝင်စားတော့ဘဲ လှည့်မေးသည်။
“ ရှန်းထျန်းနန်နဲ့ အောင်းကြွယ်ဆီက အရေအတွက်ပါ ပေါင်းလိုက်ရင် (၄၀၀)လောက် ရှိတယ်။ ”
လင်းကျန်းရှန့်က ပြန်ဖြေ၏။
“ ကောင်းပြီ ... ဒါဆို ဒီရွှေဝိညာဉ် အမြုတေကို ကျိကျစ်ရှီအတွက် ထားလိုက်မယ် မိန်းကလေးလင်း ... မင်းဘယ်လိုထင်လဲ။ ”
“ ဒါနဲ့ ပတ်သက်ပြီး ... သဘောထား မရှိပါဘူး ... သခင်လေးလင်းရဲ့ အကူအညီ မရှိရင် ကောင်းကင် သူတော်စင် တောင်ကို ရောက်မလာမှာ ကြောက်မိတယ်။ ”
“ မင်းက အရမ်း နှိမ့်ချနေတာပဲ။ ”
လင်းယွန်က ဆက်မပြောတော့ဘဲ ကျိကျစ်ရှီထံ ကမ်းပေး လိုက်၏။
“ အစ်ကိုကြီးလင်း၊ ငါ ... မင်းဆီက အကူအညီတွေ အများကြီး ယူထားမိပြီ။ ”
ပထမ ဖီးနစ်နှလုံးသား သီချင်း၊ ဒုတိယ နတ်မီးတောက် ယခု ရွှေရောင် ဝိညာဉ်အမြုတေ ဖြစ်သည်။
“ ဒါက ငါပေးထားတဲ့ ကတိအတိုင်း လုပ်ပေးနေတာပါ စိတ်မပူနဲ့။ ”
ထို့နောက် အောင်းကြွယ်နှင့် ရှန်းထျန်းနန်တို့ကို တစ်ရာစီ ခွဲဝေပြီး တိုက်ပွဲ ဝင်ခွင့်ပေးလိုက်သည်။
“ မင်းလိုလူက ဘုံသုံးထောင်မှာ မွေးသင့်တယ် ... ငါနေရာအနှံ့ ရောက်ဖူးပေမယ့် မင်းလိုလူကို တစ်ခါမှ မတွေ့ဖူးဘူး။ ”
အောင်းကြွယ်က အလေးအနက် ပြော၏။
“ မင်း အခု ဘာလုပ်မှာလဲ ... ။ ”
ရှန်းထျန်းနန်က အလောင်းပင်လယ် အတွင်းရှိ လူ(၆)ယောက်ထံ မော့ကြည့်ကာ မေးသည်။ ဤလူများကို လွှတ်ထားမည် မဟုတ်ကြောင်း သူ ခန့်မှန်းနိုင်၏။
“ တစ်ခုခုပေါ့ ... ။ ”
လင်းယွန်က လူသတ်လိုသော ရည်ရွယ်ချက်ဖြင့် ပြုံးကာ၊
“ သွားကြရအောင်။ ”
-ဟု ပြောကြားလိုက်သည်။
တော်ဝင် ကောင်းကင် သခင်က၊
“ မင်း ... ကျိကျစ်ရှီကို ပေးချင်တာ သေချာလား။ ”
-ဟု ပြန်မေးသည်။
ဤသည်မှာ ကောင်းကင်ဘုံ ပျက်စီးခြင်း ဧည့်ခံပွဲသို့ တက်ရောက်ရန် ခွင့်ပြု လက်မှတ် ဖြစ်လေသည်။
“ ဟုတ်ပါတယ် ... တကယ်တော့ ဒီခရီးစယ်က ကျစ်ရှီကို အန္တာရယ်ကင်းအောင် လိုက်ပို့ပေးတာပါ ... ခွန်လွန်မှာ ရှိတဲ့ နတ်ဖီးနစ် တောင်က နဂါးပြာဘိုးဘေးကို တစ်ချိန်က ကူညီပေးခဲ့ဖူးတယ် ဒါကြောင့် ကျေးဇူး ပြန်ဆပ်သင့်ပါတယ်။ ”
လင်းယွန်က ခေါင်းညိတ်သည်။ နတ်ဖီးနစ်တောင်သည် ခွန်လွန်၌ ပိတ်မိနေခြင်း ဖြစ်သည်။ ကျိကျစ်ရှီက ၎င်းကို အိမ်ပြန်ပို့ရန် တာဝန်ရှိ၏။
“ မင်းအတွက် တိုက်ပွဲက ဆက်ရှိနေမှာ။ ”
တော်ဝင်ကောင်းကင် သခင်က လေးနက်သော အမူအရာဖြင့် လင်းယွန်ထံ ကြည့်၏။
“ ဒါဆို ... ငါ မယူတော့ဘူး။ ”
ကျိကျစ်ရှီက စိုးရိမ်စွာ ငြင်းဆန်လေသည်။
“ ဘာတွေ ပြောနေတာလဲ ... ။ ”
လင်းယွန်မှ ကျိကျစ်ရှီ ခေါင်းကို ပွတ်သပ်လိုက်ကာ၊
“ ဒါက ... အစကတည်းက ငါတို့ရဲ့ ရည်ရွယ်ချက်ပဲ ... ဒါကြောင့် မင်းမှာ ငြင်းပိုင်ခွင့် မရှိဘူး။ ”
