← Chapters

အပိုင်း (၄၉၅) – ဘေဂုံမျိုးနွယ်မှ ပြဿနာများ (၁)

Vol. 005 Ch. 495

အပိုင်း (၄၉၅) – ဘေဂုံမျိုးနွယ်မှ ပြဿနာများ (၁)

Vol. 005 Ch. 495

သူတို့သုံးယောက်သည် ထွက်ပေါက်သို့ လျင်မြန်စွာရောက်လာကာ ရှီမာယူယူသည် ဖြတ်လတ်စွာဖြင့် ထိုနေရာမှ ထွက်လိုက်သည်။ ထို့နောက်တွင် သူမသည် ဟိန်းသံလေးနှင့် ကိုယ်ချင်းခွာလိုက်ပြီး ဟိန်းသံလေး သည် ထွက်ပေါက်ဆီသို့ ပြေးကာ အတားအဆီးနေရာတွင် လက်တင်လိုက်လေသည်။ ထို့နောက်တွင် အတား အဆီးသည် ဖြည်းညင်းစွာဖြင့် အပြာရောင် စက်ဝန်းလုံးအဖြစ်ပြောင်းသွားလေသည်။

“အဒေါ် အခုလာလို့ရပြီ”

ထိုနေရာရှိ အတားအဆီးအကြောင်းကို ရင်လန်သိသည်။ အစပိုင်းတွင် သူတို့ အတားအဆီးကို ဘယ်လို ဖြတ်လာခဲ့သည်ကို သူမ သိချင်မိသည်။ ဟိန်းသံလေးသည် လွယ်ကူစွာဖြတ်နိုင်လိမ့်မည်ဟု သူမ ထင်မထား မိပေ။

သူတို့သည် မြေအောက်တွင် တစ်ချိန်လုံးနေခဲ့ရသဖြင့် ရှီမာယူယူသည် သူတို့အား မထွက်မှီတွင် မျက်လုံးများကို ပိတ်ပေးရန် လုပ်ခဲ့သည်။ သူမသည် အဝတ်စနှစ်ခုထုတ်ကာ သူတို့မျက်လုံးများကို ကွယ်ထား  ပေးခဲ့သည်။

“ဘေဂုံကအခု ပင်မဝင်ပေါက်မှာရှိတယ် အခုပဲသွားရအောင်” ရှီမာယူယူ ပြောလိုက်သည်။

သူတို့မျက်လုံးများ ကာထားသော်လည်း ရင်လန်၏ သိမြင်နိုင်စွမ်းမှာ အားနည်းသွား ခြင်းမရှိပေ။ သူမ သည် ရှီမာယူယူနောက်လိုက်ကာ အနှောင့်အယှက်မဖြစ်ပဲ ဘေဂုံဟောင်အား ဦးဆောင်သွားလေသည်။

သူတိုပသည် ခြံအပြင်ရောက်သောအခါ ဝူလင်းယူနှင့် သိမ်းငှက်ဘုရင်တို့ စောင့်နေသည်ကို တွေ့လိုက် ရသည်။ ဘေဂုံမျိုးနွယ်ဝင်များသည် မြေပြင်တွင်လဲနေကြသည်။

ရှီမာယူယူပြုံးလိုက်သည် “ကျေးဇူးပဲ”

“သွားရအောင် အပြင်မှာ ကိစ္စကြီးရှိတယ်” ဝူလင်းယူပြောလိုက်သည်။

ဘေဂုံမျိုးနွယ်၏ ပင်မဝင်ပေါက်တွင် လွန်ခဲ့သည့် နာရီဝက်ကပင် ရုန့်ရင်းဆန်ခတ် ဖြစ်နေခဲ့ သည်။ ကြည့်ရှု  နေသောလူများသည် မြင်သမျှကို အတင်းအဖျင်းများပြောကြရာ ဘေဂုံမျိုးနွယ်၏ ဂုဏ်သိက္ခာများကျဆင်းရ လေသည်။

