← Chapters

စကားပြောလို့ ရတယ် ... ဒါပေမယ့် အရှုံးပေးဖို့ မစဉ်းစားနဲ့။

Vol. 170 Ch. 2376

စကားပြောလို့ ရတယ် ... ဒါပေမယ့် အရှုံးပေးဖို့ မစဉ်းစားနဲ့။

Vol. 170 Ch. 2376

စင်မြင့်ပေါ်၌ ထုံပါ့ဟုန်၏ အရိုးစုသည် သွေးများ တသွင်သွင် စီးကျနေပြီး လဲကျသွား တော့သည်။ ထိုမြင်ကွင်းက ပတ်ဝန်းကျင်ကို တိတ်ကျသွားစေ၏။

“ သေပြီလား ... ။ ”

“ သူတော်စင်တွေက ... ဘယ်လိုလုပ် လွယ်လွယ်သေနိုင်မှာလဲ ဒါပေမယ့် သေတာနဲ့ မခြားတော့ပါဘူး။ ”

စောစောက မောက်မာစွာ ပြုမူခဲ့သော စကားများ အားလုံးသည် ထုံပါ့ဟုန်အတွက် ဟာသ ဖြစ်ချေပြီ။

“ ဘာလို့ တိတ်နေကြတာလဲ ... အရင်က မင်းတို့အသံ အရမ်းကျယ်တာပဲ ကြာပန်းပလ္လင် မရခင် ... ငါ့ကို သတ်မယ်လို့ ပြောနေတာ မဟုတ်လား။ ”

လင်းယွန်က ပြုံးပြီး မေးလိုက်သည်။ ကျန်းဇီဟွာနှင့် ကောင်းကင် စာအုပ်က မျက်နှာ ပျက်ယွင်းလာ၏။

မုချင်းရွယ်က ရုန်းကန်နေရသော ထုံပါ့ဟုန်အရိုးစုထံ လှမ်းကြည့်ပြီး၊

“ လင်းယွန် ... မင်း နည်းနည်း ရက်စက်လွန်းတယ် မဟုတ်လား ... ငါတို့က ခွဲတမ်းအတွက်ပဲ ပြိုင်နေတာ ဆိုတော့ ဒီလောက်အထိ လုပ်ဖို့ လိုလား။ ”

-ဟု မေးမြန်းလိုက်သည်။

“ ဒါက မလုံလောက်သေးဘူး ... ဒါပေမယ့် စိတ်မပူပါနဲ့ ... သူ ပြန်ကောင်းလာ ပြီးရင် သူ့ကို သေအောင် ထပ်လုပ်ပေးမယ်။ ”

“ မင်း ... ။ ”

မုချင်းရွယ်က စကားထစ်သွားသည်။

“ ကြာတယ် ... စကားမများနဲ့ မင်းတို့ တစ်ယောက်ချင်း လာမလား အတူတူ လာကြ မလား။ ”

ထိုမေးခွန်းကြောင့် မုချင်းရွယ်က မည်သို့ ပြန်ဖြေရမှန်း မသိခဲ့ချေ။ သူ့အစား ချင်းယွင်က၊

“ မင်းမှာ ... ဒီလို ခွန်အားတွေ ပိုင်ဆိုင်ထားရဲ့နဲ့ ... ဘာလို့ ငရဲတောအုပ်မှာ ငါတို့အပေါ် လှည့်ကွက်တွေ သုံးခဲ့တာလဲ။ ”

-ဟု ဝင်မေးလိုက်သည်။

“ ဟား ဟား ဟား ... ငါက လှည့်ကွက် ကစားတယ်တဲ့လား မင်းတော်တော် အရှက်မဲ့ တာပဲ ... ကောင်းပြီ လူကြီးလူကောင်းလို ဟန်ဆောင် မနေနဲ့ ... လာခဲ့ကြ။ ”