-ဟု အမိန့်သံ ဆန်ဆန် ပြောကြားလိုက်၏။
ကျိကျစ်ရှီက အံကြိတ်ထားသော်လည်း တဖြည်းဖြည်း ငြိမ်သက်သွားသည်။ လင်းယွန် မျက်နှာတွင် နူးညံ့သိမ်မွေ့သော အမူအရာနှင့် ယုံကြည်မှုကို မြင်နေရ၏။
“ ကောင်းပြီ ... လောလောဆယ်တော့ ရွှေဝိညာဉ် အမြတေကို မင်းယူထား။ ”
တော်ဝင် ကောင်းကင် သခင်က ကျိကျစ်ရှီကိုခေါင်းညိတ်ပြပြီး ယူစေလိုက်၏။ ထို့နောက် လင်းယွန်ထံ လှည့်ကြည့်ကာ၊
“ မင်း သတိထားရမယ်။ ”
-ဟု ပြောကြားတော့သည်။
“ စီနီယာ ကျန်တဲ့ ခွဲတမ်း (၉)ခုကို ဘယ်လို ဆုံးဖြတ်မှာလဲ။ ”
“ ရက်စက်လိမ့်မယ်။ ”
“ ဟမ့် ... ကောင်းတယ်။ ”
လင်းယွန်က ထိုအကြောင်း ဆက်မမေး တော့ချေ။ နဂါးပြာ နတ်ဆေးအိုးထံ အကြည့် ပြောင်းသွားပြီး လျှောက်လှမ်းသွား၏။
နဂါးပြာ တံဆိပ်ကို အသက်သွင်းကာ နတ်ဆေးအိုးကို ကိုင်ကြည့်မိ၏။ နဂါးပြာတံဆိပ် အလုပ်ဖြစ်မှန်း သိလိုက်သည်။
သို့သော် အာရုံပြောင်းလို သဖြင့်၊
“ အုပ်စိုးရှင် နတ်နဂါး ဆေးပြားရဲ့ အကျိုးသက်ရောက်မှုက ဘာလဲ။ ”
-ဟု လှည့်မေးလိုက်၏။
“ အုပ်စိုးရှင် နတ်နဂါး ဆေးပြားကို ကိုယ်လုံးကိုယ်ပေါက် သန့်စင်နိုင်တယ် မင်းမှာ မိုးပြာနဂါး ခန္ဓာကိုယ် ရှိတယ် မဟုတ်လား၊ သူ့ရဲ့ အလားအလာကို ...
... အပြည့်အဝ တူးဖော်ဖို့အတွက် သုံးပါ ... ပြီးတော့ နဂါးဒုက္ခ ခံယူချိန်မှာလည်း အများကြီး အကူအညီ ရပါလိမ့်မယ်။ ”
ထိုအချိန်တွင် နဂါးပြာ နတ်ဆေးအိုးက အနည်းငယ် တုန်ခါကာ လင်းယွန်ကို တုန့်ပြန် တော့၏။
“ မင်း ဘာလုပ်နေတာလဲ။ ”
တော်ဝင် ကောင်းကင် သခင်က နတ်ဆေးအိုးထံ ကြည့်ပြီး လင်းယွန်ကို မေး၏။ ထို့နောက် ပြုံးလျက်၊
“ အဲဒါကို မစဉ်းစားနဲ့ ... ဒါက နဂါးပြာ ဘိုးဘေးက ကောင်းကင် ဖျက်ဆီးခြင်း ဘိုးဘေး အတွက် လက်ဆောင် ပေးထားတာ ကောင်းကင် တံခါးရဲ့ ရတနာပဲ။ ”
-ဟု ပြောကြားလိုက်သည်။
“ နည်းနည်း ထိကြည့်ရုံပါ။ ”
“ ဟား ဟား ဟား ... ။ ”
လင်းယွန်က ပြန်ဖြေ၏။ တော်ဝင် ကောင်းကင် သခင်က ရယ်သည်။
“ အနည်းဆုံးတော့ မင်းဟာ လိမ္မာတယ် ဘာပဲဖြစ်ဖြစ် နတ်ဆေးအိုးကို မင်းယူသွားလို့ မရပါဘူး ... ဒါက ကောင်းကင် တံခါးအတွက် ရတနာပဲ ဟား ဟား ဟား။ ”
လင်းယွင်က ပြုံးရုံသာ ပြုံးပြီး စကားပြန် မပြောတော့ချေ။ အားလုံး ပြေလည် သွားသည့် အချိန်အထိ စောင့်ရပေမည်။
ခွန်လွန်သို့ ပြန်ရာတွင် နဂါးပြာ နတ်ဆေးအိုးကို ယူဆောင်ရန် စိတ်ပိုင်းဖြတ် ထားပြီးဖြစ်၏။
သူတို့ စကားပြောနေစဉ် ဉာဏ်ကြီးရှင် ခြောက်ဦးသည် ဖရိုဖရဲ အသွင်အပြင်ဖြင့် ပြန်၍ ရောက်ရှိလာသည်။ ၎င်းတို့က လူသတ်လိုသော ရည်ရွယ်ချက်ဖြင့် လင်းယွန်ထံ ကြည့်၏။
***