တာအို အများကြီး မလိုပါဘူး။
Vol. 170 Ch. 2377
လင်းယွန်၏ အကြည့်အောက်တွင် မုချင်းရွယ်၏ ပါးပြင်များ တုန်ခါသွားပြီးနောက် တွန့်ဆုတ် လာ၏။
ပတ်ဝန်းကျင် တစ်ခုလုံး ချက်ချင်း တိတ်ဆိတ်သွားကာ အဆုံးတွင် လင်းယွန်သည် သူပြောသော စကားအပေါ် အလေးအနက် ထားမှန်း သိလိုက်ရသည်။
အဖြတ်ခံထားရသော လက်နှစ်ဖက်ကို ငုံ့ကြည့်ပြီး စန်းကျွယ် မျက်နှာ ဖြူဖျော့သွား ခဲ့၏။
သူတို့၏ အစွမ်းထက်သော အသက် စွမ်းအားကြောင့် လက်နှင့် ခြေထောက်များကို ဖြတ်တောက်ခြင်းသည် မသေနိုင်ချေ။
ဒဏ်ရာမှ ပြန်ကောင်းလာရန် လဝက်ခန့်သာ အချိန်ယူရပေမည်။ သို့သော် ဓားရည်ရွယ်ချက်မှ တားဆီးနေသဖြင့် စီနီယာ တစ်ယောက်ထံက အကူအညီ မရရှိသော် လအနည်းငယ် ကြာနိုင်၏။
“ ငါ အရှုံးမပေးဘူး … ။ ”
မုချင်းရွယ်က ပြောသည်။ အခုအချိန်၌ ကြာပလ္လင်များကို ရယူရန် ဆန္ဒ မရှိတော့ချေ။ ချက်ချင်း ထွက်သွားလိုသည်။
“ မင်းဘာတွေ တွေးနေလဲ ငါသိတယ်၊ ဒါပေမယ့် လက်လျှော့လိုက်ပါ ... မင်းလုပ်ချင်တဲ့ အရာက မဖြစ်နိုင်ဘူး ... ငါမင်းကို ကိုယ်တိုင် လုပ်ခွင့်ပြုမယ် ...
... မဟုတ်လို့ ငါလုပ်ရရင် ... မင်း ပြန်ကောင်းလာဖို့ အနည်းဆုံး (၆)လလောက် ကြာလိမ့်မယ်။ ”
“ မင်းက တကယ် ရက်စက်တဲ့ ကောင်ပဲ။ ”
မုချင်းရွယ်က အံကြိတ်က သူ့လက်များကို တိခနဲ ဖြတ်ချပစ်လိုက်၏။ ထို့နောက် မုန်းတီး လွန်းသော လေသံဖြင့်၊
“ အခု ကျေနပ်ပြီလား။ ”
-ဟု ပြန်မေးလိုက်သည်။
“ မင်း ... ယုံပုံ မပေါ်သေးဘူး ... ။ ”
လင်းယွန်က ပြုံးပြီး ခေါင်းယမ်းလိုက် လေသည်။ မုချင်းရွယ်က နောက်ထပ် စကား မပြောဝံ့တော့ဘဲ စန်းကျွယ်ကို ခေါ်ကာ ချက်ချင်း ထွက်ခွာသွား၏။
ချင်းယွင်၊ ကျန်းဇီဟွာနှင့် ကောင်းကင် စာအုပ်သာ ကျန်တော့၏။ ထုံပါ့ဟုန်အတွက်မူ နာကျင်စွာ ညည်းတွားလျက် အသားများ ပြန်လည် ဖြည့်တင်းနေဆဲ ဖြစ်သည်။
စင်မြင့်ပေါ်က တိတ်ဆိတ်မှုသည် ကြောက်စရာ ကောင်းပြီး ပရိသတ်များပင် အသံ တိတ်နေ၏။ တစ်ဖက်သတ် တိုက်ပွဲ ဖြစ်မည်ဟု ထင်ခဲ့ကြသော်လည်း တစ်ယောက်ပြီး တစ်ယောက် ရိုက်နှက်ခံခဲ့ရသည်။
