← Chapters

ခွဲတမ်း ငါးခု။

Vol. 170 Ch. 2379

ခွဲတမ်း ငါးခု။

Vol. 170 Ch. 2379

ဖဲကြိုး ကိုးထောင် ပျံတက်လာသော အခါတွင် ကောင်းကင်တစ်ခုလုံး ရွှေရောင်များ တောက်ပလာသည်။

“ ဘရူး ... ။ ”

ထိုအချိန်တွင် ကောင်းကင် စာအုပ်ကို ကိုယ်စားပြုသော ရွှေရောင် အလင်းစက်လုံးက လေထဲ အသက်ဝိညာဉ်ကို အာရုံခံ မရတော့ သဖြင့် တုန်ခါလာ၏။

၎င်းက ကြောက်မက်ဖွယ် ဖိအားမျိုး ပေးစွမ်းကာ မိုးကုပ်စက်ဝိုင်းထံ ဦးတည်လျက် ပျံသန်း ပျောက်ကွယ်သွားတော့သည်။

“ တောင်းပန်ပါတယ် ... နတ်ဘုရားက မင်းကို အမြဲတမ်း ကာကွယ်နိုင်မှာ မဟုတ်ဘူး ဆိုတာ ... ငါသတိ မပေးလိုက်မိဘူး။ ”

လင်းယွန်က တိုးတိုးလေး ညည်းညူ လိုက်သည်။

“ ဒါ ... နတ်တံဆိပ်ပဲ။ ”

“ ကောင်းကင် စာအုပ် ဝိညာဉ် တကယ်သေပြီ။ ”

“ ဒုက္ခတော့ အကြီးကြီး ရောက်ပြီ။ ”

လူအုပ်ကြီးက ကြောက်လန့်တကြား အော်ဟစ်လိုက်ကြသည်။ ကောင်းကင်စာအုပ် ဟူသည် နတ်တပည့် ဖြစ်၏။

သို့သော် ရက်စက်လွန်းသော လင်းယွန်လက်၌ တံဆိပ်ပင် ပွင့်ချိန်မရဘဲ အသက် ခံလိုက်ရသည်။

“ မင် ... မင်းဘယ်လိုသတ္တိရှိလဲ ... ။ ”

ကျန်းဇီဟွာက လက်ဖျားများ တုန်ယင်လာပြီး ထိတ်လန့်စွာ လင်းယွန်ထံ ကြည့်မိ၏။

ရှန်းကွမ်ကြွယ်နှင့် ကျောက်ကျန်းလီမှာ အသံမထွက်ဝံ့တော့ချေ။ နတ်တံဆိပ် မတွေ့ခင် မျှော်လင့်ချက် အနည်းငယ် ရှိသော်လည်း ယခု လွင့်ပါးသွားပြီ ဖြစ်သည်။

ကောင်းကင် စာအုပ် အတွက် အရိပ် နတ်ဘုရားနန်းတော်သည် အရင်းအမြစ်များစွာ အသုံးပြုပြီး လေ့ကျင့်ပေးခဲ့ရ၏။

“ ပန်းသင်္ချိုင်း ... မင်း အရူးပဲ။ ”

တစ်ခုခု ပြောချင်သော်လည်း စကားလုံး ရှာမတွေ့သဖြင့် ရှန်းကွမ်ကြွယ်က စိတ်ထဲရှိရာ ကောက်ပြော လိုက်မိသည်။

“ မင်းတို့ပဲ စည်းမျဉ်းတွေက တရား မျှတတယ်လို့ ပြောတယ် မဟုတ်လား ... ဒါဆို ဘာကိစ္စလဲ ငါ့ကို အရူးလို့ မြင်နေရတာလဲ၊ ငါ့ကို ဘယ်သူ သတ်ချင်သေးလဲ။ ”

လင်းယွန်က လှောင်ပြုံးဖြင့် ပြန်လည် ပြောကြားလိုက်သည်။ ကျန်းဇီဟွာ တစ်ယောက် အသံ မထွက်ရဲတော့ချေ။ မျက်နှာ နီရဲလျက် ငြိမ်သက်နေ၏။

“ အား ... ။ ”

ထိုစဉ် ချင်းယွင်ထံမှ ရုတ်တရက် အော်သံထွက်လာပြီး သူတော်စင်မူလ ပေါက်ကွဲ သွားသည်။

“ ဝှစ် ... ။ ”

ထို့နောက် နတ်တံဆိပ်တစ်ခုက မိုးကုတ်စက်ဝိုင်းကို ဖြတ်ကျော် ပျံသန်းသွား၏။ ယင်းက လူအုပ်ကို မင်တတ်သွားစေသည်။

