← Chapters

ဘယ်သူက ပြိုင်ဘက်ကင်းလဲ။

Vol. 170 Ch. 2375

ဘယ်သူက ပြိုင်ဘက်ကင်းလဲ။

Vol. 170 Ch. 2375

လင်းယွန် စကားက ထုံပါ့ဟုန်ကို မခံချိမခံသာ ဖြစ်စေပြီး ပတ်ဝန်းကျင်အပေါ် ရုတ်ရုတ်သဲသဲ ဖြစ်စေသည်။

နောက်ဆုံးတွင် ထုံပါ့ဟုန်သည် နတ်ဆိုးသားရဲ သွေးကို ပိုင်ဆိုင်ထားသော လူသား တစ်ယောက် မဟုတ်ချေ။

ရှေးဦးသားရဲမျိုးနွယ်မှ လူသား အဖြစ် ကျင့်ကြံထားခြင်း ဖြစ်၏။ ကောင်းကင် လမင်း ဝံပုလွေဟူသည် သူတော်စင် သားရဲ ဖြစ်ကာ လရောင်အောက်တွင် ပြိုင်ဘက်ကင်း သားရဲကြီးပေပင်။

“ ထုံပါ့ဟုန်က ဒေါသအရမ်းကြီးတယ် ဒီကောင်တော့ သေပြီ။ ”

ကျန်းဇီဟွာက အေးစက်စွာ မှတ်ချက်ပေး လိုက်၏။

“ ထုံပါ့ဟုန်ရဲ့ ကျင့်ကြံမှုက ... အဋ္ဌမ အဆင့်ကို ရောက်နေတာ ကြာပြီ သတ္တမအဆင့် သူတော်စင်သခင်လောက်ကို လက်သီး တစ်ချက်နဲ့ ထိုးသတ်နိုင်တယ်။ ”

“ မှန်တယ် ... သူတော်စင် ရှေးဦးသားရဲ တစ်ကောင်အနေနဲ့ တူညီတဲ့ နယ်ပယ် အတွင်း ပြိုင်ဘက်ကင်းပါတယ်။ ”

ချင်းယွင်တို့ ငါးယောက်က အပြုံးဖြင့် ဆက်လက် ကြည့်ရှုနေခဲ့သည်။ ကျန်လူများ ကလည်း မျက်နှာများ ပြောင်းသွား၏။

ထိုအချိန်တွင် ထုံပါ့ဟုန် နဖူးပေါ်ရှိ လမင်း တောက်ပလာပြီး သွေးကြောများ ဖောင်းကား လာသည်။

“ ကောင်းပြီ၊ မင်းက သတ္တမအဆင့် သူတော်စင်သခင်ပဲ ... ဒါကြောင့် မင်း ငါ့ကို အနိုင်ယူချင်ရင် ... ငါ့ကို ဒီလိုမျိုး ဒေါသ ထွက်စေပြီး အမှားကို စောင့်ရမှာပေါ့။ ”

“ ဟား ဟား ဟား ... မှားနေပြီ မင်းလို ခွေးတစ်ကောင်ကို ရိုးရိုးရှင်းရှင်း ရိုက်နိုင်တယ် ဘာလှည့်ကွက်မှ သုံးစရာ မလိုဘူး။ ”

ဤတစ်ကြိမ် လင်းယွန်စကားက ထုံပါ့ဟုန်ကို ရူးသွပ်စေတော့သည်။

“ မင်း ဘယ်လို သတ္တိရှိလဲ ... ။ ”

ဆံပင်များ ရှည်လာပြီး ခန္ဓာကိုယ် ဖောင်းကားလျက် ရိုင်းစိုင်း ကြမ်းကြုတ်သော ရောင်ဝါများ ထွက်ပေါ်လာ၏။

ထို့နောက် ကောင်းကင်၌ လမင်းတစ်စင်း ဖြစ်တည်လာကာ ပတ်ဝန်းကျင် အနှံ ငွေရောင် ပြောင်းသွားသည်။

“ လဒိုမိန်း ... ဒါက ကောင်းကင် လမင်း ဝံပုလွေတွေရဲ့ မွေးရာပါ စွမ်းရည်ပဲ ထုံပါ့ဟုန်က တကယ် လေးနက်လာပြီ။ ”

“ အရှုံးမပေးနိုင်ခင် လင်းယွန်ကို သတ်ဖို့ စိတ်ပိုင်းဖြတ်ထားပုံရတယ်။ ”