“ သူတို့ သုံးယောက်က ပိုသန်မာတယ် ... ငါတို့ ကူညီကြမလား။ ”
ရှန်းထျန်းနန်က မေးသည်။
“ အခြေအနေကို အရင် ကြည့်ရအောင် ... လင်းယွန်က ငါတို့ကို အကူအညီ တောင်းဖို့ ဆန္ဒ မရှိဘူး ... ဒါကြောင့် ဒီလူတွေကို သူတမင် ချန်ထားတာ နေမယ်။ ”
လင်းကျန်းရှန့်က မှတ်ချက်ပေး၏။
“ မှန်တယ် ဒီလူတွေက စောစောက တရားမျှတတယ်လို့ ပြောကြပြီး ဒါ လင်းယွန်ရဲ့ ဆန္ဒအတိုင်း ဖြစ်နေလိမ့်မယ်လို့ ... သူတို့ တွေးမိမှာ မဟုတ်ဘူး။ ”
ထိုအချိန်တွင် ကျန်းဇီဟွာနှင့် ကောင်းကင်စာအုပ်က အကြည့်ချင်းဖလှယ်ပြီး၊
“ အစ်ကိုချင်း ... ဒီလိုလူမျိုးနဲ့ ဖြောင့်မတ်ခြင်းအကြောင်း ပြောစရာ မလိုဘူး ... ငါတို့ အတူတူ သွားရအောင်။ ”
-ဟု ညှိနှိုင်းလိုက်သည်။
လင်းယွန်ကို သူတို့(၆)ယောက် လက်တွဲပြီး မတိုက်ခိုက်ခဲ့သည့် အပေါ် နောင်တရ နေမိ၏။
“ မလိုပါဘူး ... တာအိုဂိုဏ်းက ကောင်းကင်တံခါးနဲ့ တူညီတဲ့ အုတ်မြစ်မျိုး ရှိတယ် ... ခွန်လွန်က လူရိုင်းတစ်ယောက်ကို ရင်ဆိုင်ဖို့ လက်တွဲမှာ မဟုတ်ဘူး။ ”
ချင်းယွင်က ခေါင်းခါ ပြလိုက်သည်။ သူ့စကားကြောင့် ရုတ်ရုတ်သဲသဲ ဖြစ်ကုန်၏။ လင်းယွန်က မျက်ခုံးပင့်ကာ ပြုံးပြီး၊
“ မဆိုးပါဘူး ... မင်းအပေါ် ငါ့ရဲ့ အထင်အမြင်ကို ပြောင်းလဲရတော့မယ် ထင်တယ်။ ”
-ဟု ခေါင်းညိတ်ပြလိုက်သည်။
“ ငါက မင်းရဲ့ အထင်အမြင်ကို ဂရုစိုက်မယ်များထင်လား ... ဟမ့် ။ ”
ချင်းယွင်က ရွှေကြာပန်း ခုနစ်ပွင့်နှင့် တန်ခိုးကြီးသော ရောင်ဝါကို ထုတ်ပြလျက် နှာခေါင်းရှုံ့လိုက်သည်။
ရွှေကြာပန်းသည် အုပ်စိုးရှင် တာအိုကို ကိုယ်စားပြု၏။ ဆိုလိုသည်မှာ ချင်းယွင်တွင် အုပ်စိုးရှင်တာအို (၇)ပါး ပိုင်ဆိုင်ချေပြီ။
ရွှေကြာပန်းများ ပေါ်လာသောအခါ အားလုံး၏ မျက်နှာများ ပြောင်းလဲသွားသည်။ တာအို ဂိုဏ်းသည် အားကောင်းမှန်း သူသိသော်လည်း ဤမျှအထိ အင်အားကြီးမား လိမ့်မည်ဟု မမျှော်လင့်ထားချေ။