ချင်းယွင်က မျက်ခုံးပင့်မိသည်။ သူသည် တာအိုဂိုဏ်းမှ ဆင်းသက်လာပြီး ဂိုဏ်းအတွင်း၌ ရာထူးကြီးမားသူ ဖြစ်၏။

တာအိုဂိုဏ်းတွင် ဘိုးဘေးအဆင့် နတ်ဘုရားတစ်ပါး ရှိသည်၊ ထို့ကြောင့် မည်သူမျှ သူ့အပေါ် ဤသို့ မရိုမသေ ဆက်ဆံဝံ့ခြင်း မရှိချေ။

“ မင်းက မာနကြီးတယ် ... ထုံပါ့ဟုန်ကို အနိုင်ယူလိုက်ရုံနဲ့ ... ပြိုင်ဘက်ကင်းပြီ ထင်နေ တာလား ကောင်းပြီ ငါမင်းနဲ့ တိုက်ပါရစေ။ ”

မုချင်းရွယ်က ဘေးမှ နေပြီး သည်းမခံနိုင်တော့ချေ။

“ မင်းတစ်ယောက်တည်းလား။ ”

လင်းယွန်က မျက်ခုံးပင့်ကာ မေးလိုက်သည်။ ထို့ကြောင့်တုန့်ဆိုင်းသွားပြီး သူ့ဘေးကို လှည့်၍ ကြည့်၏။

“ စန်းကျွယ် ... မင်း ငါနဲ့ လိုက်ခဲ့ ... သူကတောင်းဆိုမှတော့ ငါတို့ ကစားရအောင်။ ”

စန်းကျွယ်က မျက်မှောင်ကြုတ်သွား တော့သည်။ သူ့မာနကြောင့် လင်းယွန်အပေါ် အုပ်စု မဖွဲ့လိုချေ။ အနိုင်ရခဲ့လျှင်ပင် ဂုဏ်သိက္ခာ မရှိဟု မြင်၏။

“ သူ့လိုလူ အတွက် ... မင်း ဒါတွေကို စဉ်းစားနေစရာ မလိုပါဘူး။ ”

ကျန်းဇီဟွာက ကြားမှနေ၍ ဝင်ပြောလိုက်သည်။

“ ကောင်းပြီ ... ။ ”

စန်းကျွယ်က ခေါင်းညိတ်ပြီး ထုံပါ့ဟုန်ထံ လှမ်းကြည့်၏။ ထို့နောက် လင်းယွန်ထံ ပြန်၍ မော့ကြည့်ကာ၊

“ မင်းကို ငါတို့ဝိုင်းတိုက်တာ မတရားဘူး၊ ဒါကြောင့် မင်း ... ဆယ်ကြိမ်ခုခံနိုင်ရင် အနိုင်လို့ သတ်မှတ်နိုင်တယ်။ ”

-ဟု ကြေငြာ လိုက်သည်။

“ အနိုင်-အရှုံးလား ... အသက်နဲ့ သေခြင်းလား။ ”

လင်းယွန် ပြန်မေး၏။ ဘဝနဲ့ သေခြင်းဟု ဖြေချင်သော်လည်း ထုံပါ့ဟုန် အခြေအနေကို သတိရပြီးနောက် စန်းကျွယ်က တုံ့ဆိုင်းသွား မိသည်။

“ အနိုင်နဲ့ အရှုံး ... ။ ”

သူ့အစား မုချင်းရွယ်က ပြန်ဖြေ၏။

“ ကောင်းပြီ ... ငါတို့က အနိုင်အရှုံး ပြိုင်ကြမှာမို့ ... မင်းတို့ရဲ့ လက်တွေကိုပဲ ငါယူ လိုက်တော့မယ်။ ”

လင်းယွန်က ပြတ်သားစွာ ကြေငြာ လိုက်သည်။ ဤလူများသည် ကျန်းဇီဟွာနှင့် ကောင်းကင် စာအုပ် မဟုတ်ချေ။