ဘေဂုံထန်သည် ရှီမာယူယူ၏ ညွှန်ကြားချက်အတိုင်း အားလုံးကို ပြင်ဆင်ပြီးသား ဖြစ်သည်။ သူမတို့အဖွဲ့ သည် အဖွဲ့လိုက်ရောက်လာကာ ဘေဂုံမျိုးနွယ်၏ ပင်မအဝင်ပေါက်တ တွင် စောင့်နေကြ လေသည်။

ဘေဂုံထန်သည် ပင်မတံခါးပေါက်တွင် ရပ်ကာ ဘေဂုံ ဆိုသည့်စာလုံးနှစ်လုံးကိုကြည့် ရင်းနှင့် သူမစိတ်ထဲ တွင် အတွေးများဝင်လာသည်။

သူမသည် ထိုတံခါးအား လက်ချိုးရေတွက်ရလောက်အောင်ပင် ဖြတ်ခဲ့ဖူးသည်။ သူမ သုံးနှစ်သမီး အရွယ်က ထိုအချိန်က ဘေဂုံအောင်၏ ဇနီးအဖြစ်သတ်မှတ်ခံထားရသော သူမ၏ မိခင်သည် သူမအား အပြင် သို့ နှစ်ခါလိုက်ပို့ဖူးသည်။ ဂူယွန်အာဝင်လာသည့်အချိန်မှ စပြီး သူမသည် ထိုတံခါးအား ဘယ်တော့မှ ဖြတ်ခွင့် မရှိ  တော့ပေ။ သူမ ထွက်ပြေးသည့်အခါတွင်ပင် အနောက် တံခါးကိုအသုံးပြုခဲ့ရသည်။

မိသားစု ဆိုသည့်စာလုံးသည် ကြင်နာတတ်သည့် သဘောရှိသော်လည်း ဒီနေရာတွင် တော့ ကြင်နာမှု ကင်းမဲ့နေခဲ့သည်။

ပင်မတံခါးတွင် စောင့်နေသောအစောင့်သည် လူတစ်စုအားမြင်သောအခါ အေးစက်စွာ မေးလေ သည် “မင်းတို့က ဘယ်သူတွေလဲ”

ဘေဂုံထန်သည် အတွေးများပြန်ရုတ်သိမ်းကာ အစောင့်အားပြောလိုက်သည် “ငါ ဘေဂုံအောင်ကို  တွေ့ဖို့လာတာ”

“မင်းကဘယ်သူလဲ ငါတို့သခင်ကြီးအောင်က မင်းလွယ်လွယ်နဲ့ပြောတိုင်းတွေ့ လို့ရမယ်ထင် လား” ထိုအစောင့်သည် မတရားသဖြင့် ပြောလေသည်။

“ဒီမေးခွန်းငါ့ကို မင်းမေးစရာမလိုဘူး၊ ငါ ၁၀မိနစ်အတွင်းအဖြေပြန်မရရင် မင်းတို့ရဲ့ ဒီကျောက် ခြင်္သေ့ နှစ်ကောင် အစိပ်စိပ်အမြွာမြွာဖြစ်သွားမယ်” ဘေဂုံထန်သည် ပင်မတံခါးဝ တွင်ထားရှိထားသော ကျောက် ခြင်္သေံ့ နှစ်ကောင်အား ကြည့်လိုက်လေသည်။

“အထက်စီးဆန်လိုက်တာ မင်းက ဘေဂုံမျိုးနွယ်ရဲ့ ဝင်ပေါက်မှာလာပြီး ပြဿနာရှာရဲ သေးတယ်၊ ကိုယ့် လူတွေ သူတို့ကို ဖမ်းလိုက်ကြ” အစောင့်တစ်ယောက်သည် အော်လေသည်။

ထိုအစောင့်များသည် အံ့ဖွယ်ဘုရင်လက်သစ်အဆင့်လောက်သာရှိသည်။ သူတို့သည် ၂မိနစ်အတွင်း တွင် မှောက်သွားကြလေသည်။

အပြင်တွင် ရုန့်ရင်းဆန်ခတ်အသံများကြားသောအခါ လူများသည် ပင်မတံခါးသို့ ထွက်လာ ကြရာ ဘေဂုံထန်ှနင့် တခြားသူများကို တွေ့ရလေသည်။