ချင်းယွင်က စိတ်လှုပ်ရှားစွာဖြင့် မျက်လုံး မှေးစင်းသွားသည်။ ရှေ့သို့ ခြေတစ်လှမ်းတိုးကာ သူ့ဝန်းကျင်၌ ကြယ်များ ဆင့်ခေါ်လိုက်၏။
အဋ္ဌမအဆင့် သူတော်စင်သခင် ဖြစ်လာပြီးနောက် ရှေးဟောင်း ရောင်ဝါသည် ခရမ်းရောင် နန်းတော်၌ ကြယ်များ အဖြစ်သို့ ပေါင်းစပ်ကာ သူတော်စင်စွမ်းအင်ကို အားကောင်းစေမည်။
နောက်ထပ် ခြေတစ်လှမ်း လှမ်းလိုက်စဉ် ကြယ်တစ်ပွင့် ထပ်ပေါ်လာ၏။ ခြေ ခုနစ်လှမ်း လှမ်းပြီးနောက် ကြယ်ခုနစ်ပွင့် ဖြစ်လာသည်။
ထို့နောက် လင်းယွန် ဦးတည်ရာသို့ ရောင်ဝါကို ထုတ်လွှတ်ကာ၊
“ ဟမ့် ... မင်းရဲ့ ... အထင်အမြင်ကို ပြောင်းလဲဖို့ ... ငါ့အတွက် လိုအပ်တယ်များ မင်း ထင်နေသလား။ “”
-ဟု ထပ်မံ မေးမြန်းလိုက်၏။
သူ့ရောင်ဝါကြောင့် လင်းယွန်၏ ဓားဒိုမိန်တွင် အက်ကြောင်းများ ထင်လာသည်။ အုပ်စိုးရှင် တာအို ခုနစ်ပါးနှင့် ကြယ်ခုနစ်ပွင့်က သူ့ကို ပြိုင်ဘက်ကင်း စေ၏။
“ အခု ငါ သူတို့နဲ့ လက်တွဲဖို့ ... ဘာကြောင့်ငြင်းခဲ့တာလဲ သိပြီလား ... ငါမင်းကို လျှော့တွက်လို့ မဟုတ်ဘူး... ငါ့ခွန်အားက လုံလောက်နေလို့ပဲ။ ”
အက်ကွဲနေသော ဓားဒိုမိန်းကို ကြည့်ကာ ချင်းယွင်က ပြောကြားလိုက်သည်။ လင်းယွန်က လျစ်လျူရှုသော အပြုံးဖြင့်၊
“ တာအိုတွေကို ... အများကြီးကို ဆုပ်ကိုင်နိုင်ဖို့ မလိုပါဘူး မင်းသာ တာအိုတစ်ပါး တည်းကို အာရုံစိုက်ထားမယ်ဆိုရင် ကြောက်မိ လိမ့်မယ်၊ အခုတော့ ... ။ ”
လင်းယွန်က စကားရပ်ကာ ပြုံးသည်။ အမှန်အတိုင်း ဝန်ခံရပါမူ အုပ်စိုးရှင် တာအို (၇)ကြောင့် ထိတ်လန့် သွားသေး၏။
သို့သော် ၎င်းတို့ကို ကြည့်ပြီးနောက် ပြီးပြည့်စုံစွာ ပေါင်းစပ်ထားနိုင်ခြင်း မရှိခဲ့ဘဲ အားနည်းချက်များ ရှိမှန်း သတိထားမိ လာတော့သည်။
“ ငါပြောတာ မယုံဘူးလား ... ဒါဆို မင်းလာစမ်းကြည့်လို့ရတယ်။ ”
လင်းယွန်က ပန်းသင်္ချိုင်းကို ကိုင်လိုက်ပြီး သူ့ဓားဒိုမိန်းအပေါ် ဖြည်းဖြည်းခြင်း ပြန်လည် တည်ဆောက်ယူလျက်မှ စိန်ခေါ်လိုက်၏။