အနီးပတ်ဝန်းကျင်မှ အာမေဋိတ်သံများ ထွက်ပေါ်လာသည်။

“ ဆွဲငင်အား နယ်ပယ်လား။ ”

ဓားရည်ရွယ်ချက် တုန်ခါလာပြီး လရောင်များဖြင့် လင်းယွန် ခန္ဓာကိုယ်အပေါ် ကန့်သတ်လာ၏။

“ ဝှစ် ... ။ ”

ဆိုလိုသည်မှာ လဒိုမိန်းသည် ဆွဲငင်အား နယ်မြေ ပေပင်။ ထုံပါ့ဟုန်က လျှပ်စီးအသွင် ပြောင်းလဲပြီး ပြေးဝင်လာတော့၏။

“ ဘောင်း ... ဘောင်း ... ။ ”

လေထုအတွင်း ပေါက်ကွဲသံများ ကျယ်လောင်စွာ ထွက်ပေါ်လာကာ လက်သီး အောက်၌ သူတော်စင် တောင်ကြီးတစ်ခုလုံး တုန်ယင်လာသည်။

ဤသည်မှာ ရှေးဦးသားရဲများ၏ ကြောက်လန့်ဖွယ် ကိုယ်လုံးကိုယ်ပေါက် ဖိအား ပေပင်။

လူသား ကျင့်ကြံသူများထက် သာလွန် ချေ၏။ ချင်းယွင်တို့က ပြုံးပြီး မြင်ကွင်းတစ်ခုကို စိတ်ကူးထဲ ပုံဖော်နေခဲ့သည်။

လင်းယွန်က မူလနေရာ၌ ရပ်နေဆဲ ဖြစ်သည်။ မျက်နှာပေါ် လေပြင်းများ ဖြတ်သွား သဖြင့် ဆံပင်များ တဖျပ်ဖျပ်ခတ်ကုန်၏။

“ နှေးတယ် ... ဒါ မင်းလုပ်နိုင်တာ အကောင်းဆုံးပဲလား။ ”

လှောင်ပြုံးဖြင့် မီးတောင်ကဲ့သို့ ခံစားရစေသော ထုံပါ့ဟုန် လက်သီးအပေါ် အလွယ်တကူ ပိတ်ဆို့ လိုက်သည်။

ပြိုင်ဘက်သည် သားရဲ ဖြစ်ပါက သူသည် သားရဲသခင် ဖြစ်သည်။

“ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ”

ထုံပါ့ဟုန်က မယုံကြည်နိုင်စွာဖြင့် မျက်မှောင်ကြုတ် လိုက်ကာ လက်သီးကို ပြန်ဆုတ်ရန် ကြိုးစား၏။

သို့သော် မိုးကြိုး မုန်တိုင်များ ရုတ်တရက် ဖွဲ့တည်လာပြီး နဂါးလက်သည်းက လက်သီးထံ ကုပ်ဆွဲလာသည်။

ထို့ကြောင့် ဘယ်လက်သီးဖြင့် ထိုးနှက်ကာ ကူပေးလိုက်ရသည်။ ဤမျှ နီးကပ်သော အကွာ အဝေး၌ လင်းယွန်အတွက် ရှောင်တိမ်းရန် နေရာ မရှိဟု ယုံကြည်၏။

သို့သော် လင်းယွန်က ပြုံးလျက် ထိုလက်သီးကို လက်ဖဝါးဖြင့် လမ်းကြောင်း လွှဲလိုက်ပစ်လိုက်သည်။

ထုံပါ့ဟုန်ခမျာ ချက်ချင်း ဆုတ်ခွာ လိုက်မိသည်။ ခြေလှမ်း ဆယ်လှမ်း ဆုတ်ခွာ ပြီးနောက် လင်းယွန်က သူ့ကို ထပ်မံ တိုက်ခိုက်ရန် လက်ဟန်ဖြင့် ဖိတ်ခေါ် လိုက်သည်။

သူ့အပေါ် ဂရုမစိုက်မှန်း မြင်သာ၏။ ဤအခိုက်တွင် တစ်ဖက်လူသည် လွှမ်းမိုး ကြီးစိုးနေကြောင်း ဝန်ခံရပေမည်။

ဒေါသဖြင့် ငွေရောင် လျှပ်စီးများကို ခန္ဓာကိုယ်၌ လင်းလက်စေပြီး အရှိန် မြှင့်တင် လိုက်သည်။

ထိုအချိန်တွင် လင်းယွန်ကလည်း ရွှေကြာပန်းကို ပွင့်စေခဲ့၏။ အုပ်စိုးရှင် တာအို ဖြစ်သော မိုးပြာနဂါး တာအို ပေါ်လာသည်။