ထို့ကြောင့် သင်ခန်းစာပေးခြင်းဖြင့် သူ ကျေနပ်နိုင်၏။

“ မောက်မာ လိုက်တာ ... ။ ”

စန်းကျွယ်က အနက်ရောင် ဓားတစ်လက် ဆွဲထုတ်ကာ မှတ်ချက်ပေး၏။ မုချင်းရွယ်လည်း ဒေါသဖြင့် သူ့ကဲ့သို့ ဓားတစ်လက်ကို ဆွဲထုတ် လိုက်သည်။

သူတို့ နှစ်ဦးစလုံးသည် အဋ္ဌမအဆင့် သူတော်စင် သခင်များ ဖြစ်ကြပြီး ခရမ်းရောင် နန်းတော်၌ ကြယ်များ ဖွဲ့စည်းထား၏။

“ ဆယ်ကြိမ် အတွင်း ရလာဒ် ထွက်ပေါ် လိမ့်မယ်။ ”

နှစ်ယောက်သား မတွန့်ဆုတ်တော့ဘဲ နက္ခတ်များ လွှတ်လိုက်ကြသည်။ သူတို့နှစ်ဦးက ဆက်ဆံရေး ကောင်းမွန်သောကြောင့် တိုက်ပွဲများ အတူ လက်တွဲဖူး၏။

ထို့ကြောင့် ပွဲစသည်နှင့် အလေးအနက် ထားလိုက်ကြသည်။ မုချင်းရွယ် နောက်တွင် ကြယ်မြစ်တစ်စင်း ထွက်ပေါ်လာ၏။

“ ကောင်းကင်မြစ် ဓား။ ”

ဤဓားရေးကို တစ်စုံတစ်ယောက်က အသိအမှတ်ပြုခဲ့သည်။ ၎င်းမှာ ကျော်ကြားသော သာလွန်အဆင့် နဂါးဝိညာဉ် ကိုယ်ခံပညာ ဖြစ်သည်။

စန်းကျွယ် နောက်တွင်လည်း မြစ်တစ်စင်း ပေါ်လာ၏။ သို့သော် ၎င်းမြစ်သည် ငရဲဘုံ (၁၈) ပါးနှင့် ဆက်စပ်နေသည်။ ထို့ကြောင့် တစ္ဆေ အော်မြည်သံများ ညံနေ၏။

“ ဒါက ငရဲမြစ် ဆေဘာဓား။ ”

“ ကောင်းကင်မြစ်နဲ့ ... ငရဲမြစ်လား ... ဒီနည်းပညာ နှစ်ရပ်ကို ပေါင်းစည်းလိုက်မယ် ဆိုရင် ... နတ်ဘုရား နည်းစနစ်ကို ရင်ဆိုင် နိုင်မယ်လို့ ကောလဟာလတွေ ရှိတယ်။ ”

တိုက်ပွဲသည် ပို၍ စိတ်လှုပ်ရှား စရာ ကောင်းလာချေပြီ။ စောင့်ကြည့်ခြင်းဖြင့် တစ်စုံ တစ်ရာ သင်ယူနိုင်၏။ လူတိုင်းအတွက် အခွင့်အရေးကြီး ပေပင်။

လင်းယွန်က နဂါး လက်သည်းကိုသာ သုံးရန် ပြင်ဆင်ထားသည်။

“ မင်း ဘယ်လောက် မောက်မာနိုင်မလဲ ကြည့်ရအောင်။ ”

ထိုကြောင့် ကျန်းဇီဟွာက ရပ်ကြည့်နေရာမှ ပြုံးလေသည်။

“ ဟား ဟား ဟား ... ဒီလူယုတ်မာမှာ တခြား အစွမ်းအစတွေ ရှိသေးရဲ့လားလို့ ... ငါ တွေးနေမိပါတယ်။ ”