“ မင်းက တကယ် မောက်မာတဲ့ လူပဲ ... သင်ခန်းစာတစ်ခု သင်ပေးမှ ရတော့မယ့် ပုံရှိတယ်။ ”
ချင်းယွင်က ဒေါသဖြင့် ရွှေကြာပန်းများကို စုစည်းလိုက်သည်။
“ မရဏ တာအို ... ။ ”
ထို့နောက် တစ်ခုတည်းသော အုပ်စိုးရှင်တာအိုကို စတင်၏။ မျက်လုံးများ အနက်ရောင် ပြောင်းသွားပြီး လက်ဖဝါး နည်းစနစ်ကို လုပ်ဆောင်ခဲ့သည်။
သူသည် အုပ်စိုးရှင် တာအို ခုနစ်ပါးနှင့် သက်ဆိုင်သော အဆင့်မြင့် နဂါးဝိညာဉ်ပညာ ရပ် များကို လေ့ကျင့်ထား၏။
ထို့ကြောင့် ငရဲ လက်ဖဝါး နည်းစနစ်ကို အသုံးပြုသော အခါ မရဏတာအိုဖြင့် အားဖြည့် ထားချေပြီ။ ပတ်ဝန်းကျင်မှ အာမေဋိတ်သံ များစွာ ထွက်ပေါ်လာ၏။
ကျန်အုပ်စိုးရှင် တာအိုများကလည်း လင်းယွန်၏ ဓားရောင်ဝါနှင့် ဒိုမိန်းကို ဖြိုချရန် ဆက်လက် လုပ်ဆောင်နေခဲ့သည်။
နှလုံးသား ခုနစ်ပိုင်း ခွဲထားခြင်း ပေပင်။
“ ဟား ဟား ဟား ... အခုတော့ သူ ပြီးသွားပြီ။ ”
ကျန်းဇီဟွာ၏ မျက်လုံးများ တောက်ပလာသည်။ ထိုအချိန်တွင် လင်းယွန်က ချင်းယွင်ကို ရင်ဆိုင်ရန် ပိုးစုန်းကြူ နတ်ဓား အသုံးပြုလိုက်၏။
ပိုးစုန်းကြူး နတ်ဓားသည် အပိုင်း သုံးပိုင်းရှိပြီး ၎င်းတို့အားလုံးကို လင်းယွန်က ကျွမ်းကျင်ထားသည်။
ထို့ကြောင့် နည်းစနစ်ရှိ ကန့်သတ်ချက်များ မရှိတော့ဘဲ အနှစ်သာရကို ထုတ်ဖော်နိုင်ပေ၏။ ငရဲ လက်ဖဝါး မည်မျှ လေးနက်စေကာမူ အသုံးမဝင်တော့ချေ။
ချင်းယွင်အတွက် အားသာချက် ပျောက်ဆုံးသွားသည်။
“ မရဏ တာအို ကွဲသွားပြီ။ ”
ရှန့်ကွမ်ကြွယ်နှင့် ကျောက်ကျန်းလီက မျက်နှာများ ပြောင်းလဲသွား၏။ ကောင်းကင် ဓားခန်းမ၏ တပည့်များသည်လည်း တုန်လှုပ်ကုန်သည်။
မရဏ တာအိုသည် ဤသို့ လွယ်လွယ် ကွဲတတ်သည်လော။ ၎င်းသည် တာအို (၃၀၀၀) တွင် အုပ်စိုးရှင် မဟုတ်လော။
“ အသူရာ တာအို ... ။ ”
ချင်းယွန်က မျက်နှာ ပြောင်းသွားပြီး အခြားသော အုပ်စိုးရှင် တာအို တစ်ပါးကို ထုတ်ဖော်လိုက်၏။
၎င်းသည် သတ်ဖြတ်ခြင်း တာအိုကို အဆင့်မြှင့်တင်ထားသော အသူရာ တာအို ဖြစ်လေသည်။