“ ဟိတ် ... ။ ”

“ ဝှစ် ... ။ ”

နှစ်ယောက်သား ခွန်အားခြင်း ထိပ်တိုက်ရင်ဆိုင်သည့် နည်းလမ်းကို ရွေးချယ် လိုက်ကြ၏။

များမကြာခင် လင်းယွန်က တိုက်ပွဲအပေါ် အုပ်စီးမိသွားသည်။ လေထုအတွင်း ထုံပါ့ဟုန်၏ လက်သီးရိပ်များ ပြည့်နှက်နေသော်လည်း လင်းယွန်ကို မထိချေ။

လဒိုမိန်းဖြင့် ဆွဲငင်အားကို ဆယ်ဆ တိုးထားခဲ့ရာ ဤရလာဒ်က သဘာဝအတိုင်း ထုံပါ့ဟုန်ကို တုန်လှုပ်သွားစေ၏။

သူ့နယ်မြေတွင် တစ်ဖက်လူမှာ သူ့ထက် သာ၍ လက်စွမ်းပြနေသည်။ ထိုအတွေးများကို ခန့်မှန်းနိုင်သော လင်းယွန်က ပြုံး၏။

နောက်ဆုံးတွင် သွေးအကျဉ်းထောင် တောင်တန်း၏ လေ့ကျင့်ရေး နေ့ရက်များသည် ဤဆွဲငင်အား ဆယ်ဆကို လျစ်လျူရှုနိုင်၏။

ခွန်လွန်တွင် အမွေ မရှိဟု ဤလူများ ထင်နေချေပြီ။ ခန္ဓာကိုယ်မှ နဂါး ဟောက်သံ နှင့်အတူ သူ့သွေးများ ပွက်ပွက်ဆူလာ၏။

“ ဝှစ် ... ။ ”

“ ဘုန်း ... ။ ”

လက်သီးကို ဖုံးအုပ်ထားသည့် မိုးကြိုးမုန်တိုင်းများက ထုံပါ့ဟုန် ရင်ဘတ်ပေါ် ကျရောက်သွားသည်။

နှုတ်ခမ်းများမှ သွေးများ စီးကျလာပြီး ထုံပါ့ဟုန်တစ်ယောက် ခြေလှမ်းပေါင်းများစွာ နောက်ပြန် ဆုတ်သွားခဲ့၏။

ထိုမြင်ကွင်းက လူတိုင်းကို အသက်ပြင်းပြင်း ရှူမိစေသည်။ ဉာဏ်ကြီးရှင် ငါးပါး မျက်နှာများ သည်ပင် ပြောင်းလဲသွား၏။ မည်သူမဆို မယုံနိုင်ဖွယ် ကောင်းနေသည်။

“ မိုးပြာနဂါး နတ်ခန္ဓာအပေါ် ... ဒီလောက်အထိ အောင်မြင်ထားတာလား ဒီကလေးက နက်နက်ရှိုင်းရှိုင်း ဖုံးကွယ် ထားတာပဲ၊ နဂါးဝိညာဉ်ကိုတောင် ...

... ဖန်တီး ထားနိုင်ပြီ၊ တကယ်တော့ အုပ်စိုးရှင် နတ်နဂါးဆေးပြားက ဘာအတွက်လဲ မေးခဲ့တာက ... ငါ့ကို အာရုံလွှဲနေတာပဲ ... သူ တကယ် အသုံးပြုပြီးပြီ။ ”

တော်ဝင် ကောင်းကင် သခင်က မှတ်ချက်ပေးသည်။ သူ့ အမြင်အရ နဂါးပြာ နတ်ဆေးအိုးကို ကြံရွယ်နေစဉ် အာရုံပြောင်းရန် ထိုမေးခွန်း မေးခြင်းသာ ဖြစ်၏။

မဟုတ်သော် မိုးပြာနဂါး နတ်ခန္ဓာသည် နဂါးဝိညာဉ်ကို မွေးဖွားလာနိုင်စရာ အကြောင်း မရှိချေ။

“ အဘိုး ... မင်းဘာပြောချင်တာလဲ။ ”

ကျိကျစ်ရှီက နားမလည်ချေ။

“ မင်းရဲ့ အစ်ကိုကြီးလင်းက ကောက်ကျစ်တယ် အုပ်စိုးရှင် နတ်နဂါး ဆေးပြားကို သုံးထားပြီးပြီ ... စိတ်မပူပါနဲ့ သူ မသေပါဘူး။ ”