ချင်းယွင်သည် ရင်ဘတ်၌ အပေါက် တစ်ပေါက်သာ ရှိပြီး သူတော်စင် သခင် တစ်ပါး အနေဖြင့် သေစရာ အကြောင်း မရှိချေ။

ဦးခေါင်းပြတ်လျှင်ပင် ပြန်ဆက်နိုင်၏။ ရင်ဘတ်ပေါ်ရှိ အပေါက်ဟူသည် ပြင်းထန်သော ဒဏ်ရာ အဖြစ်သာ ယူဆနိုင်သည်။

ထို့ကြောင့် လူတိုင်း ချင်းယွင် သေဆုံးပုံကို နားမလည်နိုင်ချေ။ တော်ဝင် ကောင်းကင် သခင် သာလျှင် မြင်နိုင်၏။

လက်သီးတွင် ဓားရည်ရွယ်ချက် ထည့်သွင်းထား သဖြင့် ခန္ဓာကိုယ် အတွင်း လှိုက်စား နိုင်သည်။

အဆိုးဆုံးမှာ ယင်-ယန် တာအို ဖြစ်သည်။ ၎င်းသည် သွေးသားစွမ်းအင်ကို တဖြည်းဖြည်း တိုက်စားနိုင်၏။

အဆုံးတွင် နတ်တံဆိပ်ပင် လုပ်နိုင်စွမ်း မရှိဘဲ ရပ်ကြည့်နေခဲ့ရသည်။ ယင်းကြောင့် လင်းယွန်သည် နတ်တံဆိပ်ကို ယခင်က ကိုင်တွယ်ဖူးကြောင်း မြင်သာ၏။

သက်ပြင်းချလျက် ကျိကျစ်ရှီကို လှည့်ကြည့်ကာ၊

“ သူက အမြဲတမ်း ဒီလိုပုံစံပဲလား ... အရိပ်နတ်ဘုရား နန်းတော်နဲ့ တာအိုဂိုဏ်းမှာ ဘိုးဘေးအဆင့် နတ်ဘုရား ရှိတယ် သူတို့ရဲ့ တပည့်ကြီးတွေကို ဘယ်သူမှ မထိဝံ့ဘူး။ ”

-ဟု မေးမြန်းလိုက်သည်။

“ အဖိုး ... ဒါက အစ်ကိုကြီးလင်း ပုံစံနဲ့ ဘာဆိုင်လို့လဲ။ ”

“ ဟမ့် ... မဆိုင်ဘူးလား ... ဒါက မင်းသူ့ကိုချစ်တဲ့ မျက်စိနဲ့ ကြည့်နေတာကိုး။ ”

“ အဲဒီလို မဟုတ်ပါဘူး ... တကယ်တော့ အစ်ကိုကြီးလင်းက သူ့တို့ကို အခွင့်အရေး ပေးခဲ့ ပါတယ်၊ ငရဲတောအုပ်မှာ အစ်ကိုကြီး လင်းကို သူတို့ဝိုင်းပြီး လုပ်ကြံကြတုန်းက ...

... အစ်ကိုကြီးလင်းမှာသာ လုံလောက်တဲ့ ကြံ့ခိုင်မှု မရှိရင် သေတာကြာပြီ၊ အခု အဲဒီကနေ ထွက်လာပြီးတဲ့နောက် ကြာပလ္လင် ယူဖို့ထက် အစ်ကိုကြီးလင်းကို သတ်ဖို့ပဲ သူတို့ ကြိုးစားကြတယ် ...

... ဒါဆို တိုက်ပွဲမှာ ... အခုလို မတော်တဆ သေဆုံးမှုတွေအတွက် အစ်ကိုကြီးလင်း အပေါ် ဘယ်လိုလုပ် အပြစ်တင်နိုင်မှာလဲ။ ”

ကျိကျစ်ရှိ စကားကြောင့် တော်ဝင် ကောင်းကင်သခင်က မျက်ခုံးပင့်လိုက်မိသည်။ ဤသည်မှာ မတော်တဆ သေခြင်း ပင်လော။

“ အဲဒါကြောင့်မို့ အစ်ကိုကြီးလင်း ပုံစံနဲ့ ဘာမှမဆိုင်ပါဘူး၊ သူက ဓားသမားတစ်ယောက် ဆိုတော့ ဝင်သက်-ထွက်သက် တိုင်းမှာ သူ့အသက်ကို ပေးထားရတယ်။ ”

“ ဒီလို ငယ်ငယ်ရွယ်ရွယ်နဲ့ ... မင်း နားလည်နိုင်တာ အံ့သြမိပါတယ် ဒါကအရမ်း ရိုးရှင်းပေမယ့် နားလည်ဖို့ ခက်တယ်။ ”

တော်ဝင် ကောင်းကင် သခင်က သဘောကျစွာ ပြုံးလိုက်တော့၏။ ကျိကျစ်ရှီက ချင်းယွင် အလောင်းကို ကြည့်ပြီး၊

“ ဒါက အမြင့်ဆုံးမှာ ရပ်ခွင့်ရနေလို့ပါ၊ အမြင့်ဆုံးမှာ ရပ်နေတဲ့ လူကို ... ဘယ်သူတွေက မော့ကြည့်ရဲမှာလဲ ... အဲဒီလူက အနိုင်ကျင့်လာ ရင်တောင် သည်းခံရမယ် မဟုတ်လား ...