လက်ထဲ၌ ကြက်သွေးရောင် လှံတစ်စင်း ပေါ်လာပြီး ငရဲဘုံ၏ ဧကရာဇ် တစ်ပါး ကဲ့သို့ ထင်မှား လာစေ၏။
“ ထန် ... ထန် ... ။ ”
ဓားနှင့် လှံတိုက်မိသော အခါ လေဟာနယ် တုန်ခါလာသည်။ သို့သော် လှုပ်ရှားမှု ဆယ်ကြိမ် အပြီး၌ လှံ ပြုတ်ကျသွား၏။
“ ဝါးမြိုခြင်း တာအို။ ”
ချင်းယွင်က လက်မလျော့ချေ။ ကောင်းကင်ပေါ် ခုန်တက်ကာ ရွှေရောင် အဆင်းများ ထုတ်လွှတ်လာသည်။
ကောင်းကင် သူတော်စင် တောင်ပေါ်ရှိ သူတော်စင် ရောင်ဝါတစ်ဝက်ခန့် ဝါးမျိုပစ်၏။ ဤသည်မှာ ထိတ်လန့်ဖွယ် မြင်ကွင်း ပေပင်။
“ မကောင်းတော့ဘူး ... ။ ”
ကျိကျစ်ရှီ မျက်နှာ ပြောင်းသွားသည်။
“ ဝါးမြိုခြင်း တာအိုက ... သူတော်စင် တောင်တန်းမှာ အားသာချက် ရှိတယ် ဒီတောင် အောက်မှာ သဘာဝအတိုင်း ကြောက်မက်ဖွယ် သူတော်စင် သွေးပြန်ကြော ရှိတယ် ...
... ဒါကြောင့် ချင်းယွန်အတွက် စွမ်းအင်အထောက်အပံ့က ပြတ်လပ်တော့မယ် မထင်ဘူး ... လင်းယွန်ကို ဒဏ်ရာပေးဖို့ အချိန် တစ်ခုပဲ လိုတယ်။ ”
သူတော်စင် ရောင်ဝါ များစွာကို ဝါးမြိုလိုက်ရာ ချင်းယွင် အရေပြားမှ သွေးများ ထွက်လာခဲ့သည်။
ဤအခြေအနေကို ကြာရှည်စွာ သူ မခံနိုင်ချေ။ သူတို့ကြား ရန်ပွဲသည် ဤမျှ အထိ ဖြစ်လာလိမ့်မည်ဟု မထင်ထားသည်မှာ သဘာဝပေပင်။
ပတ်ဝန်းကျင်ရှိ လူအုပ်ပင် တုန်လှုပ် သွားသည်။ ဤအရာကို ယခင်က မမြင်ဘူးကြ သဖြင့် အံ့သြသွားခြင်း ဖြစ်၏။
“ ဒါက သူတော်စင် သခင် တစ်ပါးပဲလား။ ”
တစ်စုံတစ်ယောက်က မယုံကြည်နိုင်စွာ မေးသည်။
“ ဒီလှုပ်ရှားမှုမျိုး မင်းတစ်ယောက်တည်းပဲ သိတယ်လို့ ထင်လား။ ”
လင်းယွန်က တော်ဝင် ဓားကျမ်းကို ဖြန့်ကျက်လိုက်သော အခါတွင် သူတော်စင်ဓား ခုနစ်လက် ပေါ်လာပြီး တောင်ခုနစ်လုံး ထင်ရှားသွားသည်။
ဓားခုနစ်လက်လုံး လည်ပတ်လာသော အခါ၌ ကောင်းကင်ဘုံ သူတော်စင် တောင်ပေါ်ရှိ လက်ကျန် သူတော်စင် ရောင်ဝါများ ဝါးမျို ခံလိုက်ရတော့သည်။
များမကြာခင် ဓားရိပ်ပေါင်း သောင်းနှင့်ချီပွားလာကာ ချောက်ချားဖွယ်ရာ အစီရင် ဖြစ်လာ၏။