“ဘာတွေဖြစ်နေတာလဲ” သတ်လတ်ပိုင်းအရွယ်ရှိသော အမျိုးသားတစ်ယောက်သည် ပင်မတံခါးဝသို့ ထွက်လာသည်။ အစောင့်များအရိုက်ခံရကာ မြေတွင်လဲနေသည်ကို တွေ့သောအခါ မျက်မှောင်ကြုတ်ပြီး တစ်ဖက်လူကို ပြစ်တင်ပြောဆိုလေသည်။ သို့သော် သူသည် ဘေဂုံထန်အား တွေ့သောအခါ မှင်တက်သွားလေ သည်။ “သခင်မလေးထန်လား”

ထိုထွက်လာသောသူမှာ ဘေဂုံမျိုးနွယ်၏ အိမ်တော်ထိန်းဖြစ်သည်။ သူသည် ဘေဂုံထန် အား မှတ်မိသည်။ သူမသည် သူမ၁၉နှစ်အရွယ်က ထွက်ပြေးသွားရာ သူမပုံစံသည် လုံးဝပြောင်းလဲ သွားခြင်းမရှိခဲ့ပေ။ သူမ ပုံစံသည် ရင့်ကျက်သွားသော်လည်း ထွက်ပြေးခဲ့ သည့်နှစ်က ပုံစံမှ ပြောင်းလဲခြင်းမရှိပေ။

“အိမ်တော်ထိန်းဝမ် ဦးလေးရောက်လာတာကောင်းတယ် ဘေဂုံအောင်ကို စကားပါးဖို့ ဦးကိုပဲ ဒုက္ခ  ပေးရတော့မှာပဲ၊ ဘေဂုံထန်ပြန်လာပြီး သမီးအမေနဲ့ မောင်လေးကို လာခေါ်တာလို့ ပြောပေးပါ” ဘေဂုံထန်  ပြောလိုက်သည်။

“သခင်မလေးထန်လား” ပွဲအားကြည့်ရန်လာကြသောသူများသည် အစပိုင်းတွင် သူမသည် ပြဿနာရှာ ရန်လာသည်ဟု ထင်ထားကြလေသည်။ သို့သော် ထိုအတိုင်းမဟုတ် သည့်ပုံပင်။

အိမ်တော်ထိန်းဝမ်သည် သူ့ဘေးမှလူများကို အမိန့်ပေးရာ ထိုလူသည် သတင်းသွားပို့ လေသည်။ သူ သည် ဘေဂုံထန်အား အရိုအသေပေးကာ ပြောလေသည် “သခင်မလေး ထန်ပြန်ရောက်မယ်လို့ ထင်မထားဘူး  အခုအိမ်ပြန်ရောက်မှတော့ ဘာလို့အပြင်မှာ နေနေတာလဲ၊ ဒီအစေခံနောက်လိုက်သွားပြီး အထွဲဝင်သွားလိုက်ပါ သမီးရဲ့ အဖေနဲ့ တခြားသူတွေက သမီးကို ဒီနှစ်တွေမှာ လွမ်းနေကြတာ”

ဘေဂုံထန်သည် အေးစက်စွာပြုံးပြီး ပြောလိုက်သည် “အားလုံးက လွမ်းနေကြမှာပေါ့ ဟုတ်ပါတယ်၊ ကျွန်မကို လွမ်းတာက ဘယ်လောက်ကြောက်ဖို့ကောင်းလဲ ဦးလေးပဲသိမှာပါ ကျွန်မအဲနှစ်က ထွက်ပြေးသွားပြီး  တော့ ဒီတံခါးကိုပြန်ဝင်ရမယ်လို့ ဘယ်တော့မှ ထင်မထားခဲ့ဘူး”

“သခင်မလေးထန် အရိုးတွေကျိုးသွားခဲ့ရင်တောင် သွေးသားတော်နေသေးတယ်လေ ဘယ်လိုပဲဖြစ်ဖြစ် သမီးက ဘေဂုံမျိုးနွယ်ရဲ့ သခင်မလေးပါပဲ အဲတုန်းက သမီးက မကောင်းတာ တွေအများကြီးလုပ်ခဲ့ပေမယ့် မျိုးနွယ်က သမီးကို အပြစ်မတင်ပါဘူး ပြန်လာဖို့တောင် မျှော်လင့်နေကြသေးတယ် အခုတော့ ဒီလိုပြဿနာလာ ရှာနေတယ် သမီးက မျိုးနွယ်အတွက် ရောစဉ်းစားပေးရဲ့လား” အိမ်တော်ထိန်းဝမ်က ပြောလိုက်သည်။