ထိုအဖြေက ကျိကျစ်ရှီ မျက်နှာကို နီရဲသွားစေသည်။ သို့သော် အစ်ကိုကြီးလင်း တစ်ယောက် အုပ်စိုးရှင် နတ်နဂါး ဆေးပြားကို မသုံးရသေးဟု သံသယ ဝင်မိ၏။

တစ်ဖက်တွင် တော်ဝင် ကောင်းကင် သခင်သည် ယုံကြည်ချက် ပြင်းထန်နေသည်ကို မြင်ပြီးနောက် ငြင်းခုန်ခြင်း မပြုတော့ရန် ရွေးချယ်လိုက်ရသည်။

ပြိုင်ပွဲစင်မြင့်ပေါ်တွင် အခြေအနေမှာ ပြောင်းလဲသွားသည်။ ငွေရောင် လမင်းက ပို၍ ကြီးမားလာပြီး နီးကပ်လာ၏။

၎င်းမျက်နှာပြင်ပေါ်ရှိ မီးလောင် ပေါက်များကိုပင် မြင်နိုင်ချေပြီ။ ထုံပါ့ဟုန်က ရှုံ့မဲ့လျက် မူလသားရဲပုံစံကို ပြန်ယူ၏။

ဤသည်မှာ အလွန် လှပသော ငွေရောင်အမွေးများ ပါရှိသည့် ဧရာမ ဝံပုလွေ တစ်ကောင် ဖြစ်သည်။

“ အု ... ဝူး ... ။ ”

လမင်းကို မော့ကြည့်ကာ ငွေရောင်များ တောက်ပလျက် ရှည်လျားသော မြည်ကြွေးသံ ပြုလာသည်။

“ အခု ဆွဲငင်အား အဆ ငါးဆယ် ... မင်းငါ့ကို ဘယ်လို တိုက်ရမလဲ ကြည့်ရအောင်။ ”

ဤသည်မှာ ထုံပါ့ဟုန်၏ မူလပုံစံကို လူများစွာက ပထမဆုံးအကြိမ် မြင်ဖူးကြခြင်း ဖြစ်၏။ ကြောက်စရာ ကောင်းပေသည်။

သို့သော် လင်းယွန်က လမင်းကို ပြန်မော့ကြည့်ကာ၊

“ လမင်းကို မျှော်နေတဲ့ ခွေးအ တစ်ကောင်ပဲ။ ”

-ဟု မှတ်ချက်ပေးလိုက်သည်။

ထိုမှတ်ချက်က လူတိုင်းကို နှုတ်ခမ်းများ လှုပ်ယမ်း သွားစေ၏။ အဆုံးတွင် သူတော်စင် သားရဲ၏ ရုပ်သွင်အမှန်ကို ထုတ်ပြပြီးနောက် ၌ပင် လှောင်ပြောင် ဝံ့ချေပြီ။

“ ငါမင်းကို သတ်စားမယ်။ ”

သူ့လက်သည်းကို ဖွင့်ကာ ထုံပါ့ဟုန်က ကုပ်ဆွဲချလိုက်သည်။ မျက်လုံးများ သွေးရောင် သန်းလာ၏။ ဒေါသကြောင့် စကားမပြောလို တော့ချေ။

ဤတိုက်ခိုက်မှုတွင် မည်သည့် နည်းပညာရပ်မျှ မပါသော်လည်း ကြမ်းကြုတ် လွန်းသည့် ခွန်အား အပြည့်ရှိနေသည်။

သို့သော် လင်းယွန် နှလုံးသားရှိ မိုးပြာနဂါးနတ်ရူရ် ပွင့်လာပြီး သူ့ခန္ဓာကိုယ်အနှံ့ သွေးကြောများ သဖွယ် သိုင်းယှက်လာ၏။

“ ဝှစ် ... ။ ”

“ ဝုန်း ... ။ ”

နဂါးဟောက်သံ ပြုလျက် ဝံပုလွေ လက်သည်းကို ပြန်လည် ထိုးနှက်လိုက်သည်။ ထို့နောက် နှစ်ယောက်သား ပေတစ်ရာခန့် ပြန်ဆုတ် လိုက်ရ၏။

၎င်းတို့ထံမှ ဖြာထွက်သော စွမ်းအားများသည် ရပ်ကြည့်နေသူများကိုပင် ဖိအားများ ခံစားရစေသည်။