“ သေ လိုက် တော့ ... ။ ”
ချင်းယွင် ဆက်လက် ကြီးထွားခွင့် မပြုချေ။ စုပ်ယူထားသော သူတော်စင် အငွေ့အသက်များ အားလုံးကို လက်ဖဝါးအဖြစ် ပေါင်းစပ်ပြီး လင်းယွန်ထံ လှမ်းရိုက်၏။
“ ဝှစ် ... ။ ”
ကြီးမားသော လက်ဖဝါးတစ်ဖက် လင်းယွန်ထံ ပျံသန်းလာကာ ဆံပင်များ တဖျပ်ဖျပ် လွင့်မျောသွားစေသည်။
“ လရှိသရွေ့ ... ဓားဂိုဏ်း ဘယ်တော့မှ မရွေ့။ ”
လင်းယွန်နောက်ရှိ ဓားရိပ်များ အရှိန်အဟုန်ဖြင့် လည်ပတ်လာပြီး ဧရာမ ချင်းယွင်၏ လက်ဖဝါးကြီးပေါ် ဓားရောင်ခြည် တစ်စင်း ပစ်ထုတ်လိုက်သည်။
“ ရွှပ် ... ။ ”
“ အား ... ။ ”
ချင်းယွင် တစ်ယောက် နာကျင်စွာ အော်ဟစ်လျက် နောက်ပြန်ဆုတ်သွားတော့၏။
“ ကောင်းလိုက်တာ တာအိုဂိုဏ်းရဲ့ ကောင်းကင်ဘုံ ဖျက်ဆီးခြင်း လက်ဖဝါးတောင် လှီးဖြတ် ခံလိုက်ရတယ်။ ”
တော်ဝင် ကောင်းကင် သခင်ခမျာ ဦးရေပြားများ ထုံကျင်သွားသည်။ ထိုအချိန်တွင် လင်းယွန်က လေထဲ ပျံဝဲလိုက်ပြီး၊
“ ချင်းယွင် ... တကယ်တော့ အခုလို တာအိုတွေ အများကြီး နားလည်ဖို့ မလိုပါဘူး။ ”
-ဟု ပြောကြားလိုက်သည်။
“ မင်း ... ငါ့ကို ဘာလုပ်ရမယ် ဆိုတာ သင်ပေးနေတာလား ... ဟမ့် ။ ”
ချင်းယွင်က ဒေါသတကြီး အော်ဟစ် လိုက်သည်။ ကျန်ရှိနေသော အုပ်စိုးရှင် တာအို များသုံးရန် စိတ်ကူးကို လွှတ်ချလိုက်၏။
ဆန့်ကျင်ဘက် စွမ်းအင် နှစ်ခု ရုတ်တရက် ထွက်ပေါ်လာ၏။ ဤသည်မှာ ယင်ယန်တာအို ဖြစ်သည်။ ကမ္ဘာကြီးက အလင်းနှင့် အမှောင် တစ်လှည့်စီ ပြောင်းကုန်တော့၏။
“ ထာဝရ တာအို ... ။ ”
“ ဒါ ... တာအိုဂိုဏ်းရဲ့ ယင်ယန် တာအို ... ။ ”
ချင်းယန်သည် ထာဝရ တာအိုကို အပြည့်အ၀ မဆုပ်ကိုင်ရ သေးသော်လည်း အသုံးပြုရန် စိတ်ပိုင်းဖြတ် လိုက်ပုံရ၏။
“ ဟမ့် တိုက်ဆိုင်လိုက်တာ ငါလည်း ယင်ယန် တာအိုကို နည်းနည်း သိပါတယ်။ ”
ထို့ကြောင့် လင်းယွန်က ပြုံးပြီး ပန်းသင်္ချိုင်းကို လွှတ်ပေးကာ နတ်ဆေးအိုးမှ ရရှိထားသော မီးတောက် ယင်ယန် ပန်းချီကို အသက်သွင်း လိုက်တော့သည်။
***