“ဟားဟား” ဘေဂုံထန်သည် အိမ်တော်ထိန်းဝမ်အား ကြည့်လိုက်သည် “အိမ်တော်ထိန်းဝမ် ဦးလေးက တကယ်ပဲ စကားကိုလှအောင်ပြောတတ်တာပဲ ဦးက အနက်ကို အဖြူဖြစ်အောင် ပြောနိုင်တယ် အဲနှစ်ကလိုမျိုး စကားကို လှည့်ပတ်ပြောတတ်တဲ့ အရည်အချင်း ကတော့ ပျောက်မသွားဘူးပဲ၊ ဦးလေးနဲ့ လေအကုန်မခံနိုင်တော့ ဘူး ဒီနေ့ကျွန်မလာတာက အမေနဲ့ မောင်လေးကိုလာခေါ်တာပဲ”

“သခင်မလေးထန် အဲဒါမဖြစ်နိုင်တော့ပါဘူး သမီးအမေနဲ့ မောင်လေးက ပြီးခဲ့တဲ့နှစ်တွေက ဆုံးသွား ခဲ့ပါပြီ” အိမ်တော်ထိန်းဝမ်သည် စိတ်မကောင်းစွာ ပြောလေသည် “သူတို့မသေခင်ကို သမီးတစ်နေ့ပြန်လာရင် သမီးကို ဂရုစိုက်ပါမယ်လို့ သခင်ကြီးအောင်က ပြောလိုက်သေးတယ်၊ သမီးဒီနေ့ပြန်လာတာကို ဘာလို့ မျိုးနွယ် ထဲ မဝင်တော့တာလဲ”

ဘေဂုံထန်သည် သူမအမေနှင့် မောင်လေးတို့ အသက်ရှင်နေသေးသည်ကို ကြိုသိမထားခဲ့ပါက သူ၏ ဝမ်းနည်းသောအမူအရာအားကြည့်ပြီး သူ့အားယုံမိမည်ဖြစ်သည်။ ကြည့်ရှုသူများသည် ထိုစကားများအပေါ်တွင် ယုံကြည်သွားကြသည်။

“သခင်လေးထန် သူမက ဘေဂုံအောင်နဲ့ ရင်မျိုးနွယ်က သခင်မလေးတို့ လက်ထပ်ပြီးတော့ မွေးလာတဲ့  ဘေဂုံထန်ဆိုတဲ့ သမီးမလား သူမက အပြစ်လုပ်ပြီးတော့ အပြစ်မခံချင်တာနဲ့ ထွက်ပြေးသွားတယ်လို့ ပြောခဲ့ကြ တယ်မလား သူမဘာလို့ဒီနေ့ ပြန်လာရတာလဲ”

“မကြားလိုက်ဘူးလား သူမ အမေနဲ့မောင်လေးနဲ့ကို ပြန်တောင်းနေတယ်၊ ဟူး သူတို့သေသွားတာတော့ နှမြောစရာကောင်းတယ် အခုပြန်လာလည်း အသုံးမဝင်တော့ဘူး”

“သူမ စောစောကပြန်လာခဲ့ရင် တွေ့လို့ရနိုင်သေးလောက်တယ်”

ဘေဂုံထန်သည် ဘေဂုံမျိုးနွယ်ဝင်ပေါက်နှင့် ၁၀မီတာအဝေးတွင် ရပ်နေခဲ့သည်။ အိမ်တော်ထိန်း မည်သို့ ပင်ပြောစေကာမူ သူမသည် လှုပ်ရှားခြင်းမပြုပေ။ သူမ ဝင်ရန်ငြင်းဆန်နေခြင်းသည် အိမ်တော်ထိန်း၏ ဒေါသကို ဆွပေးသကဲ့သို့ ဖြစ်နေသည်။