... လက်တုံ့ပြန်ဖို့ ကြံဆမိရင် ... ကြံဆသူတွေရဲ့ အမှားပဲ ... အနိုင်ကျင့် မခံရ တာနဲ့တင် ကျေးဇူးတင်ရမယ်။ ”

“ မှန်တယ် ... ဒါသဘာဝပဲ။ ”

ထိုအချိန်တွင် ထုံပါ့ဟုန်က အသားများ ပြန်လည်ဖြည့်တင်းလျက် မတ်တပ်ထရပ်လာ တော့သည်။

“ ဝှစ် ... ။ ”

သည့်နောက် ကောင်းကင် လမင်း ဝံပုလွေပုံစံဖြင့်ပင် ချက်ချင်း ထွက်ပြေးတော့၏။ လင်းယွန်က ပြုံးပြီး လက်ဖဝါးဖြင့် လှမ်းရိုက် လေသည်။

သူ့နောက်ရှိ ဖဲကြိုးများက ထုံပါ့ဟုန်ထံ ပြေးဝင်သွား၏။ ဖဲကြိုးများ ရှောင်လိုက်ရသဖြင့် ထုံပါ့ဟုန်ခမျာ စင်အောက် ပြုတ်ကျသွား တော့သည်။

ဤတစ်ကြိမ်၌ အသက်စွမ်းအင်ကို လောင်ကျွမ်းထားသောကြောင့် အရွယ်အစား သေးငယ်သွားပြီ ဖြစ်သည်။

တုန်တုန် ယင်ယင်ဖြင့် မြည်ကြွေး ထရပ်လိုက်သောအခါ ခွေးတစ်ကောင် အရွယ် မျှသာ ကျန်ရှိတော့၏။

သင်ခန်းစာ ဆက်ပေးလိုသော်လည်း ထုံပါ့ဟုန်တစ်ယောက် စင်အောက် ရောက်နေပြီ ဖြစ်သဖြင့် လင်းယွန်က လက်လျော့ လိုက်ရသည်။

“ အု ဝု ... ။ ”

ထုံပါ့ဟုန်က နာကျင်မှုကြောင့် ပြန်မော့ကြည့်ကာ ဒေါသတကြီး အော်ငေါက် လိုက်သည်။ ထိုအသံက လူအုပ်ကို မျက်လုံးပြူး သွားစေ၏။

“ ဟား ဟား ဟား ... တကယ်ပဲ ခွေး ဖြစ်သွားတာလား။ ”

“ သနားစရာ ကောင်းလိုက်တာ ... ကောင်းကင် လမင်း ဝံပုလွေက ခွေးဖြစ်အောင် အရိုက်ခံလိုက်ရတယ် ဟား ဟား ဟား ... ။ ”

ထုံပါ့ဟုန် တစ်ယောက် မျက်ရည်များ စီးကျလျက် လူတိုင်းကို တိတ်တိတ်နေရန် ဆဲဆို လိုက်သည်။

“ ဝု ... ဝူး ... ။ ”

“ ဟား ... ဟား ... ဟား ... ။ ”

“ ဝု ... ။ ”

“ ဒီခွေးက ဒေါသထွက်နေပြီ ... မင်းတို့ ဆက်ပြီး မရယ်ကြနဲ့တော့ ဟား ဟား ဟား ... ။ ”

လူတိုင်း၏ ရယ်သံများ ပို၍ ကျယ်လောင် လာတော့သည်။ ယနေ့မှ စကာ သူ့ဂုဏ်သတင်း ပြီးဆုံးသွားချေပြီ။ အရှက်တရားကြောင့် နောက်ပြန် လှည့်မကြည့်တော့ချေ။

“ ငါ ပေးမယ် ... ။ ”

ကျန်းဇီဟွာက အသိစိတ် ပြန်ဝင်လာပြီး ချက်ချင်း ခေါင်းငုံ့ရန် ကြိုးစားသည်။ သို့သော် ဖဲကြိုးများက ခွင့်မပြုချေ။

“ ဝှစ် ... ။ ”

မိုးပြာနဂါး ဖဲကြိုးနှင့် နတ်ဖီးနစ် ဖဲကြိုးများက သူ့ဆီသို့ ပျံသန်းလျက် ကြိုးကဲ့သို့ တုပ်နှောင်လိုက်သည်။