ချင်းယွင်က ရယ်မောလိုက်သည်။ ထိုအချိန်တွင် လင်းယွန်သည် ပြုံးပြီး လက်ကို ဆန့်ထုတ်လိုက်ရာ ရင်ဘတ်ထဲမှ ဓားတစ်လက် လက်မဝက်ခန့် ဦးစွာထွက်လာ၏။

ဤအရာက ဓားရောင်ခြည် လက်မဝက် မျှသာ ဖြစ်သော်လည်း မုချင်းရွယ်နှင့် စန်းကျွယ် တို့၏ ဓားရောင်ဝါကို နောက်ထပ် ခြေတစ်လှမ်း မလှမ်းဝံ့အောင် တားထားနိုင်ခဲ့သည်။

“ ရွှပ် ... ။ ”

အဆုံးတွင် ပန်းသင်္ချိုင်းဓား ထွက်လာပြီး လေထဲပျံဝဲ လာ၏။ လင်းယွန်က ၎င်းကို ဖမ်းရန် စိတ်ကူး မရှိချေ။

“ မင်းတို့နှစ်ယောက် ... ဓားနဲ့ ဆေဘာဓားကို မပေါင်းစပ်နိုင်ရင် ကံကောင်းမှာ မဟုတ်ဘူး။ ”

လင်းယွန် စကားကြောင့် မုချင်းရွယ်က စန်းကျွယ်ထံ လှည့်ကြည့်လိုက်သည်။ ထို့နောက် နှစ်ဦးသား ချက်ချင်း ပြေးဝင်တော့၏။

ကောင်းကင်မြစ်နှင့် ငရဲမြစ် ရောယှက် သွားကာ ကြောက်မက်ဖွယ် ဖြစ်စဉ်များ ပေါ်လာ တော့သည်။

“ ဝှစ် ... ။ ”

လင်းယွန်က ရှောင်တိမ်းလိုက်၏။ သူ့နောက်၌ ရွှေကြာပန်း တစ်ပွင့် ပွင့်နေပြီး လျင်မြန်စွာ ရွေ့လျားနေခဲ့သည်။

“ အခု ငါ့အလှည့် ရောက်ပြီ ... ။ ”

လင်းယွန်စကားကြောင့် ဆယ်ကြိမ် ပြည့်သွားသည်ကို သိလိုက်၏။ တစ်ဖက်လူ၏ အဝတ်စကိုပင် သူတို့ မထိနိုင်ခဲ့ချေ။ ရှက်စရာ ကောင်းချေပြီ။

“ မြန်မြန် ... ။ ”

လင်းယွန်က လေထဲမျောနေသော ပန်းသင်္ချိုင်းကို ဆွဲကိုင်လိုက်ရာ ရှက်ရွံ့ချိန် မရ တော့ဘဲ မဆိုင်းမတွ ပြန်ဆုတ်လိုက်မိ၏။

“ ပြေးလို့ လွတ်မယ် ထင်လား။ ”

လင်းယွန်က ပြုံးသည်။ မိုးပြာနဂါးဓား ဒိုမိန်းကို ဖြန့်ကျက်လျက် ရွှေကြာပန်း နှစ်ပွင့် အထိ ပွင့်စေလိုက်၏။ ဤသည်မှာ ကြယ်ဓားနှစ်လက် ဖြစ်ချေပြီ။

“ ရွှပ် ... ။ ”

သူသည်ပင် ဤဓားနှစ်လက် မည်မျှ အစွမ်းထက်မည်ကို တွက်ဆ မရခဲ့ချေ။ ဓားက ကောင်းကင်မြစ်နှင့် ငရဲမြစ်ပေါ် ကျလာ၏။

“ ဘောင်း ... ဘောင်း ... ။ ”

မြစ်နှစ်စင်း ပေါက်ကွဲကုန်ကာ မယုံကြည် နိုင်လောက်အောင် သွေးများ အန်လျက် လွင့်စဉ် သွားတော့သည်။