ဒီလောက်နှစ်အများကြီးကြာမှ ဘေဂုံထန်ပြန်လာလိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။ သူမသည် မိသားစု အားဖိအားပင် ပေးနေလေသည်။ အစပိုင်းတွင် သူသည် သူမအား ပေါ့ပေါ့ပင် စဉ်းစားခဲ့သည်။ သူမ တံခါးသို့ ဝင် လာသည်နှင့် အဆုံးသတ်အား သူတို့စိတ်ကြိုက်ရွေးချယ်ခွင့်ရှိသည်။ သူတို့ သူမကို သတ်သည်ဖြစ်စေ အကျဉ်းချ သည်ဖြစ်စေ အပြင်လူထုသည် သူတို့လွှင့်သည့် သတင်းကိုယုံကြမည်ဖြစ်သည်။ သို့သော် သူမသည် ဝင်ရန် ငြင်း ဆန်နေသောကြောင့် သူတို့စီစဉ်ထား သည့်အတိုင်းဖြစ်မလာပေ။

ခဏအကြာတွင် ဘေဂုံမျိုးနွယ်မှ လူများထပ်ထွက်လာသည်။ လူအများ ဘေဂုံမျိုးနွယ် အား လက်ညိုးထိုး နေသည်ကို ကြည့်ပြီး ရောက်လာသောသူများထဲမှ ဘေဂုံရှုန်သည် မျက်နှာတင်းမာ နေလေသည်။

“အပြင်မှာ ဘာလို့အော်ပြောနေတာလဲ အထဲဝင်ပြီးပြောတာကောင်းမယ်”

ဘေဂုံထန်သည် ဘေဂုံအောင်အား ကြည့်လိုက်သည်။ ထိုနှစ်များစွာအတွင်းတွင် သူမအဘိုးသည် အနည်းငယ်မှ ပြောင်းလဲခြင်းမရှိပေ။ သူသည် မာနကြီးက ဂုဏ်မက်နေတုန်းပင်။ သူမသည် သူ့စကားများကို မကြားချင်ယောင်ဆောင်ကာ လျစ်လျူ ရှုလိုက်လေသည်။ သူမသည် တုန့်ပြန်မှုတစ်စုံတစ်ရာ မပြုပေ။

“ဘေဂုံထန် မျိုးဆက် ၄ခုရဲ့ သခင်မလေးတစ်ယောက်အနေနဲ့ ဒီလိုဆက်လုပ်နေမယ် ဆိုရင် မင်းကို မိသားစုစည်းကမ်းအရ အပြစ်ပေးရလိမ့်မယ်”

“ကျွန်မကို မျိုးနွယ်ရဲ့ နာမည်စာရင်းကနေ ထုတ်လိုက်တာ ကြာပြီလို့မပြောခဲ့ဘူးလား ကျွန်မက ရှင်တို့ မျိုးနွယ်က သခင်မလေးမဟုတ်တော့ဘူး ဒါပေမဲ့ ရှင်ကမိသားစုစည်းမျဉ်းကို ကျွန်မအတွက်သုံး ချင်သေးတာ လား” ဘေဂုံထန်သည် သူတို့အား မယုံကြည်စွာ ကြည့်လိုက်လေသည်။ သူမ ပြောလိုက်သည် “ကျွန်မအဲဒါကို ကြားပြီးသားပါ ကျွန်မ ဘေဂုံမျိုးနွယ်က ထွက်ပြေးတဲ့အချိန်ကစပြီး ပြန်လာဖို့စိတ်ကူးမရှိဘူး ဒီနေ့လာကာ ကျွန်မ အမေနဲ့ မောင်လေးကို လာခေါ်တာ သူတို့ကို ကျွန်မကိုထုတ်ပေးတာ ကောင်းလိမ့်မယ် မဟုတ်ရင် ဘေဂုံမျိုးနွယ် ကို သွေးနဲ့ပြန် ပေးဆပ်အောင်လုပ်ရလိမ့်မယ်၊ ကျွန်မသေသွား ရင်တောင် လုပ်ဖြစ်အောင်လုပ်မှာပဲ”

All Chapters