“ မင်းကလွဲရင် ဘယ်သူ့ကို မဆို ခွင့်လွှတ်နိုင်တယ်။ ”

လင်းယွန် စကားကြောင့် ကောင်းကင် ဓားခန်းမနှင့် အရိပ် နတ်ဘုရား နန်းတော်၏ တပည့်ငယ်များ မျက်နှာများ ပြောင်းကုန်ကာ ချက်ချင်း နောက်ဆုတ် သွားကြသည်။

“ ငါ ... ငါတောင်းပန်ပါတယ် ခွင့်လွှတ်ပါ ... ငါ့ရဲ့ကျင့်ကြံမှုကို စွန့်နိုင်ပါတယ် ... ငါမင်းအပေါ် လက်စား မချေပါဘူး ... ကတိပေးပါတယ်။ ”

ကျန်းဇီဟွာက ရုန်းကန်လျက်မှ တောင်းပန်လိုက်သည်။ သို့သော် လင်းယွန်က ဖဲကြိုးများကို တင်းကြပ်စေခြင်းဖြင့် တုန့်ပြန် လိုက်၏။

“ အား ... ။ ”

ဖဲကြိုးများ ခန္ဓာကိုယ်ထဲ နစ်မြုပ်လျက် အရိုးများ ဖြည်းညှင်းစွာ ကျိုးကြေနေသံများကို ကြားလာရသည်။

ဤသည်မှာ နတ်တံဆိပ် ပွင့်လာခြင်း မရှိစေရန် ဖြေရှင်းချက်ဖြစ်သည်။ နတ်တံဆိပ် များသည် တစ်စုံတစ်ဦးကို ချက်ချင်း သို့မဟုတ် ဖြည်းညှင်းစွာ ညှဉ်းပန်း နှိပ်စက်ခြင်းမှ မကာကွယ်ပေးနိုင်ချေ။

၎င်းသည် နတ်ဘုရား တစ်ပါးက ချန်ထားရစ်ခဲ့သော စိတ်စွမ်းအင် တစ်ခုမျှသာ ပေပင်။

“ ခရစ် ... ။ ”

လုပ်ငန်းစဉ်သည် ကြာရှည်လွန်းပြီး ရပ်ကြည့်နေသော လူအုပ်ကို အသက်အောင့် ထားမိစေ၏။

“ အား ... ။ ”

အဆုံးတွင် ခန္ဓာကိုယ် ပုံကျလျက် နတ်တံဆိပ်က ကောင်းကင်ပေါ် ပျံတက်လာ လေသည်။

“ ကြာပလ္လင်ပေါ် တက်ကြ ... ။ ”

လင်းယွန်က လင်းကျန်းရှန့်၊ အောင်းကြွယ်နှင့် ရှန်းထျန်းနန်ကို လှည့်ကြည့် ပြောကြားလိုက်သည်။

နဂါးသတ် အဆင့်မှ ဉာဏ်ကြီးရှင် ခြောက်ပါးအနက် တစ်ပါးကို ခွေးအဖြစ်သို့ ပြောင်းလဲပြီး နှစ်ပါးအပေါ် လက်ဖြတ် ပစ်လိုက်သည်။

သုံးပါးကို သတ်၏။ ဤရလဒ်သည် တော်ဝင်ကောင်းကင် သခင်သည်ပင် မျှော်လင့် ထားသည့် အရာမျိုး မဟုတ်ချေ။

“ ကောင်းလိုက်တာ ... ခွဲတမ်း ဆယ်ခုကို လင်းယွန်ရဲ့ အဖွဲ့က ငါးခုရတယ်။ ”

“ ကောင်းကင်ဘုံ ပျက်စီးခြင်း ဧည်ခံပွဲ ကျရင် ဘယ်လောက်တောင် ထိတ်လန့်ကုန်ကြ မလဲ။ ”

“ ပန်းသင်္ချိုင်း ... ဒီနာမည်က တကယ့်ကို မိုက်တယ် ဘုံသုံးထောင်မှာ ဘယ်သူမှ ဒီဘွဲ့မျိုး ပေးလို့မရဘူး။ ”

“ ဒါပေမယ့် တာအိုဂိုဏ်းနဲ့ ... အရိပ် နတ်ဘုရား နန်းတော်က သူ့ကို လွှတ်ထားမှာ မဟုတ်ဘူး။ ”

မြင့်မြတ်မြေ နှစ်ပါး၏ တပည့်များက လင်းယွန်တို့ကို ဒေါသဖြင့် ကြည့်နေကြသည်။ သို့သော် အသံ မထွက်ဝံ့ချေ။

***

All Chapters