ထိပ်တိုက်တွေ့ဆုံမှု အတွင်း နှစ်ယောက်စလုံး ဒဏ်ရာများ ရရှိသော်လည်း လင်းယွန်၏ ပြန်လည် ကုသနိုင်စွမ်းမှာ မြန်ဆန် နေ၏။

“ နဂါးပြာ အရိုး ... ။ ”

ကျန်းဇီဟွာက လောဘကြီးစွာ အော်ဟစ်လိုက်သည်။ အဆုံးတွင် နဂါးပြာအရိုး ဟူသည် ဘုံသုံးထောင်၌ပင် အလွန် ရှားပါး၏။ အဖိုးတန်ချေပြီ။

“ တကယ့် နဂါးပြာ အရိုးပဲ ... ဒီကောင် လင်းယွန်က ကောင်းကင်ကို အံတုလွန်းနေပြီ၊ နဂါးပြာဘိုးဘေးရဲ့ ဘုန်းအသရေကို ပြန်ယူနိုင်မယ့် ပုံပဲ။ ”

“ ခွန်လွန် နယ်မြေမှာ ... တကယ့် ရှားပါး အမွေတွေ ရှိနေပုံရတယ်။ ”

“ သူ ဘာလို့ ဒီလောက်တောင် ... ယုံကြည်ချက် ပြင်းထန်နေတာလဲ မထူးဆန်း တော့ပါဘူး။ ”

လင်းယွန်ထံမှ နဂါးပြာ အရိုး၏ အငွေ့အသက်ကြောင့် ဓားသမားများ အားလုံး သွေးဆူလာကြသည်။

တွေ့ဆုံမှုပေါင်း တစ်ရာ ပြည့်ပြီးနောက် ငွေရောင် ဝံပုလွေကြီးမှာ ကြမ်းပြင်ပေါ် လဲကျ သွားလေသည်။

“ ဝူး ... ။ ”

သို့သော် လူးလှိမ့် အော်ဟစ်လျက် လရောင်အောက်တွင် ချက်ချင်း ပြန်၍ ထရပ် လာခဲ့၏။

“ လရောင်အောက်မှာ ... ပြိုင်ဘက်ကင်းတဲ့လား မင်းကို ဘယ်သူက ဒီလိုမျိုး ပြောဖို့ သတ္တိပေးခဲ့လဲ ... ဟမ့် ။ ”

“ ဂျိန်း ... ။ ”

မိုးကြိုးမုန်တိုင်းများ တဂျိန်းဂျိန်း မြည်ဟည်းလျက် လင်းယွန်၏ ဆံပင်များ တဖျပ်ဖျပ် ခတ်သွားသည်။

“ နဂါး ဒေါသ ... ။ ”

ထို့နောက် မိုးကြိုးမုန်တိုင်းက လမင်းကို ဝါးမြိုတော့သည်။ အဆိုပါ မြင်ကွင်းက လူတိုင်း အတွက် မျက်လုံးပြူးသွားစေ၏။

ငွေလမင်း ပျောက်ကွယ် သွားချိန်၌ ထုံပါ့ဟုန်၏ ငွေရောင်အလင်းများ ချက်ချင်း မှိန်ဖျော့လာသည်။

ဆန့်ကျင်ဘက်တွင် ငွေလမင်းကို ဝါးမျိုပြီးနောက် လင်းယွန်၏ ရောင်ဝါမှာ ပို၍ မြင့်တက်လာ၏။

“ ဟမ့် ... အခု ငါရှေ့မှာ ဘယ်သူ ပြိုင်ဘက်ကင်းလို့ ပြောဝံ့လဲ ... ။ ”

ကြွေးကြော်သံပြုလျက် ညာလက်ကို တွန်းထုတ်လိုက်ကာ မိုးကြိုးမုန်တိုင်းက လေထဲ လှည့်ပတ်သွားသည်။

“ ဂျိန်း ... ။ ”

ထိုစွမ်အားက ထုံပါ့ဟုန်ပေါ် ထိမှန်ပြီး အသွေးအသားများ အားလုံး တိုက်စားပစ်တော့ ၏။ ချက်ချင်း သွေးများဖြင့် ဖုံးလွှမ်းလာသည်။

အဆုံးတွင် ဝံပုလွေပုံစံ အရိုးစုကြီးသာ ကျန်ရစ်ခဲ့၏။ ဤသည်မှာ ကြောက်မက်ဖွယ် ကောင်းသော မြင်ကွင်းမျိုး ဖြစ်ပြီး လူတိုင်း အသက်မဲ့ သွားတော့သည်။

***

All Chapters