ယင်းမှာ အဆုံး မဟုတ်သေးချေ။ အချိန်နှင့် အာကာသကို ဖြတ်သန်းနေ သကဲ့သို့ လင်းယွန် နောက်၌ မြစ်တစ်စင်း ပေါ်လာ၏။

“ ဟား ဟား ဟား ... ။ ”

အော်ဟစ် ရယ်မောလျက် ပိုးစုန်းကြူး နတ်ဓားကို စွမ်းအားအပြည့် ထုတ်လွှတ်လိုက် တော့သည်။ ဓားဒိုမိန်း အတွင်း ဓားအလင်းများ စုရုံးလျက် အပြင်သို့ ပြေးထွက်လာသည်။

“ အဲဒီ ဓားပဲ ... ။ ”

ဤဓားကို အသုံးပြုကာ သွေးဘုရင်ကို အပိုင်းအပိုင်း ဖြတ်တောက်ခဲ့သည့် မြင်ကွင်းမျိုး ပြန်သတိရ လာကြ၏။

“ ဘုန်း ... ။ ”

ထို့နောက် ဓားရောင်ခြည် ထိမှန်ကာ စန်းကျွယ်နှင့် မုချင်းရွယ်တို့ ကြမ်းပြင်ပေါ် ပြုန်ကျ သွားလေသည်။

သွေးများ ဖုံးလွှမ်းလျက် သူတို့ ခန္ဓာကိုယ်တစ်ခုလုံး ပြတ်ရှရာများဖြင့် ပြည့်နှက် နေခဲ့၏။

“ ဒါ ... ဘာဓားရေးလဲ။ ”

မုချင်းရွယ်က လူးလဲထကာ ပြန်မေးသည်။ သူ့တွင် ထင်ကြေးအချို့ ရှိသော်လည်း မဖြစ်နိုင် ဟု ငြင်းဆန်ထားသည်။

“ ပိုးစုန်းကြူး အလင်းရောင်က ... နေနဲ့လကို မယှဉ်နိုင်ဘူးလို့ ဘယ်သူပြောလဲ ... ။ ”

“ ဒါဆို ... ဒါက တကယ်ပဲ ပိုးစုန်းကြူး နတ်ဓားပေါ့ အရင်တုန်းက ဒီဓားကို ငါကြည့်ဘူး ပါတယ် ငါ့ဂိုဏ်းက လူတိုင်း ... ခွန်လွန်ရဲ့ အားနည်းတဲ့ ဓားပညာလို့ ပြောကြတယ်။ ”

မုချင်းရွယ်က ကူကယ်ရာမဲ့စွာ ပြုံးလျက် ဝန်ခံလိုက်တော့၏။ တစ်ဖက်တွင် စန်းကျွယ်မှ

“ ငါ ... ။ ”

-ဟု စကား စပြောလာသည်။

သို့သော် သူ့စကား မဆုံးနိုင်မီ ဓားရောင်ခြည်နှစ်စင်း ပျံသန်းလာပြီး လက်များ ဖြတ်တောက်သွားတော့၏။

“ အား ... ။ ”

“ စကားပြောလို့ ရတယ် ... ဒါပေမယ့် မင်းအရှုံးပေးဖို့ မစဉ်းစားနဲ့ ... မင်းလက်တွေကို ဖြတ်မယ်လို့ ငါပြောထားတယ် မဟုတ်လား ... ဒါဆို ဘာလို့ ငါ့စကားကို မယုံရတာလဲ။ ”

လင်းယွန်က ပြုံးပြီး ပြောကြားလိုက်သည်။ ဤမြင်ကွင်းကြောင့် မုချင်းရွယ်မှ တုန်လှုပ်သွား တော့၏။

“ မင်းရော အရှုံးပေးချင်လား။ ”

လင်းယွန်က ဖော်ရွေသော ပြုံးမျိုးဖြင့် သူ့ထံပြန်ကြည့်ကာ မေးမြန်း လာတော့သည်။

***

All Chapters